ဒီပဲရင်းကွဲကျေးရွာ NLD အဖွဲ့ ဝင်များစီးလာတဲ့ ကားကို ကြံ့ဖွံ့ အဖွဲ့ မှ သဲများ၊ ခဲများဖြင့်ပစ်ပေါက်ပြီး ကားကိုမီးရှို့ ပစ်မည်ဟု ခြိမ်းခြောက်

စစ်ကိုင်း NLD အောင်နိုင်ရေးအဖွဲ့ ယာဉ်တန်း

စစ်ကိုင်း မတ်လ ၃၀ ရက်နေ့ ၂၀၁၂
မတ်လ ၃၀ ရက်နေ့ ညနေ(၇)နာရီခွဲဝန်းကျင်က စစ်ကိုင်းမြို့နယ်ရှိ ဒီပဲရင်းကွဲကျေးရွာတွင် 
အမျိုးသားဒီမိုကရေစီအဖွဲ့၏ အောင်နိုင်ရေးလှုပ်ရှုားမှုများ ပြုလုပ်ပြီး ကျေးရွာသူကျေးရွာ
သားများ ပျော်ရွှင်နေကြစဉ် အဖွဲ့ချုပ်အားပေးသူများ စီးနင်းပါဝင်သော
လိုင်းထရပ်ကားကို ကြံခိုင်ဖွံဖြိုးရေးအဖွဲ့များမှ သဲများ၊ခဲများဖြင့်
ပစ်ပေါက်ပြီး ကားကိုမီးရှို့ပစ်မည်ဟု အုပ်စုဖွဲ့ပြီး ခြိမ်းခြောက်မှုဖြစ်ပေါ်ခဲ့ပါသည်။

 
ဒီပဲရင်းကွဲ ကျေးရွာမှကားများ စစ်ကိုင်းသို့မသွားရဟုခြိမ်ြးေ
ခာက်ပြီး
ရွာခံကားများ အပြင်မထွက်နိုင်ရန် လမ်းပေါ်တွင်ကျောက်ခဲများဖြင့်
ပိတ်ဆို့ကာ တာဆီးထားပါသည်။

 
ထိုဖြစ်စဉ်ကို ဗိုလ်ချုပ်ခင်မောင်မြင့်၏ ကျေးရွာဖြစ်သောကြွယ်ပုံရွာမှ
ကြံ့ခိုင်ရေးအမာခံ ရပ်ကွက်ကျေးရွာဥက္ကဌ ဦးညိုလေးမှ ဦးစီးခဲ့ကြောင်း
သိရှိရပါသည်။

 
ဒီပဲရင်းကွဲကျေးရွာမှ မန္တလေး ရွှေဘို ကားလမ်းသို့ ရောက်ရှိရန်
ကြွယ်ပုံကျေးရွာမှတဆင့် သွားရသည်ဖြစ်ရာ ကြွယ်ပုံကျေးရွာရှိလမ်းသည်
ကြံ့ခိုင်ရေးမှခင်းသောလမ်းဖြစ်၍ အဖွဲ့ချုပ်နှင့်သက်ဆိုင်သော

ကားများ မသွားရဟု ခြိမ်းခြောက်ပြီး ကျောက်ခဲများဖြင့်
ယနေ့တိုင် ပိတ်ဆို့ထားဆဲဖြစ်ကြောင်း သိရှိရပါသည်။

 
စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာအုပ်စု ရွှေလှေရွာတွင်လည်း
ရပ်ကွက်အုပ်ချုပ်ရေးမှုးကိုယ်တိုင် ၄င်း၏အိမ်တွင်
ကြံ့ခိုင်ရေးဆိုင်းဘုတ်တပ်ပြီး အတင်းအဓမ္မခြိမ်းခြောက်၍
မဲဆွယ်နေကြောင်းသိရှိရပါသည်။


စစ်ကိုင်း(NLD)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ