ရွှေတောင်အထည်စက်ရုံ ၀န်ထမ်းအိမ်ရာတွင် ၀မ်းရောဂါဖြစ်


ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ် ချည်မျှင်နှင့်အထည်စက်ရုံ ၀န်ထမ်းအိမ်ရာရပ်ကွက်များဖြစ်သည့် အောင် မြေသာရပ်ကွက်နှင့် စံပြရပ်ကွက်တို့တွင် ဖေဖော်ဝါရီလ၂၇ ရက်အထိ လေးရက်အတွင်း လူ ၅၀ ခန့် ၀မ်း ရောဂါဖြစ်ပွားနေသည်ဟု ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းယုကိုက မဇ္ဈိမကို ပြောသည်။

“၀မ်းရောဂါဖြစ်ပွားတာက ချည်မျှင်နှင့်အထည်စက်ရုံ ၀န်ထမ်းရပ်ကွက်နှစ်ခုမှာ ဖြစ်တာပါ။ ဖြစ်ပွားမှုက လည်း ခပ်ကျဲကျဲ ပါးပါး ဖြစ်တာမျိုးပါ။ ဒီနေ့အထိ ၄၉ ဦးရှိသွားပြီ”ဟု ၎င်းက ပြောသည်။

ရွှေတောင်မြို့ ချည်မျှင်နှင့်အထည်စက်ရုံတွင် ဖေဖော်ဝါရီလ ၂၄ မှစ၍ ၀မ်းရောဂါဖြစ်ပွာခဲ့ပြီး လူနာ ၄၉ ဦးအနက် နှစ်ဦးသာ ရွှေတောင်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှုခံယူနေရသည်ဟု ဆေး ရုံအုပ်ကြီးက ဆိုသည်။

အဆိုပါရောဂါပိုးသည် ရေကြောင့် ဖြစ်ပွားခြင်းဖြစ်သည်ဟု အောင်မြေသာရပ်ကွက်တွင် ဆေးကုသပေးနေသူ ရွှေတောင်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးမှ သူနာပြုဆရာမ ဒေါ်မြင့်မြင့်အေးက ပြောသည်။

“၀န်ထမ်းတွေသောက်တဲ့ရေ မသန့်လို့ လို့ ပြောတာပဲ။ ၀န်ထမ်းတွေသောက်တဲ့ လိုင်းဘက်က ရေစစ်ကန် ထဲကို ရေစစ်သေးတယ်ပြောတယ်။ အစားအသောက်က ဖရဲသီးစား၊ မုန့်ဟင်းခါးစား၊ ချဉ်ရည်ဟင်း စားဆိုတော့ မတူဘူး။ ရေကတော့ ဒီရေပဲသောက်နေတော့ ကျွန်မတို့က ရေလို့ပဲ သတ်မှတ်တယ်”ဟု ၎င်းက ဆိုသည်။

ဝမ်းရောဂါဖြစ်ပွားသည့် ရပ်ကွက်နှစ်ခုတွင် ဆေးခန်းများဖွင့်လှစ်ကာ ကုသပေးနေသည်။ ထို့ပြင် ကျန်း မာရေးဝန်ထမ်းများက တစ်အိမ်တက်ဆင်း လိုက်လံဆေးကုသမှုများလည်း ဆောင်ရွက်ပေးနေသည်ဟု ရွှေတောင်မြို့နယ် မိခင်နှင့်ကလေးဥက္ကဋ္ဌ ဒေါ်ယဉ်ကြွေက ပြောသည်။

ရေခဲ(ပြည်)
Mizzima - News in Burmese


ရွှေတောင်အထည်စက်ရုံ ၀န်ထမ်းအိမ်ရာတွင် ၀မ်းရောဂါဖြစ် ရွှေတောင်အထည်စက်ရုံ ၀န်ထမ်းအိမ်ရာတွင် ၀မ်းရောဂါဖြစ် Reviewed by သစ်ထူးလွင် on 13:35 Rating: 5
Powered by Blogger.