ဝါးသိင်္ခရွာရောက် လူထုခေါင်းဆောင် ခရီးစဉ်မှ နောက်ဆုံးရဓါတ်ပုံများ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး။
Labels:
ဓါတ္ပုံ
ဥတ္တရသီရိမဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီကို အတင်းအကျပ် ကြိုတင်မဲပေးခိုင်းမှုဖြစ်ပွား
နေပြည်တော်၊ မတ်လ ၃၁၊ ၂၀၁၂ (ချစ်ဦးမောင်) (YPI)
ဥတ္တရသီရိမဲဆန္ဒနယ်အတွင်းရှိ မောင်းရမ်းကျေး ရွာတွင် ကြိုတင်မဲပေးသူတစ်ဦးကို ရာအိမ်မှူးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး) အား မဲပေးရန် အတင်းအဓမလုပ်ဆောင်ခဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည်။
အသက် ၅၅ နှစ်အရွယ်ရှိ ကြိုတင်မဲပေးသူ ဦးစိုးမြင့်အား အကျပ်ကိုင်ခဲ့သူမှာ
မောင်းရမ်းကျေးရွာအုပ်စု၊ ဘုရားကုန်းရွာမှ ရာအိမ်မှူး
ဦးမြင့်ခိုင်ဦးဆိုသူဖြစ်ပြီး ၄င်းမှာ ကြိုတင်မဲလိုက်ကောက်သည့်အထဲတွင်
ပါဝင်ခဲ့သူဖြစ်သည်ဟု မောင်းရမ်းကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အန်အယ်ဒီ) အောင်နိုင်ရေးလှုပ်ရှားသူ ဦးဌေးဝင်းက YPI သို့ပြောသည်။
“သူ(ဦးစိုးမြင့်)ထည့်ချင်တာက ခွပ်ဒေါင်းတဲ့။ အဲဒါကို ရာအိမ်မှူးက
ခြင်္သေ့ကိုပဲ ထည့်ရမယ်ဆိုပြီး အတင်းအကျပ်လုပ်တာလေ။ အဲဒါကို ဦးစိုးမြင့်က
မကျေနပ်လို့ ကျနော်တို့ကို လာပြောတာ” ဟု အန်အယ်ဒီ အောင်နိုင်ရေးလှုပ်ရှားသူက
ပြောပြသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အရေးယူပေးပါရန်
ဥတ္တရသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားထားကြောင်းလည်း
ဦးဌေးဝင်းကပြောသည်။
ဥတ္တရသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥကဌ
ဦးသန်းဇော်ကို YPI က ဆက်သွယ်မေးမြန်းရာ ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး
၎င်းတို့အား တိုင်ကြားထားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသည်။
“ကျနော်တို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ကာယကံရှင်ရဲ့
ထွက်ဆိုချက်ကိုလည်း ကျနော်တို့ မှတ်တမ်းယူထားပါတယ်” ဟု
ဦးသန်းဇော်ကပြောသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး မည်သို့
အရေးယူဆောင်ရွက်မည်ကို မေးမြန်းရာ “အရေးယူမှာပါ…ဒါပေမဲ့ ဒီကစဟာ သိပ်တော့
ကြီးကြီးမားမား မဟုတ်ပါဘူး” ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ပြောသည်။
ဥတ္တရသီရိမဲဆန္ဒနယ်သည် နေပြည်တော်ရှိ မဲဆန္ဒနယ်လေးနေရာအနက် တစ်ခုဖြစ်ပြီး
မဲဆန္ဒရှင် ၃၆,၂၅၅ ဦးရှိကာ မဲရုံပေါင်း ၄၉ ခုရှိသည့် မဲဆန္ဒနယ်ဖြစ်သည်။
အဆိုပါမဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးလှသိန်းဆွေ၊ အန်အယ်ဒီပါတီမှ
ဦးမင်းသူနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ(တစည)မှ ဦးကြည်မြင့်တို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည် ။ ။
Yangon Press International
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး။
Labels:
မြန်မာ့သတင်း
ဂျာမဏီ သံရုံး ကလော မဲဆန္ဒနယ်ကို သွားရောက်လေ့လာ
ဂျာမနီသံရုံး ကောင်စစ်ဝန်ဒုတိယသံအမတ် အိုလီဗာဘိးန် ဇလာ မှ NLD ကိုယ်စားလှယ်လောင်ဒေါက်တာသန်းငွေ နှင့် တွေ့ ဆုံမေးမြန်းနေစဉ် |
မတ်လ ၃၁ ရက်နေ့  ၂၀၁၂
ရှမ်းပြည်နယ် ကလောမြို့ နယ် အမျိုးသားဒီမိုကရေဒီအဖွဲ့ ချုပ်ရုံးမှာ မတ်လ ၃၁ ရက်နေ့ 
နေ့ လည် ၁ နာရီ ၄၀ မိနစ်က ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ သံရုံး မှ မဲရုံးများ ၊
မဲစရင်းများ ၊ ကြိုတင်မဲများနှင့်ပါတ်သတ်၍ လာရောက် လေ့လာမေးမြန်းခဲ့ပါတယ်။
ဂျာမနီသံရုံး ကောင်စစ်ဝန်ဒုတိယသံအမတ် အိုလီဗာဘိးန် ဇလာ နှင့် အဖွဲ့  ကို ကလောမြို့ 
နယ် အဖွဲ့ ချုပ်ကိုယ်စားလှယ်လောင်း ဒေါက်တာဒေါ်သန်းငွေ မှ လက်ခံဖြေကြားပေးခဲ့ပါတယ်။
ကလောမြို့ မှာ ၀င်ရောက်ယှဉ်ပြိုင်မဲ့ ပါတီ ၅ ဖွဲ့ အကြောင်း၊ မဲရုံ ကြီးကြပ်မှုများ ၊ မဲရုံတွင်

ပါတီ ၅ ဖွဲ့ မှ လာရောက်မည့်ကိုယ်စား ၁၀ ဦးနှင့် NGO အကြောင်းများမေးမြန်းခဲ့ပါတယ်။
အဲဒီနောက် မဲရုံများကို လိုက်လံကြည့်ရှု ပြီး မဲရုံများမှာ မဲလိမ်ထားတာတွေ ရှိမရှိနဲ့ ကြိုတင်
မဲစရင်းအများအကြောင်း မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
Myanmar News Now
Myanmar News Now
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး။
Labels:
မြန်မာ့သတင်း
ထန်းတပင် မဲမသမာမှုနှင့် ကြံ့ခိုင်ရေးပါတီ မဲဝယ်မှု (အသံဖိုင်)
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး။
Labels:
အသံဖိုင်
ယနေ့ ကော့မှူးမြို့ နယ် မြင်ကွင်း (ဓါတ်ပုံ)
![]() |
ကော့မှူးကိုယ်စားလှယ်လောင်း လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အား ကော့မှူးမြို့ နယ်မှာ ယနေ့ တွေ့ ရစဉ် ဓါတ်ပုံ(ရိုက်တာ) |
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ကို ဒီညနေ တညအိပ်ရောက်ရှိလာတာကို ကြိုဆိုကြတဲ့ ဒေသခံလူထုနဲ့ မဲရုံတွေရဲ့  ပြင်ဆင်နေတဲ့ ဓါတ်ပုံများ (Photos: AP)
၂မိနစ်တာစကားပြောခဲ့ကြောင်းထိုရွာတွင်ရောက်ရှိနေ သော7DayNewsသတင်းထောက်က
သတင်းပေးပို့သည်။ ဒေါ်အောင်ဆန်းစုကြည်ကမိုးချုပ်နေပြီဖြစ်သဖြင့်ကြိုဆိုနေသူများ၏မျက်နှာ များကိုမမြင်ရသော်လည်းအသံတွေကြားရသဖြင့်အားတက်ရကြောင်းပြော ကြားခဲ့ပြီးမနက်ဖြန်နံနက်အစောပိုင်းတွင်မဲရုံများကိုခဏတာကြည့်ကာ ရန်ကုန်သို့ပြန်ပြီးလမ်းတစ်လျှောက်မဲရုံများကိုလည်းဝင်ရောက်ကြည့်ရှူ့သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ၀ါးသိင်္ခရွာတွင် နိုင်ငံတကာသတင်းထောက်၂၀ကျော်နှင့်ပြည်တွင်းသတင်းသမားအများအပြားရောက်ရှိသတင်းယူ လျှက်ရှိကြကြောင်း 7Day Newsသတင်းထောက်ကသတင်းပေးပို့သည်။
ဒ်ါအောင်ဆန်းစုကြည်နှင့်အတူသူမ၏
ရာသီဥတုပူပြင်းသည့်အတွက် ရွေးကောက်ပွဲနေ့နံနက်ပိုင်းတွင်
“အမသွားပြီးတော့မကြာခင်မှာဘဲ လမ်းကနေဖုန်းဆက်တယ် သူနေကောင်းတယ်ဆိုတဲ့အကြောင်း”ဟု
7Day News Journal
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး။
Labels:
မြန်မာ့သတင်း
ဒီပဲရင်းကွဲကျေးရွာ NLD အဖွဲ့ ဝင်များစီးလာတဲ့ ကားကို ကြံ့ဖွံ့ အဖွဲ့ မှ သဲများ၊ ခဲများဖြင့်ပစ်ပေါက်ပြီး ကားကိုမီးရှို့ ပစ်မည်ဟု ခြိမ်းခြောက်
စစ်ကိုင်း NLD အောင်နိုင်ရေးအဖွဲ့ ယာဉ်တန်း |
စစ်ကိုင်း မတ်လ ၃၀ ရက်နေ့ ၂၀၁၂
မတ်လ ၃၀ ရက်နေ့ ညနေ(၇)နာရီခွဲဝန်းကျင်က စစ်ကိုင်းမြို့နယ်ရှိ ဒီပဲရင်းကွဲကျေးရွာတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့၏ အောင်နိုင်ရေးလှုပ်ရှုားမှုများ ပြုလုပ်ပြီး ကျေးရွာသူကျေးရွာ
သားများ ပျော်ရွှင်နေကြစဉ် အဖွဲ့ချုပ်အားပေးသူများ စီးနင်းပါဝင်သော
လိုင်းထရပ်ကားကို ကြံခိုင်ဖွံဖြိုးရေးအဖွဲ့များမှ သဲများ၊ခဲများဖြင့်
ပစ်ပေါက်ပြီး ကားကိုမီးရှို့ပစ်မည်ဟု အုပ်စုဖွဲ့ပြီး ခြိမ်းခြောက်မှုဖြစ်ပေါ်ခဲ့ပါသည်။
ဒီပဲရင်းကွဲ ကျေးရွာမှကားများ စစ်ကိုင်းသို့မသွားရဟုခြိမ်ြးေ
ရွာခံကားများ အပြင်မထွက်နိုင်ရန် လမ်းပေါ်တွင်ကျောက်ခဲများဖြင့်
ပိတ်ဆို့ကာ တာဆီးထားပါသည်။
ထိုဖြစ်စဉ်ကို ဗိုလ်ချုပ်ခင်မောင်မြင့်၏ ကျေးရွာဖြစ်သောကြွယ်ပုံရွာမှ
ကြံ့ခိုင်ရေးအမာခံ ရပ်ကွက်ကျေးရွာဥက္ကဌ ဦးညိုလေးမှ ဦးစီးခဲ့ကြောင်း
သိရှိရပါသည်။
ဒီပဲရင်းကွဲကျေးရွာမှ မန္တလေး ရွှေဘို ကားလမ်းသို့ ရောက်ရှိရန်
ကြွယ်ပုံကျေးရွာမှတဆင့် သွားရသည်ဖြစ်ရာ ကြွယ်ပုံကျေးရွာရှိလမ်းသည်
ကြံ့ခိုင်ရေးမှခင်းသောလမ်းဖြစ်၍ အဖွဲ့ချုပ်နှင့်သက်ဆိုင်သော
ကားများ မသွားရဟု ခြိမ်းခြောက်ပြီး ကျောက်ခဲများဖြင့်
ယနေ့တိုင် ပိတ်ဆို့ထားဆဲဖြစ်ကြောင်း သိရှိရပါသည်။
စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာအုပ်စု ရွှေလှေရွာတွင်လည်း
ရပ်ကွက်အုပ်ချုပ်ရေးမှုးကိုယ်တိုင် ၄င်း၏အိမ်တွင်
ကြံ့ခိုင်ရေးဆိုင်းဘုတ်တပ်ပြီး အတင်းအဓမ္မခြိမ်းခြောက်၍
မဲဆွယ်နေကြောင်းသိရှိရပါသည်။
စစ်ကိုင်း(NLD)
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး။
Labels:
မြန်မာ့သတင်း
ထန်းတပင်မြို့ နယ် ရွေးကောက်ပွဲ ကော်မရှင်၏မရိုးသားမှုနှင့် ကြံ့ဖွံ့ ပါတီမှ မဲများဝယ်ယူနေခြင်း
ထန်းတပင်၊ မတ် - ၃၁ ရက်နေ့ ၂၀၁၂
ထန်းတပင်မြို့ နယ် မဲဖလံကျေးရွာအုပ်စု မိကျောင်းခေါင်းကျေးရွာ ရွေးကောက်ပွဲကော်မရှင်
အဖွဲ့ သည် ၂၀၁၂ ခုနှစ် မတ်လ(၃၀)ရက်နေ့ တွင် မိကျောင်းခေါင်းကျေးရွာအတွင်း ကြိုတင်
မဲလိုက်လံကောက်ခံခဲ့ပါတယ်။
မိကျောင်းခေါင်းကျေးရွာ ရာအိမ်မှူး ဦးဇော်ဝင်းနိုင်(ခ)ဦးရွှေပု နှင့် အတူ ပူးတွဲ လိုက်လံ
ကောက်ခံခဲ့သဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ(၈၇)တွင် ဖော်ပြသည့် မရိုးမဖြောင့်
သော သဘောဖြင့် လုပ်ဆောင်သည် အပိုဒ်တွင် အကျုံးဝင်သက်ရောက်စေသည် ဖြစ်သော
ကြောင့် ရွေးကောက်ပွဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ပေးပါရန် ဒေသခံများ
က တောင်းဆိုထားပါတယ်။
ဒါအပြင် ထန်းတပင်မြို့နယ်အတွင်းရှိ ဇလုပ်ကြီးကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ မဲမရိုးသားမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီးထန်းတပင်
မြို့နယ် အင်န်အယ်လ်ဒီအဖွဲ့မှ မြို့နယ်ကော်မရှင်အဖွဲ့သို့ ကန့်ကွက်စာတင်ပို့ထားပါတယ်။
ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးကျော်စိုးဦးနှင့်ဦးမောင်ညွန့် တို့နှစ်ဦးက
အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးကျော်စိုးမိုးနှင့်
မအေးအေးမာတို့နှစ်ဦးအား ပြည်ခိုင်ဖြိုးပါတီကိုသာ
မဲထည့်ရန်ပြောဆိုခဲ့ကြောင်း
ထန်းတပင်မြို့ နယ် အင်န်အယ်လ်ဒီအဖွဲ့ချုပ်မှတင်သွင်းသည့် ကန့်ကွက်စာအရသိရပါတယ်။
ထန်းတပင်မြို့ နယ် မဲဖလံကျေးရွာအုပ်စု မိကျောင်းခေါင်းကျေးရွာ ရွေးကောက်ပွဲကော်မရှင်
အဖွဲ့ သည် ၂၀၁၂ ခုနှစ် မတ်လ(၃၀)ရက်နေ့ တွင် မိကျောင်းခေါင်းကျေးရွာအတွင်း ကြိုတင်
မဲလိုက်လံကောက်ခံခဲ့ပါတယ်။
မိကျောင်းခေါင်းကျေးရွာ ရာအိမ်မှူး ဦးဇော်ဝင်းနိုင်(ခ)ဦးရွှေပု နှင့် အတူ ပူးတွဲ လိုက်လံ
ကောက်ခံခဲ့သဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ(၈၇)တွင် ဖော်ပြသည့် မရိုးမဖြောင့်
သော သဘောဖြင့် လုပ်ဆောင်သည် အပိုဒ်တွင် အကျုံးဝင်သက်ရောက်စေသည် ဖြစ်သော
ကြောင့် ရွေးကောက်ပွဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ပေးပါရန် ဒေသခံများ
က တောင်းဆိုထားပါတယ်။
![]() | |
ရွေးကောက်ပွဲ မရိုးသားမှု အရေးယူပေးပါရန် ဒေသခံများ၏တောင်းဆိုချက် |
ဖွံ့ဖြိုးရေးပါတီမှ မဲမရိုးသားမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီးထန်းတပင်
မြို့နယ် အင်န်အယ်လ်ဒီအဖွဲ့မှ မြို့နယ်ကော်မရှင်အဖွဲ့သို့ ကန့်ကွက်စာတင်ပို့ထားပါတယ်။
ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးကျော်စိုးဦးနှင့်ဦးမောင်ညွန်
ထန်းတပင်မြို့ နယ် အင်န်အယ်လ်ဒီအဖွဲ့ချုပ်မှတင်သွင
![]() |
ထန်းတပင်မြို့ နယ် NLD အောင်နိုင်ရေးအဖွဲ့ ၏ ကန့် ကွက်စာ |
Myanmar News Now
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး။
Labels:
မြန်မာ့သတင်း
မြန်မာ့ရွေးကောက်ပွဲ ကမ္ဘာ့မီဒီယာတွေမှာဖုံးလွှမ်း
မြန်မာနိုင်ငံမှာနှစ် ၅၀ အတွင်း တတိယမြောက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေ၊ နိုင်ငံတကာ မီဒီယာတွေက ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်း အလိုကတည်းက စိတ်ဝင်တစား စောင့်ကြည့်လေ့လာ သတင်းယူ ရေးသား ဖော်ပြနေကြပါတယ်။
ဧပြီ (၁)ရက်မြန်မာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ ဩစတြေးလျ၊ ဂျပန် အိနိယနဲ့ အာဆီယံ အဖွဲ့ကြီးတို့က နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာသူပေါင်း ၁၅၀ ကျော်က မဲပေးမှုကို စောင့်ကြည့်ကြမှာပါ။ နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂ ရုံးချုပ်က ကိုယ်စားလှယ် ကိုယ်တိုင် ရွေးကောက်ပွဲ အတွက် လာရောက်မယ်လို့ ကုလသမဂ္ဂက မတ် ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂသတင်းနဲ့ ပြန်ကြားရေး ဌာနကတော့ မြန်မာ့ကြားဖြတ် ရွေးကောက်ပွဲဟာ မြန်မာ့သမိုင်း အတွက် အတိမ်းအစောင်း မခံဘဲ အသည်းအသန် အရေးပါတဲ့ အချိန်ကာလလို့ လွတ်လပ်တဲ့ ပညာရှင်တယောက်ရဲ့ စကားကို ကိုးကားဖော်ပြပါတယ်။
ထိုင်းလွှတ်တော်ရုံးကတော့ ကိုယ်စားလှယ် ၃ ယောက်ကို လွှတ်ခဲ့ပြီး ထိုင်း မီဒီယာ ၃ ခု ကတော့ ကော့မှူး၊ မရမ်းကုန်းနဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်တို့က မဲရုံတွေကို စောင့်ကြည့် မှတ်တမ်းတင် ကြမှာပါ။
ဩစတြေးလျနိုင်ငံက လေ့လာသူ ၅ ဦးကတော့ ဧရာဝတီတိုင်းကို သွားမှာ ဖြစ်ပြီး နောက်တဦးကတော့ မကွေးတိုင်းကို သွားမယ်လို့ ဩစတြေးလျသံရုံးက ပြောပါတယ်။ လူ့အခွင့်အရေးအတွက် နိုင်ငံတကာအဖွဲ့ချုပ် (FIDH)၊ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာရှဖို့ရမ်(Forum-Asia)၊ မြန်မာ့အရေး အာဆီယံကွန်ယက်(Asean-Burma)နဲ့ မြန်မာ့ဒီမိုကရေစီ အတွက်ဖိုရမ် (FDB) တို့ ကတော့ ပုံမမှန်မှုတွေနဲ့ စိစစ်ရေးတွေကြောင့် ကြားဖြတ် ရွေးကောက်ပွဲ ဖြစ်စဉ်ဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီလို့ ပြောပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တိုက်တွန်းတဲ့ ကြေညာချက် တစောင် ထုတ်ပြန် လိုက်ပါတယ်။
မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် သောမတ်စ် အိုဟေး ကင်တားနားက ဒီကြားဖြတ်ရွေး ကောက်ပွဲဟာ အစိုးရအတွက် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အကောင်အထည်ဖော်ရာမှာ တိုးတက်မှု ရှိ မရှိ အဓိက စမ်းသပ်ချက်ဖြစ်တယ်လို့ မတ် ၃၀ ရက်နေ့က ပြောပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ ချို့ယွင်းချက် အပြစ် အနာအဆာတွေ ရှိခဲ့လို့ နိုင်ငံတကာ စံချိန်ကို မပြည့်မီခဲ့ဘူးလို့လည်း ပြောပါတယ်။ ဒါကြောင့် ဒီမိုကရေစီ ပြောင်းလဲမှု အတွင်း စိန်ခေါ်ချက်တွေကို ဖြေရှင်းရမယ့် အခွင့်အရေးကို လက်လွတ်ခဲ့တယ်။ ပိုပွင့်လင်းလာတဲ့ ခေတ်သစ်မှာ ဒါမျိုးအဖြစ်အပျက် ထပ်ပြီး မဖြစ်သင့်ဘူးလို့လည်း ပြောပါတယ်။
ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှုရဲ့ အရေးပါပုံကို အမေရိကန် အစိုးရဗျူဟာနဲ့ ဘက်ပေါင်းစုံရေးရာဌာန ဒု – လက်ထောက် အတွင်းရေးမှူး နီရဗ်ပတေးက အာဆီယံ အတွင်းဝန်များရုံးအတွင်း ဟောပြောပို့ချချက်အပြီး မတ် ၃၀ ရက်နေ့က ပြောပါတယ်။ ဒီအကြောင်းကိုတော့ ဆင်ဟွာ သတင်းဌာနက ဖော်ပြတာပါ။ အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင်ပစ်ဆူဝမ်က မြန်မာအစိုးရရဲ့ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာဖို့ ဖိတ်ကြားချက်အပေါ် အာဆီယံ အထွေထွေ အတွင်းရေးမှူးရုံးက မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကို ပံ့ပိုးရတာ ကျေနပ်ဝမ်းမြောက်ကြောင်း တုံ့ပြန်ပြောဆိုပါတယ်။ အမျိုးသားရင်ကြား စေ့ရေးကို အားပေးဖို့ မေ်ွာ်လင့်ထားတဲ့ သိသာထင်ရှားတဲ့ နိုင်ငံရေး ဖြစ်စဉ်ပဲလို့လည်း ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေးအောက်မှာ နှစ် ၅၀ နီးပါး နေခဲ့ရတဲ့ ပြည်သူတွေရဲ့ အကြောက်တရားနဲ့ တိတ်ဆိတ်မှုကို ဖယ်ရှားဖို့ အစိုးရရဲ့ ကတိပြုချက်ကို စစ်ဆေးတဲ့ စမ်းသပ်ချက်ပဲလို့ အကဲခတ်တွေရဲ့စကားကို ကိုးကားပြီး မတ် ၃၁ ရက်နေ့မှာ ထုတ်လွှင့်တဲ့ စီအန်အန် သတင်းဌာနက ကြေညာပါတယ်။ စီအန်အန်သတင်းဌာနဟာ မြန်မာရွေးကောက်ပွဲကို ပြည်တွင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမှုတွေလည်းပြုလုပ်နေပါတယ်။
အေအက်ဖ်ပီ သတင်းဌာနကတော့ အမေရိကန်က မြန်မာ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် လေ့လာသူ ၂ ဦး စေလွှတ်ကြောင်း သတင်း ထုတ်ပြန်ပါတယ်။ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ စေလွှတ်တာလို့လည်း ဖော်ပြပါတယ်။
အမေရိကန်လေ့လာသူ ၂ ဦးဟာ မတ် ၂၈ ရက်ကနေ ဧပြီ ၃ ရက်အထိ မြန်မာနိုင်ငံထဲမှာ နေထိုင်ပြီး မဲပေးမှု အခြေအနေကို လေ့လာမယ်လို့ အမေရိကန် အစိုးရ ပြောခွင့်ရသူ ဗစ်တိုရီးယား နူလန်းက ပြောပါတယ်။ လေ့လာသူ ၂ ဦးအပြင် အမေရိကန် စာနယ်ဇင်းသမားတွေနဲ့ နိုင်ငံတကာ စာနယ်ဇင်းသမားတွေ အပေါ်လဲ မေ်ွာ်လင့်ချက် ထားကြောင်း အေအက်ဖ်ပီကို ပြောပါတယ်။
မတ် ၃၀ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာကတော့ ရွေးကောက်ပွဲ မတိုင်ခင် မဲဆွယ်ပွဲဆိုင်ရာ မြင်ကွင်းတွေကို ခြယ်မှုန်း ဖော်ပြထားပါတယ်။ နာဂစ်မုန်တိုင်းအပြီး ပြန်လည်ထူ ထောင်ရေး အားထုတ်စဉ်က ဒေသခံ လုပ်အားပေး အုပ်စုတွေနဲ့ ချိတ်ဆက်ပြီး ရွေးကောက်ပွဲ စောင့်ကြည့်ခဲ့တယ်။ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ဒေသခံ ရွေးကောက်ပွဲ စောင့်ကြည့်သူ အယောက် ၂၀၀၀ ကျော်က သတင်းအချက်အလက်တွေကို ဗဟိုကို ပေးပို့လိမ့်မယ်လို့ လွတ်လပ်သော ရွေးကောက်ပွဲအတွက် အာရှကွန်ယက်က ဒေသခံ အရာရှိနဲ့ ၈၈ မျိုးဆက်အုပ်စု အဖွဲ့ဝင်ဦးတင်မောင်ထွေးကို ကိုးကားပြီး ဖော်ပြထားပါတယ်။ မြန်မာ့ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ ခေါင်းစဉ်အောက်မှာ ဒေသခံ စောင့်ကြည့်သူတွေဟာ မဲဆန္ဒနယ် ၄၅ နယ်ထဲက ၄၀ မှာ စောင့်ကြည့်ဖို့ ခွင့်ပြုချက် ရထားကြောင်းလည်း ဖော်ပြပါတယ်။
မတ် ၃၀ ရက်နေ့ထုတ် ဝေါလ် စထရိတ် ဂျာနယ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်း စာရှင်းလင်းပွဲအတွင်း ပြောဆိုချက်ကို ဖော်ပြပါတယ်။ ရွေးကောက်ပွဲအပြီး အနောက်နိုင်ငံ တွေက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်မှုတွေ ရုတ်သိမ်းသင့် မသင့်နဲ့ ဆက်စပ် သတင်း ထုတ်ပြန်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ အတွင်း ပုံမမှန်မှုတွေကြောင့် ရွေးကောက်ပွဲအတွင်း တရားမ်ွတမှုရှိ မရှိ စိုးရိမ်မှုတွေ အသည်းအသန် မြင့်တက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မတ် ၃၀ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောဆိုလိုက်တာပါ။ တကယ်လို့ ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမ်ွတခဲ့ရင် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဧပြီလက စပြီး စောနိုင်သမ်ွ စောစော ရုပ်သိမ်းပေးချင်တယ်လို့ ပြောခဲ့ပြီးပါပြီ။ အမေရိကန်ကရော ဥရောပကပါ သူတို့ဆုံးဖြတ်တဲ့အခါ ဒေါ်အောင်ဆန်းစု့ကြည်ရဲ့ အကြံပြုချက်ကို အလေးအနက် ထားမယ်လို့ ပြောခဲ့ဖူးပါတယ်။
ရိုက်တာ သတင်းဌာနကတော့ မတ် ၃၁ ရက်နေ့မှာ မဲဆွယ်ပွဲ အခင်းအကျင်းတွေနဲ့ မဲရုံတွေမှာ ပြင်ဆင်နေပုံတွေကို ထုတ်လွှင့် ပြသနေပါတယ်။
ဒီဗွီဘီ

ကော့မှူးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အန်အယ်ဒီပါတီဝင်မျာ;စကားများရန်ဖြစ်ခြင်းမှာ မဟုတ်ကြောင်း အန်အယ်ဒီပါတီငြင်းဆို
ဝင့်သင်ဇာကျော်(မြစ်မခ-ကော့မှူး)
မတ်လ ၃၁၊ ကော့မှူးမြို့။
ကော့မှူးမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)နှင့် အန်အယ်ဒီပါတီအဖွဲ့ဝင်များသည် မတ်လ ၃၀ရက်နေ့ ညနေ ၅နာရီခန့်၌ ထွန်းစတိုးဆိုင်ရှေ့တွင် အခြေအတင်စကားများသည်ဟု သတင်းထွက်ရှိနေခြင်းသည် မဟုတ်မှန်ဘဲ ဒေသခံပြည်သူများနှင့် ပြည်ခိုင်ဖြိုးတို့မှ ပဋိပက္ခဖြစ်ရခြင်းသာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ကျွန်တော်တို့ပါတီနဲ့ဖြစ်တာမဟုတ်ဘူး ၊ ကြံ့ခိုင်ဖွံ့ရေးနဲ့ ပြည်သူတွေနဲ့ဖြစ်တာပါ ကျွန်တော်တို့က ဒီရွေးကောက်ပွဲ ပျက်သွာမှာစိုးလို့ ပြေလည်အောင် ဖြေရှင်းပေးရုံပါ။” ဟု အန်အယ်လ်ဒီပါတီ ကော့မှူးမြို့နယ်အောင်နိုင်ရေးအဖွဲ့ဝင် ဦးအေးသိန်းမှ ရှင်းလင်းပြောဆိုသည်။
၎င်းမြို့ခံ ဆိုက်ကားနင်းနေသူ ဒေသခံတစ်ဦးမှ သူကြားမိခဲ့သည့် သတင်းအား ယမန်နေ့တွင် အယ်အယ်ဒီအဖွဲ့မှ ကလေးများကနေစဉ် ပြည်ခိုင်ဖြိုးပါတီမှ ဆဲဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ရန်ဖြစ်တာမဟုတ်ဘူး ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ ဘေးလူနဲ့ဖြစ်တာ၊ မနေ့က ငါးနာရီ ခြောက်နာရီလောက်ကပေါ့။” ဟုကေှာ့မှူးမြို့မှ လူငယ်တဦးက ပြောသည်။
အဆိုပါ သတင်းထွက်ရှိနေခြင်းနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီကို သွားရောက် မေးမြန်းရာတွင် မည်သူမှ မသိရှိကြောင်းနှင့်၊ ယင်းနေ့တွင် ရှိခဲ့သော ၎င်းပါတီဝင် အကုန်လုံးသည် စည်းရုံးရေးဆက်လျက် ဆင်းနေကြပြီ ဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ဘာမှ မသိဘူး ကျွန်တော်တို့က နယ်ကအခုမှလာတာ ၊ မနေ့က ဒီရုံးမှာ ရှိနေတဲ့လူတွေ အကုန်လုံး စည်းရုံးရေးဆင်းကုန်ကြပြီ ဘယ်သူမှ မရှိဘူး။”ဟု ပြည်ခိုင်ဖြိုးပါတီ၏ ရုံးဂိတ်စောင့် တစ်ဦးမှ ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာ စိုးမင်းအား ဆက်သွယ်ရာတွင် ဖုန်းမကိုင်ခြင်း၊ ဖုန်းပိတ်ထားခြင်းများ ဖြစ်ပေါ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် ဝါးသိင်္ခကျေးရွာသို့ ရောက်ရှိလာပြီ
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် ဝါးသိင်္ခကျေးရွာသို့
ရောက်ရှိလာပြီ ဖြစ်ကြောင်း အဆိုပါ ကျေးရွာ၌ စောင့်ဆိုင်း သတင်းရယူနေသူ The
Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ၎င်း၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းပါ လိုက်ပါသွားပြီး ကျန်းမာရေး အခြေအနေအရ ပြင်ပဧည့်သည်များကို ည ၈ နာရီခွဲခန့် အထိသာ တွေ့ဆုံနိုင်ဖွယ် ရှိကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခွန်သာမြင့်က ပြောကြားသည်။
ကော့မှူးမြို့နယ်သို့ သွားရာ လမ်းတွင် တွံတေးမြို့နယ် အစပ်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဆွယ် စည်းရုံးရေးကားများနှင့် တွေ့ဆုံခဲ့သော်လည်း အနှောက်အယှက်၊ ခိုက်ရန်ဖြစ်ပွားခြင်း တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ၎င်းက ထပ်မံ သတင်းပေးပို့သည်။

The Voice Weekly
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ၎င်း၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းပါ လိုက်ပါသွားပြီး ကျန်းမာရေး အခြေအနေအရ ပြင်ပဧည့်သည်များကို ည ၈ နာရီခွဲခန့် အထိသာ တွေ့ဆုံနိုင်ဖွယ် ရှိကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခွန်သာမြင့်က ပြောကြားသည်။
ကော့မှူးမြို့နယ်သို့ သွားရာ လမ်းတွင် တွံတေးမြို့နယ် အစပ်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဆွယ် စည်းရုံးရေးကားများနှင့် တွေ့ဆုံခဲ့သော်လည်း အနှောက်အယှက်၊ ခိုက်ရန်ဖြစ်ပွားခြင်း တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ၎င်းက ထပ်မံ သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ၎င်း၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းပါ လိုက်ပါသွားပြီး ကျန်းမာရေး အခြေအနေအရ ပြင်ပဧည့်သည်များကို ည ၈ နာရီခွဲခန့် အထိသာ တွေ့ဆုံနိုင်ဖွယ် ရှိကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခွန်သာမြင့်က ပြောကြားသည်။
The Voice Weekly
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး။
Labels:
မြန်မာ့သတင်း
ကလောမြို့ နယ် NLD ကိုယ်စားလှယ်ဒေါက်တာဒေါ်သန်းငွေ စည်းရုံးရေးခရီး နှင့် ၀န်ထမ်းမျာ၏ ကြိုတင်မဲ ခြိမ်းခြောက်ခံနေရမှု
NLDကိုယ်စားလှယ်လောင်းဒေါက်တာဒေါ်သန်းငွေ အောင်နိုင်ရေးအဖွဲ့ နှင့် ဆွေးနွေးနေစဉ် |
ဒေါက်တာဒေါ်သန်းငွေ သည် ကလောမြို့နယ်၊ အတွင်းရှိ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ဘော်ဆိုင်းစသည့်မြို့များနှင့် ကျေးရွာအုပ်စု များသို့ အောင်နိုင်ရေး
စည်းရုံးရေးခရီးအဖြစ် ဒေသခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့များနှင့်
အတူပူးပေါင်းပြီး မတ်လ(၁)လလုံးလုံးမနားမနေ သွားရောက်စည်းရုံးလျက်ရှိပါသည်။
၂၀၁၂ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ (ရွေးကောက်ပွဲအကြိုနေ့) ညနေ(၄)နာရီအချိန်ခန့်တွင် ကလောမြို့မှတဆင့် အောင်ပန်းမြို့သို့ရောက်ရှိပြီး အောင်ပန်းမြို့၊ အန်အယ်ဒီအောင်နိုင်ရေး
အဖွဲ့တာဝန်ခံ ဒေါက်တာဦးကျော်မြ၀င်းနှင့်အဖွဲ
ကုန်သည်ကြီးများအသင်းအဖွဲ့ဝင်မျ
ယင်းသို့တွေ့ဆုံရာတွင် ကလောမြို့နယ်တွင် မိမိအနေဖြင့် အောင်နိုင်မည်ဟုယုံကြည်ကြောင်း ၊ ကလောမြို့နယ်အတွင်းရှိအောင်ပန်း၊ ကလော၊ ဟဲဟိုးစသည့် မြို့များသည် စီးပွားရေးလုပ်ငန်း
လုပ်ကိုင်ရန် အကောင်းဆုံးဖြစ်ကြောင်း၊ ပညာတတ်တွေလည်းများကြောင်း၊
ဒီမြို့တွေကြီးပွားတိုးတက်ဖို့ မြန်ဆန်မှာဖြစ်ကြောင်း၊ ဒီစိတ်ဓါတ်မျိုးရှိတဲ့
လူထုတွေရှိတဲ့ နေရာဟာ စိတ်အချရဆုံးနေရာ အားအကိုးရဆုံးနေရာပါ
လုပ်နု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကိုယ်စားလှယ်အဖြစ် အောင်နိုင်မည်ဖြစ်ကြောင်း အားတက်သရော ပြောကြားသွားပြီး အောင်ပန်းမြို့၊ ပြည်သူလူထုကိုလည်း
ကျေးဇူးတင်ကြောင်း ပြောကြားသွားပါသည်။
ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့မှ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမည်ြ
အင်န်အယ်ဒီပါတီနှင့် ပြည်ခိုင်ဖြိုးတို့ မြို့နယ်အတွင်း အပြိုင်စည်းရုံးနေပါသည်။ အင်န်အယ်ဒီပါတီက မက်လုံးမပါရိုးသားစွာစည်းရုံးနေသော်လည်း ကြံ့ဖွံ့ ပါတီမှ ဘိလပ်မြေပေးခြင်း၊
လမ်းဖောက်တံတားဆောက်ပေးမည်ပြော
ချေးငွေများထုတ်ပေးခြင်း၊ နေ့စားခတစ်ရက်လျှင် ၂၀၀၀ိ/-ပေးပြီး
တစ်အိမ်တက်ဆင်းမဲဆွယ်စည်းရုံးခု
လှည့်လည်ပြောကြားစည်းရုံးမဲဆွယ်
ထို့အပြင် ၀န်ထမ်းများကိုလည်းအတင်းအကြပ်ကြိုတင်မဲများထည့်ခို
မိမိတို့ဆန္ဒ ဖြင့် အမေဒေါ်စု၏ ပါတီကိုမဲပေးမည်ဟု ဆုံးဖြတ်ထားသော်လည်း
၎င်းတို့ထည့်ရမည့် မဲများကို လွတ်လွတ်လပ်လပ်မထည့်ရကြောင်း ၀န်ထမ်းအကြီးအကဲများက ခြိမ်းခြောက်နေကြောင်း ၀န်ထမ်းများထံမှလည်းကြားသိရပါသည်။
Myanmar News Now
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး။
Labels:
မြန်မာ့သတင်း
ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း ၀ါးသင်္ခကျေးရွာလမ်းခွဲသို့ ဝင်ရောက်သွားပြီ
![]() |
ဓါတ်ပုံ( Messenger News Journal) |
မတွေ့ရသေးေ ကြာင်းဖြေကြားသည်။
ဒေါ်အောင်ဆန်းစုကြည်လိုက်ပါ လာသောယာဉ်တန်းကို စောင့်ကြိုတိုက်ခိုက်ရန်
ကံဘဲ့လမ်းဆုံနှင့် ဘုရားငုတ်တိုလမ်းဆုံတို့တွင်
စောင့်ကြိုတိုက်ခိုက်မည်ဆိုသည့် သတင်းများရရှိထားသည့်အတွက်လည်း လုံခြုံရေးကိုအထူးဂရုစိုက်လျှက် ရှိကြောင်း ယာဉ်တန်းတွင်လိုက်ပါနေသော ဦးခွန်သာမြင့်ကပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ယာဉ်တန်းသည် ငှက်အော်စမ်းကိုကျော်ဖြတ်လာ
ပြီးမကြာမီအချိန်တွင် တစ်ညတာအိပ် စက်မည့် ၀ါးသိင်္ခရွာသို့ရောက်ရှိေ တာ့ မည်ဖြစ်ကြောင်းယာဉ်တန်းကိုသွားေ ရာက်ကြိုဆိုနေသူတစ်ဦးက ပြောကြားသည်။
7Day News Journal
ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသောမော်တော်ယာဉ်တန်းသည်
မန်းကျည်းကန်ကျေးရွာကိုဖြတ်၍၀ါသိင်္ခကျေးရွာသို့သွားရာလမ်းခွဲသို့ 
လွန်ခဲ့သည့်ဆယ်ငါးမိနစ်ခန့်က၀င် ရောက်သွားပြီဖြစ်ကြောင်းMesseng er သတင်းထောက်ကသတင်းပေးပို့သည်။
လွန်ခဲ့သည့်ဆယ်ငါးမိနစ်ခန့်က၀င်
ယင်းအပြင်ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းနောက်တွင်လိုက်ပါလာ
သည့်ပြည်ခိုင်ဖြိုးမော်တော်ယာဉ်များမှာလည်းကော့မှူးမြို့တွင်ကျန်ရစ်ခဲ့ပြီး
ကော့မှူးမြို့တွင်းလှည့် ပတ်မောင်းနှင်နေသည်ဟုသိရသည်။
Messenger News Journal
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး။
Labels:
မြန်မာ့သတင်း
ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ကော့မှူးသို့ ထွက်ခွာပြီ
ရန်ကုန် (မဇ္ဈိမ) ။ ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်သည် သူမရွေးကောက်ခံမဲဆန္ဒနယ်မြေဖြစ်သည့် ကော့မှူးမြို့နယ်သို့ သွားရောက်ရန် ယနေ့ ညနေ လေးနာရီအချိန်တွင် နေအိမ်မှ ထွက်ခွာသွားခဲ့သည်။
တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့မှ မိုင်လေးဆယ်ကျော် ကွာဝေးသည့် ကော့မှူးမြို့နယ်ရှိ ဝါးသိင်္ခကျေးရွာတွင် ယနေ့ (စနေနေ့) ညအိပ်နားခိုမည်
ဖြစ်သည်။
တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းရှေ့တွင် ခရီးစဉ်နှင့်အတူ လိုက်ပါသတင်းယူမည့်
ပြည်တွင်းပြည်ပ သတင်းသမားများ တရာကျော်က မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်ခန့်မှ စ၍ စောင့်ဆိုင်းနေခဲ့သည်။
နေအိမ်မှထွက်ခွာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးတွင် တပ်ဆင်ထားသည့်
ရွေးကောက်ပွဲ သတင်းအချက်အလက်များ ထုတ်ပြန်ပေးမည့် LED ဆိုင်းဘုတ်တပ်ဆင်ပြီးစီးမှုကို သွားရောက် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက်
ကော့မှူးမဲဆန္ဒနယ်မြေသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်
စီးနင်းလိုက်ပါလာသည့်ကား နေအိမ်မှထွက်ခွာစဉ် ပြည်တွင်း၊ ပြည်ပမှ
သတင်းသမားများနှင့်အတူ မတ်လ ၃၁ ရက် ၂ဝ၁၂ ခုနှစ် ညနေ ၄ နာရီအချိန်က
တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်သည်
ကော့မှူးမြို့နယ် ဝါးသိင်္ခကျေးရွာတွင် စနေနေ့ည ညအိပ်နားခိုမည်ဖြစ်သည်။
တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းရှေ့တွင် ခရီးစဉ်နှင့်အတူ လိုက်ပါသတင်းယူမည့်
ပြည်တွင်းပြည်ပ သတင်းသမားများ တရာကျော်က မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်ခန့်မှ စ၍ စောင့်ဆိုင်းနေခဲ့သည်။
နေအိမ်မှထွက်ခွာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးတွင် တပ်ဆင်ထားသည့်
ရွေးကောက်ပွဲ သတင်းအချက်အလက်များ ထုတ်ပြန်ပေးမည့် LED ဆိုင်းဘုတ်တပ်ဆင်ပြီးစီးမှုကို သွားရောက် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး။
Labels:
မြန်မာ့သတင်း
Envoy ဂျာနယ်မှ အဆိုတော်လေးဖြူသို့ တောင်းပန်ခြင်း
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး။
Labels:
မြန်မာ့သတင်း
ဟင်္သာတတက္ကသိုလ်မှာ ဗကသများ စစ်ဆေးခံနေရ (မြန်မာ ၁ နာရီခွဲ)
ဟင်္သာတမြို့နယ်မှာ ပညာရေးတာဝန်ရှိသူတွေက ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဟင်္သာတ) အဖွဲ့ဝင် ကျောင်းသား ၈ ဦးကို စစ်မေးနေတယ်လို့ ဟင်္သတာ ဗကသ ဥက္ကဋ္ဌ ကိုသန့်ဇင်က ပြောပါတယ်။
“ဟင်္သာတတက္ကသိုလ်က ကျောင်းသားတွေကို ဒီနေ့ အဆင့်မြင့်ပညာဦးစီးဌာနက လာတဲ့ အဖွဲ့တွေက ခေါ်တွေ့တယ်ပေါ့။ ကျောင်းအုပ်ကြီးက တဆင့် ဟင်္သာတ တက္ကသိုလ်ထဲက ကလေးတွေချည်းပဲ သီးသန့်ခေါ်ပြီး စစ်ဆေးတယ်။ အခု ကျနော်တို့လည်း ကျောင်းရှေ့မှာ အခုလောလောဆယ် ရှိနေတယ်။ ဖိအားပေး အင်အားသုံးတဲ့ ခြိမ်းခြောက်တဲ့ စကားမျိုးတော့ မပြောဘဲနဲ့ ပညာရေးကို ထိခိုက်နိုင်တယ်၊ ပညာရေးကို အနှောင့်အယှက် ဖြစ်နိုင်တယ် ဆိုတဲ့ ဟာမျိုးနဲ့ပေါ့။ သူတို့က လူမှုရေးနဲ့ အဲဒီလိုမျိုး ဝင်တာပေါ့။ မိဘတွေကတော့ နားမလည်တဲ့အခါကျတော့ အခု ကျနော်တို့မြို့မှာတော့ အထိတ်တလန့်တော့ ဖြစ်သွားတာပေါ့။”
အဆင့်မြင့်ပညာဦးစီးဌာနက ဒု – ညွှန်ချုပ် ဒေါက်တာမျိုးသိန်းနဲ့ ဟင်္သာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစံလင်းတို့က ကျောင်းသူ ကျောင်းသား ၈ ဦးကို မိဘတွေနဲ့အတူ ပါမောက္ခချုပ်အခန်းမှာ ခေါ်ယူတွေ့ဆုံနေတာ ဖြစ်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ-ဟင်္သာတ)ကို ဟင်္သာတမြို့ပေါ်က တက္ကသိုလ် ၄ ခုက ကျောင်းသားတွေက စတင်ဖွဲ့စည်းခဲ့ပြီး ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက မတ် ၂၉ ရက်နေ့မှာ အသိအမှတ်ပြုပြီး ဗကသအလံ လွှဲအပ်ခဲ့ပါတယ်။
ဟင်္သာတမြို့နယ် ဗကသ ဥက္ကဋ္ဌ ကိုသန့်ဇင်တို့က ဒေါက်တာမျိုးသိန်းတို့နဲ့ တွေ့ခွင့် တောင်းပေမယ့် မရတာကြောင့် ကလေးတွေရဲ့ အခြေအနေကိုပဲ စောင့်ကြည့် နေကြရတယ်လို့ ပြောပါတယ်။
ဒီဗွီဘီ
“ဟင်္သာတတက္ကသိုလ်က ကျောင်းသားတွေကို ဒီနေ့ အဆင့်မြင့်ပညာဦးစီးဌာနက လာတဲ့ အဖွဲ့တွေက ခေါ်တွေ့တယ်ပေါ့။ ကျောင်းအုပ်ကြီးက တဆင့် ဟင်္သာတ တက္ကသိုလ်ထဲက ကလေးတွေချည်းပဲ သီးသန့်ခေါ်ပြီး စစ်ဆေးတယ်။ အခု ကျနော်တို့လည်း ကျောင်းရှေ့မှာ အခုလောလောဆယ် ရှိနေတယ်။ ဖိအားပေး အင်အားသုံးတဲ့ ခြိမ်းခြောက်တဲ့ စကားမျိုးတော့ မပြောဘဲနဲ့ ပညာရေးကို ထိခိုက်နိုင်တယ်၊ ပညာရေးကို အနှောင့်အယှက် ဖြစ်နိုင်တယ် ဆိုတဲ့ ဟာမျိုးနဲ့ပေါ့။ သူတို့က လူမှုရေးနဲ့ အဲဒီလိုမျိုး ဝင်တာပေါ့။ မိဘတွေကတော့ နားမလည်တဲ့အခါကျတော့ အခု ကျနော်တို့မြို့မှာတော့ အထိတ်တလန့်တော့ ဖြစ်သွားတာပေါ့။”
အဆင့်မြင့်ပညာဦးစီးဌာနက ဒု – ညွှန်ချုပ် ဒေါက်တာမျိုးသိန်းနဲ့ ဟင်္သာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစံလင်းတို့က ကျောင်းသူ ကျောင်းသား ၈ ဦးကို မိဘတွေနဲ့အတူ ပါမောက္ခချုပ်အခန်းမှာ ခေါ်ယူတွေ့ဆုံနေတာ ဖြစ်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ-ဟင်္သာတ)ကို ဟင်္သာတမြို့ပေါ်က တက္ကသိုလ် ၄ ခုက ကျောင်းသားတွေက စတင်ဖွဲ့စည်းခဲ့ပြီး ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက မတ် ၂၉ ရက်နေ့မှာ အသိအမှတ်ပြုပြီး ဗကသအလံ လွှဲအပ်ခဲ့ပါတယ်။
ဟင်္သာတမြို့နယ် ဗကသ ဥက္ကဋ္ဌ ကိုသန့်ဇင်တို့က ဒေါက်တာမျိုးသိန်းတို့နဲ့ တွေ့ခွင့် တောင်းပေမယ့် မရတာကြောင့် ကလေးတွေရဲ့ အခြေအနေကိုပဲ စောင့်ကြည့် နေကြရတယ်လို့ ပြောပါတယ်။
ဒီဗွီဘီ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး။
Labels:
မြန်မာ့သတင်း
နေပြည်တော် ပုဗ္ဗသီရိ မြို့နယ်အတွင်း မဲရုံ ၁၈ ရုံတိုး
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာတော့ ဒီတပတ်အတွင်းမှာ မဲရုံ ၁၈ ရုံ ထပ်မံ တိုးချဲ့လိုက်ပါတယ်။
ဆန္ဒမဲပေးသူတွေ တိုးလာပြီး မဲရေတွက်မှု မြန်ဆန်အောင်ဆိုပြီး မဲရုံတွေ ထပ်တိုးလိုက်တာလို့ ရွေးကောက်ပွဲ ကော်မရှင်က မတ် ၂၉ ရက်က ပြောဆိုကြောင်း ပုဗ္ဗသီရိမြို့နယ်မှာ အန်အယ်လ်ဒီအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်တဲ့ ဦးဖြိုးဇေယျာသော်က ပြောပါတယ်။
“ကျနော်တို့ဆီမှာ စုစုပေါင်း မဲရုံ ၁၈ ရုံထပ်တိုးတယ်။ နောက်တိုးတဲ့ လူဦးရေ စာရင်းအရရယ်၊ မဲရေတွက်တဲ့နေရာမှာ မြန်ဆန်ချောမွေ့စေဖို့ အတွက်ဖြစ်တယ်လို့ ပြောပါတယ်။ ကျနော့်အနေနဲ့ကတော့ မတ် ၂၉ ရက်နေ့ကမှ ရက်ချိန်းပေးလိုက်တယ် ဆိုတော့ မဲရုံကိုယ်စားလှယ်နဲ့ အကူကိုယ်စားလှယ်ရဖို့က အရေးတကြီး ပြန်လုပ်ရတယ်။ အမှန်တကယ် မဲဆန္ဒစာရင်းထဲမှာ ပါသင့်ပါထိုက်တဲ့ သူတွေ မပါခဲ့တာတွေလည်း ရှိခဲ့တယ်။ ဒီဟာတွေအတွက် ကျနော်တို့ဘက်က ပြန်ပြီး တောင်းဆိုထားတဲ့ လူဦးရေစာရင်းတွေလည်း ရှိပါတယ်။ နှစ်ဖက်ညှိနှိုင်းပြီးတော့ လူဦးရေစာရင်းတွေ ထပ်တိုးလာတာလည်း ပါတယ်။”
ပုဗ္ဗသီရိ မြို့နယ်အတွင်းမှာတော့ မဲဆွယ်စည်းရုံးရေးကားတွေ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးပေမယ့် ပြဿနာမရှိဘဲ အားလုံးပြေလည်တယ်လို့ ဦးဖြိုးဇေယျာသော်က ပြောပါတယ်။
ပုဗ္ဗသီရိမြို့နယ်မှာရှိတဲ့ တိုင်းတပ်မကိုတော့ အန်အယ်လ်ဒီအနေနဲ့ မဲဆွယ်စည်းရုံးဖို့ တောင်းဆိုထားပေမယ့် ခုချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းမပြန်သေးလို့ မဲဆွယ်စည်းရုံးနိုင်တော့မှာ မဟုတ်ကြောင်း ပြောပါတယ်။
သူ့အနေနဲ့ ရွေးကောက်ပွဲရက်မတိုင်ခင် ရွာတွေအထိ လိုက်လံစည်းရုံးမှု လုပ်နေပြီး တက်ကြွလှုပ်ရှားသူတွေ ရှိပေမယ့် တချို့ရွာသားတွေကတော့ ကြောက်ရွံ့မှု အောက်မှာပဲ ရှိသေးကြောင်းကို ဦးဖြိုးဇေယျာသော်က ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကော့မှူးမှ ပရိသတ် သွားရောက်ကြိုဆိုနေ
မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ် -ကျော်စိုးလင်း (YPI) မွန်းလွဲ ၄ နာရီ
ကော့မှူးမြို့နယ်သို့ ယနေ့ညနေလာရောက်မည့် ဒေါ်အောင်ဆန်းစုကြည် ကားတန်းအား
ကော့မှူးမြို့ ဒီချုပ်အဖွဲ့ဝင်များနှင့် လူထုက ကား ၁၅ စီး၊ ဆိုင်ကယ် ၇၀
ဖြင့်သွားရောက်ကြိုဆိုလျှက်ရှိသည်ဟု သတင်းပေးပို့သည်။
ယင်းကားတန်းနောက်မှ ပြည်ခိုင်ဖြိုး ကားတန်း ၁၅ စီးလည်း လိုက်ပါလျှက်ရှိပြီး
မည်သည့်ရည်ရွယ်ချက်ဖြင့် လိုက်ပါသည်ကို မသိရှိရဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်
ဝင်ရောက်ယှဉ်ပြိုင်သည့်ရန်ကုန်တိုင်းဒေသကြီး၊
ကော့မှူးမြို့နယ်၊၀ါသိင်္ခကျေးရွာ ရှိအလယ်ရွာ မဲရုံ အမှတ်(၁)တွင်မဲပေးနိုင်သူဦးရေ ၉၅၆ ယောက်ရှိပြီးကြိုတင်မဲ(၁၀)မဲရရှိထားသည်။
ကော့မှူးမြို့နယ်၊၀ါသိင်္ခကျေးရွာ
မဲရုံအမှတ်(၂) တွင်မဲပေးနိုင်သူဦးရေ၆၃၀ရှိသည် ဟု Messengerသတင်းထောက်ကတိုက်ရိုက် သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်ယှဉ် ပြိုင်သည့်ရန်ကုန်တိုင်းဒေသကြီး ၊
ကော့မှူးမြို့နယ်၊၀ါသိင်္ခကျေးရွာ ၏နောက်ဆက်တွဲသတင်းများကိုလည်း
Messengerဂျာနယ်မှဆက်လက်ဖော်ပြေ ပးသွားပါမည်။
Messenger News Journalဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်ယှဉ်
ကော့မှူးမြို့နယ်၊၀ါသိင်္ခကျေးရွာ
Messengerဂျာနယ်မှဆက်လက်ဖော်ပြေ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး။
Labels:
မြန်မာ့သတင်း
နေပြည်တော်စည်ပင်ဝန်ထမ်းများကို ကြံ့ဖွံ့ ကို မဲမထည့်ပါက ထောက်ပံကြေးဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ထား
နေပြည်တော် စည်ပင်မှ မြို့ တော်ဝန်က မှာ ကြားတယ်ဆိုပြီး ၀န်ထမ်းများအား မတ်လ ၂၆ ရက်နေ့ ၂၀၁၂ က အစည်းအဝေးခေါ်ယူကာ ကြံခိုင်ရေးကိုသာမဲပေးရန် တိုက်တွန်းပြောကြားခဲ့ ပါတယ်။
ပြောကြားခဲ့သူကတော့ နေပြည်တော် မြို့ တော်စည်ပင် တွဲဘက်အတွင်းရေးမှူးဖြစ်တဲ့ 
ဗိုလ်မှူးကြီးဟောင်း ဦ၀င်းဌေး ဖြစ်ပါတယ်။
ပုံစံငယ်များဖြင့် ပြသပြီး (ပူတွဲပါပုံအတိုင်း) မဲ့ ပေးကြဖို့ လည်း ပြောကြားခဲ့ပါတယ်။ ကြံခိုင်ရေးအနိုင်မရပါက ထောက်ပံကြေး ကျပ်(၃၀၀၀၀၀)သုံးသိန်း အား ဖြတ်တောက်ခံ
ရနိုင်ကြောင်းလည်း ဌာနမှူးများမှတဆင့် ခြိမ်းခြောက်ပြောကြားခိုင်းခဲ့ ပါတယ်။
အဲဒီနောက် ၀န်ထမ်းအိမ်ယာ အတွင်းမှာလည်း ကြံခိုင်ရေးကို မဲ ပေးရန် မဲ ပုံ
စံငယ်များဝေပြီး ဒီအတိုင်း မပြောင်းလဲပဲ မဲပေးရန်အမိန်ပေးခဲ့ ပါတယ်။
သမ္မတကြီး အနိုင်ရခဲ တဲ့  မဲဆန္ဒနယ်ကနေ ကြံခိုင်ရေးမနိုင်ရင် လစာ ဘယ်တော့ 
မှမတိုးနိုင်ဟု လည်း ပြောကြားခဲ့ ပါတယ်။ ပူးတွဲပါ စာရွက်များအား ၀န်ထမ်းများအိမ်တွင်
မဲ့  ပေးခွင့် ရှိသူ (၁၀) ယောက်ရှိက (၁၀)စောင်ဝေပြီ ဒီအတိုင်းမဲပေးရန်နှင့်
၎င်းစာရွက်များအား မဲရုံ သို ယူဆောင်ခြင်းမပြုရန် နေပြည်တော် မြို့ တော်စည်ပင် တွဲဘက်အတွင်းရေးမှူးဖြစ်တဲ့  ဗိုလ်မှူးကြီးဟောင်း ဦ၀င်းဌေး က ပြောကြားခဲ့
နေပြည်တော် စည်ပင် ၀န်ထမ်းများက သတင်းပေးပို့ ထားပါတယ်။
Myanmar News Now
ပြောကြားခဲ့သူကတော့ နေပြည်တော် မြို့ တော်စည်ပင် တွဲဘက်အတွင်းရေးမှူးဖြစ်တဲ့ 
ဗိုလ်မှူးကြီးဟောင်း ဦ၀င်းဌေး ဖြစ်ပါတယ်။
ပုံစံငယ်များဖြင့် ပြသပြီး (ပူတွဲပါပုံအတိုင်း) မဲ့ ပေးကြဖို့ လည်း ပြောကြားခဲ့ပါတယ်။ ကြံခိုင်ရေးအနိုင်မရပါက ထောက်ပံကြေး ကျပ်(၃၀၀၀၀၀)သုံးသိန်း အား ဖြတ်တောက်ခံ
ရနိုင်ကြောင်းလည်း ဌာနမှူးများမှတဆင့် ခြိမ်းခြောက်ပြောကြားခိုင်းခဲ့ ပါတယ်။
အဲဒီနောက် ၀န်ထမ်းအိမ်ယာ အတွင်းမှာလည်း ကြံခိုင်ရေးကို မဲ ပေးရန် မဲ ပုံ
စံငယ်များဝေပြီး ဒီအတိုင်း မပြောင်းလဲပဲ မဲပေးရန်အမိန်ပေးခဲ့ ပါတယ်။
သမ္မတကြီး အနိုင်ရခဲ တဲ့  မဲဆန္ဒနယ်ကနေ ကြံခိုင်ရေးမနိုင်ရင် လစာ ဘယ်တော့ 
မှမတိုးနိုင်ဟု လည်း ပြောကြားခဲ့ ပါတယ်။ ပူးတွဲပါ စာရွက်များအား ၀န်ထမ်းများအိမ်တွင်
မဲ့  ပေးခွင့် ရှိသူ (၁၀) ယောက်ရှိက (၁၀)စောင်ဝေပြီ ဒီအတိုင်းမဲပေးရန်နှင့်
၎င်းစာရွက်များအား မဲရုံ သို ယူဆောင်ခြင်းမပြုရန် နေပြည်တော် မြို့ တော်စည်ပင် တွဲဘက်အတွင်းရေးမှူးဖြစ်တဲ့  ဗိုလ်မှူးကြီးဟောင်း ဦ၀င်းဌေး က ပြောကြားခဲ့
နေပြည်တော် စည်ပင် ၀န်ထမ်းများက သတင်းပေးပို့ ထားပါတယ်။
Myanmar News Now
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး။
Labels:
မြန်မာ့သတင်း
မဲလက်မှတ်တွင် မှင်မထင်ရန် လုပ်ကြပြန်
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင်
မတ်လ ၃၁ ရက်နေ့မှာကြိုတင်မဲများကို ကောက်ယူနေကြပြီဖြစ်ပါသည်။
ထိုသို့ကောက်ယူကြရာတွင်
မြို့ပေါ်ရှိရပ်ကွက်အချို့နှင့်နယ်ဘက်ရှိ ပခန်းကြီး၊ပခန်းငယ်နှင့်
ကျေးရွာအချို့တွင်
မဲလက်မှတ်များပေါ်မှာဖယောင်းသုတ်ထားကြောင်း၊ယင်းနေရာသည် အဖွဲ့ချုပ်ကိုယ်စားလှယ်နှင့်တည့်တည့်အကွက်တွင်ဖြစ်ကြောင်း
ဒေသခံများကမြို့နယ်
အဖွဲ့ချုပ်ရုံးသို့ လာရောက်ပြောကြပါသည်။
မှင်မထင်လို့ ထိုအကွက်ပေါ်သို့
အထပ်ထပ်ခြစ်သော် အစင်းကြောင်းများဖြစ်သွားကာ ပယ်မဲဖြစ်မည်စိုးလို့ပြန်လဲပေးဖို့ တောင်းသော်လည်း
လဲမပေးနိုင်ဘူးဟု အချို့ မဲရုံမှူးများက ပြောကြသည်ဟုလည်းသိရပေသည်။ယင်းပြဿနာကို ယနေ့
မတ်လ
(၃၁)ရက်နေ့ နံနက်တွင် ရေစကြို မြို့ နယ် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူများက မြို့နယ်ကော်မရှင်ရုံးသို့သွားရောက်တင်ပြ
ထားပြီးဖြစ်ကြောင်းလည်း
သိရပါသည်။
Myanmar News Now
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး။
Labels:
မြန်မာ့သတင်း
ပခုက္ကူမြို့ နယ်ကော်မရှင် အပြောတမျိုးအလုပ်တမျိုး
![]() |
ပခုက္ကူမြို့ နယ်ကော်မရှင်မှထုတ်ပြန်ချက် |
၁။ သေသူများပါဝင်ခြင်း
၂။ နေထိုင်သူများ မပါဝင်ခြင်း
၃။ ပါဝင်သူများမှာလည်း အမည်လွှဲမှားခြင်း၊မှတ်ပုံတင်လွဲ
ဆိုလုသည်မှာ မဲစာရင်း ပို၊လို၊လွဲ ကိစ္စ များကို မြို့နယ် ကော်မရှင်သို့ သွားရောက် ညှိနှုင်းသည့် အခါတွင် အောက်ခြေတွင် အဆင်ပြေအောင်ပြုလုပ်ပေးပါမည်
ပြသာနာ မလုပ်ပါရန်နှင့် ညှိုနှီုင်းဆောင်ရွက် ပေးပါမည် ကော်မရှင် တာဝန်ရှိသူများမှ ပြောကြားပါသည်။
မဲပေးသည့် နေ့တွင် ရပ်ကွက်ထဲ အမှန်တကယ် နေထိုင် ကြောင်းမှန်ကန်ပါက ကော်မရှင်မှ မှတ်ပုံတင်အား မဲရုံသို့ ယူဆောင်လာပြီး မဲပေးလို့ရရှိအောင်
ဆောင်ရွက်ပေးမည်ပြောပြီး အခုတော့ စာဖြင့် ပိတ်လိုက်ပါသည်။
အဆိုပါ မဲစာရင်း လွဲမှားခြင်းသည် မည်သူတွင် တာဝန်ရှိပါသလဲ။ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ဆောင်ရွက်နေသည်ဟု ထင်မြင်မိပါကြောင်း ပခုက္ကူမြို့ များမှ
ပြောပါသည်။
Myanmar News Now
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး။
Labels:
မြန်မာ့သတင်း
Subscribe to:
Posts
(
Atom
)