မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာမှာ ရုန်းရင်းဆန်ခတ်ဖြစ် (ရုပ်/သံ)


စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ရာက အစပြုပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာသားတွေ ဖေဖော်ဝါရီလ ၂၇ရက်နေ့က ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ RFA Burmese

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (နိဒါန်း)


DVB (ဒီမိုကရက်တစ် မြန်မာ့အသံ) အကြောင်း အခန်းဆက်ဆောင်းပါးတွေကို လာမဲ့ ကြာသပတေးနေ့၊ မတ်လ ၁၃ ရက်နေ့မှာကျရောက်တဲ့ မြန်မာနိုင်ငံလူ့အခွင့်ရေးမှစတင်ကာ အပတ်စဉ် ကြာသပတေးနေ့တိုင်း ဖေါ်ပြပေးသွားမည်ဖြစ် ပါကြောင်း ကြိုတင် ကြော်ငြာဝင်ပါသည်။
.....................................................

တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (နိဒါန်း)

အခု ကျနော်ရေးသားတင်ပြမယ့် ''တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ'' ဟာ DVB (Democratic Voice of Burma) ဒီမိုကရက်တစ်မြန်မာ့အသံရဲ့ သမိုင်းမဟုတ်ပါ။ အော်စလိုအခြေစိုက် DVB ရဲ့ ၂၁ နှစ်တာဖြတ်သန်းမှုထဲက ကျနော်ပါဝင်ခဲ့ဖူးတဲ့ ၁၉၉၅ ကနေ ၂၀၁၁ ခုနှစ်အထိ ၁၆ နှစ်တာ အတွင်း အောက်ခြေသတင်းထောက်တဦး ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို မျှဝေခြင်းမျှသာ ဖြစ်ပါ တယ်။

၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဒီမိုကရေစီလှုပ်ရှားသူများရဲ့အသံအဖြစ် စတင်ထုတ်လွှင့်ခဲ့တဲ့ DVB ဟာ မူလအခြေစိုက်ရာ နော်ဝေးနိုင်ငံ အော်စလိုမြို့ကနေ မြန်မာနိုင်ငံ ရန်ကုန်မြို့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့ဆီ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ လုံးဝအပြီး ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။

အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB (National Coalition Government of the Union of Burma) အသံလွှင့်ဌာနအဖြစ် စတင်ခဲ့ပြီး လွတ်လပ်တဲ့သတင်းဌာနတခုအဖြစ် တဖြည်းဖြည်း အသွင်ပြောင်း သွားခဲ့တဲ့ DVB ရဲ့ ၂၁ နှစ်တာ ဖြတ်သန်းမှုကာအတွင်း အောင်မြင်မှုတွေ အများကြီးရှိခဲ့သလို ဝေဖန် စရာတွေလည်း အများကြီးကျန်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် DVB ဟာ ၈ လေးလုံးအရေးတော်ပုံနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီကိုယ်စားပြု မီဒီယာတွေထဲမှာ တခုတည်းသော အသံလွှင့်ဌာနဖြစ်ပါတယ်။ ဒါကြောင့် တခေတ်ပြောင်းသွားပြီဖြစ်တဲ့ DVB အကြောင်းကို အခုချိန်မှာ မှတ်တမ်းတင်ထားသင့်တယ်လို့ ကျနော်ယုံကြည်ပါတယ်။

DVB အကြောင်း မှတ်တမ်းရေးမယ်ဆိုပြီး ပြောနေပေမယ့် တကယ်တော့ ကျနော်ဟာ DVB စတင်ဖွဲ့ စည်းစဉ်မှာ ပါဝင်ခဲ့သူတဦးမဟုတ်သလို ခရီးဆုံးတဲ့အထိ လိုက်ပါခွင့်ရသူတဦးလည်း မဟုတ်ပါ။ ဒါဖြင့် ဘာကို ရေးမှာလဲလို့ မေးစရာရှိပါတယ်။ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး) အကြောင်းရေးတဲ့အတိုင်းပါပဲ။ ကိုယ်ပါဝင် တာဝန်ထမ်းဆောင်ခဲ့စဉ် ကြုံခဲ့ရတဲ့ အခြေနေ တွေကိုသာ ရေးသားတင်ပြမှာဖြစ်ပါတယ်။

ABSDF နဲ့ DVB ဘာကွာသလဲဆိုရင် ABSDF က စေတနာ့ဝန်ထမ်း အဖွဲ့စည်းသက်သက်ဖြစ်ပြီး DVB ကတော့ လခပေးစနစ်နဲ့သွားတဲ့ Professional အဖွဲ့ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ ဒီလိုအခြေခံ ကွာတဲ့အတွက် နှစ် ၂၀ ကျော်ကြာပြီးတဲ့အခါမှာ ABSDF နဲ့ DVB ဟာ သီးခြားစီဖြစ်သွားတယ်လို့လည်း ယူဆပါတယ်။

အခုရေးသားမှုဟာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ တော်လှန်ရေးကာလ သတင်းသမားတဦးရဲ့ အခက်ခဲ၊ DVB ခေတ်ဦးပိုင်း အခြေနေတွေကို သမိုင်းလေ့လာသူတွေ၊ အထူးသဖြင့် ဒီနေ့ လူငယ် မီဒီယာသမား တွေ လေ့လာသိရှိနိုင်ဖို့ အဓိကရည်ရွယ်ပါတယ်။  

ဒီလိုရေးသားတဲ့နေရာမှာ သိမ်းဆည်းထားတဲ့ မှတ်တန်းတချို့နဲ့ မှတ်မိသမျှကိုသာ စဉ်းစားပြီး ပြန်ရေးရ မှာ ဖြစ်တဲ့အတွက် အချက်လက် မှားယွင်းတာ၊ လွှဲချော်တာတွေရှိပါက လုပ်ဖော်ကိုင်ဖက်များ၊ ရဲဘော် ရဲဘက်များအနေဖြင့် ပြန်လည်ထောက်ပြပေးကြဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်။။

စာဖတ်ပရိတ်သတ်အားလုံးကို လေးစားလျက်
ထက်အောင်ကျော်။
.........................။

ထက်အောင်ကျော် (၀၁-၀၃-၂၀၁၄)

http://www.htetaungkyaw.net/
 

ယူကရိန်းလေဆိပ်ကို သိမ်းထားသည့် တပ်ဖွဲ့ ရုရှားတပ်မဟုတ်ဟုဆို


ပင်လယ်နက် ဒေသထဲက ယူကရိန်းနိုင်ငံပိုင် လေဆိပ်ကို သိမ်းပိုက်ထားတဲ့ အမည်မသိ လက်ကိုင်တပ်တွေဟာ ရုရှားတပ်တွေ မဟုတ်ဘူးလို့ ရုရှားရဲ့ ပင်လယ်နက် ရေတပ်စစ်တိုင်းက ပြောလိုက်ပါတယ်။

ရုရှားလူဦးရေ အများစု ရှိတဲ့ Crimea ဒေသထဲက Simferopol မြို့ လေဆိပ်ကို ဒီနေ့ သိမ်းပိုက်ထားတဲ့ အမည်မသိ လက်နက်ကိုင် အဖွဲ့ဟာ ရိုင်ဖယ်သေနတ်တွေ၊ စက်သေနတ်တွေနဲ့ လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး လွတ်လွတ်လပ်လပ် သွားလာနေကြတာကို ရိုက်တာသတင်းမှာ တွေ့ရပါတယ်။

အဲဒီဒေသဟာ ရုရှားရေတပ်ရဲ့ ပင်လယ်နက် စစ်တိုင်း အခြေစိုက်ပေမယ့် ယူကရိန်း နိုင်ငံပိုင် လေဆိပ်ကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်တပ်တွေဟာ ရုရှားရေတပ်က မဟုတ်ဘူးလို့ ပင်လယ်နက် စစ်တိုင်းက Interfax သတင်းဌာနကို ပြောထားပါတယ်။

ပင်လယ်နက် ကျွန်းဆယ် ဒေသမှာ ရုရှာနွယ်ဖွားတွေ အများနေထိုင်ကြပြီး ဖြုတ်ချခံလိုက်ရတဲ့ ဗစ်တာ ယာနူကိုဗစ်ရဲ့ နောက်ဆုံး ခံကတုတ်လည်း ဖြစ်ပါတယ်။

လက်နက်ကိုင် အဖွဲ့တွေကို စေတနာနဲ့ အကူအညီပေးတဲ့ အမျိုးသားတယောက်ကတော့ လက်နက်ကိုင်အဖွဲ့ဟာ “Crimea ဒေသရဲ့ ပြည်သူ့စစ်တွေ”လို့ ပြောပါတယ်။

နယ်ခံ နောက် တယောက်ကတော့ လက်နက်ကိုင်အဖွဲ့တွေဟာ ည ၁၀
နာရီလောက်မှာ ရောက်လာတယ်လို့ပြောပါတယ်။ ဘယ်ကနေ ရောက်လာသလဲဆိုတာကို သူတို့လည်း မသိဘူးလို့ ပြောပါတယ်။

ရုရှား အစိုးရကတော့ သမ္မတ ပူတင်က ရုရှားအစိုးရနဲ့ ယူကရိန်အစိုးရတို့ စီးပွားရေးနဲ့ကုန်သွယ်ရေး ကိစ္စကို ဆက်နွေးနွေးဖို့ အမိန့်ပေးထားတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာ Crimea က အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ အကူအညီတွေ တောင်းခံလာရင် လူသားချင်းစာနာတဲ့ အကူအညီတွေက လွဲလို့ တိုက်ရိုက် စွက်ဖက်မှုတွေကို ရှောင်ရှားဖို့ အမိန့်ပေးထားတယ်လို့ ရုရှားအစိုးရက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

လက်နက်ကိုင်တွေဟာ လေဆိပ်တ၀ိုက်မှာ ကင်းလှည့်နေပေမယ့် ခရီးသွားတွေကို အနှောင့်အယှက်မပေးဘဲ လေယာဉ်ခရီးစဉ်တွေလည်း ပုံမှန်အတိုင်းပဲ ရှိနေပါတယ်။

By webteam (ဒီဗွီဘီ)


လှာကာဈေးတန်း ဖျက်ရန် စစ်တပ်က ညွှန်ကြား


နိုင်ငံတ၀ှမ်း စစ်တပ်က သိမ်းဆည်းထားတဲ့ မြေယာတွေကို ပြန်ပေးဖို့ လွှတ်တော်က တောင်းဆိုထားချိန်မှာပဲ ကရင်ပြည်နယ် ဘားအံမြို့နယ် မြိုင်ကလေးရွာအနီးက လှာကာ ကျေးရွာ၊ လှာကာဈေးတန်းကို လာမယ့် မတ် ၁၄ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်း ဖယ်ရှားပေးဖို့ တပ်မ ၉၁၅ ကနေပြီး ညွန်ကြားစာ ထုတ်ပြန်ထားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

လှာကာ ဈေးတန်းဟာ ဘားအံ – ရန်ကုန်ကားလှမ်းဘေးမှာ ရှိတဲ့ ဈေးတန်းလေးတခု ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၆ နှစ်ကတည်းက စတင်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

ဒါကို အမှတ် ၉၁၅ စစ်မြေပြင် အင်ဂျင်နီယာတပ်ပိုင်မြေဖြစ်တဲ့အတွက် ဒီနေရာကနေ ဖယ်ရှားဖို့ ညွှန်ထားလိုက်တာလို့ ဒေသခံတဦးက ပြောပါတယ်။

“အဲဒီမှာ အမှတ် ၉၁၅ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း တပ်ပိုင်မြေ လှာကာ မြေနေရာလေးကို ခြံစည်းရိုးကွန်ကရစ်တိုင် ကာရံတော့မယ်ဆိုပြီးတော့ ၄င်းတပ်မြေနေရာ လှာကာ မြေနေရာမှာ အဆောက်အဦ ၄၆ လုံး၊ လူဦးရေ ၁၆၆ ဦးကို လူကြီးမင်းတို့ရဲ့ ကျူးကျော် အဆောက်အဦများအပါအ၀င် ဆက်စပ်ပစ္စည်းများအားလုံးကို ဒီစာ လက်ခံရရှိတဲ့ နေ့မှ စပြီး ၁ လအတွင်း ၁၄ ရက် မတ်လ ၂၀၁၄ နောက်ဆုံးထားပြီးတော့ ရွှေ့ပြောင်းပေးနိုင်ရန် အကြောင်းကြား အပ်ပါသည်။ လူကြီးမင်းတို့ရဲ့ ကျူးကျော်နေထိုင်လျှက်ရှိသော တပ်ပိုင်မြေ လှာကာအကွက်အတွင်းရှိ မြေနေရာနှင့် ပတ်သက်ပြီး ပိုင်ဆိုင်ကြောင်း အထောက်အထား တစုံတရာ ရှိပါက အမှတ် ၉၁၅ စစ်မြေပြင် အင်ဂျင်နေရာ တပ်ရင်းသို့ တင်ပြလျှောက်ထားနိုင်ကြောင်းဆိုပြီးတော့ ဖြည့်စွက် အကြောင်းကြားတာလည်း ပါတယ်။”

ဒေသခံတွေအနေနဲ့ လက်ရှိမှာတော့ အစားထိုးမြေနေရာလည်း ပြန်မပေးတဲ့အတွက် ပြောင်းရွှေ့ဖို့ အခက်အခဲဖြစ်နေကြတယ်လို့လည်း အဲဒီဒေသခံကပဲ ပြောပါတယ်။

“ပထမဆုံး စပြီး တွေ့ရမယ့်အခက်အခဲကတော့ သွားစရာ နေစရာ ပေါ့နော်၊ ဒုတိယ အခက်အခဲကတော့ နေရာသစ်မှာ ရောက်တဲ့အခါ လုပ်ကိုင်စားသောက်ဖို့ လုပ်ငန်းပေါ့။ အဲဒီ အခက်အခဲ ၂ ခု ပထမဆုံး စ စိန်ခေါ်မှာပဲ။ ကျနော်တို့ ရွှေ့ရ ပြောင်းရမယ်ဆိုရင် ကျနော်တို့လည်း ဘာမှ မတတ်နိုင်ဘူး။ အသနားခံကြည့်ဖို့ပဲပေါ့တဲ့။”

ဒီဈေးတန်းမှာ ဈေးရောင်းချတာအပြင် ဈေးသည်တွေရဲ မိသားစုတွေလည်း နေထိုင်နေကြတာ ဖြစ်ပြီး ပြောင်းရွှေ့ရမယ့်အိမ်ထောင်စုပေါင်း ၆၄ စုမှာ ကျောင်းသူနဲ့ ကျောင်းသား ၅၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိ လှာကားဈေးတန်းမှာ နေထိုင်တဲ့သူတွေဟာ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က မြိုင်ကလေး ဘိလပ်မြေစက်ရုံလို့ လူသိများတဲ့ တန် ၉၀၀ ဘိလပ်မြေစက်ရုံ တည်ဆောက်တုန်းက ပြောင်းရွှေ့ခံရသူတွေဖြစ်ပြီး ပြောင်းရွှေ့စဉ်က ၂၀၃ တပ်ရင်းရဲ့ သဘောတူညီချက်နဲ့ အခြေချခဲ့တာ ဖြစ်ပါတယ်။

သမီးကလေးကျေးရွာအပါအ၀င် ကျေးရွာတချို့ ဖျက်ဆီးခံရပြီး ဒေသခံပြည်သူတွေ အခက်တွေ့နေရချိန်မှာပဲ ကရင်ပြည်နယ် ဘားအံမြို့နယ်က လှာကာဈေးတန်းကို ဖျက်သိမ်းဖို့ အခုလို နိုတစ်စာထွက်လာတာ ဖြစ်ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)


 

၈၈ ခေါင်းဆောင်တွေ နယ်ရုံးခွဲတာဝန်ခံ ၂၀၀ ကျော်နဲ့ ပထမဆုံး တွေ့ဆုံ


၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ရှေ့လုပ်ငန်းစဉ်တွေမှာ တူညီအောင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ နယ်ဒေသမှာရှိတဲ့ ရုံးခွဲတာဝန်ခံ ၂၀၀ လောက်ဟာ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက်မှာ ၂ ရက်ကြာကျင်းပနေတဲ့ အဲဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက RFA ကို အခုလို ပြောပါတယ်။

"ကျနော်တို့လွတ်လာပြီး ၂ နှစ် အတောအတွင်းမှာ နယ်တွေသွားခဲ့တယ်၊ နယ်တွေမှာ ကျနော်တို့ အရင်လူဟောင်းတွေရော၊ နောက်ပိုင်း စိတ်ဝင်စားတဲ့ လူငယ်မျိုးဆက်တွေရော ချိတ်ဆက်မိတာတွေရှိတယ်၊ အဲဒါကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြန်မစုနိုင်သေးဘူး၊ အဲဒါတွေအားလုံးကို ပြန်စုစည်းချင်တဲ့ ရည်ရွယ်ချက် နောက်တစ်ခုက နေ့စဉ်ပြဿနာတွေကို ကိုင်တွယ်တဲ့အခါမှာ ကျနော်တို့ ရန်ကုန်မှာလုပ်နေတဲ့ဟာနဲ့ ပုံစံလေးတစ်ခု ညှိနှိုင်းပြီးတော့ ချမှတ်နိုင်အောင် ကျနော်တို့ရည်ရွယ်တာ၊ အဲဒီထဲမှာမှ အခုလောလောဆယ် ထင်ရှားနေတဲ့ကိစ္စဖြစ်တဲ့ ၄၃၆ ကိစ္စနဲ့ ပတ်သက်လို့လည်း ပူးပေါင်းဆောင်ရွက်မှုတွေက ဘယ်လိုပုံစံလုပ်မှာလည်းဆိုတာကို နယ်တွေကလည်း သိချင်တယ်၊ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့က ရှင်းပြတာပါ"

အဲဒီဆွေးနွေးပွဲမှာ လယ်သမားရေးရာ၊ အလုပ်သမားရေးရာ၊ ဥပဒေရေးရာ အမျိုးသမီးရေးရာတွေအပြင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးကြမယ်လို့ သိရပါတယ်။ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ကနေ လာရောက်လေ့လာသူတစ်ဦးက ဒီအစည်းအဝေးကိုလာရာလမ်းမှာ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့က အစည်းအဝေးမတက်ဖို့ ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲကို ပြည်နယ်နဲ့ တိုင်းအသီးသီးက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း မြို့နယ်ရုံးတာဝန်ရှိသူ ၂၀၀ ကျော်တက်ရောက်နေတာပါ။

RFA Burmese


သာပေါင်းမှာ လယ်သမား ၁၄ ဦး ထောင်ချခံရ


ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ သပြေကျွန်းကျေးရွာက တောင်သူ ၁၄ ယောက်ကို ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ လယ်မြေတွေမှာ ၀င်ရောက်စိုက်ပျိုးတဲ့အတွက် ကျူးကျော်ဝင်ရောက်မှု ပုဒ်မ ၄၄၇၊ ကျော်နင်းမှုပုဒ်မ ၄၄၁ နဲ့ သာပေါင်းမြို့နယ် တရားရုံးက မနေ့က ထောင်ဒဏ်တစ်လစီ ချမှတ်လိုက်ပါတယ်။

အစိုးရက သိမ်းဆည်းထားတဲ့ လယ်မြေတွေကို မူလပိုင်ရှင်တွေဆီ ပြန်ပေးနေပြီကြားလို့ လယ်ပြန်လည်ရရှိဖို့ မြို့နယ် အုပ်ချုပ်ရေးမှူးဆီမှာ တင်ပြလျှောက်ထားပြီးမှ မြို့နယ်အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်နဲ့ ၀င်ရောက်လုပ်ကိုင်တာလို့ သပြေကျွန်းကျေးရွာက အဖမ်းခံရသူတစ်ဦးရဲ့ မိသားစုဝင် ဒေါ်အေးမြိုင်က ပြောပါတယ်။

"၂ဝ၁၃၊ ၂ လပိုင်းက နိုင်ငံတော်ကိုပြန်ပြီးတော့ မြေစာရင်းတို့၊ အုပ်ချုပ်ရေးမှူးတို့ကို တင်ပြီးပြန်လျှောက်တောင်းတယ်၊ တောင်းတော့ ၆ လပိုင်း ၁၃ ရက်နေ့က သာပေါင်းမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှူးရယ်၊ ရဲမှူးများရယ် ခေါ်ပြီးတော့ ဒီလူတွေကို ယာယီလုပ်ဆောင်ပါ၊ ဘယ်သူ့ကိုမှ အပိုင်အဆိုင်မဟုတ်ဘူး၊ အပေါ်စီးကနေကျလာတော့မှ သူတို့ဆုံးဖြတ်ပေးမယ်လို့ အဲလိုအမိန့်ရှိတယ်၊ ပါးစပ်အမိန့်နဲ့ပဲပေါ့"

ပြီးခဲ့တဲ့ ၁၉၉၉ ခုနှစ်လောက်က အဲ့ဒီကျေးရွာက လယ်ယာမြေ ဧက ၂၀၀လောက်ကို ရေနက်ကွင်း လယ်ယာမြေ စီမံကိန်းအတွက် ဧရာရွှေဝါကုမ္ပဏီက သိမ်းယူခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် ၂၀၀၁ ခုနှစ်အထိ ကုမ္ပဏီနဲ့ လယ်သမားတွေ အကျိုးတူပူးပေါင်းလုပ်ကိုင်ရာကနေ ကုမ္ပဏီကိုပေးသွင်းရမယ့် အကြွေးမကျေလို့ဆိုပြီး အကျိုးတူလုပ်ပိုင်ခွင့်ကို ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီ အကျိုးတူလုပ်ခဲ့တဲ့ လယ်ယာမြေတွေကို ကုမ္ပဏီက တခြားဒေသခံတွေကို ပြန်ရောင်းချခဲ့ပြီး ကုမ္ပဏီက လယ်မြေတွေ ရောင်းချပေးခဲ့သူတွေက အခုလို လယ်သမားတွေကို တရားစွဲတာဖြစ်ပါတယ်။

ဒီအတောအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က ပိတ်လိုက်တဲ့ ပြည်သူ့ဆေးရုံနဲ့ သံဃာ့ဆေးရုံကို ပြန်လည်ဖွင့်လှစ်ပေးဖို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အစိုးရက အဲဒီဆေးရုံ ၂ ခုကို ပိတ်လိုက်ပြီး မြို့နဲ့ဝေးတဲ့နေရာမှာ ကုတင် ၂၀၀ ဆံ့ ဆေးရုံအသစ်ကို ဖွင့်လိုက်တယ်လို့ သိရပါတယ်။ အခု အသစ်ဖွင့်လိုက်တဲ့ ဆေးရုံက မြို့နဲ့ဝေးတဲ့အတွက် သွားလာရခက်ခဲပြီး ကုန်ကျစရိတ်လည်းများတာကြောင့် အရင်ရှိခဲ့တဲ့ ဆေးရုံ ၂ ခုကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုရတာလို့ ဆန္ဒပြရာမှာပါဝင်သူတစ်ဦးဖြစ်တဲ့ လပွတ္တာမြို့ခံ ဦးကြည်သန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် အောက်တိုဘာလမှာ ပြည်သူ့ဆေးရုံနဲ့ သံဃာ့ဆေးရုံကို ပိတ်လိုက်ပြီးတဲ့နောက် မြို့နဲ့ ၃မိုင်လောက်ဝေးတဲ့ သုံးမိုင်မြို့သစ်မှာ ခုတင် ၂၀၀ ဆံ့ ဆေးရုံကြီးကို ဖွင့်လှစ်လိုက်တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

RFA Burmese


တရားဝင်လိုင်စင်မရှိသောယာဉ်နောက်လိုက်များအား အရေးယူရန်ခက်ခဲဟု မထသ ဝန်ခံ


တရားဝင်လိုင်စင်မရှိဘဲ လုပ် ကိုင်နေသည့် ယာဉ်နောက်လိုက်များ ၏ အပြုအမူများအပေါ် တိုင်ကြားမှု များရှိနေသော်လည်း အရေးယူရန် အခက်အခဲများရှိနေကြောင်း ရန် ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကြီး ကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးလှ အောင်က ပြောကြားလိုက်သည်။

¤င်းက ''ဗဟိုကို တိုင်တဲ့အမှုအ များစုက ကားစပယ်ယာရဲ့ ရိုင်းစိုင်း တာ၊ ယာဉ်စီးခပိုတောင်းတာနဲ့ လမ်း ကြောင်းပြောင်းဆွဲတာတွေ များတယ်။ တချို့တိုင်ကြားမှုတွေက လုပ်ကိုင်ခွင့် မရှိဘဲလုပ်တဲ့ လိုင်စင်မဲ့စပယ်ယာတွေ ရဲ့အပြုအမူတွေများတော့ ဗဟိုအနေ နဲ့ ထိထိရောက်ရောက်အရေးယူ အ ပြစ်ပေးနိုင်ဖို့ ခက်ခဲတာတွေရှိတယ်'' ဟုဆိုသည်။

တရားဝင် ယာဉ်နောက်လိုက် လိုင်စင်လျှောက်ထားမှုအတွက် ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး ဌာနမှ ထုတ်ပေးသည့်(စ)လိုင်စင်ရှိ ရန် လိုအပ်ပြီး လူတွေ့စစ်ဆေးခြင်း၊ စိတ်ပညာစစ်ဆေးမှုများဖြင့် လမ်းစည်း ကမ်းလိုက်နာရမည့် ကျင့်ဝတ်များကို သင်တန်းများပို့ချကာ တရားဝင်အသိ အမှတ်ပြုလက်မှတ်များ ထုတ်ပေးနေ သော်လည်း ယာဉ်ပိုင်ရှင်များ၏ ခွင့်ပြု ပေးမှုကြောင့် လိုင်စင်မရှိသည့် ယာဉ် နောက်လိုက်များ ဖြစ်ပေါ်လာခြင်းဖြစ် သည်ဟု ဦးလှအောင်ကပြောသည်။

¤င်းက ''အဓိကကတော့ ယာဉ် ပိုင်ရှင်တွေက ခွင့်ပြုထားလို့၊ တချို့ လိုင်းတွေဆို သုံးဦးတင်တာတွေတောင် တွေ့ရတယ်။ ဒါတွေအတွက် မထသ ဗဟိုစစ်ဆေးရေးအဖွဲ့က ထုတ်ပြန် ထားတဲ့ ပြစ်မှု၊ ပြစ်ဒဏ်သတ်မှတ်ချက် ၁၃၈ ချက်နဲ့အညီ ကားမှာပါတဲ့ တ ရားဝင်လိုင်စင်ရှိတဲ့သူကို အရေးယူ တာတွေရှိတယ်''ဟုပြောသည်။

မင်္ဂလာဒုံမြို့နယ်မှ ယာဉ်စီးခရီး သည် မသိန်းအေးက ''ညပိုင်းတွေမှာ စစ်ဆေးအရေးယူနိုင်ရင် ကောင်းမယ်။ အပြုအမူကအစ ရိုင်းတာတွေရှိတယ်။ တိုင်ချင်ရာတိုင် ပြန်ပြောတာ ကြုံဖူး တယ်။ ဘော်ဒါလိုက်တာဆိုတော့ တ ကယ့်စပယ်ယာတွေလဲ ဝါးလုံးရှည်နဲ့ သိမ်းအပြောခံရနိုင်တယ်'' ဟုပြောသည်။
ရန်ကုန်တိုင်းဒေသကြီး မော် တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ရေး ကြီးကြပ်မှုဗဟိုကော်မတီအနေဖြင့် လက်ရှိအချိန်အထိ ယာဉ်လုပ်သား အခြေခံသင်တန်းနှင့် မွမ်းမံသင်တန်း (၂၆)ကြိမ်ပို့ချပေးနိုင်ခဲ့ပြီး တရားဝင် ယာဉ်နောက်လိုက် ၆၃ဝဝ ကျော်ကို တရားဝင်လိုင်စင်များ ထုတ်ပေးပြီး ဖြစ်ကြောင်းသိရသည်။

ရဲလင်းထက် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၉)


မန္တလေးကျုံးတွင် နှစ်ရက်ဆက်တိုက် အလောင်းနှစ်လောင်းတွေ့


မန္တလေး၊ ဖေဖော်ဝါရီ ၂၇

မန္တလေးမြို့ဂုဏ်ဆောင် ရှေးဟောင်း ယဉ်ကျေးမှု နေရာများတွင် ထိပ်ဆုံးမှ ပါဝင်သော မန္တလေး ကျုံးအတွင်းနှင့် ကျုံးအနီးတွင် ဖေဖော်ဝါရီလ ၂၆ ရက်နှင့် ၂၇ ရက်နေ့ နှစ်ရက်ဆက်တိုက် အလောင်း နှစ်လောင်း တွေ့ရှိ ရကြောင်း သက်ဆိုင်ရာထံမှ သတင်းရရှိသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း၈၀၊ ၁၇x၁၈ လမ်းရှိ ကျုံးရေပြင်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၆ နာရီအချိန်က အသက် ၅၀ နှစ်အရွယ်ရှိ ဦးတင်မောင်အေးသည် ပြင်ပဒဏ်ရာ မရှိဘဲ ရေနစ် သေဆုံးနေကြောင်း အောင်မြေသာစံ မြို့နယ် အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဦးတင်မောင်အေးသည် အောင်မြေသာစံ မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး သေဆုံးသူသည် အဆိုပါနေ့ နံနက်ခင်းပိုင်းတွင် အိမ်မှထွက်သွား၍ လိုက်လံရှာဖွေနေသူ ဖြစ်ကြောင်း သေဆုံးသူ၏ အစ်မဖြစ်သူ ပြောပြချက်အရ သိရသည်ဟု မှုခင်းမှတ်တမ်းထဲတွင် ဖော်ပြထားသည်။

“အမရဌာနီ အရှေ့ရပ်ကွက်ထဲကလို့ သိရတယ်။ မနက်က နေအိမ်ကနေ ထွက်သွားတဲ့သူလို့လည်း ပြောတယ်” ဟု ကလျာဏ မိတ္တလူမူကူညီရေးအသင်းမှ တာဝန်ခံ ဦးခင်မောင်မြင့်က ပြောကြားသည်။

အဆိုပါ ကျုံးရေပြင်တွင် ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးမှုနှင့် ပတ်သက်ပြီး အောင်မြေသာစံမြို့နယ် အမှတ် (၂) မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၄ အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ယင်းအပြင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်ကလည်း မန္တလေး ကျုံးဘေး တောင်ဘက် ပလက်ဖောင်းပေါ်တွင် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး အာဟာရပြတ် သေဆုံးနေကြောင်း ကလျာဏမိတ္တ လူမူကူညီရေးအသင်းထံမှ သိရသည်။

The Voice Weekly


အထောက်အထားအချို့ တွေ့ရှိသော်လည်းသုဝဏ္ဏဘူမိမြို့ဟောင်းဟု အတည်မပြုနိုင်သေး


သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်မှု သုံးနေရာပြုလုပ်ပြီး နောက်အထောက် အထားအချို့တွေ့ရှိသော်လည်း သုဝဏ္ဏဘူမိ မြို့ဟောင်းဟု အတိအကျ မသတ်မှတ်နိုင်သေးကြောင်း မြို့ဟောင်းတူးဖော်ရာတွင်ပါဝင်ဆောင်ရွက်ကြ သူများ၏ ပြောကြားချက်အရ သိရသည်။

သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်မှု သတ်မှတ်လေးနေရာ အနက်သုံးနေရာ တူးဖော်ပြီးချိန်တွင် မြို့ရိုး၊ မြို့ပြ၊ အရံအတားများ၊ အုတ်ခွက်ဘုရားများနှင့် ဂ၀ံရုပ်တုများ တွေ့ရှိခဲ့သည်။

" ဒီလောက်အနေအထားနဲ့တော့ အများကြီးပြောလို့ မရသေးဘူး။ တူးလို့ရသလောက်ပဲ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ အခု တူးနေတဲ့အနေအထားအရတော့ မြို့ပြကြီးတစ်ခုလုံး၊ တကယ့် သုဝဏ္ဏဘူမိမြို့ဟောင်းရဲ့အစိတ်အပိုင်းအားလုံးကို ကျွန်တော်တို့ မထိတွေ့နိုင်သေးဘူး " ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ညီညီထက်က
ပြောဆိုသည်။

အထောက်အထားအချို့ တွေ့ရှိ ထားပြီးဖြစ်သည့် အတွက်ပိုမိုသေချာရန် သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်မှုကို ဆက်လက်လုပ်ဆောင်သွားရမည်ဟု သမိုင်းသုတေသန ဦးစီးဌာနမှ အငြိမ်းစားလက်ထောက်ညွှန်ကြားရေးမှူး ဦးစံဝင်းက ပြောဆိုသည်။

သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်မှုကို ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ဦးကျော်မျိုးဝင်း ဦးဆောင်သည့် ရှစ်ဦးအဖွဲ့မှ အလုပ်သမားအင်အား ၃၀ ခန့်ဖြင့် ၂၀၁၄
ခုနှစ် ဇန်န၀ါရီ ၂၂ ရက်က စတင်တူးဖော်ခဲ့ပြီး တူးဖော်မှုကာလသည် တူးဖော်မည့် ကုန်းအနေအထားပေါ် မူတည်ကာ အချိန်ကြာမြင့်မည်ဟု ၎င်းကပြောဆိုသည်။

သုဝဏ္ဏဘူမိသည် မြန်မာနိုင်ငံအောက်ပိုင်း မွန်လူမျိုးတို့ ၏ ရာမညဒေသရှိ စစ်တောင်းမြစ်ဝပတ်ဝန်းကျင်မှ တောင်ဘက် သံလွင်မြစ်ဝပတ်ဝန်းကျင် အထိ သုဝဏ္ဏဘူမိနေရာဟု မွန်သမိုင်းမှတ်တမ်းအရ သိရသည်။

ပထ၀ီအနေအထားအရ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း ဝေါမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် မော်လမြိုင်ခရိုင်မြောက်ပိ
ဒေသများကိုခြုံငုံ၍ သုဝဏ္ဏဘူမိဧရိယာဟုမွန်သမိုင်းမှတ်တမ်း၌
ဖော်ပြထားသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ


ကျူးကျော်များကို နေရာချပေးရန် စနစ်တကျ ပြင်ဆင်နေ


ကျူးကျော်မြေနေရာတွေမှာ နေထိုင်သူတွေကို စာရင်းကောက်ခံနေသလို သူတို့ကို နေရာ ချပေးနိုင်မယ့် နေရာတွေကိုလည်း ရှာဖွေနေတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရန်ကုန်တိုင်းလွှတ်တော်ရုံးမှာ လုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းမှာ ကျူးကျော်နေထိုင်သူပေါင်း ၅ သောင်းကျော် ရှိတယ်လို့ ဆိုပါတယ်။

ဒီ လူတွေ ကျူးကျော်ဖြစ်ရတဲ့အကြောင်းအရင်းဟာ အလုပ်အကိုင်နဲ့ အခွင့်အလမ်း မရှိလို့
နေရာ ရွှေ့ပြောင်းရင်း ဖြစ်ရတာမို့၊ သူတို့ကိစ္စ ဖြေရှင်းရင် အလုပ်အကိုင် အခွင့်အလမ်းပြဿနာကို အဓိကထား ဖြေရှင်းနိုင်မှ ရမယ်လို့ သူက ဆိုပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းမရှိတဲ့ နေရာတွေမှာ သွားချထားပေးလိုက်ရင် နေရာ ရောင်းစားပြီး နောက်တနေရာမှာ ကျူးကျော်ပြန်ဖြစ်နေဦးမှာပဲလို့ သူက မှတ်ချက်ပေးပါတယ်။

By ဒီဗွီဘီ

သမီးလေးကျေးရွာ ဖျက်ဆီးခံရပြီးနောက် တွေ့ရစဉ်


ကျပ် ၅၀ ဖြင့် ဖြန့်မည့် သတင်းစာ လာမည်


ဘဏ်ချေးငွေ ကျပ် သိန်းပေါင်း ၁ သောင်းရယူပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် ဒီမိုကရေစီ တူဒေးသတင်းစာကို လာမယ့် မတ် ၁ ရက်နေ့ကစပြီး ထုတ်ဝေတော့မယ်လို့ မြန်မာနယူးနက်ဝပ်ခ် (အမ်အန်အန်) အမှုဆောင်အရာရှိချုပ် ဦးကိုကို(စက်မှု) က ပြောပါတယ်။

News Paper and Journalဖေဖော်ဝါရီ ၂၇ ရက်နေ့က ရန်ကုန် မြရိပ်ညိုဟိုတယ်မှာ လုပ်တဲ့ သတင်းစာ စတင် ထုတ်ဝေခြင်း မိတ်ဆက်အခမ်းအနားမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

သတင်းစာကို ၃၂ မျက်နှာ ထုတ်ဝေမှာ ဖြစ်ပြီး သာမန်ပြည်သူတွေ ဖတ်နိုင်အောင် ဖြန့်ဈေး တစောင် ကျပ် ၅၀၊ ရောင်းဈေး ၁ စောင် ကျပ် ၁၀၀ သတ်မှတ်သွားမယ်လို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် သတင်းစာရောင်းရငွေထဲက ၁ စောင် ၁၀ ကျပ်စီကို လူမှုရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့လည်း ကတိပြုပါတယ်။

လက်ရှိ နိုင်ငံပိုင် သတင်းစာနှုန်းထားဟာ ကိုယ်စားလှယ် ကျပ် ၅၀၊ လက်လီ ၁ စောင် ၁၀၀ ဖြစ်ပါတယ်။

ပုဂ္ဂလိကသတင်းစာတွေကတော့ ကျပ် ၁၀၀ ကနေ ၂၅၀ အကြား ရောင်းချနေပြီး အလဲဗင်း သတင်းစာကတော့ စောင်ရေ အများဆုံးဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရပါတယ်။

By ဒီဗွီဘီ


အငြိမ်းစား ကျောင်းဆရာမ အိမ်တွင် ငါးတန်းကျောင်းသား တစ်ဦး ကြိုးဆွဲချ သေဆုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မှော်ဘီမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ၁၅၀၀ ကွက်သစ်၊ ထာဝရလမ်းတွင် ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၀ နာရီခန့်က မူလတန်းပြ အငြိမ်းစား ကျောင်းဆရာမ၏ သော့ပိတ်ထားသော အိမ်အတွင်းသို့ ဝင်ရောက်ကာ ကြိုးဆွဲချ သေဆုံးနေသည့် ငါးတန်းကျောင်းသား တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း ယင်းရပ်ကွက် နေသူများထံမှ စုံစမ်း သိရှိရသည်။

ထာဝရလမ်းမှ အသက် ၄၅ နှစ် အရွယ်ရှိ အငြိမ်းစား ကျောင်းဆရာမ ဒေါ်ရီရီမြင့် ပိုင်ဆိုင်သော ခြေတံရှည် ပျဉ်ထောင်နေအိမ် အခန်းရှိ ထုပ်တန်းတွင် တစ်လမ်းတည်း နေသည့် စိတ်ကျန်းမာရေး ချို့တဲ့နေသည် ဆိုသော အသက် ၁၆ နှစ် အရွယ်ရှိ ပဉ္စမတန်း ကျောင်းသားတစ်ဦး ကြိုးဆွဲချလျက် သေဆုံးနေကြောင်း ဒေါ်ရီရီမြင့်က ပြောကြားသည်။

“ဒီအိမ်နဲ့ခြံ ဝယ်ထားတာ တစ်နှစ်ကျော်ပြီ။ ဒါပေမဲ့ လူမနေဖြစ်ဘူး။ ကလေးတွေ စာမေးပွဲ ဖြေပြီးလို့ ရန်ကုန်က ပြန်လာရင် အဆင်သင့် နေရအောင် ဒီမနက် အိမ်သန့်ရှင်းရေး လာလုပ်တုန်း အိမ်ခန်းတံခါး ဖွင့်လိုက်တော့ အထဲမှာ ကြိုးဆွဲချ သေနေတဲ့ ကလေးကို တွေ့လိုက်တော့ အရမ်းလန့်သွားတယ်” ဟု ၎င်းက ရှင်းပြသည်။

ကြိုးဆွဲချ သေဆုံးသူမှာ စိတ်ကျန်းမာရေး ချို့တဲ့သူ ဖြစ်သောကြောင့် ယခုနှစ် ငါးတန်း စာမေးပွဲကို ဝင်ရောက် ဖြေကြားခြင်း မရှိကြောင်း၊ ၎င်းပျောက်ဆုံး နေသည်မှာ နှစ်ရက်ခန့် ရှိပြီး ဖြစ်သော်လည်း သူငယ်ချင်းများ ထံသို့ သွားရောက် လည်ပတ်နေသည်ဟု ထင်မှတ်ခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များ ထံမှ သိရှိရသည်။

“အိမ်က ခြေတံရှည် အိမ်ဖြစ်လို့ အိမ်အောက်ကနေ ပျဉ်ကို ကန့်လန့်ခွာပြီး အိမ်ထဲ ခိုးဝင်ပြီးတော့ ကြိုးဆွဲချ သေဆုံးတာ ဖြစ်နိုင်တယ်။ အိမ်ဝင်ပေါက် တံခါးတွေက အကုန် သော့ခတ်ထားတာ။ အိမ်နောက်ခြမ်းဘက်က ပျဉ်ချပ်တွေ ခွာထားတဲ့ အပေါက်ကို တွေ့တယ်။ သေဆုံးတာ တစ်ရက်ကျော်ပြီမို့ အလောင်းက တောင့်နေပြီ” ဟု အလောင်းကို ဆေးရုံသို့ ပို့ဆောင်ပေးသူ အသက် ၃၀ ၀န်းကျင်ရှိ အမျိုးသား တစ်ဦးက ပြောကြားသည်။

အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းကို မှော်ဘီ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး လတ်တလော စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း မှော်ဘီမြို့မ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly


ရွှေတောင်အထည်စက်ရုံ ၀န်ထမ်းအိမ်ရာတွင် ၀မ်းရောဂါဖြစ်


ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ် ချည်မျှင်နှင့်အထည်စက်ရုံ ၀န်ထမ်းအိမ်ရာရပ်ကွက်များဖြစ်သည့် အောင် မြေသာရပ်ကွက်နှင့် စံပြရပ်ကွက်တို့တွင် ဖေဖော်ဝါရီလ၂၇ ရက်အထိ လေးရက်အတွင်း လူ ၅၀ ခန့် ၀မ်း ရောဂါဖြစ်ပွားနေသည်ဟု ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းယုကိုက မဇ္ဈိမကို ပြောသည်။

“၀မ်းရောဂါဖြစ်ပွားတာက ချည်မျှင်နှင့်အထည်စက်ရုံ ၀န်ထမ်းရပ်ကွက်နှစ်ခုမှာ ဖြစ်တာပါ။ ဖြစ်ပွားမှုက လည်း ခပ်ကျဲကျဲ ပါးပါး ဖြစ်တာမျိုးပါ။ ဒီနေ့အထိ ၄၉ ဦးရှိသွားပြီ”ဟု ၎င်းက ပြောသည်။

ရွှေတောင်မြို့ ချည်မျှင်နှင့်အထည်စက်ရုံတွင် ဖေဖော်ဝါရီလ ၂၄ မှစ၍ ၀မ်းရောဂါဖြစ်ပွာခဲ့ပြီး လူနာ ၄၉ ဦးအနက် နှစ်ဦးသာ ရွှေတောင်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှုခံယူနေရသည်ဟု ဆေး ရုံအုပ်ကြီးက ဆိုသည်။

အဆိုပါရောဂါပိုးသည် ရေကြောင့် ဖြစ်ပွားခြင်းဖြစ်သည်ဟု အောင်မြေသာရပ်ကွက်တွင် ဆေးကုသပေးနေသူ ရွှေတောင်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးမှ သူနာပြုဆရာမ ဒေါ်မြင့်မြင့်အေးက ပြောသည်။

“၀န်ထမ်းတွေသောက်တဲ့ရေ မသန့်လို့ လို့ ပြောတာပဲ။ ၀န်ထမ်းတွေသောက်တဲ့ လိုင်းဘက်က ရေစစ်ကန် ထဲကို ရေစစ်သေးတယ်ပြောတယ်။ အစားအသောက်က ဖရဲသီးစား၊ မုန့်ဟင်းခါးစား၊ ချဉ်ရည်ဟင်း စားဆိုတော့ မတူဘူး။ ရေကတော့ ဒီရေပဲသောက်နေတော့ ကျွန်မတို့က ရေလို့ပဲ သတ်မှတ်တယ်”ဟု ၎င်းက ဆိုသည်။

ဝမ်းရောဂါဖြစ်ပွားသည့် ရပ်ကွက်နှစ်ခုတွင် ဆေးခန်းများဖွင့်လှစ်ကာ ကုသပေးနေသည်။ ထို့ပြင် ကျန်း မာရေးဝန်ထမ်းများက တစ်အိမ်တက်ဆင်း လိုက်လံဆေးကုသမှုများလည်း ဆောင်ရွက်ပေးနေသည်ဟု ရွှေတောင်မြို့နယ် မိခင်နှင့်ကလေးဥက္ကဋ္ဌ ဒေါ်ယဉ်ကြွေက ပြောသည်။

ရေခဲ(ပြည်)
Mizzima - News in Burmese


ဝန်ကြီးချုပ်၏ ဆောင်ရွက်ချက်များ တရားမျှတမှုမရှိဟုဆိုကာ ဒုတိယသမ္မတထံတိုင်ကြား


ပုသိမ်၊ဖေဖော်ဝါရီ၂၆

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် သီရိပျံချီ ဦးသိန်းအောင်သည် ယခင်အစိုးရက ချောင်းသာ ကမ်းခြေ သာယာလှပရေး အမည်ခံ၍ သိမ်းဆည်းသွားခဲ့သော လယ်ယာမြေများကိစ္စတွင် နစ်နာသူမူလ ပိုင်ရှင် လယ်သမားများ၏ အကျိုးအား မငဲ့ကွက်ဘဲ သိမ်းယူထား သော ကုမ္ပဏီပိုင်ရှင်သူဌေးများ၊ အာဏာရှိ သူများဘက်၌ ရပ်တည်၍ တရားမျှတမှုမရှိစွာ ဆုံးဖြတ်နေ သောကြောင့် မြေအသုံးချမှု စီမံ ခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌဖြစ်သော နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းထံသို့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် တင်ပြ တိုင်ကြားထားကြောင်း ပုသိမ်မြို့ နယ်၊ ရွှေသောင် ယံမြို့နယ်ခွဲ၊ ချောင်းသာကျေးရွာ ရှိတိုင်ကြားသူ(၃)ဦးက ပြောသည်။

အဆိုပါ တိုင်ကြားသူများဖြစ်သော ဒေါ်သန်းသန်းကြူ၏ လယ်မြေ(၅)ဧကကို မက်(စ်)ဟိုတယ်ပိုင် ရှင် ဦးဇော်ဇော်က လည်းကောင်း၊ ဒေါ်သီတာမြင့်၏ လယ်မြေ (၂ ဒသမ၀၇)ဧကကို AMBO ဟိုတယ် ပိုင်ရှင် နိုင်ငံတော် သမ္မတအကြံပေး ဒေါက်တာနေဇင်လတ် နာမည်ဖြင့် လည်းကောင်း၊ ဒေါ်ညွန့်ညွန့်၏ လယ်မြေ (၅ဒသမ ၇၈)ဧကကို ရန်ကုန်မှ ဦးဌေးရင် နာမည်ဖြင့် လည်းကောင်း၊… လ/န (၃၉) အမည်ပေါက်လျက်ရှိကြောင်း၊ အဆို ပါကိစ်္စအား မူလပိုင်ရှင်များက လယ်မြေနှင့် အခြားမြေများသိမ်း ဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်သို့ တိုင်ကြားခဲ့သဖြင့် ကော်မရှင်အတွင်းရေးမှူး ဦးသိန်းထွန်း ဦးဆောင်သော အဖွဲ့က လာရောက် စစ်ဆေးခဲ့ရာ အမှန် တရားပေါ် ပေါက် ခဲ့ပြီး ကော်မရှင်အတွင်းရေး မှူး ဦးသိန်းထွန်းထံ ထပ်မံမေးမြန်း စုံစမ်းရာ ကော်မရှင်မှ လွှတ်တော်၊ လွှတ်တော် မှပြည်ထောင်စု အစိုးရ၊ ပြည်ထောင်စု အစိုးရမှ တိုင်းဒေသ ကြီးအစိုးရသို့ လွှဲအပ်ပြီးဖြစ်၍ ၀န် ကြီးချုပ်ဦးသိန်းအောင်နှင့် တွေ့ ဆုံရန် ညွှန်းဆိုခဲ့သဖြင့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် တွင် ၀န်ကြီးချုပ်နှင့် သွားရောက် တွေ့ဆုံခဲ့ကြောင်း၊ ၀န်ကြီးချုပ်က အဆိုပါလယ်မြေများမှာ လ/န(၃၉)အမည်ပေါက်ပြီးသားများဖြစ်၍ တရားစွဲခံရမည်ဖြစ်ကြောင်း ပြန် လည်ပြောဆိုခဲ့သည်ဟု တိုင်ကြား သူ(၃)ဦးတို့က မြန်မာသံတော်ဆင့် သို့ ပြောကြားသည်။

““ကျွန်မတို့က ဆက်ပြီး ဒုသမ္မတ ဦးဉာဏ်ထွန်းပြောတဲ့ နိုင်ငံတော်အတွင်း လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရ မှုနှင့်ပတ်သက်ပြီး မျှမျှတတမှန်မှန် ကန်ကန်မြန်မြန်ဆန်ဆန် ဖြေရှင်း ဆောင်ရွက်ပေးဖို့ ပြောကြားချက်ပါတဲ့ ၂၀၁၃ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်ထုတ် မြန်မာ့အလင်း သတင်းစာကို ပြတော့လည်း ဒုသမ္မတရဲ့ မိန့်ခွန်းသာဖြစ်တဲ့အတွက် ဆောင်ရွက်ပေးလို့ မရတဲ့ပုံစံ လုပ်နေတယ်။ ကျွန်မတို့ထင်ထားတာက ကော် မရှင်ရဲ့စုံစမ်းဖော်ထုတ်မှုကို ပြည် ထောင်စုလွှတ်တော်၊ ပြည်ထောင်စု အစိုးရကတစ်ဆင့် တိုင်းအစိုးရက အကောင်အထည်ဖော်မယ်လို့ ထင် ထားတာ၊ အခုတော့ ၀န်ကြီးချုပ် ဦးသိန်းအောင်က ကုမ္ပဏီပိုင်ရှင် သူဌေး အာဏာပိုင်တွေဘက်ကို လိုက်ပြီး ဒုသမ္မတရဲ့ လမ်းညွှန် ပြောကြားချက်ကို လျစ်လျူရှုထား တော့ အမှန်တရား ပျောက်ဆုံးကာ ပြဿနာများ မဖြစ်ပွားစေရေး အတွက် ဒုသမ္မတ ထံတိုင်ကြားတာပါ”” ဟု တိုင်ကြားသူ တစ်ဦးဖြစ်သော ဒေါ်သန်းသန်းကြူက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ အကြီးအကဲများအား တိုင်ကြားမှု တွင် ယခုတစ်ကြိမ်သည် ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ်ကလည်း တိုင်းအစိုးရအဖွဲ့အတွင်း ရေးမှူး တိုင်းမင်းကြီးဦးအေးကျော် အား နိုင်ငံတော် သမ္မတ ထံတိုင် ကြားခံခဲ့ရဖူးကြောင်း၊ တိုင်းမင်းကြီး ဦးအေးကျော်၏ လုပ်ဆောင်ချက်များကြောင့် နစ်နာသူများမှ တရားစွဲဆိုနိုင်ကြောင်း နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်က ခွင့်ပြုမိန့် ပေးခဲ့သော်လည်း နစ်နာသူများက တရားစွဲဆိုနိုင်ခြင်းမရှိဘဲ အမှု ပျောက်ဆုံးသွားကြောင်း ပုသိမ်မြို့ နယ် NLD ပါတီအတွင်းရေးမှူး ဦးဝေလှိုင်ထွန်းက မြန်မာသံတော် ဆင့်သို့ ပြောကြားသည်။

““တိုင်းမင်းကြီးဦးအေးကျော် နဲ့ ဦးဖြူထွေးကိစ္စမှာ မတရားလုပ် တာပေါ်တော့ သမ္မတက ကာ ယကံရှင် ဦးဖြူထွေးကို တရားစွဲဖို့ ခွင့်ပြုမိန့်ချပေးတယ်။ အဲဒီမှာခွင့် ပြုမိန့်ကို ဦးဖြူထွေးဆီတိုက်ရိုက် မပေးဘဲ ၀န်ကြီးချုပ် ကတစ်ဆင့် ပေးခိုင်းတယ်။ တောသားဦးဖြူ ထွေးကလည်း အာဏာပိုင်ကို တရားစွဲချင်တာ၊ စွဲရင်ရောလက်ရှိ စနစ်နဲ့ ဖြစ်နိုင်ပါ့မလား၊ သမ္မတ ကရော အစိုးရအဖွဲ့ထဲကလူ မဟုတ်တာလုပ်တာကို ဘာလို့ တစ်ခါတည်း အရေးမယူဘဲ တရားစွဲ ခိုင်းတာလဲ၊ ၀န်ကြီးချုပ်ကလည်း ဦးဖြူထွေးကို ကားနဲ့ခေါ်ပြီး အစိုးရ ရုံးခန်းထဲမှာ ညှိနှိုင်းတယ်။ ပြီးတော့ တရားမစွဲတော့ပါဘူးလို့ ဦးဖြူထွေး ကို လက်မှတ်ထိုးခိုင်းတယ်။ သမ္မတက အဲဒီလို ညှိနှိုင်းခိုင်းလို့လား။ ဒီ တော့ ဘယ်မှာ အမှန်တရား ပေါ်ပေါက်တော့မလဲ””ဟု ဦးဝေလှိုင်ထွန်းက ဆက်လက် ပြောဆိုသည်။

ဝန်ကြီးချုပ် ဦးသိန်းအောင် သည် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းပြု လုပ်သော ပြည်သူ့ရေး ရာတာဝန်ခံယူမှု ဆွေးနွေးပွဲ (၃) ကြိမ်စလုံးတွင် အစိုးရအဖွဲ့ဝန်ကြီး များနှင့်အတူ တက်ရောက်ခဲ့ပြီး ပြည်သူတို့ပြောကြားသော လိုလား ချက်များအား တာဝန်ခံယူသွားခဲ့ပြီး စက်မှုစီးပွား ဇုန်ဆောက်လုပ်ရန် မြေလိုအပ်သဖြင့် လယ်သမားများ က လယ်မြေများ အဆင်ပြေစွာဝယ် ယူနိုင်ရန် ကူညီဆောင်ရွက်ပေးစေ လိုကြောင်း လူမှုရေးအသင်းအဖွဲ့များသို့ တိုက်တွန်းပြောကြားသွား ခဲ့သည်။

ရဲရင့်ထွန်း(ပုသိမ်)
Myanmartandawsint Newspaper


ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ငြိမ်းချမ်းရေး လုပ်ဆောင်မှုအပေါ် ဝေဖန်


ရန်ကုန်၊ ဖော်ဖော်ဝါရီ ၂၆

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်လုပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းများမှာ ငြိမ်းချမ်းရေးဆု ရရှိချင်သည့်အတွက် အဖွဲ့အစည်း များများပါအောင် လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း အာဏာရ ကြံ့ခိုင်ရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက Hot News ဂျာနယ်မှတစ်ဆင့် ဝေဖန်လိုက်သည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ထုတ် Hot News ဂျာနယ် အတွဲ (၄)၊ အမှတ် (၁၈၁) ၌ အယ်ဒီတာ (သတင်း)နှင့် ဦးလှဆွေတို့ တွေ့ဆုံ မေးမြန်းခန်း၌ ““ခု မီးကျိုး မောင်းပျက် ဖြစ်နေတဲ့ CNF တို့ ဘာတို့ကို လာကြပါ၊ ဆရာကြီး လို့ဆိုပြီး လုပ်နေရတယ်။ CNF ကို လက်မခံတဲ့ ချင်းတွေ အများကြီးပဲ။ ဦးအောင်မင်း တို့ကလည်း နည်းနည်းဆို ငါတို့က အဖွဲ့တွေ အများကြီးနဲ့ လုပ်တာဆိုပြီး Peace Prize လေးများ ရမလားဆိုပြီ ထင်ပါရဲ့ဗျာ။ ဒါမျိုး လုပ်တာ တွေတော့ မကောင်းဘူး”” ဟု ဦးလှဆွေက ဖြေဆိုထားကြောင်း ပါရှိသည်။

ထို့ပြင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အတွင်းရေးမှူး ဦးခွန်ဥက္ကာ မှာလည်း ပအို့ဝ်နီများမှ လက်ခံသူ မဟုတ်ကြောင်း၊ UNFC ကိုလည်း ကုလသမဂ္ဂ ဘောလုံးအသင်းလို့သာ သိကြောင်းလည်း အဆိုပါ တွေ့ဆုံမေးမြန်းခန်း၌ ဦးလှဆွေက ဖြေကြားထားသည်။

ယင်းကဲ့သို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ၏ Hot News ဂျာနယ်၌ ပြောကြားထားမှုနှင့် ပတ်သက်ပြီး ““အမတ်တွေ ဆိုတော့လည်း ရွေးကောက်ခံ ကိုယ်စားလှယ်တွေပဲလေ။ ဒါကတော့ သူတို့ရဲ့အမြင် သူတို့ ပြောလို့ရတာပေါ့။ ကျွန်တော်တို့ရဲ့ အမြင်မှာတော့ ဒါက ဒီအမတ်တွေအနေနဲ့ သူတို့အမြင် သူတို့ ပြောတာတော့ ပြောလို့ရတယ်။ ပြောပိုင်ခွင့်၊ ဝေဖန်ထောက်ပြခွင့်၊ သူတို့ အခန်းကဏ္ဍကို သူတို့ လုပ်တယ်လို့ပဲ မြင်ပါတယ်။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုတာတော့ အကုန်လုံးက အမြင်တူကြတာ မဟုတ်ဘူးလေ။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ မတူကွဲပြားတဲ့ အမြင်တွေ ရှိတာပေါ့။ အဓိကက ငြိမ်းချမ်းရေး လုပ်တယ်ဆိုတာက အမြင်တွေ ကွဲပြားလို့ ငြိမ်းချမ်းရေး လုပ်ရတာလေ။ အမြင်တွေ တူနေရင် ငြိမ်းချမ်းရေး လုပ်စရာ မလိုတော့ဘူးလေ””ဟု ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ စီစဉ်ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

တိုင်းရင်းသားများအနေဖြင့် အစိုးရ၏ မည်သို့သော မူဝါဒမျိုးတွေက စောင့်ကြည့်စရာ အနေအထားမျိုး ဖြစ်သွား စေသလဲဆိုသည့် မေးခွန်းနှင့် ပတ်သက်ပြီး ဦးလှဆွေက ဖြေဆိုထားရာ၌လည်း ““ကျွန်တော်တို့မှာ လွှတ်တော် ရှိတယ်။ အစိုးရရှိတယ်။ မဏ္ဍိုင်အစုံ ရှိတယ်။ ဒီလိုမဏ္ဍိုင်အစုံ ရှိရဲ့သားနဲ့ လွှတ်တော်ပြင်ပမှာ စကား သွားပြောမယ်ဆိုရင်တော့ အယုံအကြည် မရှိဘူး။ လာခဲ့ပါ လွှတ်တော်ထဲကို။ ၈၈ တို့ ဘာတို့လည်း ဒီအတိုင်းပဲ။ ဟိုဘက်ကနေ သွားမယ်။ ဒီဘက်ကနေ သွားမယ်။ ကျွန်တော် အဲဒါတွေ တစ်ခုမှ အယုံအကြည် မရှိဘူး။ ဒါတွေက အလကားပါဗျာလို့ ပြောရမှာပေါ့”” ဟုလည်း ဖြေကြားထားသည်။

ယင်းကဲ့သို့ ဦးလှဆွေ၏ ပြောကြားမှုများနှင့် ပတ်သက်၍ UNFC အတွင်းရေးမှူး ဦးခွန်ဥက္ကာက ““ဘာပဲဖြစ်ဖြစ် ဦးလှဆွေကို ကျေးဇူးတင်ရမှာပါ။ ကျွန်တော့်ကို ကြေညာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပြောတဲ့အတွက် ကျွန်တော့်နာမည်လည်း အများသိရတာတော့ ၀မ်းသာစရာပေါ့။ သူ့ကို ကျွန်တော် မကန့်ကွက်ပါဘူး။ သူ သုံးသပ်တာလည်း မှန်ပါတယ်။ မမှန်ဘူး မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဦးလှဆွေက သူ့ရဲ့နေရာ၊ ပတ်ဝန်းကျင်၊ ကျင်လည်ခဲ့တဲ့ တပ်ထဲမှာ သူ့ကိုသင်ကြားပေးတဲ့ ဆရာတွေ အားလုံး ကြည့်လိုက်တော့ ဒီလိုပြောဆိုတာ၊ ဝေဖန်တာကတော့ မထူးဆန်းဘူးလို့ ထင်ပါတယ်။ လွတ်လပ်စွာ ပြောဆိုရေးသား ထုတ်ဖော်ခွင့်ဆိုတဲ့ ဒီမိုကရေစီ အခွင့်အရေးထဲမှာ ဦးလှဆွေက အသုံးချနေတယ်လို့ မှတ်ယူ ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အမျိုးသားတာဝန်ကိုပဲ လုပ်နေတယ်။ တိုင်းရင်းသား ပေါင်းစုံကပေးတဲ့ တာဝန်ကိုပဲ လုပ်နေတယ်။ တောထဲရောက်တာလည်း ၄၂ နှစ်ရှိပြီ။ ကျွန်တော့်အနေနဲ့ ဘယ်အချိန်မှာမှ အရှုံးပေး အညံ့ခံ လက်နက်ချခြင်း မရှိဘဲနဲ့ တစိုက်မတ်မတ်နဲ့ ဒီမိုကရေစီနိုင်ငံ ရည်မှန်းချက် ပန်းတိုင် ရောက်အောင် ကြိုးစားနေပါတယ်””ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။

Hot News ဂျာနယ်ပါ ဦးလှဆွေ၏ တွေ့ဆုံမေးမြန်းခန်းထဲ၌ ဦးခွန်ဥက္ကာနှင့် ပတ်သက်ပြီး ၎င်းမှာ ပအို့ဝ်ဖြူကော၊ ပအို့ဝ်နီကပါ လက်မခံသူ ပအို့ဝ်ကြောင်ကျား ဖြစ်ကြောင်းလည်း ဝေဖန်ထားသေးသည်။

ယခုလက်ရှိတွင် ဦးအောင်မင်း ဦးဆောင်သည့် MPC အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ရေး အကြို ညှိနှိုင်းပွဲအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် မတ်လ ပထမပတ်အတွင်း ထပ်မံတွေ့ဆုံရန် စီစဉ်လျက် ရှိသည်။

ယင်းညီလာခံတွင် ဇန်န၀ါရီလ အတွင်းက ပြုလုပ်ခဲ့သည့် လော်ခီးလာညီလာခံမှ သဘောတူထားသည့် အပစ်အခတ်ရပ်စဲရေး မူဝါဒများအပေါ် ဆွေးနွေးကြမည် ဖြစ်သည်။

Myanmartandawsint Newspaper


ကျိုင်းတုံရှိ ပြည်ခိုင်ဖြိုး ပါတီပိုင် Bright Time စက်သုံးဆီဆိုင် မြို့ ပြင်ပြောင်းရမည်


ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့လယ်ရှိ မြို့မဈေးကြီးနှင့် ကပ်လျက်တွင် ဖွင့်လှစ် ရောင်းချနေသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပိုင် Bright Time Trading Co.,Ltd. စက်သုံးဆီ အရောင်းဆိုင်ကို မီးဘေး အန္တရာယ် စိုးရိမ်ရသဖြင့် မြို့ပြင်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ရန် အကြောင်းကြား ထားကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့မိမြို့ဖများထံမှ သိရသည်။

ကျိုင်းတုံ-တာချီလိတ် ကားလမ်းဘေးတွင်ရှိသော Bright Time စက်သုံးဆီ အရောင်းဆိုင်သည် မြို့လယ်တွင် တည်ရှိနေသည် သာမက မြို့မဈေးကြီး အနီးတွင် တည်ရှိသဖြင့် မီးဘေးအန္တရာယ် ကျရောက်လာပါက ပျက်စီးဆုံးရှုံးမှု ကြီးမားနိုင်သဖြင့် ပြည်နယ် အစိုးရအဖွဲ့ထံ မြို့မိမြို့ဖများက တင်ပြ တောင်းဆိုကြသဖြင့် မြို့ပြင်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ရန် အကြောင်းကြားရခြင်း ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းဦးက ပြောကြားသည်။

“မြို့မိမြို့ဖတွေက ဒီစက်သုံးဆီ အရောင်းဆိုင်ကို မြို့လယ်ကောင်နဲ့ ဈေးအနီးမှာ ဆက်ပြီးထားမယ်ဆိုရင် မြို့မီးဘေး အန္တရာယ်အတွက် စိုးရိမ်ရတယ်လို့ ပြည်နယ် အစိုးရထံကို တင်ပြကြတယ်။ ဒါကြောင့် ကော်မတီဖွဲ့ပြီး စစ်ဆေး တွေ့ရှိချက်တွေအရ အမှန်တကယ် မြို့အတွက် မီးဘေးအန္တရာယ် စိုးရိမ်ရလို့ ပြောင်းရွှေ့ခိုင်းရတာပါ။ သူတို့ကို ပြောင်းရွှေ့ပေးဖို့ အကြောင်းကြား ထားတာကလည်း ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလထဲကပါ။ အခုလည်း အမြန်ပြောင်းရွှေ့ပေးဖို့ ထပ်နှိုးဆော်ထားပါတယ်” ဟု ၎င်းကဆိုသည်။

သက်ဆိုင်ရာ အဖွဲ့အစည်းများက ကော်မတီများ ဖွဲ့စည်းကာ စစ်ဆေးခဲ့ပြီး ပြောင်းရွှေ့ပေးရန် ညွှန်ကြားထားသည်မှာ လေးလခန့် ကြာမြင့်ပြီ ဖြစ်သော်လည်း လက်ရှိ အချိန်ထိ စက်သုံးဆီ အရောင်းဆိုင်မှာ ပြောင်းရွှေ့ပေးခြင်း မရှိသေးကြောင်း မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးစိုင်းဟောင်ခမ်းက ပြောကြားသည်။
“အဘတို့က ဒီဆီဆိုင်ကို ပြောင်းရွှေ့ ပေးစေချင်တာက မြို့နေပြည်သူလူထု အကျိုးအတွက်ကြောင့်ပါ။ ဆီဆိုင်က မြို့အလယ်မှာတင် မကဘူး ဈေးကြီးနဲ့ ခြံစည်းရိုး ကပ်နေတာဆိုတော့ တကယ်လို့သာ မီးလောင်ကြည့်လိုက် လူတွေတောင် မနည်းလွတ်အောင် ပြေးရမှာ။ ကျန်တဲ့ ပစ္စည်းဥစ္စာကတော့ ယူဖို့ဆိုတာ စဉ်းစားမနေနဲ့” ဟု ၎င်းကဆိုသည်။

လက်ရှိ မိမိတို့ ရောင်းချနေသည့် စက်သုံးဆီ အရောင်းဆိုင်သည် လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်ကတည်းက မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ ရောင်းချနေသည့် ဆိုင်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ထံမှ ဝယ်ယူထားခြင်း ဖြစ်ပြီး မီးဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများကို အပြည့်အဝ ပြုလုပ်ကာ ဆက်လက် ရောင်းချနေခြင်း ဖြစ်ကြောင်းနှင့် ဆိုင်ပြောင်းရွှေ့ရန် မြေနေရာ ရှာဖွေ မရရှိသေးသဖြင့် မပြောင်းရွှေ့နိုင်သေးခြင်း ဖြစ်ကြောင်း Birght Time Trading Co., Ltd. မှ စက်သုံးဆီ အရောင်းဆိုင် မန်နေဂျာ ဦးနိုင်ထွန်းနွဲ့က ပြောကြားသည်။

ကျိုင်းတုံမြို့၊ အမှတ် (၁) ရပ်ကွက် မြေဧက ၀ ဒသမ ၂၂၈ ပေါ်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းပိုင်၊ စက်သုံးဆီ အရောင်းဆိုင်အမှတ် ၀၇၄၇ ကို ၂၀၁၀ ပြည့်နှစ် မတ်လ ၂၅ ရက်နေ့တွင် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ထံမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပိုင် Birght Time Trading Co., Ltd. က ၁၃၉၀ ဒသမ ၇၆၇၇ သန်းဖြင့် ဝယ်ယူကာ စက်သုံးဆီ သိုလှောင်ဖြန့်ဖြူး ရောင်းချခဲ့သည်။

The Voice Weekly


ကျည်ဆန် သယ်ဆောင်လာသော ပြင်သစ်နိုင်ငံသားကို ရန်ကုန်လေဆိပ်တွင် ဖမ်းမိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖေဖော်ဝါရီလ ၂၆ ရက် ည ၇ နာရီခန့်က စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ Jet Star လေယာဉ်ခရီးစဉ်ဖြင့် လိုက်ပါလာသော၊ ကျည်ဆန်များ သယ်ဆောင်လာသော ပြင်သစ်နိုင်ငံသား တစ်ဦးကို ဖမ်းမိခဲ့ကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ပြင်သစ်နိုင်ငံသား Mr.Briano Florent Jean Marine ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ၎င်း၏ ခရီးဆောင် လက်ဆွဲအိတ်ကို X-Ray စက်ဖြင့် စစ်ဆေးရာမှ 7mm Remington Mag ကျည်ခုနစ်တောင့်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျည်ဆန်တွေမိတဲ့ ပြင်သစ်နိုင်ငံသားက အလည်ဗီဇာနဲ့ လာတာ။ ခွင့်ပြုချက် မရှိဘဲ ကျည်ဆန် ကိုင်ဆောင်ပြီး ဝင်လာတာကြောင့် ပြင်သစ်သံရုံးကို သတင်းပေးပို့ထားပြီး ရဲတပ်ဖွဲ့က လတ်တလော စစ်ဆေးနေတယ်” ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေကြောင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းလင်း ပြောကြားသည်။

အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ခွင့်ပြုချက်မရှိဘဲ ကျည်ဆန်များ ယူဆောင်လာသော ပြင်သစ်နိုင်ငံသားကို မင်္ဂလာဒုံမြို့မ ရဲစခန်းက (ပ) ၁၀၁/၁၄၊ ၁၈၇၈ ခုနှစ် လက်နက် ဥပဒေပုဒ်မ ၁၉(စ) ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly



ကျောက်စိမ်းမဟုတ်သည့် ကျောက်တုံးကြီး နေပြည်တော်သို့ ပို့ရန် စီစဉ်နေ


ဖားကန့်ဒေသတွင် တွေ့ရှိခဲ့သည့် ကျောက်စိမ်းတုံးကြီးမဟုတ်ဘဲ ကျောက်တုံးကြီးအဆင့်သာရှိသည့် ကျောက်တုံးကြီးကို သတ္တုတွင်းဝန်ကြီးဌာန လုံးခင်း ကျောက်စိမ်းတူးဖော်ရေးဌာနမှ ခေတ္တထိန်းသိမ်းထားပြီး နေပြည်တော်သို့ ပို့ရန် စီစဉ်နေကြောင်း အထက်ပါဌာနမှ သတင်းရရှိသည်။

‘‘ပြည်နယ်အစိုးရက ဖွဲ့ထားတဲ့ ကျောက်စိမ်းတုံးသယ်ယူပို့ဆောင်ရေးအဖွဲ့ရှေ့မှာ ချိတ်ပိတ်ပြီး ဝေခါကျောက်မှော်ကနေ အခု လုံးခင်းကို ရောက်နေပါပြီ’’ဟု လုံးခင်းကျောက်စိမ်းတူးဖော်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ခန့်မှန်းပြောဆိုမှုများအရ အဆိုပါကျောက်တုံးကြီးမှာ ကျောက်စိမ်းအဖြစ်သို့ မပြောင်းလဲမီ မောက်တုံးအဆင့်သာရှိပြီး ခန့်မှန်းတန်ချိန် ၃၀ မှ တန် ၅၀ အထိ ရှိသည်ဟု အမျိုးမျိုး ထင်ကြေးပေး ပြောဆိုကြလျက်ရှိသည်။

အဆိုပါကျောက်တုံးကြီးမှာ သယ်ယူစဉ်ကွဲထွက်သွားသည်မဟုတ်ဘဲ တူးယူနေစဉ် မြေသားများနှင့် တောင်မြေစာများ ပြိုကျခြင်းများကြောင့်သာဖြစ်ပြီး ကျောက်တုံးကြီး၏ အစိတ်အပိုင်းအချို့သာ ကွဲခြင်းတွင် ပါဝင်ကြောင်း လုံးခင်းကျောက်စိမ်းတူးဖော်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

၎င်းကျောက်တုံးကြီးအား နေပြည်တော်သို့ ပို့ရမည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးအား 7 Day Daily က မေးမြန်းသော်လည်း တွေ့ဆုံမေးမြန်းခွင့်မရခဲ့ပေ။

သတ္တုတွင်းဝန်ကြီးဌာနမှ ၎င်းတို့ဌာနသို့ တင်ပြလာသည့် အစီရင်ခံစာအရ ယင်းကျောက်တုံးကြီးကို သုံးခြမ်းပုံစံဖြင့် စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ကျောက်စိမ်းသက်တမ်းနု ငါးတန်နီးပါး ပါဝင်သည်ကို တွေ့ရှိရပြီး ကျောက်စိမ်းအဆင့်မမီသေးကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း နေပြည်တော်မှ ညွှန်ကြားရေးမှူးကပြောသည်။
အဆိုပါကျောက်စိမ်းအမျိုးအစားမှာ ပလွမ်အမျိုးအစားဖြစ်ပြီး ဈေးကွက်တွင် အရည်အသွေးနိမ့်ကျောက်စိမ်းအမျိုးအစားဖြစ်ကြောင်း ဖားကန့်မှ ကျောက်မျက်ရတနာလုပ်ငန်းရှင် ဦးစိုးနိုင်ကရှင်းပြသည်။

၎င်းကျောက်တုံးကြီးကို ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဝေခါကျောက်မှော်တွင် တစ်နိုင်တစ်ပိုင်ကျောက်စိမ်းတူးဖော်သူများက စတင်တွေ့ရှိခဲ့ပြီး အာဏာပိုင်များက လုံခြုံရေးအပြည့်ဖြင့် ထိန်းသိမ်းထားစဉ် ဖေဖော်ဝါရီ ၂၄ ရက်က သယ်ယူရာ၌ ကျောက်စိမ်းတုံးမဟုတ်ဘဲ မောက်တုံးကျောက်တုံးအဆင့်သာရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

Author: အောင်ခိုင် / မိုးညို
7day Daily

ကျောက်စိမ်းမဖြစ်သေးသော ကျောက်တုံးအား ကြည့်ရှုနေသူများ


ရန်ကုန်တိုင်းတွင် ပြည်ခိုင်ဖြိုးပါတီဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူး နှစ်ဦး ထုတ်ပယ် ၁၂ ဦး ကို သတိပေး


ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးဥပဒေ ပြဋ္ဌာန်းပြီးချိန်မှစ၍ လုပ်ဆောင်ချက်မှားယွင်းသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ရာ ၎င်းတို့အထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူး နှစ်ဦး ထုတ်ပယ်ခဲ့ပြီး ၁၂ ဦး အား သတိပေးခံရကြောင်း သတင်းရရှိသည်။

‘‘တစ်ယောက်ထုတ်ခိုင်းလိုက်တယ်။ တစ်ယောက်က သူ့ကိုအရေးမယူခင် ထွက်သွားတယ်။ ၁၂ ယောက်က သတိပေးမှတ်တမ်း ထိုးထားတယ်။ သတိပေးမှတ်တမ်းထိုးတယ်ဆိုတာ သူ့ကို နောက်တစ်ခါမမှားနဲ့လို့ ပြောတာပေါ့။ အဲဒါနဲ့ပတ်သက်လို့ လူကြီးတွေက မည်သူမဆို ကောင်းအောင် လေ့ကျင့်ပေးရမယ်။ မကောင်းရင်ထားခဲ့လို့ သဘောရှိတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းအောင်ကပြောသည်။

ရန်ကုန်တိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပတ်သက်၍ တိုင်ကြားမှု ၄၂ မှု ရှိခဲ့ပြီး ၁၅ မှု စစ်ဆေးပြီးကာ ၂၇ မှုကို စုံခုံဖွဲ့ စစ်ဆေးနေကြောင်း ၎င်းကဆက်လက်ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ၂၀၁၃ ခုနှစ် မတ်လ ၁ ရက်မှစကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအား တစ်လလျှင် ၇၀,၀၀၀ ကျပ် ထောက်ပံ့ငွေရရှိပြီး ရုံးစရိတ်အဖြစ် တစ်လလျှင် ၅၀,၀၀၀ ကျပ် ရရှိကြောင်း သတင်းရရှိသည်။

ရပ်ကွက်(သို့)ကျေးရွာအုပ်ချုပ်ရေးဥပဒေကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်းပြီး ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုပြဋ္ဌာန်းခဲ့သည်။

ထို့နောက် ဥပဒေအရ ပြည်ထောင်စုအစိုးရသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြှောက်ခဲ့ရာ ထိုလအတွင်း ပြည်သူလူထုအလိုကျ အုပ်ချုပ်ရေးမှူးမရရှိသည့် နေရာများမှာ ၃၈ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူမှုအဖွဲ့အစည်းမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေး (သို့) အခြေခံအစိုးရများ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီရင်ခံစာ (၂၀၁၃-၂၀၁၄) တွင် ဖော်ပြထားသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် မည်သည့်အကြောင်းနှင့်မျှ ရပ်ကွက်နေပြည်သူလူထုအပေါ် ပိုက်ဆံတောင်းခံခြင်းများ မပြုလုပ်ရန် တားမြစ်ထားပြီး တောင်းခံပါက ထုတ်ပယ်ခြင်းခံရမည်ဖြစ်သည်။ အဆိုပါငွေအား ကိုယ်ပိုင်အသုံးစရိတ်ပြုလုပ်ပါကလည်း ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရမည်ဟု ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းကပြောသည်။

‘‘ကျွန်တော်က ဘယ်ပါတီမှလည်းမ၀င်ဘူး။ မနေ့က ထွေအုပ်ရုံးကနေ ဘယ်ပါတီဝင်ထားလဲလို့ လှမ်းမေးပါတယ်။ အုပ်ချုပ်ရေးမှူးတွေ အဖြုတ်မခံချင်ဘူးဆိုရင် လိုက်နာလုပ်ဆောင်ခိုင်းတဲ့အချက်တွေကို အားလုံးလုပ်ဆောင်ရင် အဖြုတ်မခံရပါဘူး’’ဟု ကမာရွတ်မြို့နယ် အမှတ် (၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော့မောင်ကပြောသည်။

Author: ငြိမ်းချမ်း
7day Daily

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အုပ်ချုပ်ရေးမှူးများနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၆ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် ဓာတ်ပုံ − နစ်ကီ

အရိုက်ခံရသည့် ယာဉ်ထိန်းရဲကိစ္စကို အမှတ်(၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး ပြောခြင်း


““ရဲတပ်ဖွဲ့ဝင်ဆိုပြီး ကိုယ့်ဘက်က လိုက်လို့လည်းမရဘူး။ မှန်နေရင်တော့ ပြဿနာမရှိဘူး။
မှားနေရင် ပြည်သူက ထပ်ပြီးတော့ အမြင်စောင်းမှာ””

ရန်ကုန်၊ ဖော်ဖော်ဝါရီ ၂၆

ဗီဒီယို သရုပ်ဆောင် နေသူရိန် (အမည်ရင်း စနေထွန်း) နှင့် ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး သောင်းဒန်တို့အကြား ဖြစ်ပွားခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှု၌ ““ပြဿနာဖြစ်သည့်အခါ အထက်မှ ရပ်တည်ပေးမှုမရှိ”” ဟူ၍ တပ်ကြပ်ကြီး သောင်းဒန်၏ ပြောဆိုမှုမှာ မမှန်ကန်ကြောင်းနှင့် နှစ်ဖက်စလုံးမှ အပြန်အလှန် အမှု ဖွင့်ထားရာ၌ မိမိတို့ဘက်မှ တရားစွဲပေးခဲ့ခြင်း ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး၊ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး လင်းထွဋ်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ရဲတပ်ကြပ်ကြီး သောင်းဒန်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ရန်ကုန်မြို့၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ကန်တော်ကြီး ပတ်လမ်းရှိ မီးပွိုင့်တွင် တာဝန် ထမ်းဆောင်နေစဉ်နှင့် အဆိုပါနေရာ၌ပင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် တာဝန်ထမ်းဆောင်နေချိန်၌ ဗီဒီယိုသရုပ်ဆောင် နေသူရိန်နှင့် အချင်းများရာမှ အုပ်စုဖွဲ့ ရိုက်နှက်မှု ဖြစ်ပွားခဲ့မှုအား မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ(၂)၊ အမှတ် (၅၀)၌ ““ပြဿနာ ဖြစ်လာသည့်အခါ အထက်မှ ရပ်တည်ပေးမှုမရှိ၊ အနိုင်ကျင့် ရိုက်နှက်ခံရသော ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး””ဟု ဖော်ပြပြီးနောက် အဖြစ်မှန် ဖြေရှင်းလိုပါ၍ ဒုရဲမှူးကြီးလင်းထွဋ်၏ ဖိတ်ကြားချက်အရ ၎င်း၏ ရုံးခန်းသို့ သွားရောက်စဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ဒုရဲမှူးကြီး လင်းထွဋ်အား မြန်မာသံတော်ဆင့်မှ ယခုကဲ့သို့ မေးမြန်းခဲ့ပါသည်။

အဲဒီတုန်းက ဖြေထားတဲ့ဟာတွေနဲ့ တကယ်တမ်းကျတော့ ဖြစ်ပျက်နေတာတွေနဲ့ လွဲနေလို့ မေးကြည့်တာပါ။

တကယ်တမ်း အမှုဖွင့်တဲ့ ကိစ္စကလည်းပဲ ကျွန်တော်တို့ သိသိချင်းပေါ့နော် တာဝန်ရှိသူတွေနဲ့ သိသိချင်းမှာ ရဲတပ်ဖွဲ့ဝင် တစ်ယောက်ကို စော်ကားမှု ရှိတဲ့အတွက်ကို ကျွန်တော်တို့ကပဲ အမှုဖွင့်လိုက်တာ။ သူဖွင့်တာ မဟုတ်ဘူး။ ကျွန်တော်တို့ကကို ဖွင့်တာ။ အဲဒါကို သူဖွင့်တယ် ပြောတော့ ကျွန်တော်က စိတ်မကောင်း ဖြစ်တာပါ။

ဒါကတော့ ကျွန်တော်တို့ ပြန်မရှင်းတော့ပါဘူး။ ဒါကလည်း ပြန်ငြိမ်သွားပြီ ဖြစ်တဲ့အတွက် ပြန်ပြီး အုတ်အော်သောင်းတင်းဖြစ်မှာ စိုးလို့။ ဆိုပါတော့ ကျွန်တော်တို့မှာ မီဒီယာကို ဖွဲ့ထားတာရှိတယ်။ မီဒီယာမှာဆို ရဲအုပ်ဇော်မျိုးထွန်းတို့၊ ရဲအုပ်ဝင်းလွင်တို့၊ ရဲအုပ် မိုးသီဟကျော်တို့ ရှိတယ်။ အဲမှာ ကျွန်တော်က အဖွဲ့ ခေါင်းဆောင်။ မီဒီယာကို မေးရင်တော့ အခြေအနေအမှန်တော့ သိရမယ်။

ပြီးခဲ့တဲ့ တပ်ကြပ်ကြီးသောင်းဒန် ဖြစ်ပျက်သွားတဲ့ ကိစ္စကို ဆရာတို့ ဘယ်လိုစီစဉ်ထားလဲ။

ကျွန်တော်တို့ စီစဉ်ထားတယ် ဆိုတာထက်ကို ဖြစ်စဉ်ပေါ်မှာ နှစ်ဖက်အပြန်အလှန် တိုင်ထားတယ်။ သောင်းဒန် ကလည်းပဲ သူမှန်တယ် ဆိုပြီးတော့ အမှုသွားဖွင့်ထားတယ်။ ဟိုဘက်ကလည်းပဲ သူမှန်တယ်ဆိုပြီး တပ်ကြပ်ကြီး သောင်းဒန်က သူတို့ကို စော်ကားပါတယ်ဆိုပြီး ပြန်ပြီးတော့ အမှုဖွင့်ထားတယ်။ အဲတော့ဘာပဲ ပြောပြော ကျွန်တော်တို့ ရဲတပ်ဖွဲ့ အနေနဲ့တော့ ကိုယ့်ရဲတပ်ဖွဲ့ဝင်ဆိုပြီး ကိုယ့်ဘက်က လိုက်လို့လည်း မရဘူး။ မှန်နေရင်တော့ ပြဿနာမရှိဘူး။ မှားနေရင် ပြည်သူက ထပ်ပြီးတော့ ကျွန်တော်တို့ကို အမြင်စောင်းမှာ။ ရဲဥပဒေနဲ့အညီပေါ့။ ဥပဒေဆိုတာလည်း တည်ဆဲဥပဒေပေါ့။ လူသက်သေ၊ ပစ္စည်းသက်သေ စုံစမ်းဆဲပါ။ မှန်တဲ့အတိုင်းကို ဥပဒေနဲ့အညီ ဆောင်ရွက်မှာပေါ့။ ဘက်လိုက်ခြင်း မရှိဘူးပေါ့။

ဒီကိစ္စက တကယ်တမ်းကျတော့ ပြည်သူအတွက် ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့လေ။ ယာဉ်ထိန်းရဲဆိုတာ ချစ်တယ်၊ ခင်ရင်တောင်မှ အဲ့ဘက်က လိုက်လို့မရတဲ့ဘ၀။ ဘာလို့လဲဆိုတော့ လိုက်ရင် ကျွန်တော်တို့ရဲ့ အရောင် မှိန်သွားမှာပေါ့။ ယာဉ်ထိန်းရဲလို့သာ ပြောတာ တကယ်တမ်းကျတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပဲ။ ရဲဆိုတာ ဘယ်သူ့အတွက် ဖွဲ့ထားလဲဆိုတော့ ပြည်သူ့အတွက် ဖွဲ့ထားတာ။ ပြည်သူ့ဘက်က လိုက်တော့လည်း ဒီဘက်က ကိုယ့်တပ်ဖွဲ့။ အဲဒီတော့ အလယ်ကနေ မှန်ကန်မှု လမ်းကြောင်း အတိုင်းပဲ သွားမှာပဲ။ တကယ်တမ်း ကျတော့ ဒီဖြစ်စဉ် သိသိချင်း ကျွန်တော်တို့ ဆောင်ရွက်ချက်ကတော့ အမှုဖွင့်တာတွေ ဘာတွေ လုပ်ခိုင်း ထားတယ်။ အဲတော့ အထက်အဆင့်ဆင့်ကို သတင်းပို့တယ် ဆိုတော့လည်းပဲ တပ်ဖွဲ့ခွဲမှူးတို့၊ တပ်ဖွဲ့စုမှူးတို့ရဲ့ သတင်းပို့မှုက ကျွန်တော်တို့ဆီ ရောက်မလာဘူး။ တကယ်ကျတော့ ရောက်မလာပေမယ့် ကျွန်တော်တို့ အရေး အသားအရ ဘယ်လိုဖြစ်သွားလဲဆိုတော့ အထက်အရာရှိ အဆင့်ဆင့်က မသိကျိုးကျွန် ပြုနေတယ်ဆိုပြီး ကျွန်တော်တို့ပါ ပါလာတယ်။ ကျွန်တော်တို့ အဆင့်ကို ရောက်မလာဘူး။ အောက်မှာတင် ဖြေရှင်းတယ်။ မရှင်းတာ မဟုတ်ဘူး။ ရှင်းတယ်။ တကယ်တမ်းကျတော့မှာ ပွင့်ပွင့်လင်းလင်း ပြောရရင် တာဝန်ထမ်းဆောင် နေတဲ့ ၀န်ထမ်းကို စော်ကားတယ်ဆိုတဲ့ ကိစ္စက ဒီအတိုင်းသာမှန်ရင် ကျွန်တော်တို့ ၀န်ထမ်းဘက်က မလိုက် နိုင်စရာ အကြောင်းမရှိဘူး။ ဥပဒေအတိုင်း ဘာလို့မဖြစ်ရမှာလဲ။ ဒါကို စဉ်းစားစရာက ကိုယ့်ဘက်က နာချင် သော်လည်းပဲ မမှန်ခဲ့ရင် ကျွန်တော်တို့တွေ ကွိခနဲဖြစ်သွားမှာပေါ့။ မမှန်ခဲ့လို့ သူတို့ စွပ်စွဲထားသလို သူတို့ ကိုလည်း ခြေထောက်နဲ့ ပြန်ကန်ခဲ့တယ်ဆိုတာ လူသက်သေ ပစ္စည်းသက်သေနဲ့ ဖော်ထုတ်တာ ပေါ်ပေါက် ခဲ့တယ်ဆိုရင် ကျွန်တော်တို့က ကိုယ့်ဘက်ကနေသာ လိုက်ထားခဲ့မယ်ဆိုရင် အဖွဲ့အစည်းပါ သိက္ခာကျမှာ။ ဒါကိုတော့ ကျွန်တော်တို့က အလယ်တည့်တည့်က ရပ်ပေးနေရမယ်။ ကျွန်တော်တို့က CCTV နဲ့ ရိုက်ထားသလို မြင်ရတာမှ မဟုတ်တာ။ သူ့ဘက်ကိုယ့်ဘက် သက်သေက သက်ဆိုင်ရာ အမှုစစ်က စစ်ဆေးရမှာ။ အမှုလည်း ဖွင့်ထားပြီ။ ကျွန်တော်တို့ဘက်ကလည်း ဖြစ်စဉ်ကို သိတာက ၁၆ ရက်နေ့မှ သိတာ။ ၁၇ ရက်နေ့မှာ သက်ဆိုင်ရာ တပ်ကြပ်ကြီး သောင်းဒန်နဲ့ အချင်းဖြစ်တဲ့ မိသားစုနဲ့ ဒီအခန်းထဲမှာ ခေါ်ပြီး တွေ့ပေးလိုက်တယ်။ ခေါ်တွေ့ပေးပြီးတော့မှ ရှင်းကြ ပြောကြဟေ့ဆိုပြီး နှစ်ဖက်ကြားနာပြီးတော့ အဲအပေါ်မှာ ဆုံးဖြတ်ပေးလို့မရဘူး။ တစ်ဖက်ကလည်း ကျွန်တော်တို့ မှားပါတယ်လို့ ၀န်မခံဘူးလေ။ သူ့မှားယွင်းမှုအတွက် ဘယ်လိုပြစ်ဒဏ်၊ ကိုယ့်မှားယွင်းမှုအတွက် ဘယ်လို ပြစ်ဒဏ်ဆိုတာလည်း ရှိတာပဲ။

တာမွေအောင်ကို၊ ၀ိုင်းမော်

Myanmartandawsint Newspaper


လေ့ကျင့်ရေးတပ် သေနတ်ပစ်ကွင်းနှင့်မလွတ်၍ အဖျက်ခံရသည့် အုတ်ဖိုရွာ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် စာဘူးတောင်းကျေးရွာအုပ်စု အုတ်ဖိုကျေးရွာသည် ဖေဖော်ဝါရီ ၄ ရက် သမီးကလေးရွာဖျက်ပြီးနောက် ယင်းအုတ်ဖိုရွာလည်း တစ်ရက်တည်း အဖျက်ခံခဲ့ရသည်။ ၎င်းရွာသည် မြို့နယ်မှ တရားဝင် အိမ်ထောင်စုဇယား၊ နိုင်ငံသားကတ်များ ထုတ်ပေးထားသော် လည်း လေ့ကျင့်ရေး စစ်တပ် သေနတ် ပစ်ကွင်းနှင့် မလွတ်၍ ဖျက်သိမ်းခံရသည်ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။

အုတ်ဖိုရွာသား ဦးမောင်စု (ရာအိမ်မှူး)က““ကျွန်တော်တို့ရွာကို သမီးကလေးရွာဖျက်ပြီး နေ့လယ် ၁၂နာရီ ၄၅ မိနစ်မှာ ကျွန်တော့်အိမ်ကို ဂေါ်ကြီး စဖျက်တာပါ။ အိမ်က (၄၃)လုံး လူဦးရေက ၁၇၂ ဦးရှိပါတယ်။ ဒီရွာမှာ တိုက်ဆိုလို့ ကျွန်တော်တစ်ဦးတည်းသာ ရှိတာပါ။ ကျန်တာက တဲအိမ်တွေများတယ်။ အိမ်တစ်လုံးရဲ့ တန်ဖိုးက ငါးသောင်းတန်တောင် ပါတယ်ဆိုတော့ ရွာရဲ့စီးပွားရေး ဘယ်လောက် ရှိတယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ကျွန်တော့်ကို ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေးမှူး တာဝန်ပေးတယ်။ နောက်ရာအိမ်မှူး ခန့်တယ်။ ပေးတဲ့ တာဝန် ကျေပွန်အောင် ထမ်းဆောင်ခဲ့ပါတယ်။ ကိုယ့်မိဘလို သဘောထားတဲ့ စာဘူးတောင်းရွာ ဥက္ကဋ္ဌဦးသိန်းဝင်းက အိမ်ဖျက်ခံရတာ ဘယ်လိုနေလဲ၊ အဆင်ပြေရဲ့လားဆိုတဲ့ စကားတောင် တစ်ခွန်းမှ မဟတာ ရင်နာလို့ မဆုံးပါဘူး။ စာဘူးတောင်းရွာက အိမ်နဲ့ခြံကို ရောင်းပြီး တိုက်ဆောက်တာ တစ်နှစ်ခွဲတောင် ကြာတယ်။ ဖျက်လိုက်တာက မိနစ်ပိုင်းလေးပါဗျာ။ အနှစ်နှစ် အလလက စုဆောင်းပြီး ဆောက်ထားတဲ့ တိုက်ကလေး လပိုင်းလောက်ပဲ နေလိုက်ရတယ်။ …ကျူးကျော်မှာ အိမ်ထောင်စုဇယား နိုင်ငံသားကတ်တွေ ရှိပါ့မလား၊ ဒီမှာ တစ်ရွာလုံးရှိတယ်””ဟု ၂၄-၂-၂၀၁၄ တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။ အဆိုပါရွာနှင့် သုံးမိုင်ခန့် အကွာရှိ ကျိုက်ဒေးပါဘုရားကြီး တည်ရန်အတွက် အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်ရာမှ အုတ်ဖိုရွာဟု ခေါ်တွင်ကြောင်း ကိုလည်း ယင်းရွာနေသူများက အစဉ်အဆက် ပြောဆိုခဲ့ကြပြီး ရွာသက်တမ်းမှာ နှစ်ပေါင်း တစ်ရာခန့် ရှိပြီဖြစ်ကြောင်းဦးမောင်စုက ပြောသည်။

ယင်းအုတ်ဖိုကျေးရွာနှင့် ပတ်သက်၍ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းထံ ဆက်သွယ်မေးမြန်းရာ ““ဒီရွာက သေနတ်ပစ်ကွင်းနဲ့ မလွတ်လို့ ဖယ်ပေးဖို့အတွက် အကြောင်းကြားစာ ပေးပို့ထားတယ်။ အရင်တုန်းက အဲဒီအုတ်ဖိုရွာ ရွှေ့ပြောင်းဖို့အတွက် အခြားနေရာမှာ မြေအစားထိုးပေးခဲ့တယ်။ အဲဒါကို ရောင်းစားပြီး မူလနေရာကို ပြန်လာနေကြတဲ့အတွက် အခုလို ဖျက်ခံရတာပါ””ဟု ပြောသည်။

ယင်းကျေးရွာ၏ အရှေ့ဘက် လေးမိုင်ခန့် အကွာတွင် စစ်တပ်လေ့ကျင့်ရေးကွင်း တည်ရှိပြီး သေနတ်ပစ် လေ့ကျင့်ရာတွင် မြောက်ဘက်သို့ ပစ်ခတ်လေ့ကျင့်ကြောင်း၊ CAD တပ်နယ် ပိုင်ဆိုသည့် ကျောက်စာတိုင် နှင့်လည်း တစ်မိုင်လေးဖာလုံ အကွာတွင် တည်ရှိသဖြင့် ယခုကဲ့သို့ အခိုင်အမာ တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ အသနားခံစာ တင်ပြထားသော်လည်း ယခုအထိ ထူးခြားမှုမရှိ၊ မြို့နယ် ထွေ/အုပ် ရုံးမှလည်း ၀ါးရုံပင်အောက် ဖျာခင်း အိပ်နေရသည်ကိုလည်း မသွားသေးဘူးလားဟု မကြာခဏ အမေးခံရသဖြင့် မည်သည့်နေရာ သို့သွားရမှန်း မသိကြောင်းကိုလည်း ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် အဆိုပါ လေ့ကျင့်ရေး စစ်တပ်သည် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော်ခန့်က ယင်းနေရာသို့ ရောက်ရှိ လာခြင်းဖြစ်ပြီး ယခုအခါ ကျူးကျော်ဟုဆိုကာ ဖယ်ရှားစေခဲ့ခြင်း ဖြစ်သည်ဟု ဦးမောင်စုက ပြောသည်။

စိန်မျက်ခုံး

Myanmartandawsint Newspaper


ရခိုင်မတိုင်မီ MSF ၏ လုပ်ငန်းများ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင်လည်း ရပ်ဆိုင်းခံခဲ့ရ


နယ်စည်းမထား ဆရာဝန်အဖွဲ့ MSF (AZG) ရဲ့ လုပ်ငန်းများ ရခိုင်တွင် ရပ်ဆိုင်း မခံရမှီ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က စပြီး ရပ်ဆိုင်းခံခဲ့ရသည်ဟု ဘင်္ဂလာဒေခ်ျ့ရှိ နိရဉ္စရာ သတင်းထောက်မှ ပြောကြားသည်။

“ MSF ကို တစ်ခြား နိုင်ငံတကာ အန်ဂျီအို (၂) ခု နဲ့ အတူ ၂၀၁၂ ခုနှစ် သြဂတ်စ်လမှ စတင်ပြီး ဘင်္ဂလာဒေခ်ျ့ အစိုးရက ရပ်ဆိုင်းပစ်ခဲ့ပါတယ်။ အဓိကတော့ မြန်မာနယ်စပ်အနီး ကော့စ်ဘဇားခရိုင်အတွင်း လုပ်ငန်းများ ရပ်ဆိုင်းခံခဲ့ရပါတယ်” ဟု သူက ပြောသည်။

MSF နှင့် အတူ ရပ်ဆိုင်းခံခဲ့ရသော အခြား နိုင်ငံတကာ အန်ဂျီအို (၂) ခုမှာ AFC ဟု အတိုကောက်ခေါ်သော Action Against Hunger နှင့် ဗြိတိန်နိုင်ငံ အခြေစိုက် Muslim Aid တို့ဖြစ်ကြသည်။

ယခုကဲ့သို့ ရပ်ဆိုင်းရခြင်းမှာ ၎င်းအန်ဂျီအို (၃) ခုသည် ဘင်္ဂလာဒေခ်ျ့ အစိုးရနှင့် ချုပ်ဆိုထားသော စာချုပ်တွင် ပါရှိသော သဘောတူညီမူများကို ချိုးဖေါက်ကာ လုပ်ပိုင်ခွင့်ကို ကျော်လွန်ကာ လုပ်ကိုင်၍ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အစိုးရက ထုတ်ဖေါ်ပြောကြားသည်။

ဘင်္ဂလာဒေခ်ျ့ အစိုးရသည် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခကြောင့် မြန်မာဘက်မှ ထွက်ပြေးလာသော မွတ်ဆလင် ဘင်္ဂလီများအား လက်ခံခြင်းဖြင့် သူ့နိုင်ငံအတွင်း ထိန်းနိုင်သိမ်းမရ ဖြစ်မည်ကို စိုးရိမ်၍ ထွက်ပြေးလာသူများကို လက်မခံရန်နှင့် အကူအညီများမှ မပေးရန် အမိန့်ထုတ်ပြန်ထားခဲ့သည်။

၎င်းအန်ဂျီအို (၃) ခုသည် ဘင်္ဂလာဒေခ်ျ့ အစိုးရမှ  တားမြစ်ထားချက်ကို လိုက်နာခြင်းမရှိဘဲ  ချိုးဖေါက်ကာ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ မွတ်ဆလင်များကို အကူအညီနှင့် ဆေးဝါးများကုသပေးသခဲ့ကြောင်း တွေ့ရှိရသည်ဟု ဆိုကာ ချုပ်ဆိုထားသော MoU ကို ဖျက်သိမ်းကာ သူတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းပစ်ခဲ့သည်ဟု သိရသည်။

အလားတူ MSF အား မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်လည်း ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က သူတို့နှင့် ချုပ်ဆိုထားသော MoU ကို ပြည်ထောင်စု အစိုးရမှ ဖျက်သိမ်းပြီး လုပ်ငန်းများကို ရပ်ဆိုင်းပစ်ခဲ့သည်။

ရပ်ဆိုင်းရသည့် အကြောင်း အရင်းမှာ ရခိုင်ပြည်နယ် ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်၍  MSF Holland ( MEDECINA SANS FRONTIERS- HOLLAND) အဖွဲ့သည် ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူးသို့ ပေးပို့ခဲ့သောစာသည် ရခိုင်ပြည်နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးနှင့် နယ်မြေအေးချမ်းသာယာရေး ပျက်ပြားစေရန် ဖြားယောင်း လူံ့ဆော်သော အဓိပ္ပါယ်ဖေါ်ဆောင်လျှက်ရှိပြီး လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် ပဋိပက္ခ မဖြစ် ဖြစ်အောင် သွေးတိုးစမ်းဖန်တီးမူများ ပြုလုပ်၍ ဖြစ်ကြောင်း သိရသည်။

သို့အတွက် MSF အား INGO အဖြစ် မှတ်ပုံတင် ခွင့်ပြုထားခြင်းမှ ပယ်ဖျက်သွားရန်၊ MoU သက်တမ်း ထပ်မံတိုးမြင့်ခြင်းအား ခွင့်မပြုရန်နှင့် ရခိုင်ပြည်နယ် အတွင်း ၀င်ရောက် လူပ်ရှားမူများအား ပြည်နယ် အစိုးရမှ လက်ခံခြင်း မပြုလုပ်ရန် အစိုးရ၏ ညွှန်ကြားချက်တွင် ပါရှိသည်ဟု သိရသည်။

(နိရဉ္စရာ- ၂၈ ဖေဖေါ်ဝါရီလ ၂၀၁၄)


ရွှေပါရမီဖောင်ဒေးရှင်း ထောက်ပံ့ကြေးရသော်လည်း ကျောင်းလခပေးရန် စရိတ်မပြည့်မီ၍ ကျောင်းသားအချို့ တက္ကသိုလ်မှ နုတ်ထွက်


ပညာရေးဖောင်ဒေးရှင်း၏ ထောက်ပံ့ မှုရရှိသော်လည်း ကျောင်းလခပြည့်မီ စွာမသွင်းနိုင်ခြင်းကြောင့် တက္ကသိုလ်မှ နုတ်ထွက်သွားသည့် ကျောင်းသား အချို့ ရှိခဲ့ကြောင်း ရွှေပါရမီပညာရေး ဖောင် ဒေးရှင်း၏ ဦးဆောင်နာယက ဆရာတော် အရှင်ဆန္ဒာဓိက ကမိန့်ကြားသည်။

ကျောင်းသားများအား ဖောင်ဒေးရှင်းအနေဖြင့်တစ်လလျှင် ငွေကျပ် သောင်းဂဏန်းမျှသာထောက်ပံ့ပေး နိုင်ပြီး လက်တွေ့တွင် တက္ကသိုလ်များ၌ ကုန်ကျနေသည်က သိန်းဂဏန်းမကရှိ နေခြင်းကြောင့် ကျောင်းသားများ လစဉ်ကြေးများပေးသွင်းရန်အခက်အခဲ များရှိဆဲဖြစ်သည်ဟု သိရသည်။ ထို့ ကြောင့် ငွေကြေးထပ်မံထောက်ပံ့ရန် မတတ်နိုင်သည့်မိသားစုများ မှ ကျောင်း သားများမှာ ထောက်ပံ့ကြေးရသော် လည်း ကျောင်းထွက်လိုက် ရခြင်းများ ရှိ လာသည်ကို စုံစမ်းတွေ့ရှိရကြောင်း ဆရာတော်အရှင် ဆန္ဒာဓိကက ဖေဖော် ဝါရီ ၂၃ ရက်နေ့တွင် ဒုတိယအကြိမ် မြောက်ပြုလုပ် သည့် ရွှေပါရမီပညာရေး ဖောင်ဒေးရှင်းဆုချီးမြှင့်ပွဲ အခမ်းအနား ၌ မိန့်ကြားသည်။

ယင်းအတွက် အမှန်တကယ်မပြေ လည်သည့်ကျောင်းသားများအနေဖြင့် ဆရာတော်အပါအဝင် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ တာဝန်ရှိသူများအား ပွင့်လင်းစွာ ဖွင့်ပြော၍ အခြားဖောင်ဒေးရှင်းတစ်ခု ၏ အကူအညီအား ထပ်မံရယူနိုင်သည် ဟု သိရသည်။

သို့သော် ပိုလျှံလို၍ဖြစ်စေ၊ အခြား သောနေရာများတွင် အသုံးပြုလို ၍ ဖြစ် စေ၊ ထပ်မံပညာသင်ဆုတောင်းခံခြင်းမျိုးမပြုလုပ်သင့်ကြောင်း၊ ထိုသို့ပြုလုပ်ပါ က စေတနာဖြင့်ပေးအပ်သည့် အလှူရှင် များ၏ စေတနာ အဆိပ်သင့်တတ်သည် ဟု ဆရာတော်မှသတိပေးသည်။

ရွှေပါရမီပညာရေးဖောင်ဒေးရှင်း ကိုဆရာတော် အရှင်ဆန္ဒာဓိက၏ သက် တော် ၄၅ နှစ်ပြည့်သည့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် စတင်တည် ထောင်ခဲ့သည်။

ပညာသင်ဆုများကို သက်ဆိုင် ရာတက္ကသိုလ်အလိုက်ခွဲခြား ချီးမြှင့်ခြင်း ဖြစ်ပြီး ဆေးတက္ကသိုလ်ကျောင်းသားများ အတွက် တစ်လကျပ်ရှစ်သောင်း၊ နည်း ပညာတက္ကသိုလ် အတွက် တစ်လကျပ် ခုနစ်သောင်း၊ သူနာပြုတက္ကသိုလ်အတွက် တစ်လကျပ်ငါးသောင်းနှင့် ပညာရေး တက္ကသိုလ်အတွက် တစ်လ ကျပ်လေး သောင်း ပေးအပ်လျက် ရှိသည်။

၂ဝ၁၃-၂ဝ၁၄ ခုနှစ်ပညာသင် ဆုများကိုမူ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးရှိဆေးတက္ကသိုလ်၊ သွားဆေး တက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ နည်း ပညာတက္ကသိုလ်၊ ရေကြောင်းပညာ တက္ကသိုလ်နှင့် ပညာရေးတက္ကသိုလ် မှ ကျောင်းသူ၊ ကျောင်းသား ၁၉၃ဦးကို ပေးအပ်ခဲ့သည်။

ထို့အပြင် ပညာရေးဖောင်ဒေး ရှင်း၏ ပထမဦးဆုံးတည်ထောင်သည့် နှစ် တွင် ကျောင်းသား ၂ဝ၇ ဦးကို ရွေး ချယ်ချီးမြှင့်ပေးခဲ့ပြီး ပညာသင်ဆုများ ကို ရန်ကုန်နှင့် မန္တလေးမြို့များအား အခြေပြုရွေး ချယ်ခြင်းဖြစ်ကြောင်း ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌဖြစ်သူ တက်လမ်းဆောက်လုပ်ရေးပိုင်ရှင် ဦးရှိန်ဝင်း က ပြောသည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့၌ ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်ခန်းမ တွင် ရွှေပါရမီပညာရေး ဖောင်ဒေးရှင်း၏ ဒုတိယအကြိမ်မြောက် ပညာသင် ဆုချီး မြှင့်ခြင်းအခမ်း အနားကို ကျင်းပခဲ့ပြီး လာမည့်ပညာသင်နှစ်များ အတွက်အလှူငွေကျပ်သိန်းတစ်ထောင့်ခုနစ်ရာ ကျော်ရရှိခဲ့ကြောင်း သိရသည်။

သုတလင်း
Popular Myanmar News Journal


ဒေါက်တစ်ဖက်ယိုင် နိုင်ငံတော်ကြီး


သူ့အသက် ၄၂ နှစ်အရွယ် က စတင် ရင်ဆိုင်ခဲ့ရသော သာမန်မိသားစု အမွေဆိုင် အမှုအခင်းသည် သူ့အသက် ၅၁ နှစ်တွင်မှ ပြီးစီးခဲ့ရပြီး နောက် ”နောင်များ အမှုအခင်း ဆိုတော်ပါပြီ။ ကိုယ့်ဟာ ကိုယ် အပြင်မှာပဲ အဆင်ပြေ အောင်ညှိယူတော့မယ်” ဟု ဆိုလာသူကဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှ ဦးမောင် မောင်လှရွှေဖြစ်ပါသည်။

”ဒီ ၉ နှစ်အတွင်းမှာ တရားရုံးကို ရုံးချိန်းတက်ရတာ တရားသူကြီးအဆက် ဆက်ကို ဖားရတာနဲ့တင် လူလည်းတော် တော်လေးကို ဖြူခါပြာခါကျနေပြီ” ဟု သူက ဆိုသည်။

သူတို့မောင်နှမ ၂ ယောက်အမှုသည် မြန်မာနိုင်ငံ၏ သိပ်မထူးလှသော အမှုတစ်ခုသာဖြစ်သည်။ သေတမ်းစာရေး ခွင့်မရှိသော ဗုဒ္ဓဘာသာမိဘတို့၏ မျက်ကွယ်ကာလ တွင် မောင်နှမနှစ်ယောက် အမွေခွဲဝေမှုကြောင့် အငြင်း ပွားပြီးတရားရုံးသို့ချီတက်လာခဲ့သည်က ဟိုးလွန်ခဲ့သည့် ၁၁ နှစ် တာ အချိန်တုန်းကဖြစ်သည်။

”မောင်နှမချင်းလည်း မခေါ်နိုင်မပြောနိုင်ဖြစ်ရ၊ အချိန် ကုန်ငွေကုန်လူပမ်း နဲ့အမယ်လေးနောင်များတော့ တရားရုံးသွားမဲ့ အစား ကျားရှေ့ပဲ မှောက် လျက်လှဲချလိုက် ချင်တယ်”ဟူသော သူ၏ပြောစကားသည် မည်မျှ စိတ်ဖိစီးမှုခံစားရသည်ကို ဖော်ပြနေသကဲ့သို့ပင်။

တရားသူကြီး သုံးဦးပြောင်းသွားသည်အထိ မပြီးနိုင် သေးသောအမှုက သူတို့မောင်နှမနှစ်ယောက်စလုံးအတွက် ဖိစီးမှုကြီးတစ်ခုဖြစ်ခဲ့သည်။

”အင်း ၁၁နှစ်ဆိုတာ နည်းတဲ့အချိန်မှမဟုတ်တာ အ လုပ်ပျက်အကိုင်ပျက် နဲ့”ဟု သူကညည်းညူနေသည်။ ဒေသ တွင်း အရှည်ကြာဆုံးအမှုတစ် ခုဖြစ်ခဲ့သော ဦးမောင်မောင်လှရွှေအမှုသည် မြန်မာနိုင်ငံ၏ အရှည်ကြာ ဆုံးအမှု မဟုတ် နိုင်ဟု ယူဆစရာရှိပါသည်။

တရားရေးအသိုက်အဝန်းမှ အမည်မဖော်လိုသူ ရှေ့နေ တစ်ဦးကတော့ တရားမကြီးမှုတွေက ကြာတတ်သလို ရာဇ ဝတ်မှုတချို့လည်း အချိန်ကြာတတ်ကြောင်း၊ တရားခံ ဟု ယူ ဆသူကို ဖမ်းမိသော်လည်း သက်သေမခိုင်လုံ၍ လေးငါးနှစ် ကြာတတ်ကြောင်းပြောသည်။ ထို့အတူ တရားစီရင်ချက် မချ နိုင်သေးဘဲ နှစ် ၃ဝအထိ ကြာမြင့်နေသော အမှုများလည်းရှိ ကြောင်း ¤င်းကဆိုသည်။ အကြောင်းရင်းကိုတော့ ထုတ်ဖော် မပြောလိုဟု ဆိုပါသည်။

လူဦးရေသန်း ၆ဝခန့်ရှိသော မြန်မာနိုင်ငံအတွက် တရားသူကြီးဦးရေ တစ်သောင်းခန့်ရှိပါသည်။ မြို့နယ်အဆင့် တရားသူကြီးအရေအတွက်မှာ ၄၈ဝဝ နှင့် ၅ဝဝဝ ကြား တွင် ရှိပြီး မြို့နယ်တရားသူကြီးတစ်ဦးလျှင် တစ်နှစ်ကို ပျမ်းမျှ အမှုပေါင်း ၂ဝဝ မှ ၃ဝဝ အထိ စီရင်ဆုံးဖြတ်နေရပါသည်။

လူ ၆ဝဝလျှင် တရားသူကြီးတစ်ဦးနှုန်းရှိသည် သို့မ ဟုတ် လူတစ်သန်းလျှင် တရားသူကြီး ၁၆၆ ဦးခန့်ရှိသည်ဟု ဆိုနိုင်သော မြန်မာနိုင်ငံ၏ တရား စီရင်ရေးစနစ် နှေးေ ကွး လေးလံနေရခြင်းကတော့ ထူးဆန်းသည်ဟု မဆိုနိုင်တော့ပါ။

ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်သော အိန္ဒိယတွင် လူတစ်သန်း လျှင်တရားသူကြီး ၁ဝ ဒသမ ၅ ယောက်သာရှိ၍တရားစီရင်ရေးစနစ် အလွန်ကြန့်ကြာေ နခြင်း ဟု သုံးသပ်ကြသည်။ ထို့အပြင် အိန္ဒိယတရား သူကြီးရာထူး များ၏ လေးပုံတစ်ပုံမှာ လစ်လပ်ရာထူးဖြစ်နေသောကြောင့်ဟု သိရသည်။ ထို့ကြောင့်ပင် ၂ဝ၁၁ ခုနှစ် အကုန်တွင် အိန္ဒိယ တရားရုံးများ၌ စစ်ဆေးစီရင်မှုမပြုနိုင်ဘဲ ဆိုင်းငံ့ထားရသည့် အမှုပေါင်း ၃၂ သန်းအထိ ရှိနေခြင်းဖြစ်သည်။

အိန္ဒိယနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ၏ လူဦးရေနှင့် တရားသူကြီးအချိုးသည် လွန်စွာအားရဖွယ်ကောင်းပါသည်။

သို့နှင့်တိုင် အဘယ့်ကြောင့်အိန္ဒိယနိုင်ငံနှင့် မယိုးမစွဲအ ထိ တရားစီရင်ရေး က နှောင့်နှေးနေရပါသနည်း။

”အမှန်က အမှုအများစုကို မြို့ နယ်ကကိုင်တွယ်ရတာ ဆိုတော့ မြို့နယ်တရား သူကြီးနဲ့ လူဦးရေ၊ မြို့နယ် တရားသူ ကြီးနဲ့ အမှုအချိုးကပဲ စကားပြောမယ်” ဟု အထက်ပါ ပုဂ္ဂိုလ် က ပြောသည်။

မြို့နယ်တရားသူကြီးဦးရေက ၄၈ဝဝ ခန့်မျှသာ။ မြို့ နယ်တရားသူကြီး တစ်ဦးလျှင် နှစ်စဉ်အမှုပေါင်း ၃ဝဝ ခန့်ကို ကြားနာနေရပြီး လူနေထူ ထပ်သော မြို့နယ်များတွင် အမှု ပေါင်း ၁ဝဝဝ ခန့်အထိ စစ်ဆေးစီရင် ဆုံးဖြတ်နေရသည်ဟု သိရသည်။

”ပြီးတော့ ခရိုင်အဆင့်မှာလည်း တစ်ခရိုင်ကို အနည်း ဆုံး ၂ဝလောက် ရှိသင့်တာ။ ဒါပေမဲ့ အခုက ၁ဝ ယောက် လောက်ပဲရှိသေးတယ်” ဟု ၄င်းက ပြောသည်။

မဏ္ဍိုင်လေးရပ်ဖြင့် ရပ်တည်ခွင့်မရခဲ့သော မြန်မာနိုင်ငံ ၏ တရားစီရင်ရေး မဏ္ဍိုင်သည်လည်း ယိမ်းယိုင်ပျက်စီးခဲ့ရ သည်က မဆန်းလှပေ။ ပြည်သူ တို့က တရားရုံးသည် ငွေဖို့နိုင် သူတို့အတွက်သာ အောင်မြေဟု မှတ်ယူလာကြသောအ ခါ…

”ကျွန်တော်က သက်ငယ်မုဒိမ်းမှုနဲ့ ခွင်ဆင်ခံရ တယ်။ ကျွန်တော် မကျူးလွန် ဘူး။ ကျွန်တော်တရားရင်ဆိုင်ရဲ တယ်။ ဒါပေမဲ့ အချိန်ကုန်လူပန်းဖြစ် မှာစိုးလို့ လျော်ကြေး တနင့် တပိုးပေးပြီး အပြင်မှာပဲ ကျေအေးလိုက်တယ်” ဟု သင်္ဃန်းကျွန်းမြို့နေ ကိုထင်အောင် (အမည်လွှဲ)ကပြောသည်။ ထိုသို့သော ဖြစ်ရပ်များက မြန်မာနိုင်ငံအနှံ့ အလွယ်တကူ တွေ့နိုင်သည့် ကိစ္စများဖြစ်သည်။ ထို့အတူ မမှန်ကန်သော တရားစီရင်ရေးကို အားကိုးမရ၍ ဒေါသအလျောက် ဥပဒေမဲ့ ဖြေရှင်းမှုမျိုးကိုလည်း မမြင်ချင်မှအဆုံးပင်။

လွှတ်တော်က ဖွဲ့စည်းတာဝန်ပေးထားသော တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအဖွဲ့ ဝင် သင်္ဃန်းကျွန်းလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က လည်း တရားစီရင်ရေးစနစ်သည် ယိုယွင်းပျက်စီးနေပြီ။ ပြည် သူတို့၏ ယုံကြည်အားကိုးမှု ဆုံးရှုံးနေရသည့် အဖြစ်ကို ရောက်နေပြီဟု သုံးသပ်သည်။

”ငွေများတရားနိုင်တဲ့ ခေတ်အောက်က တရားစီရင်ရေး စနစ်ကို ဘယ်သူက များ ယုံကြည်အားကိုးကြမှာလဲ။ အခုလို အချိန်မှာ ဒီကဏ္ဍကိုပြုပြင် ပြောင်း လဲနိုင်မှသာ တရား ဥပဒေ စိုးမိုးရေးဆိုတာ ရှိလာမှာပေါ့”ဟု ဦးသိန်းညွန့်က ဆိုသည်။

ကော်မတီက တရားဥပဒေစိုးမိုးရေးအတွက် အချုပ်ခန်း များ၊ တရားရုံးများကို လိုက်လံစစ်ဆေးခဲ့ရာတွင် အများဆုံး တွေ့ရှိရသည့်ပြစ်ချက်မှာ တရား စီရင်ရေးနှောင့်နှေးခြင်းနှင့် တရားသူကြီးများ၏ မမှန်မကန်တရားစီရင် မှုပင် ဖြစ်သည်ဟု သိရသည်။

နိုင်ငံတစ်ခု၏ အဓိကမဏ္ဍိုင်ကြီးတစ်ခု ယိုယွင်းရခြင်း မှာ လွန်စွာ အန္တရာယ်ကြီးသော အနေအထားဖြစ်ပြီး ယင်း၏အကျိုးသက်ရောက်မှုမှာ တစ်နိုင်ငံလုံးအတိုင်း အတာဖြစ်ရာ ယင်းကို အလျင်အမြန်ကုစားပေးရေးမှာ အဓိက ဦးစားပေး ဖြစ်သင့်သည်ဟု ဦးသိန်းညွန့်က ဆိုသည်။

”တရားစီရင်ရေးကဏ္ဍ ပြုပြင် ပြောင်းလဲဖို့ အခက်အခဲ တွေရှိတာ မှန်ပါတယ်။ တရားသူကြီးတွေကို ဒီထက်ပိုပြီးခံ စားခွင့်တွေပေးထားဖို့လိုမယ်။ ဒါ မှ လာဘ်ပေးလာဘ် ယူမှုကို ရှောင်ရှားနိုင်ပြီး မျှတတဲ့တရားစီရင်ရေး ကို ပြန်မြင်ခွင့်ရမှာ”ဟု ၄င်းကသုံးသပ်သည်။

လက်ရှိတရားသူကြီးများ ရရှိနေသောလစာနှင့် ခံစား ခွင့်မှာ မသမာသူတို့ အကြိုက် ဖြစ်နေဆဲဖြစ်သည်။ ဒုတိယ မြို့နယ်တရားသူကြီး၏ လစာကိုးသောင်းဟူသော အခြေ အ နေတစ်ရပ်ကလည်း ပေါက် ပင်ဘာကြောင့် ကိုင်းရသည်ဟူ သောချားရဟတ်လင်္ကာကဲ့သို့ အကြောင်းပြချက် တစ်ခုလား ဟု မေးခွန်းထုတ်စရာပင်။

ထို့အတူ လက်ရှိရွေးကောက်ခံ အစိုးရလက်ထက်တွင် လည်း တရားရေးမဏ္ဍိုင်သည် သီးခြားလွတ်လပ်မှုမရှိသေး ပေ။ ထို့ကြောင့် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင် ရာ ဥပဒေပညာရှင် များ ကော်မရှင်(ICJ) က မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ် လွတ်လပ်မှုရှိရန် လုပ်ဆောင်ရေးနှင့် လွတ်လပ်သည့်ရှေ့နေများကောင်စီ ကို ဖွဲ့စည်းရန် ၂ဝ၁၃ ခုနှစ်အတွင်းက တိုက်တွန်းခဲ့သည်။

ICJ က မြန်မာနိုင်ငံ တရားသူကြီးချုပ်နှင့် ပြည်ထောင်စု လွှတ်တော်အနေနှင့် သီးခြားလွတ်လပ်သောတရားရေးမဏ္ဍိုင် တစ်ခုဖြစ်လာစေရန်၊ Bar Council ကို ထိရောက် စွာ ပြန် လည် ဖွဲ့စည်းပေးရန်၊ အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက် ၍ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုလွှတ် တော်က သီးခြားလွတ်လပ်ပြီး လျင်မြန်စွြာေ ဖရှင်းပေးနိုင် မည့် အဖွဲ့အစည်းတစ်ရပ် ထူထောင်ရန် အကြံပြုထားသည်။

မြန်မာ့တရားစီရင်ရေးသည် အကျင့်ပျက်ခြစားမှုများဖြင့်အမြစ်တွယ် ကာရှုပ်ထွေးသောအခြေအနေတစ်ခုဖြစ်ကြောင်း ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင် ကလည်း ယမန်နှစ်အတွင်းက ထုတ်ဖော်ဝန်ခံခဲ့သည်။

”ဒီနေ့အချိန်မှာတော့ တရားရုံးတွေအဂတိလိုက်စားကာ ခြစားပြီးတော့ မမှန်ကန်တဲ့တရားစီရင်ရေးတွေ ဆောင်ရွက် နေတယ်။ လုပ်ထုံး လုပ်နည်းတွေ မညီညွတ်ဘူးစ သဖြင့် ကျွန် တော်တို့ ကျယ်ကျယ်လောင်လောင် လူထုကြားမှာ ပြောဆို စွပ်စွဲမှုကို ကျွန်တော်တို့တွေ့ရတယ်။ ဒါကလည်း ကျွန်တော် တို့ ဌာနတစ်ခုအတွင်းမှာ ပဲ အမြစ် တွယ်နေတာမဟုတ်ပါဘူး။ အားလုံးနေရာတကာမှာ အစိုးရအဖွဲ့အစည်းမဟုတ်တဲ့ ပြင်ပ စီးပွားရေးအဖွဲ့အစည်းတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် ဖြစ် ပေါ်နေတဲ့ကိစ္စလို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်”ဟု ပြည်ထောင်စုလွှတ်တော် တရားလွှတ်တော်ချုပ် တရားသူ ကြီး ဦးမြင့်အောင်က ပြောသည်။

တရားဥပဒေစိုးမိုးရေးအတွက် တရားစီရင်ရေးမှာအရေး ပါသော်လည်း အခြားမဏ္ဍိုင်ကြီးများက ဝိုင်းဝန်းပူးပေါင်းမှသာ ဖြစ်နိုင်မည်ဟု ၄င်းကသုံးသပ်သည်။ ယင်းသို့ ပြောဆိုသုံးသပ် ခဲ့သည်မှာ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလအစောပိုင်းကဖြစ်သည်။ ယိုယွင်းနေသော အရေးကြီး ကဏ္ဍတစ်ခု၏ အခြေအနေမှန်ကို သိရှိပြီး ပြင်ဆင်ရန် ကြိုးပမ်းမှုဖြစ်သဖြင့် အားလုံးက ကြိုဆို လိမ့်မည်။

သို့သော် ယနေ့အချိန်အထိ တရားရုံးဆုံးဖြတ်ချက်တို့က အငြင်းပွား ဖွယ်ရာများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။ မကြာ သေးခင်က စီရင်ဆုံးဖြတ် ခဲ့သော ဆေးဘက် ဆိုင်ရာ နည်းပညာ တက္ကသိုလ်ဒုတိယနှစ်ကျောင်း သူအမှုက လူပြောသူပြော များ ခဲ့ရသည်။ ထိုအမှုနှင့် ပတ်သက်၍ တရားစီရင်ရေးအပေါ် ဝေဖန်သံအချို့ထွက်ပေါ်ခဲ့သော်လည်း ကျောင်းသူလေး၏ ဦးလေးဖြစ်သူ ဦးစောအေးမင်းကတော့ ဥပဒေပ လက်တုံ့ပြန် မှုကို ရှောင်ရှားပြီး တရားဥပဒေဘောင်အတွင်းမှသာ ဆက် လက်လုပ်ဆောင် သွားမည်ဟုဆိုသည်။

”တရာဥပဒေဘောင်ထဲက မျှတတဲ့တရားစီရင်ရေးကိုပဲ ကျွန်တော်တို့ အလိုရှိတယ်”ဟု ဦးစောအေးမင်းက ပြောသည်။

ကျော်ရဲလင်းရေးဖွဲ့သည် ။
Popular Myanmar News Journal


တစ်ကမ္ဘာလုံး အင်တာနက် အခမဲ့ ရရှိတော့မည်


အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် Media Development Investment Fund (MDIF) လုပ်ငန်း သည် အာကာသအတွင်းသို့ ရေဒီယိုလှိုင်းလွှင့်တုံးလေးများ လွှတ်တင်ရန် ကြိုးပမ်းလျက်ရှိပြီး အဆိုပါ လှိုင်း လွှင့်တုံးလေးများသည် ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှည့်ပတ်၍ နေရာလပ် မကျန်အောင် အင်တာ နက်စနစ် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြံရွယ်ထားသည့် အစီအစဉ် အောင်မြင်မည်ဆိုပါက ၂၀၁၅ ဇွန်လခန့်ကစပြီး အာကာသထဲမှ ထုတ်လွှတ်သော အင်တာနက်စနစ်ကို တစ်ကမ္ဘာလုံး အသုံးပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။ ကမ္ဘာပတ် လမ်းကြောင်းအတွင်း လွှင့်တင်ထားသော ရေဒီယိုလှိုင်းလွှင့်တုံးလေးများသည် မြေပြင်စခန်းမှ ထုတ်လွှတ် လိုက်သော အင်တာနက် သတင်းအချက်အလက်များကိုဖမ်းယူကာ လှိုင်းလွှင့်တုံးအချင်းချင်း အပြန်အလှန် ပေးပို့နိုင်သလို မြေပြင်မှ အင်တာနက် သုံးသူတိုင်းထံသို့လည်း ၀ိုင်ဖိုင်လှိုင်းဖြင့် တိုက်ရိုက် ပေးပို့နိုင်မည် ဖြစ်သည်။

Outernet စနစ်သည် ကမ္ဘာပတ်လမ်းကြောင်းမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ ထုတ်လွှတ်သော ၀ိုင်ဖိုင် အင်တာနက်စနစ် ဖြစ်သောကြောင့် မည်သူမဆို အသုံးပြုနိုင်မည် ဖြစ်သည်။ အင်တာနက်ကို ကန့်သတ် ပိတ်ပင်ထားသည့် တရုတ်၊ မြောက်ကိုရီးယား စသည့် နိုင်ငံများမှပင် အပိတ်အပင်မရှိဘဲ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အခမဲ့လည်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ကမ္ဘာ့လူသား ၆၀ ရာခိုင်နှုန်းသာ အင်တာနက်ကို လက်လှမ်းမီသေးကြောင်းလည်း စာရင်းများအရ သိရသည်။MDIF သည်Outernet စနစ် နမူနာများကို ယခုဇွန်လ၌ ကမ္ဘာပတ်လမ်း ကြောင်းသို့ လွှတ်တင်နိုင်ရန် စီစဉ်ထားပြီး စက်တင်ဘာလတွင် နိုင်ငံတကာအာကာသစခန်း၌Outernetနည်းပညာကို စမ်းသပ်ရန် နာဆာထံက ခွင့်ပြုချက်ရလိမ့်မည်ဟု မျှော်လင့်ရသည်။

Ref : DailyMail
Mizzima - News in Burmese


ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့မှာ မွတ်စလင်အဖွဲ့တွေ မနေ့ကဆန္ဒပြ


မနေ့မနက်က ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ ဆန္ဒပြခဲ့ကြတဲ့ ရိုဟင်ဂျာနဲ့ မွတ်စလင်အဖွဲ့တွေက မွန်းလွဲပိုင်း ၃ နာရီမှာတော့ အမေရိကန်လွှတ်တော်ရှေ့က House Triangle ဆိုတဲ့ မြက်ခင်းပြင်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲကို ကယ်လီဖိုးနီးယားပြည်နယ်က ရီပတ်ပလစ်ကန်ပါတီ ကိုယ်စားလှယ် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ မစ္စတာ Ed Royce က မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေကို လူမျိုးတုန်းသုတ်သင်နေတာ၊ ခရစ်ယာန်တွေ၊ မွတ်စလင်တွေကို နှိပ်ကွပ်နေတာတွေကိုလည်း ရပ်ရမယ်လို့ မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ မိမိတို့အနေနဲ့  ချီးကျူးသလို၊ မွတ်စလင်တွေကို ဖိနှိပ်မှုမှာ အစိုးရတပ်တွေက အရေးမယူပဲ လျစ်လျူရှုနေတာ ဒါမှမဟုတ် ပါဝင်ပါတ်သက်နေတာတွေ ရှိတဲ့အကြောင်း မိမိတို့သိထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ မိမိနိုင်ငံသားတွေကို ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် လူ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ပေးပြီး၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံဖြစ်အောင်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို ကယ်လီဖိုးနီးယားပြည်နယ်က ရီပတ်ပလစ်ကန် အမတ်တစ်ဦးဖြစ်တဲ့ မစ္စတာ Dana Rohrabacher လည်း တက်ရောက်ခဲ့ပါတယ်။

RFA Burmese


လုပ်ကိုင်ခွင့် ရပ်ဆိုင်းမှု တရားဝင် အကြောင်းကြားခြင်း မရှိဟု နယ်စည်းမထား ဆရာဝန်များ အဖွဲ့ဆို


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ထွက်ခွာသွားရန် ဆန္ဒပြ ကန့်ကွက် ခံနေရသည့် နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (MSF) ကို မြန်မာနိုင်ငံတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ လုပ်ကိုင်ခွင့် ရပ်ဆိုင်းလိုက်ပြီ ဆိုသော အကြောင်းကြားစာ မြန်မာ အစိုးရထံမှ တရားဝင် မရရှိသေးကြောင်း MSF ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr. Peter-Paul de Groote က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေး စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ကိုင်ခွင့် ရရှိရေး နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးရန် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း၊ ယင်း MoU သည် ရှမ်း၊ ရခိုင်၊ ကချင်နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ဒုချီးရားတန်း ကျေးရွာတွင် ဇန်နဝါရီလ အတွင်းက ဖြစ်ပွားခဲ့သည့် ရဲတပ်ကြပ်ကြီး တစ်ဦး တိုက်ခိုက်ခံရမှု ဖြစ်စဉ် ဖြစ်ပွားပြီး နောက်တွင် ဘင်္ဂါလီများကို ဆေးကုသ ပေးခဲ့ရသည်ဟု သတင်းမှားများ ထုတ်လွှင့် ခဲ့မှုကြောင့် MoU ကို သက်တမ်း မတိုးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

“MSF လုပ်ဆောင်ချက်တွေဟာ ဒေသတွင်း အခြေအနေကို ပိုပြီး တင်းမာစေတဲ့ အပြင် တရားဥပဒေ စိုးမိုးရေးကိုလည်း ထိခိုက်လာတဲ့ အတွက် နားလည်မှု စာချွန်လွှာ သက်တမ်း တိုးမယ့်ကိစ္စ ရပ်ဆိုင်းလိုက်တာ” ဟု ၎င်းကဆိုသည်။

MoU ကို သက်တမ်း မတိုးတော့ကြောင်းကို ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးမှ တစ်ဆင့် MSF တာဝန်ရှိသူများကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တရားဝင် အကြောင်း ကြားထားပြီး ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောဆိုသည်။

မြန်မာအစိုးရနှင့် MSF ကြား ရေးထိုးထားသည့် MoU သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် သက်တမ်း ကုန်ဆုံးခဲ့ပြီး သက်တမ်း ထပ်ထိုးရန် ဆွေးနွေး ညှိနှိုင်းနေစဉ် ၎င်းတို့၏ လုပ်ငန်းများကို ဆက်လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း၊ သက်တမ်းတိုးရေး ဆွေးနွေးနေစဉ် ကာလတွင် ယင်းသို့ လုပ်ဆောင်သဖြင့် MoU သက်တမ်းတိုးမည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောဆိုသည်။

ဒုချီးရားတန်း ဖြစ်စဉ်တွင် ဆေးကုသ ခဲ့ရသူများကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် စုံစမ်း စစ်ဆေးရေး ကော်မရှင်များ တွေ့ဆုံခွင့် တောင်းရာတွင် သက်သေ အခိုင်အမာ ပြသနိုင်ခြင်း မရှိခဲ့သော်လည်း MSF က နိုင်ငံတကာကို ထုတ်ပြန်ခဲ့သည့် သတင်းများနှင့် ပတ်သက်၍ ပြန်လည် ရုပ်သိမ်းခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

MSF ထွက်ခွာသွားမှုကြောင့် ရောဂါ ဝေဒနာရှင်များ ဆေးဝါးရရှိရန် အခက်အခဲ ရှိလာမည် ဖြစ်သဖြင့် ကျန်းမာရေး ဝန်ကြီးဌာနနှင့် မိတ်ဖက် အဖွဲ့အစည်းများ ပူးပေါင်း တာဝန်ယူသွားရန် စီစဉ်နေကြောင်း ဦးရဲထွဋ်က ပြောကြားသည်။

MSF အနေနှင့် လုပ်ငန်း လုပ်ကိုင်ရာတွင် ဘင်္ဂါလီ အများစုကိုသာ ခန့်ထားမှု၊ ဆေးကုသရာတွင် ဘက်လိုက်မှု၊ ရိုဟင်ဂျာ ဆိုသူများကို တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုရန် နိုင်ငံတကာကို ဖိအားပေးနေမှု စသည့် ကိစ္စများကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မြို့ခံများက MSF ရုံးများ ရှေ့တွင် လေးရက်ကြာ ထိုင်သပိတ် ဆင်နွှဲခဲ့ကြသည်။

ဒုချီးရားတန်း ဖြစ်စဉ် ဖြစ်ပွားပြီး နောက်ပိုင်းတွင် ဒဏ်ရာ ရရှိထားသည့် ဘင်္ဂါလီ ၂၂ ဦးကို ဆေးကုသ ပေးခဲ့ရသဖြင့် ယင်းအချက်အလက် ကိုသာ ထုတ်ပြန်ခြင်း ဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ပေးရာတွင် ခွဲခြားမှု မရှိဘဲ လုပ်ဆောင်ခဲ့ကြောင်း Mr.Peter-Paul de Groote က ပြောဆိုသည်။

MSF သည် ၁၉၉၂ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် ကျန်းမာရေး စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို လုပ်ကိုင်ခဲ့သည်။

The Voice Weekly


အမျိုးသမီးများကို မိုဘိုင်းလ်ဖုန်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးမည်ဟု အော်ရီဒူးဆို


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

အော်ရီဒူးက နိုင်ငံတကာရှိ ၎င်းတို့ ဈေးကွက်ရှိရာ နိုင်ငံများတွင် အကောင်အထည် ဖော်နေပြီး အောင်မြင်မှု ရနေသည့် “m Women” ခေါ် မိခင်နှင့် ကလေး၊ အမျိုးသမီး စောင့်ရှောက်ရေး မိုဘိုင်းလ် ဝန်ဆောင်မှုကို မြန်မာနိုင်ငံသို့ တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အော်ရီဒူး မြန်မာ၏ အမှုဆောင် အရာရှိချုပ် Ross Cormack က ပြောကြားသည်။

အော်ရီဒူး မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက်ရှိရာ အင်ဒိုနီးရှား၊ ကာတာ၊ အီရတ်နှင့် အယ်လ်ဂျီးရီးယား နိုင်ငံများတွင် အောင်မြင်လျက် ရှိသော အဆိုပါ “m Women” အစီအစဉ်သည် မိုဘိုင်းလ် ဆက်သွယ်ရေး နည်းပညာဖြင့် အမျိုးသမီးထုကို အထောက်အပံ့ ပြုနိုင် သောကြောင့် အော်ရီဒူး၏ နောက်ဆုံး ဈေးကွက် ဖြစ်သည့် မြန်မာနိုင်ငံတွင်လည်း အော်ရီဒူး မြန်မာ၏ ဝန်ဆောင်မှုများ ပေးသည်နှင့် စတင် မိတ်ဆက်မည် ဖြစ်ကြောင်း အော်ရီးဒူး မြန်မာက ကြေညာထားသည်။

“အမျိုးသမီးထု လိုအပ်သမျှ ဆီလျော်တဲ့ သတင်း အချက်အလက်တွေကို စိတ်တိုင်းကျ၊ လိုအပ်သလို ရရှိနိုင်စေဖို့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ပါဝင်မယ့် အကြောင်းအရာ ထည့်တာတွေကို ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ အထင်ကရ Developer တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။ မြန်မာ့လူမှု ဘဝတွေထဲက အဓိက အရေးအကြီးဆုံး ပြဿနာတွေကို အဓိကထားပြီး ထိပ်ဆုံးက ဖြေရှင်းမယ့် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို ပေးသွားဖို့လည်း ရှိပါတယ်”ဟု Ross Cormack က ဆိုသည်။

ယင်းအစီအစဉ်ကို အော်ရီဒူးနှင့် GSMA လူမှုရေး အဖွဲ့အစည်း တစ်ခုတို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး မိုဘိုင်းလ် ကိရိယာများမှ တစ်ဆင့် မိခင်နှင့် ကလေး၊ အမျိုးသမီး ကျန်းမာရေး စောင့်ရှောက်သော သတင်း အချက်အလက်များကို အခမဲ့ လက်ခံ ရရှိစေမည့် အစီအစဉ် ဖြစ်သည်။

“m Women” အစီအစဉ်သည် အမျိုးသမီးများ အတွက် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ရရှိနိုင်သည့် အပြင်၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် တိုက်ရိုက် ဆက်သွယ်နိုင်ပြီး ခံစားနေသော ဝေဒနာများ၊ ကျန်းမာရေး ပြဿနာ များကို ဆွေးနွေး မေးမြန်းနိုင်မည် ဖြစ်ကြောင်း အော်ရီဒူးထံမှ သိရသည်။

“မိုဘိုင်းလ် ဖုန်းကနေ ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးမယ် ဆိုတာကတော့ အော်ပရေတာ နှစ်ခုလုံးက ပြောထားတာပဲ။ တယ်လီနောကတော့ ဘယ်လိုလာမယ် မသိသေးဘူး။ အော်ရီဒူး လုပ်တဲ့ ပုံစံကတော့ တော်တော် ကောင်းပါတယ်။ ဘယ်လောက် ထိရောက်မှု ရှိမလဲ စောင့်ကြည့်ရမယ်။ ဒီဝန်ဆောင်မှုနဲ့ တွဲပြီး ကျန်းမာရေး လုပ်ငန်းတွေလည်း ပိုတိုးတက် လာနိုင်တယ်” ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ ဒေါ်အိအိအောင်က ဆိုသည်။

အော်ရီဒူး မြန်မာသည် မြန်မာ အမျိုးသမီး သုံးသောင်းကို အူရီးဒူး မြန်မာမိုဘိုင်း ဆင်းမ်ကတ် လက်လီ အရောင်း ကိုယ်စားလှယ်များ အဖြစ် တာဝန် ပေးသွားမည် ဖြစ်ကြောင်းလည်း ကြေညာထားသည်။

မြန်မာနိုင်ငံတွင် ကလေးသူငယ်များ၏ အသေအပျောက်နှုန်းနှင့် အာဟာရ ချို့တဲ့နှုန်းများ အဆမတန် မြင့်မားနေရာ မိခင်များ၏ ကျန်းမာရေး ချို့တဲ့ မှုများကိုလည်း အလျင်အမြန် ဖြေရှင်းရန် လိုအပ်နေပြီး မီးဖွားသူ ၇၀ ရာခိုင်နှုန်းကျော်သည် ဆေးရုံ၊ ဆေးပေးခန်း မဟုတ်သော နေရာများတွင် မီးဖွား နေကြကြောင်း နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းများက ဆိုထားသည်။

The Voice Weekly


မြန်မာ့ လူ့အခွင့်အရေး တိုးတက်မှု ကန် အသိအမှတ်ပြု


 မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်ဖို့ရာမှာ စိန်ခေါ်မှု အများအပြား ရှိနေသေးပေမဲ့လည်း ဆက်ပြီး အားပေးသွားရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၃ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ချိန်မှာ မြန်မာနိုင်ငံ နဲ့ပတ်သက်ပြီး ၀န်ကြီး ကယ်ရီက အဲဒီလိုပြောသွားတာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

အထူးသဖြင့် လူမျိုးစုတိုင်းရင်းသားဒေသတွေအပါအ၀င် အဆင့်တိုင်းမှာ ဥပဒေရေးရာနဲ့ မူဝါဒရေးရာ ပြန်ပြောင်းသုံးသပ် ချက်တွေကို အာဏာပိုင်တွေက အပြည့်အ၀ ဒါမှမဟုတ် အစဉ်တစိုက် အကောင်အထည်ဖော်တာမျိုး မရှိခဲ့ပေမဲ့လည်း ၂၀၁၃ ခုနှစ်အတွင်း မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး မှတ်တမ်းဟာ ဆက်ပြီး တိုးတက်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အစိုးရက ကျူးလွန်တဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ သိသိသာသာ ကျဆင်းသွားတာကို လေ့လာသူတွေက ပြောကြတယ်လို့ အစီရင်ခံစာက ဆိုထားသလို နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီကလည်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို မီးမောင်းထိုး ပြောဆိုခဲ့ပါတယ်။

 “နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အာဏာရှင်စနစ်ကနေ တဖြည်းဖြည်း ပြောင်းလဲနေရုံသာမက အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာအသိုက်အ၀န်းနဲ့ ပိုပြီး အပြုသဘောဆောင်တဲ့ မိတ်ဘက် ဆက်ဆံရေးဆီ ဦးတည်နေတာကို ကျနော်တို့ ဆက်ပြီး တွေ့နေရပါတယ်။”

မတူကွဲပြားတဲ့လမ်းကြောင်းကို ရွေးချယ်ပြီး အောင်မြင်အောင်ကြိုးစားနေတဲ့ နေရာဒေသတွေရဲ့ ဥပမာတွေ အများကြီးရှိပါတယ်လို့ လည်း ၀န်ကြီး ကယ်ရီက ပြောပါတယ်။

ဒါပေမဲ့လည်း သိသာထင်ရှားတဲ့ လူ့အခွင့်အရေးပြဿနာတွေ မြန်မာနိုင်ငံ တ၀န်းမှာ ဆက်ရှိနေတုန်းပဲလို့ အစီရင်ခံစာက ထောက်ပြပါတယ်။ အဲဒီထဲမှာ လူမျိုးစု တိုင်းရင်းသားဒေသတွေမှာ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ မတရားနှိပ်စက် ညှဉ်းပန်းတာတွေ၊ နိုင်ငံရေးပယောဂပါတဲ့ ဖမ်းဆီးမှုတွေ၊ လူမှုအ၀န်း အ၀ိုင်းအတွင်း ခွဲခြားဆက်ဆံမှုတွေနဲ့ မူစလင်လူထုပေါ် အကြမ်းဖက်တာတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ သင့်တင့်လျောက်ပတ်တဲ့ နစ်နာကြေးပေးတာ ဒါမှမဟုတ် စနစ်တကျ လုပ်ဆောင်တာ မဟုတ်တဲ့ မြေယာ သိမ်းဆည်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေတဲ့ တရားဥပဒေစိုးမိုးရေး အားနည်းတာ စတဲ့အခြေအနေတွေကို ဖော်ပြထား ပါတယ်။

ဒီလိုပြဿနာတွေ ရှိနေဆဲဖြစ်တယ်ဆိုတာကို နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီကလည်း အသိအမှတ်ပြုပေမဲ့ ရှေ့ဆက်တိုးတက်ဖို့ အားပေးသွားရမယ်လို့ ပြောခဲ့ပါတယ်။

 “အခုအစီရင်ခံစာမှာ ပြောထားသလိုပဲ ဒီမိုကရေစီနည်းလမ်းမကျတဲ့ အခြေခံဥပဒေကို ပြုပြင် ပြောင်းလဲရေးကနေ ခွဲခြားဆက်ဆံမှုကို အဆုံးသတ်ရေး၊ ဘာသာရေးနဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးဆိုတဲ့ စိန်ခေါ်မှုတွေကို မြန်မာနိုင်ငံ ရင်ဆိုင်နေရဆဲပါ။ ဒါပေမဲ့လည်း ရှိနေတဲ့ပြဿနာတွေကို ရိုးသားမျှတစွာ ပြောနေတာနဲ့တချိန်ထဲမှာ ပဲ တိုးတက်မှုရှိအောင်လည်း ဆက်ပြီး အားပေးသွားရပါမယ်။”

အရင်နှစ်တွေနဲ့မတူတာကတော့ နှိပ်စက်ညှဉ်းပန်းမှုအတွက် တာဝန်ရှိတဲ့အရပ်သားတွေကို အစိုးရက အရေးယူတာ ဒါမှမဟုတ် အပြစ်ပေးတာတွေ လုပ်ခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။ ဒါပေမဲ့လည်း လုံခြုံရေးတာဝန်ရှိသူတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှု အများအပြားကတော့ အပြစ်ပေး အရေးယူမခံရဘဲ ကင်းလွတ်ခွင့်ရနေတုန်းပဲ ဆိုတာကိုလည်း ထောက်ပြပါတယ်။

၂၀၁၃ ခုနှစ်အတွင်း နိုင်ငံတကာ လူ့အခွင့်အရေးအခြေအနေအရပ်ရပ်ကို အမေရိကန်နိုင်ငံခြားရေးဌာနက အစီရင်ခံစာ ထုတ်ပြန် တာမှာ မြန်မာနိုင်ငံအခြေအနေကို စာမျက်နှာ ၄၈ မျက်နှာနဲ့ အစီရင်ခံ ဖော်ပြထားတာပါ။

ကဏ္ဍ ခုနစ်ရပ်ခွဲပြီးတော့ အသေးစိတ် အစီရင်ခံထားတဲ့ မြန်မာ့ လူ့အခွင့်အရေးအခြေအနေတွေထဲမှာ လူပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ဂုဏ်သိက္ခာကို လေးစားလိုက်နာမှု အခြေအနေကနေ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ စသည်ဖြင့် ဖော်ပြထားပါ တယ်။

ကျော်ကျော်သိန်း (ဗွီအိုအေ)



ဝန်ကြီးချုပ်နဲ့ဆွေးနွေးဖို့ ထိုင်း အတိုက်အခံ လမ်းဖွင့်


 ထိုင်းနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် Suthep Thaugsuban က ဝန်ကြီးချုပ် Yingluck Shinawatra နဲ့ ဆွေးနွေးမယ်လို့ အရိပ်အမြွက် ပြောကြား လိုက်ပါတယ်၊ လနဲ့ချီ ကြာနေပြီဖြစ်တဲ့နိုင်ငံရေးပြဿနာကို အဆုံးသတ်နိုင်ဖို့ ဘယ်လိုဆွေးနွေး ညှိုနှိုင်းမှုကိုမှ မလုပ်နိုင်ဘူးဆိုပြီး အတိုက်အခံခေါင်းဆောင်က အရင်က ငြင်းဆန်နေခဲ့တာဖြစ်ပါတယ်။

အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေကို ဦးဆောင်သူ Suthep Thaugsuban က ဝန်ကြီးချုပ် ယင်လပ်နဲ့ ၂ ယောက်ထဲ  တိုက်ရိုက် တနိုင်ငံလုံးကို ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားပေါ်မှာ အခြေအတင်ဆွေးနွေးမှု လုပ်မယ်လို့ စိန်ခေါ်လိုက်တာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ကလဲ ညှိုနှိုင်းမှုတွေလုပ်ဖို့ တံခါးဖွင့်ထားတယ်လို့ ပြောပေမဲ့ Mr.ဆူထက်အနေနဲ့ ဆန္ဒပြပွဲတွေကို အရင်ရပ်ရမယ်လို့ ပြောကြားခဲ့ပါတယ်၊
လုပ်တဲ့ဆွေးနွေးမှုတွေဟာလဲ ဖွဲ့စည်းပုံဥပဒေရဲ့ ဘောင်ထဲမှာ ရှိရမယ်လို့ ဝန်ကြီးချုပ် ယင်းလတ်က ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှာ ဝန်ကြီးချုပ်အပေါ် စွဲထားတဲ့ အမှုတွေအတွက် မနေ့က ကြားနာခဲ့ပါတယ်၊ အငြင်းပွားစရာ ဆန်စပါးဝယ်ယူတဲ့ အစီအစဉ်နဲ့ ပါတ်သက်လို့ ဝန်ကြီးချုပ်စွဲဆိုခံထားရတဲ့ အမှုအတွက်ကြားနာပွဲကို ၀န်ကြီးချုပ်ကိုယ်စား သူ့ရဲ့ အကျိုးဆောင်ရှေ့နေ လာရောက်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ထိုင်းအတိုက်အခံခေါင်းဆောင် Suthep Thaugsuban 


ကတုံးနဲ့လူ သတိထား...



ကတုံးနဲ့လူ သတိထား...။ (တချိန်က နယ်စပ်မှာ ခေတ်စားတဲ့ ဦးအေးဆောင်စကားကို ငှားသုံးထားတာပါ)

Aljazeera သတင်းထောက်လွှတ်ပေးရေး တောင်းဆိုတဲ့ DVB အုပ်စုထဲ ကိုခင်သန်းပုံကို မြင်ရတော့ အတော် အံ့သြသွားပါတယ်။

ကိုခင်သန်းဟာ အရင်က ABSDF သုတေသနဌာနမှုး၊ DVB အတွက် ABSDF သတင်းအယ်ဒီတာအဖြစ်တာဝန်ယူနေစဉ် DVB ရုံးချုပ်ရှိရာ အော်စလိုကနေ မဲဆောက်ကိုအပြန် ၁၉၉၉ အစောပိုင်းက ပျောက်ဆုံးသွားခဲ့တာပါ။

ပျောက်စဉ်က ထောက်လှမ်းကပဲ ဖမ်းပြီး မြ၀တီကိုဆွဲသွားသလိုလို၊ ဒါမှမဟုတ် ဒီလူဟာ နဂိုကတည်းက ထောက်လှမ်းရေးဖြစ်ပြီး ABSDF နဲ့ DVB ဆီ သတင်းနှိုက်ဖို့ အတွင်းထဲအထိလာပြီး သူလျှိုလုပ်သူအဖြစ် အဲဒီကာလက ABSDF တာဝန်ရှိသူတွေကပြောခဲ့ပါတယ်။

အခုတော့ သူက DVB မှာ ၀န်ထမ်းဖြစ်နေပြီလား။ ကဲ...ABSDF တာဝန်ရှိသူတွေ၊ DVB တာဝန်ရှိသူတွေဘယ်လိုရှင်းပြမလဲ...။ တချိန်က အမှတ် ၂၀၁ တပ်ရင်း မင်းသမီးခစန်းမှာ ကိုခင်သန်းကိုတွေ့ဖူးသူတွေ၊ နောက် ABSDF ဗဟိုက ပုဂ္ဂိုလ်တွေ ဘာပြောကြမလဲ...။

မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် တခုခုလွဲချော်နေပြီလား...။

ထက်အောင်ကျော် facebook မှ 

ရှေ့သုံးလှမ်းတိုး နောက်နှစ်လှမ်းပြန်ဆုတ်တဲ့ မြန်မာ့မီဒီယာလောက

ထက်အောင်ကျော် (၂၈-၀၂-၂၀၁၄)

၂၀၁၀ ရွေးကောက်ပွဲကနေ စတင်ခဲ့တယ်ပဲဆိုဆို၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးမှာမှ တကယ်ဖြစ် လာတာလို့ပဲပြောပြော၊ လက်ရှိသွားနေတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ အမြင် သာဆုံး တိုးတက်မှုကိုပြပါဆိုရင် မီဒီယာလောကကိုပဲ လက်ညှိုးထိုးပြရပါလိမ့်မယ်။

(သတင်းလွတ်လပ်ခွင့်ရှိတယ်ဆိုပေမဲ့ စလောင်းတွေကိုသာ အားကိုးနေရဆဲ)

ဖမ်းဆီးခံ သတင်းသမားအားလုံးကို အကျဉ်းထောင်တွေကနေ လွတ်ပေးလိုက်တာ၊ စာပေဆင်ဆာအဖွဲ့ ကို လုံးဝဖျက်သိမ်းလိုက်တာ၊ ပုဂ္ဂလိကပိုင် သတင်းစာတွေ ထုတ်ဝေခွင့်ပေးလိုက်တာ၊ ပြည်ပကနေ၀င် လာတဲ့ တချိန်ကအတိုက်ခံဖက်ယိမ်းတဲ့ မီဒီယာတွေကို ပြည်တွင်းမှာအခြေချခွင့်ပေးလိုက်တာ၊ နိုင်ငံတ ကာ မီဒီယာသမားတွေကို သတင်းထောက် ဗီဇာပေးပြီး ရန်ကုန်မှာ ရုံးခွဲတွေဖွင့်ခွင့်ပေးလိုက်တာတွေ ဟာ အခုနှစ်ပိုင်းအတွင်း မီဒီယာလောကရဲ့ မဟာခုန်ပြန်ကျော်လွှားမှုတွေပေါ့။

ဒါပေမဲ့ အဲဒါတွေဟာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေစတင်ခါစ လွန်ခဲ့တဲ့ ၂၀၁၂ နဲ့ ၂၀၁၃ အစောပိုင်း ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့တိုးတက်မှုတွေသာဖြစ်ပြီး အခု ၂၀၁၃ နှောင်းပိုင်းနဲ့ ၂၀၁၄ အစောပိုင်းတွေမှာတော့ အခြေနေဟာ အရင်ကလောက် အရှိန်မကောင်းတော့ဘူးလို့ မီဒီယာလွတ်လပ်ခွင့်စောင့် ကြည့်ရေးအဖွဲ့ တွေက ထုတ်ပြောလာပါတယ်။

''မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့် ၂၀၁၄ အခြေနေဟာ ၂၀၁၃ ထက်တော့ ၆ ဆင့် ပိုတိုးတက်လာပါ တယ်။ ဒါပေမဲ့ ၂၀၁၃ တုန်းကဆိုရင် ၂၀၁၂ အခြေနေထက် ၁၈ ဆင့်တောင် တက်လာတာတွေ့ရ တယ်'' လို့ နယ်ခြားမဲ့ သတင်းသမားကာကွယ်ရေးအဖွဲ့ RSF ကပြောပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ Index ခေါ် တမ္ဘာလုံးရှိ နိုင်ငံပေါင်း ၁၈၀ ရဲ့အခြေနေကို အဆင့်လိုက်ဖေါ်ပြတဲ့ အစီရင်ခံ စာအတွင်း အခုလို ဖေါ်ပြထားတာဖြစ်ပါတယ်။

စာရင်းအတိအကျကိုပြောရမယ်ဆိုရင် နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံအခြေနေက ၁၄၅ နေရာမှာရှိ ပါတယ်။ မနှစ်က ၁၅၁ နေရာမှာရှိခဲ့တဲ့အတွက် ၆ ဆင့် တက်လာတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂၀၁၂ တုန်းကတော့ ၁၆၉ နေရာကနေ ၂၀၁၃ မှာ ၁၅၁ အထိတက်လာတဲ့အတွက် ၁၈ ဆင့်အထိ ခုန်တက်လာတယ်။ ဒါကြောင့် ၂၀၁၃ နဲ့စာရင် ၂၀၁၄ ဟာ သတင်းလွတ်လပ်ခွင့်တိုးတက်မှု နှုန်းထား အရှိန်ပြန်ကျသွားတယ်။ ၁၈ ဆင့်တိုးရာကနေ ၆ ဆင့်သာတိုးတော့တဲ့အတွက် ရှေ့ ၃ လှမ်းတိုးပြီး နောက် နှစ်လှမ်းပြန်ဆုတ်သွားတယ်လို့ ဆိုလိုတာပါ။

၂၀၁၄ စာရင်းတွေအရ မြန်မာထက်နိမ့်တဲ့နိုင်ငံပေါင်း ၃၀ ခန့်ထဲမှာတော့ အိမ်နီးချင်းအာဆီယံနိုင်ငံတွေ ဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ ဖိလပိုင်၊ လာအိုနဲ့ ဗီယက်နမ်တို့ပါဝင်နေတာ အံ့သြွဘွယ်ဖြစ်ပါတယ်။ တခါ တောင်အာရှဖက်က အိမ်နီးချင်းတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ သိရိလကာင်္နဲ့ ပါကစ္စတို့ဟာလဲ မြန်မာ ရဲ့အောက်ကိုရောက်နေပါတယ်။ ပြီးတော့ မြန်မာရဲ့အဓိကမဟာမိတ် တရုတ်နိုင်ငံဟာ အောက်ဆုံးက နေ ပြန်ရေတွက်ရင် နံပတ် ၆ နေရာမှာရှိနေပြီး မြောက်ကိုးရီးယားကတော့ အောက်ဆုံးရဲ့ ဒုတိယ နေရာမှာရှိနေတာကို တွေ့ရပါတယ်။ အပေါ်ဆုံး ၃ နေရာကိုတော့ ဥရောပတိုက်က ဖင်လန်၊ နယ်သာ လန်နဲ့ နော်ဝေတို့က ၃ နှစ်ဆက်တိုက် ယူထားတာတွေ့ရပါတယ်။

(ဒီနှစ် သတင်းဆုပေးပွဲမှာ ရေဒီယိုနဲ့ အွန်လိုင်းကိုပါ ထည့်ပေးလာမလား)

အပေါ်ဆုံးကိုရောက်ဖို့ ဒါမှမဟုတ် နော်ဝေးနဲ့ ဥရောပတိုက်ရဲ့ မီဒီယာအဆင့်တန်းကိုမှီဖို့ မြန်မာနိုင်ငံ အနေနဲ့ နောက်ထပ်အဆင့် ၁၄၀ ကျော်လိုသေးတယ်ဆိုပေမဲ့ ပြုပြင်ပြောင်းလဲရေးကာလ ၃ နှစ် လောက်အတွင်း အောက်ဆုံးနီးပါးအဆင့်ကနေ အဆင့်ပေါင်း ၃၀ လောက် ခုန်တက်လာတယ်ဆိုတာ ဟာ နည်းတဲ့နှုန်းထားမဟုတ်ပါ။ ဒါပေမဲ့ ၂၀၁၄ မှာ ဘာကြောင့် တိုးတက်နှုန်းကျသွားသလဲဆိုတာက တော့ စဉ်းစားစရာဖြစ်လာနေပါတယ်။

အစိုးရနဲ့ လွှတ်တော်ကဆွေးနွေးနေတဲ့ မီဒီယာဥပဒေတွေဟာ နိုင်ငံတကာအဆင့်တန်းနဲ့ ကိုက်ညီမှုမရှိ တဲ့အပြင် တချို့ဥပဒေတွေကို မီဒီယာသမားတွေနဲ့ညှိနှိုင်းမှုမရှိပဲ အစိုးရက တဖက်သတ်ဆောင်ရွက်နေ တာတွေဟာ လက်ခံနိုင်ဘွယ်မရှိဘူးလို့ RSF ကပြောပါတယ်။ ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေမူကြမ်း နဲ့ အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းပါ အခြေခံလွတ်လပ်ခွင့်တွေကိုပေးလိုက်ရင် ဖြစ်ပေါ်လာမဲ့ အ ကျိုးရလာဒ်အပေါ် အစိုးရဖက်က ဒွိဟဖြစ်နေဆဲဖြစ်ပုံရတယ်လို့ ထောက်ပြထားပါတယ်။

နိုင်ငံပေါင်း ၁၈၀ ရဲ့အခြေနေကိုတန်းစီပြောတာဖြစ်တဲ့အတွက် အသေးစိပ်အချက်လက်တွေတော့ အစီ ရင်ခံစာထဲမှာ မတွေ့ရပါ။ ဒါပေမဲ့ အခုတလော ထွက်ပေါ်လာနေတဲ့ မီဒီယာလောက နောက်ပြန်ဆုတ်မှု အချက်လက်တွေကို ဒီနေရာမှာ စုစည်းတင်ပြရမယ်ဆိုရင် Unity ဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦး တင့်ဆန်း၊ သတင်းသမားတွေဖြစ်တဲ့ ကိုလူမော်နိုင်၊ ကိုပိုင်သက်ကျော်၊ ကိုရာဇာဦးနဲ့ ရုံးအဖွဲ့မှုး ကို အောင်နိုင်ထွန်းတို့ ၅ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ စွဲချက်တင်ပြီး အစိုးရက ဖမ်းဆီစစ် ဆေးနေပါတယ်။

တခါ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလဲ Eleven ဂျာနယ်မှ သတင်းသမားတဦးကို လာဒ်စားတဲ့သတင်းရေးသားမှု နဲ့ ထောင်ဒဏ် ၃ လ ချံခဲ့ဖူးပါတယ်။ နောက်တခါ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၄ ရက်နေ့ကလဲ မုံရွာဖက်က ကြေးနီမိုင်းဆန္ဒပြပွဲကို သတင်းယူတဲ့ သတင်းထောက်နှစ်ဦးရဲ့ ဓာတ်ပုံတွေကို အာဏာပိုင်တွေက အ တင်းအကျပ်ဖျက်ဆီးခိုင်းခဲ့တာမျိုးလဲရှိခဲ့ပါသေးတယ်။

ဖမ်းဆီးနှောက်ယှက်မှုကနေ ကန့်သန့်ချုပ်ချယ်မှုတွေအကြောင်းကို ဆက်ပြောရမယ်ဆိုရင် ရခိုင်ဖက် မှာဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး နိုင်ငံခြားသတင်းဌာနကြီးတခုရဲ့ သတင်းဖေါ်ပြချက်ဟာ မှားယွင်း တယ်လို့ပြန်ကြားဝန်ကြီးဌာနဖက်ကယူဆတဲ့အတွက် အဲဒီသတင်းဌာနက သတင်းထောက်တွေ အပါ ၀င် နိုင်ငံခြားသတင်းထောက်တွေကို ဂျာနယ်လစ်ဗီဇာထုတ်ပေးမှု တင်းကျပ်လိုက်တယ်လို့သိရပါတယ် ။

နောက်တချက်ကတော့ အစိုးရပိုင်မီဒီယာနဲ့ ပုဂ္ဂလိကပိုင် မီဒီယာတွေရဲ့အားပြိုင်မှုကြီးထွားလာခြင်းလို့ ပြောရမယ်ထင်ပါတယ်။ ပုဂ္ဂလိကပိုင် သတင်းစာနဲ့ဂျာနယ်တွေက အစိုးရသတင်းစာမှာသွားထည့်တဲ့ ကြော်ငြာတွေကို အစိုးရသတင်းစာက ဆင်ဆာဖြတ်လိုက်ပါတယ်။ ဒုတိယအချက်ကတော့ အစိုးရအဖွဲ့ တွင်းက အရေးကြီးသတင်းတွေကို ပုဂ္ဂလိကပိုင်သတင်းလောကဆီမပေးပဲ အစိုးရပိုင်းမီဒီယာတွေကို သာ ဦးစားပေးထုတ်ပေးနေတယ်။ ပြန်ကြားရေးဝန်ကြီးဌာနဟာ နိုင်ငံတော်ဘဏ္ဍကိုအသုံးပြုးပြိး ပုဂ္ဂလိ က မီဒီယာလောကအပေါ် အနိုင်ကျင့်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်လာနေပါတယ်။

ဒါက ပုဂ္ဂလိက မီဒီယာသမားတွေအပေါ် အစိုးရဖက်က ဖိနှိပ်လာမှုအပိုင်းပါ။ ဒီကြားထဲ ပုဂ္ဂလိကပိုင် မီဒီယာလောကမှ သတင်းသမားတွေဟာ သတင်းကျင့်ဝတ်ကိုမသိဘူး၊ စံချိန်စံညွှန်း မမီဘူးဆိုတဲ့ စွပ်စွဲ ချက်တွေလဲ ထွက်လာနေပါတယ်။ ရှေ့မှာတင်ပြခဲ့တဲ့ Unity ဂျာနယ်ရဲ့ သတင်းဖေါ်ပြမှုကိုတောင် သ တင်းကျင့်ဝတ်နဲ့မညီဘူး၊ စံချိန်စံညွှန်းကိုမသိဘူးဆိုပြီး ဝေဖန်တဲ့ လူတွေလဲရှိလာနေပါတယ်။

တခါ အခုရက်ပိုင်းအတွင်းထုတ်ဝေတဲ့ နာမည်ကြီးဂျာနယ်တခုမှ နာမည်ကြီး အဆိုတော်လူငယ်တဦး ရဲ့ဆောင်းပါးထဲမှာလဲ သူကို အင်တာဗျုးလာလုပ်တဲ့ သတင်းသမားဟာ မူးရူးနေတဲ့အပြင် အင်တာဗျုး မဲ့အကြောင်းအရာကိုလဲ ဘာမှကြိုတင်လေ့လာမထားဘူး။ အိမ်စာလဲ လုပ်မလာဘူး။ သူ့အမည်ကို တောင် မှန်အောင်မခေါ်တတ်ဖူး။ မီဒီယာသမားတွေဟာ ဖွ ဖို့လောက်၊ စောင်ရေများအောင်လောက်ပဲ စိတ်ဝင်စားနေတယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ထားတာတွေ့ရပါတယ်။

ဒီလိုနှစ်ဖက်အမြင်တွေ ငြင်းခုန်လို့ကောင်းတုန်းမှာ မြန်မာနိုင်ငံရဲ့ ပထမ ဆုံး မီဒီယာကျောင်းဖြစ်တဲ့ Myanmar Journalism School ကို ဒီနှစ်ထဲ ဖွှင့်နိုင်ဘွယ်ရှိတယ်လို့ သတင်းတွေထွက်လာ ပါတယ်။ ပွင့်လင်းကာစ မြန်မာ့မီဒီယာလောကမှာ အတွေ့အကြုံရှိသူ၊ နိုင်ငံတကာအဆင့်မှီသူ သတင်း သမားတွေနည်းနေသေးလို့ ဒီလိုကျောင်းတွေဖွင့်တာကို မူအရကြိုဆိုသင့်ပါတယ်။ ဒါပေမဲ့ ဒီကျောင်းကို ပြန်ကြားရေးဝန်ကြီးဌာနက ချုပ်ကိုင်ဖို့ပြင်နေတဲ့အတွက် မီဒီယာသမားတွေက မကျေမလည်ဖြစ်နေ တယ်လို့ ဆိုပါတယ်။

အနှစ်ပြန်ချုပ်ရမယ်ဆိုရင်တော့ မြန်မာ့မီဒီယာလောက တိုးတက်မှုအခြေနေဟာ နိုင်ငံရေးအသွင်ကူး ပြောင်းမှုလုပ်ငန်းစဉ်တိုးတက်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ နိုင်ငံရေးအသွင်ကူးပြောင်းမှုတိုး တက်မှ မီဒီယာလွတ်လပ်ခွင့်လဲ တိုးတက်သလိုဖြစ်နေပါတယ်။ ဆိုလိုတာကတော့ ဥပဒေတွေ၊ မူလ ရပိုင်ခွင့်တွေ၊ Institutions တွေအရ မီဒီယာလွတ်လပ်ခွင့်ကို အသေအချာကာကွယ်ပေးထားတဲ့ အ ဆင့်ဆီမရောက်သေးပါ။

(လွှတ်တော်များဆွေးနွေးနေတဲ့ မီဒီယာဥပဒေတွေက ဘယ်လောက်အထိ အာမခံချက်ရှိမလဲ)

နိုင်ငံရေးအခြေနေအရ ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပေးထားတဲ့သဘော၊ သမ္မတကဖြစ်ဖြစ်၊ လွှတ် တော်ဥက္ကဌကဖြစ်ဖြစ်၊ ပြန်ကြားရေး ၀န်ကြီးကဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးသြဇာအရ ပေးထားတဲ့အဆင့်မှာသာ ရှိနေပြီး ဥပဒေအရ၊ Institutions အရ အာမခံထားတဲ့အဆင့် မတွေ့ရသေးပါ။ ဒါကြောင့် နိုင်ငံရေးအ ခြေနေမကောင်းတာနဲ့ ရထားတဲ့မီဒီယာလွတ်လပ်ခွင့်တွေလဲ ချက်ချင်းပြန်ဆုံးရှုံးသွားနိုင်ပါတယ်။

တနည်းအားဖြင့်ပြောမယ်ဆိုရင် ရှေ့သုံးလှမ်းတိုးပြီး နောက်နှစ်လှမ်း ပြန်ဆုတ်သွားတဲ့အခြေနေမျိုး ထပ် မကြုံရလေအောင် စာနယ်ဇင်းကောင်စီ (ယာယီ) အပါဝင် မီဒီယာသမားအားလုံးက စည်းလုံးညီညွတ် စွာနဲ့ ရပ်တည်တိုက်ပွဲဝင်ဖို့လိုပါတယ်။ စာနယ်ဇင်းဆိုတဲ့ ပုံနှိပ်မီဒီယာအပြင် အသံလွှင့်မီဒီယာ ဖြစ်တဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဖက်က သတင်းသမားတွေ၊ အွန်လိုင်းမီဒီယာလို့ခေါ်တဲ့ အင်တာနက် အခြေ ခံမီဒီယာသမားတွေပါ ပါဝင်ခွင့်ရတဲ့ မီဒီယာကောင်စီကိုအခိုင်မာဖွဲ့ပြီး အာဏာပိုင်အဖွဲ့မျိုးစုံးရဲ့ ဖိနှိပ်မှု တွေကို တွန်းလှန်ဖို့၊ မီဒီယာအခွင့်ရေးအပြည့်အ၀ရအောင် လက်တွဲဆောင်ရွက်ဖို့ အရေးတကြီးလိုအပ် နေပါကြောင်း တင်ပြလိုက်ရပါတယ်။    ။

http://www.htetaungkyaw.net/

ထိုင်းဝန်ကြီးချုပ် ကြားနာမှု ရှေ့နေတွေ စေလွှတ်


ထိုင်းနိုင်ငံ ဝန်ကြီးချူပ် ယင်လပ် ရှင်နာဝပ်ဟာ တာဝန်မဲ့ အပြုအမူတွေ ကျူးလွန်ခဲ့တယ် ဆိုပြီး ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်ကနေ စွဲဆိုထားတဲ့ ကြားနာစစ်ဆေးမှုကို တက်ရောက်ဖို့ သူမရဲ့ ရှေ့နေတွေကို စေလွှတ်ခဲ့ပါတယ်။

အဲဒီ စစ်ဆေးမှုကို မလုပ်ဖြစ်အောင် တားဆီးဖို့ ကြိုးစားတဲ့ အနေနဲ့ ဝန်ကြီးချူပ်ကို ထောက်ခံသူ အယောက် ၃၀ဝ လောက်ကလည်း ဘန်ကောက် မြို့ပေါ်က ကော်မရှင် ရုံးခန်းကို ဝိုင်းထားခဲ့ကြ ပါသေးတယ်။

ဘန်ကောက် မြို့ပေါ်မှာ ဒီတစ်ပတ်ထဲ ဝန်ကြီးချူပ်အပေါ် ထောက်ခံသူတွေနဲ့ အစိုးရ ဆန့်ကျင်ရေး သမားတွေအကြား အကြမ်းဖက်မှုတွေ တိုးမြင့်လာခဲ့တဲ့နောက် ဝန်ကြီးချူပ်ဟာ မြို့တော်ကနေ သူမရဲ့ အမာခံနယ်ဖြစ်တဲ့ မြောက်ပိုင်းကို ထွက်ခွာသွားခဲ့ပါတယ်။

အစိုးရ ဆန်ဝယ်ဈေးနှုန်းကို ပေါက်ဈေးထက် ပိုမို သတ်မှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် ဖြစ်နေရာမှာ ယင်လပ် ရှင်နာဝပ်က သူမအနေနဲ့ ဘာအမှားမှ မကျူးလွန်ခဲ့ဘူးလို့ စွပ်စွဲမှုတွေအပေါ် ငြင်းဆို ထားပါတယ်။

အစိုးရက ဆန်ကို ပေါက်ဈေးထက် ပိုမို သတ်မှတ်ခဲ့တာဟာ မြောက်ပိုင်း တောနယ်အရပ်မှာ ဝန်ကြီးချုပ်နဲ့ သူ့မိသားစုရဲ့ သြဇာ ပိုမို ခိုင်မြဲခဲ့ပါတယ်။ တကယ်လို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချူပ်မှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်နိုင်မယ်ဆိုရင် ဝန်ကြီးချုပ်ဟာ ရာထူးကနေ ဖယ်ရှားခံရနိုင်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


တာတို ဒုံးကျည် ၄ ခု မြောက်ကိုရီးယား ပစ်လွှတ်


မြောက်ကိုရီးယားဟာ အရှေ့ဘက် ကမ်းခြေ ကနေ ပင်လယ်ပြင် ဘက်ကို တာတိုပစ် ဒုံးကျည် ၄ ခု ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ကိုရီးယား ကျွမ်းဆွယ်ကို တောင်မြောက် ပိုင်းခြားထားတဲ့ စစ်ရေးမျဉ်းလိုင်းရဲ့ မြောက်ဘက် သိပ်မဝေးတဲ့ တောင်ကုန်းတစ်ခုပေါ်ကနေ ဒီဒုံးကျည်တွေ ပစ်လွှတ်တာလို့ ထုတ်ပြန်တဲ့အထဲမှာ ဆိုထားပါတယ်။

နိုင်ငံတကာက တာဝေးပစ် ထိပ်ဖူးတပ် ဒုံးတွေ ပစ်လွှတ်ဖို့ တားမြစ်ထားပေမယ့် ဒီတာတိုပစ် ဒုံးတွေအပေါ်မှာတော့ ကန့်သတ်ထားခြင်း မရှိပါဘူး။

ဒီလို ပစ်လွှတ်မှုဟာ ပုံမှန် ပြုလုပ်တဲ့ စစ်ရေး လေ့ကျင့်မှု ဖြစ်ပေမယ့် ဒီသီတင်းပတ်ထဲမှာ စတင်ခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုနဲ့ တိုက်ဆိုင်နေပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို စစ်ရေးပြင်ဆင်မှု အနေနဲ့ မြောက်ကိုရီးယားက ရှုတ်ချထားခဲ့ပြီး နျူကလီယား စစ်ပွဲတွေ အဖြစ်ထိ ကူးပြောင်းသွားနိုင်တယ်လို့ သတိပေးထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မြောက်ကိုရီးယား စစ်ရေးပြပွဲက ဒုံးကျည်တွေ

အမျိုးဘာသာဆိုင်ရာဥပဒေနဲ့ သူတို့အမြင် (ရုပ်/သံ)


အမျိုးဘာသာသာသနာဆိုင်ရာ ဥပဒေ ၄ ခု ပြဋ္ဌာန်းပေးဖို့အတွက် "အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ နိုင်ငံတော် သြဝါရစရိယ ဘန္ဒန္တ တိလောကာဘိဝံသက သမ္မတ ဦးသိန်းစိန်ကို တောင်းဆိုထားရာမှာ သမ္မတရုံးက ပြည်ထောင်စုလွှတ်တော်ကို လွှဲပြောင်းပေးပို့ခဲ့ပါတယ်။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီးမှာတော့ လွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတကို ပြန်ပြီး အကြံပြုပေးပို့လိုက်ပြန်ပါတယ်။ ဒီဥပဒေတွေ ပြဋ္ဌာန်းပေးရေးနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တချို့ရဲ့ အမြင်တွေကို RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်းတင်ပြထားပါတယ်။ RFA Burmese

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ