ဂျာမဏီ သံရုံး ကလော မဲဆန္ဒနယ်ကို သွားရောက်လေ့လာ


ဂျာမနီသံရုံး ကောင်စစ်ဝန်ဒုတိယသံအမတ် အိုလီဗာဘိးန် ဇလာ မှ NLD ကိုယ်စားလှယ်လောင်ဒေါက်တာသန်းငွေ နှင့် တွေ့ ဆုံမေးမြန်းနေစဉ်



မတ်လ ၃၁ ရက်နေ့  ၂၀၁၂

ရှမ်းပြည်နယ် ကလောမြို့ နယ် အမျိုးသားဒီမိုကရေဒီအဖွဲ့ ချုပ်ရုံးမှာ မတ်လ ၃၁ ရက်နေ့  
နေ့ လည် ၁ နာရီ ၄၀ မိနစ်က ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ သံရုံး မှ မဲရုံးများ ၊
 မဲစရင်းများ ၊ ကြိုတင်မဲများနှင့်ပါတ်သတ်၍ လာရောက် လေ့လာမေးမြန်းခဲ့ပါတယ်။ 

ဂျာမနီသံရုံး ကောင်စစ်ဝန်ဒုတိယသံအမတ် အိုလီဗာဘိးန် ဇလာ နှင့် အဖွဲ့  ကို ကလောမြို့ 
နယ် အဖွဲ့ ချုပ်ကိုယ်စားလှယ်လောင်း ဒေါက်တာဒေါ်သန်းငွေ မှ လက်ခံဖြေကြားပေးခဲ့ပါတယ်။

ကလောမြို့ မှာ ၀င်ရောက်ယှဉ်ပြိုင်မဲ့ ပါတီ ၅ ဖွဲ့ အကြောင်း၊ မဲရုံ ကြီးကြပ်မှုများ ၊ မဲရုံတွင် 
ပါတီ ၅ ဖွဲ့ မှ လာရောက်မည့်ကိုယ်စား ၁၀ ဦးနှင့် NGO အကြောင်းများမေးမြန်းခဲ့ပါတယ်။ 
အဲဒီနောက် မဲရုံများကို လိုက်လံကြည့်ရှု ပြီး မဲရုံများမှာ မဲလိမ်ထားတာတွေ ရှိမရှိနဲ့ ကြိုတင် 
မဲစရင်းအများအကြောင်း မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

Myanmar News Now
ဂျာမဏီ သံရုံး ကလော မဲဆန္ဒနယ်ကို သွားရောက်လေ့လာ ဂျာမဏီ သံရုံး ကလော မဲဆန္ဒနယ်ကို သွားရောက်လေ့လာ Reviewed by သစ်ထူးလွင် on 21:49 Rating: 5

1 comment:

မြန်မာ့မြေ said...

လိမ်နေတယ်လို့ မဖြေလိုက်ဘူးလား

Powered by Blogger.