ထန်းတပင်မြို့ နယ် ရွေးကောက်ပွဲ ကော်မရှင်၏မရိုးသားမှုနှင့် ကြံ့ဖွံ့ ပါတီမှ မဲများဝယ်ယူနေခြင်း
ထန်းတပင်၊ မတ် - ၃၁ ရက်နေ့ ၂၀၁၂
ထန်းတပင်မြို့ နယ် မဲဖလံကျေးရွာအုပ်စု မိကျောင်းခေါင်းကျေးရွာ ရွေးကောက်ပွဲကော်မရှင်
အဖွဲ့ သည် ၂၀၁၂ ခုနှစ် မတ်လ(၃၀)ရက်နေ့ တွင် မိကျောင်းခေါင်းကျေးရွာအတွင်း ကြိုတင်
မဲလိုက်လံကောက်ခံခဲ့ပါတယ်။
မိကျောင်းခေါင်းကျေးရွာ ရာအိမ်မှူး ဦးဇော်ဝင်းနိုင်(ခ)ဦးရွှေပု နှင့် အတူ ပူးတွဲ လိုက်လံ
ကောက်ခံခဲ့သဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ(၈၇)တွင် ဖော်ပြသည့် မရိုးမဖြောင့်
သော သဘောဖြင့် လုပ်ဆောင်သည် အပိုဒ်တွင် အကျုံးဝင်သက်ရောက်စေသည် ဖြစ်သော
ကြောင့် ရွေးကောက်ပွဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ပေးပါရန် ဒေသခံများ
က တောင်းဆိုထားပါတယ်။
ရွေးကောက်ပွဲ မရိုးသားမှု အရေးယူပေးပါရန် ဒေသခံများ၏တောင်းဆိုချက်
ဒါအပြင် ထန်းတပင်မြို့နယ်အတွင်းရှိ ဇလုပ်ကြီးကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ မဲမရိုးသားမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီးထန်းတပင်
မြို့နယ် အင်န်အယ်လ်ဒီအဖွဲ့မှ မြို့နယ်ကော်မရှင်အဖွဲ့သို့ ကန့်ကွက်စာတင်ပို့ထားပါတယ်။
ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးကျော်စိုးဦးနှင့်ဦးမောင်ညွန့်တို့နှစ်ဦးက အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးကျော်စိုးမိုးနှင့် မအေးအေးမာတို့နှစ်ဦးအား ပြည်ခိုင်ဖြိုးပါတီကိုသာ မဲထည့်ရန်ပြောဆိုခဲ့ကြောင်း
 ထန်းတပင်မြို့ နယ် အင်န်အယ်လ်ဒီအဖွဲ့ချုပ်မှတင်သွင်းသည့် ကန့်ကွက်စာအရသိရပါတယ်။
ထန်းတပင်မြို့ နယ် NLD အောင်နိုင်ရေးအဖွဲ့ ၏ ကန့် ကွက်စာ
 Myanmar News Now
No comments:
Powered by Blogger.