ဟင်္သာတတက္ကသိုလ်မှာ ဗကသများ​ စစ်​ဆေး​ခံ​နေရ (မြန်မာ ၁ နာရီခွဲ)

ဟင်္သာတမြို့​နယ်မှာ ပညာ​ရေး​တာဝန်ရှိသူ​တွေက ဗမာနိုင်ငံလုံး​ဆိုင်ရာ​ကျောင်း​သား​ သမဂ္ဂများ​အဖွဲ့​ချုပ် (ဟင်္သာတ) အဖွဲ့​ဝင် ​ကျောင်း​သား​ ၈ ဦး​ကို စစ်​မေး​နေတယ်လို့​ ဟင်္သတာ ဗကသ ဥက္ကဋ္ဌ ကိုသန့်​ဇင်က ​ပြောပါတယ်။

“ဟင်္သာတတက္ကသိုလ်က ​ကျောင်း​သား​တွေကို ဒီ​နေ့​ အဆင့်​​မြင့်​ပ​ညာဦး​စီး​ဌာ​န​က​ လာတဲ့ ​ အဖွဲ့​တွေက ​ခေါ်​တွေ့​တယ်​ပေါ့​။ ​ကျောင်း​အုပ်ကြီး​က​ တဆင့်​ ဟင်္သာတ တက္ကသိုလ်ထဲက က​လေး​တွေချည်း​ပဲ သီး​သန့်​ခေါ်ပြီး​ စစ်​ဆေး​တယ်။ အခု ကျ​နော်တို့​လည်း​ ​ကျောင်း​ရှေ့​မှာ အခု​လော​လောဆယ် ရှိ​နေတယ်။ ဖိအား​ပေး​ အင်အား​သုံး​တဲ့​ ခြိမ်း​ခြောက်တဲ့​ စကား​မျိုး​တော့​ မ​ပြောဘဲနဲ့​ ပညာ​ရေး​ကို ထိခိုက်နိုင်တယ်၊​ ပညာ​ရေး​ကို အနှောင့်​အယှက် ဖြစ်နိုင်တယ် ဆိုတဲ့​ ဟာမျိုး​နဲ့​ပေါ့​။ သူတို့​က လူမှု​ရေး​နဲ့​ အဲဒီလိုမျိုး​ ဝင်တာ​ပေါ့​။ မိဘ​တွေက​တော့​ နား​မလည်တဲ့​အခါကျ​တော့​ အခု ကျ​နော်တို့​မြို့​မှာ​တော့​ အထိတ်တလန့်​တော့​ ဖြစ်သွား​တာ​ပေါ့​။”

အဆင့်​မြင့်​ပညာဦး​စီး​ဌာနက ဒု – ညွှန်ချုပ် ​ဒေါက်တာမျိုး​သိန်း​နဲ့​ ဟင်္သာတက္ကသိုလ် ပါ​မောက္ခချုပ် ​ဒေါက်တာစံလင်း​တို့​က ​ကျောင်း​သူ ​ကျောင်း​သား​ ၈ ဦး​ကို မိဘ​တွေနဲ့​အတူ ပါ​မောက္ခချုပ်အခန်း​မှာ ​ခေါ်ယူ​တွေ့​ဆုံ​နေတာ ဖြစ်ပါတယ်။

ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​အဖွဲ့​ချုပ် (ဗကသ-ဟင်္သာတ)ကို ဟင်္သာတမြို့​ပေါ်က တက္ကသိုလ် ၄ ခုက ​ကျောင်း​သား​တွေက စတင်ဖွဲ့​စည်း​ခဲ့​ပြီး​ ဗကသ ဥက္ကဋ္ဌ ကို​ကျော်ကိုကိုက မတ် ၂၉ ရက်​နေ့​မှာ အသိအမှတ်ပြုပြီး​ ဗကသအလံ လွှဲအပ်ခဲ့​ပါတယ်။

ဟင်္သာတမြို့​နယ် ဗကသ ဥက္ကဋ္ဌ ကိုသန့်​ဇင်တို့​က ​ဒေါက်တာမျိုး​သိန်း​တို့​နဲ့​ ​တွေ့​ခွင့်​ ​တောင်း​ပေမယ့်​ မရတာ​ကြောင့်​ က​လေး​တွေရဲ့​ အ​ခြေအ​နေကိုပဲ ​စောင့်​ကြည့်​ ​နေကြရတယ်လို့​ ​ပြောပါတယ်။

ဒီဗွီဘီ
ဟင်္သာတတက္ကသိုလ်မှာ ဗကသများ​ စစ်​ဆေး​ခံ​နေရ (မြန်မာ ၁ နာရီခွဲ) ဟင်္သာတတက္ကသိုလ်မှာ ဗကသများ​ စစ်​ဆေး​ခံ​နေရ (မြန်မာ ၁ နာရီခွဲ) Reviewed by သစ်ထူးလွင် on 16:34 Rating: 5

3 comments:

supergunner said...

အ.ဆ.ည မှာဒုချုပ်နှစ်ယောက်နဲ့ ညွှန်ချုပ်တစ်ယောက်ရှိတယ်
အကုန်လုံးစောင်ဖားတွေပဲ.ကျောင်းသားတွေကို ဘာမှစေတနာရှိတာမဟုတ်
ဘူး. ရာထူးရဘို့ ပဲလုပ်နေကြတာ.ဗ.က.သ မပြောနဲ့ ဒင်းတို့ က
နိင်ငံခြားအစည်းဝေးသွား. တတ်ဘို့ ပဲ လုပ်နေကြတာ.သူတို့ ရာထူးတည်မြဲ
ဘို့ ဆိုရင် ဘယ်ကျောင်းသားကိုထုတ်ထုတ် ကိုယ်ချင်းစာတတ်တာမဟုတ်ဘူး
ကျွန်ပညာရေးကိုတည်ထောင်နေတဲ့ ငဖားတွေ.DSA တတ်မှ မဟာဘွဲ့ ကို
တတ်နိုင်မယ်. အရပ်ဘက်ပြောင်းရင်လည်း ရာထူးရမယ်. ပညာရေးက
တက္ကသိုလ်တစ်ခုခုတတ်ရင်တော့.အလုပ်ကတော့.ကျွန်ရာထူးပဲရမယ်
အရာရှိဖြစ်ချင်ရင်တော့တော်ရမယ်လေ.သိလား( အဖားတော်ရမယ်. အကောင်တွေနဲ့ အမျိုးတော်ရမယ်.)အဲလိုတော်မှအရာရှိဖြစ်မယ်.နို့ မို့ ဆို
အောက်တန်းစာရေး. ဘာညာလောက်ပဲရမယ်ဗျို့  ကြေငြာမောင်းတီး
ကောင်းချီးသြဘာပေးဝေလိုက်တယ်..အရပ်ကတို့ 

မန်းလေးသား said...

ကိုသစ်ထူးလွင်ကို အရမ်းကိုလေးစားပါတယ် ... သတင်းတွေကိုအချိန်နဲ့တပြေးညီ တင်ပေးတဲ့အတွက်ပါ.... ဆက်လက်ပြီးတင်ပေးပါခင်ဗျာ....... ဒါပေမယ့် မပွင့်ဖြူရဲ့ post မှာကျွန်တော်ရေးထားသလို လဲသတိထားပါ....

Ko Htet said...

အင်း ညွှန်စုတ်တွေ က လတ်စသတ်တော့ ကျွန်စုတ်တွေပါလား။

Powered by Blogger.