ကော့မှူးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အန်အယ်ဒီပါတီဝင်မျာ;စကားများရန်ဖြစ်ခြင်းမှာ မဟုတ်ကြောင်း အန်အယ်ဒီပါတီငြင်းဆို

ဝင့်သင်ဇာကျော်(မြစ်မခ-ကော့မှူး)
မတ်လ ၃၁၊ ကော့မှူးမြို့။

ကော့မှူးမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)နှင့် အန်အယ်ဒီပါတီအဖွဲ့ဝင်များသည် မတ်လ ၃၀ရက်နေ့ ညနေ ၅နာရီခန့်၌ ထွန်းစတိုးဆိုင်ရှေ့တွင် အခြေအတင်စကားများသည်ဟု သတင်းထွက်ရှိနေခြင်းသည် မဟုတ်မှန်ဘဲ ဒေသခံပြည်သူများနှင့် ပြည်ခိုင်ဖြိုးတို့မှ ပဋိပက္ခဖြစ်ရခြင်းသာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့ပါတီနဲ့ဖြစ်တာမဟုတ်ဘူး ၊ ကြံ့ခိုင်ဖွံ့ရေးနဲ့ ပြည်သူတွေနဲ့ဖြစ်တာပါ ကျွန်တော်တို့က ဒီရွေးကောက်ပွဲ ပျက်သွာမှာစိုးလို့ ပြေလည်အောင် ဖြေရှင်းပေးရုံပါ။” ဟု အန်အယ်လ်ဒီပါတီ ကော့မှူးမြို့နယ်အောင်နိုင်ရေးအဖွဲ့ဝင် ဦးအေးသိန်းမှ ရှင်းလင်းပြောဆိုသည်။

၎င်းမြို့ခံ ဆိုက်ကားနင်းနေသူ ဒေသခံတစ်ဦးမှ သူကြားမိခဲ့သည့် သတင်းအား ယမန်နေ့တွင် အယ်အယ်ဒီအဖွဲ့မှ ကလေးများကနေစဉ် ပြည်ခိုင်ဖြိုးပါတီမှ ဆဲဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


 “ရန်ဖြစ်တာမဟုတ်ဘူး ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ ဘေးလူနဲ့ဖြစ်တာ၊ မနေ့က ငါးနာရီ ခြောက်နာရီလောက်ကပေါ့။” ဟုကေှာ့မှူးမြို့မှ လူငယ်တဦးက ပြောသည်။

အဆိုပါ သတင်းထွက်ရှိနေခြင်းနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီကို သွားရောက် မေးမြန်းရာတွင် မည်သူမှ မသိရှိကြောင်းနှင့်၊ ယင်းနေ့တွင် ရှိခဲ့သော ၎င်းပါတီဝင် အကုန်လုံးသည် စည်းရုံးရေးဆက်လျက် ဆင်းနေကြပြီ ဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ဘာမှ မသိဘူး ကျွန်တော်တို့က နယ်ကအခုမှလာတာ ၊ မနေ့က ဒီရုံးမှာ ရှိနေတဲ့လူတွေ အကုန်လုံး စည်းရုံးရေးဆင်းကုန်ကြပြီ ဘယ်သူမှ မရှိဘူး။”ဟု  ပြည်ခိုင်ဖြိုးပါတီ၏ ရုံးဂိတ်စောင့် တစ်ဦးမှ ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာ စိုးမင်းအား ဆက်သွယ်ရာတွင် ဖုန်းမကိုင်ခြင်း၊ ဖုန်းပိတ်ထားခြင်းများ ဖြစ်ပေါ်နေသည်။



ကော့မှူးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အန်အယ်ဒီပါတီဝင်မျာ;စကားများရန်ဖြစ်ခြင်းမှာ မဟုတ်ကြောင်း အန်အယ်ဒီပါတီငြင်းဆို ကော့မှူးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အန်အယ်ဒီပါတီဝင်မျာ;စကားများရန်ဖြစ်ခြင်းမှာ မဟုတ်ကြောင်း အန်အယ်ဒီပါတီငြင်းဆို Reviewed by သစ်ထူးလွင် on 19:43 Rating: 5

1 comment:

ပုဂံစစ်သည် said...

ကျွန်တော်ထင်တာ မမှာဘူးဆိုရင် ဒီကောင်တွေဘက်က အစွမ်းကုန်မိုက်ပြမယ့် လူမိုက်တွေ ကော့မှူးမှာ ရှိနေလောက်ပြီ၊ ကျေးဇူးပြုပြီးတော့ ဒေါ်စုလုံခြုံရေးကို တိုးပြီးတော့ ချစေချင်တယ်။ ကော့မှူးပြည်သူများ သတိကြီးစွာ ထားပေးကြပါခင်ဗျာ။

Powered by Blogger.