ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း ၀ါးသင်္ခကျေးရွာလမ်းခွဲသို့ ဝင်ရောက်သွားပြီ

ဓါတ်ပုံ( Messenger News Journal)
ရန်ကုန်မြို့မှ ကော့မှူးသို့သွားရောက်နေသော ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးကို
တာဝန်ယူထားသောဦးခွန်သာမြင့်ကိုဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာသတင်းများကြားထားသည့်အတွက်သက်ဆိုင်ရာသို့အကြောင်းကြားထားကြောင်းနှင့်ယခုအချိန်ထိထိုသတင်းထွက်ပေါ်သောနေရာများတွင် စောင့်ဆိုင်းနေသည်ကို
မတွေ့ရသေးကြောင်းဖြေကြားသည်။ 
 ဒေါ်အောင်ဆန်းစုကြည်လိုက်ပါ လာသောယာဉ်တန်းကို စောင့်ကြိုတိုက်ခိုက်ရန် 
 ကံဘဲ့လမ်းဆုံနှင့် ဘုရားငုတ်တိုလမ်းဆုံတို့တွင် စောင့်ကြိုတိုက်ခိုက်မည်ဆိုသည့်သတင်းများရရှိထားသည့်အတွက်လည်း လုံခြုံရေးကိုအထူးဂရုစိုက်လျှက်ရှိကြောင်း ယာဉ်တန်းတွင်လိုက်ပါနေသော ဦးခွန်သာမြင့်ကပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ယာဉ်တန်းသည် ငှက်အော်စမ်းကိုကျော်ဖြတ်လာ
 ပြီးမကြာမီအချိန်တွင် တစ်ညတာအိပ်စက်မည့် ၀ါးသိင်္ခရွာသို့ရောက်ရှိတော့ မည်ဖြစ်ကြောင်းယာဉ်တန်းကိုသွားရောက်ကြိုဆိုနေသူတစ်ဦးက ပြောကြားသည်။
7Day News Journal
ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသောမော်တော်ယာဉ်တန်းသည်
မန်းကျည်းကန်ကျေးရွာကိုဖြတ်၍၀ါသိင်္ခကျေးရွာသို့သွားရာလမ်းခွဲသို
လွန်ခဲ့သည့်ဆယ်ငါးမိနစ်ခန့်က၀င်ရောက်သွားပြီဖြစ်ကြောင်းMessenger သတင်းထောက်ကသတင်းပေးပို့သည်။
ယင်းအပြင်ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းနောက်တွင်လိုက်ပါလာ
သည့်ပြည်ခိုင်ဖြိုးမော်တော်ယာဉ်များမှာလည်းကော့မှူးမြို့တွင်ကျန်ရစ်ခဲ့ပြီး
 ကော့မှူးမြို့တွင်းလှည့်ပတ်မောင်းနှင်နေသည်ဟုသိရသည်။
Messenger News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ