ဒေါက်တစ်ဖက်ယိုင် နိုင်ငံတော်ကြီး


သူ့အသက် ၄၂ နှစ်အရွယ် က စတင် ရင်ဆိုင်ခဲ့ရသော သာမန်မိသားစု အမွေဆိုင် အမှုအခင်းသည် သူ့အသက် ၅၁ နှစ်တွင်မှ ပြီးစီးခဲ့ရပြီး နောက် ”နောင်များ အမှုအခင်း ဆိုတော်ပါပြီ။ ကိုယ့်ဟာ ကိုယ် အပြင်မှာပဲ အဆင်ပြေ အောင်ညှိယူတော့မယ်” ဟု ဆိုလာသူကဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှ ဦးမောင် မောင်လှရွှေဖြစ်ပါသည်။

”ဒီ ၉ နှစ်အတွင်းမှာ တရားရုံးကို ရုံးချိန်းတက်ရတာ တရားသူကြီးအဆက် ဆက်ကို ဖားရတာနဲ့တင် လူလည်းတော် တော်လေးကို ဖြူခါပြာခါကျနေပြီ” ဟု သူက ဆိုသည်။

သူတို့မောင်နှမ ၂ ယောက်အမှုသည် မြန်မာနိုင်ငံ၏ သိပ်မထူးလှသော အမှုတစ်ခုသာဖြစ်သည်။ သေတမ်းစာရေး ခွင့်မရှိသော ဗုဒ္ဓဘာသာမိဘတို့၏ မျက်ကွယ်ကာလ တွင် မောင်နှမနှစ်ယောက် အမွေခွဲဝေမှုကြောင့် အငြင်း ပွားပြီးတရားရုံးသို့ချီတက်လာခဲ့သည်က ဟိုးလွန်ခဲ့သည့် ၁၁ နှစ် တာ အချိန်တုန်းကဖြစ်သည်။

”မောင်နှမချင်းလည်း မခေါ်နိုင်မပြောနိုင်ဖြစ်ရ၊ အချိန် ကုန်ငွေကုန်လူပမ်း နဲ့အမယ်လေးနောင်များတော့ တရားရုံးသွားမဲ့ အစား ကျားရှေ့ပဲ မှောက် လျက်လှဲချလိုက် ချင်တယ်”ဟူသော သူ၏ပြောစကားသည် မည်မျှ စိတ်ဖိစီးမှုခံစားရသည်ကို ဖော်ပြနေသကဲ့သို့ပင်။

တရားသူကြီး သုံးဦးပြောင်းသွားသည်အထိ မပြီးနိုင် သေးသောအမှုက သူတို့မောင်နှမနှစ်ယောက်စလုံးအတွက် ဖိစီးမှုကြီးတစ်ခုဖြစ်ခဲ့သည်။

”အင်း ၁၁နှစ်ဆိုတာ နည်းတဲ့အချိန်မှမဟုတ်တာ အ လုပ်ပျက်အကိုင်ပျက် နဲ့”ဟု သူကညည်းညူနေသည်။ ဒေသ တွင်း အရှည်ကြာဆုံးအမှုတစ် ခုဖြစ်ခဲ့သော ဦးမောင်မောင်လှရွှေအမှုသည် မြန်မာနိုင်ငံ၏ အရှည်ကြာ ဆုံးအမှု မဟုတ် နိုင်ဟု ယူဆစရာရှိပါသည်။

တရားရေးအသိုက်အဝန်းမှ အမည်မဖော်လိုသူ ရှေ့နေ တစ်ဦးကတော့ တရားမကြီးမှုတွေက ကြာတတ်သလို ရာဇ ဝတ်မှုတချို့လည်း အချိန်ကြာတတ်ကြောင်း၊ တရားခံ ဟု ယူ ဆသူကို ဖမ်းမိသော်လည်း သက်သေမခိုင်လုံ၍ လေးငါးနှစ် ကြာတတ်ကြောင်းပြောသည်။ ထို့အတူ တရားစီရင်ချက် မချ နိုင်သေးဘဲ နှစ် ၃ဝအထိ ကြာမြင့်နေသော အမှုများလည်းရှိ ကြောင်း ¤င်းကဆိုသည်။ အကြောင်းရင်းကိုတော့ ထုတ်ဖော် မပြောလိုဟု ဆိုပါသည်။

လူဦးရေသန်း ၆ဝခန့်ရှိသော မြန်မာနိုင်ငံအတွက် တရားသူကြီးဦးရေ တစ်သောင်းခန့်ရှိပါသည်။ မြို့နယ်အဆင့် တရားသူကြီးအရေအတွက်မှာ ၄၈ဝဝ နှင့် ၅ဝဝဝ ကြား တွင် ရှိပြီး မြို့နယ်တရားသူကြီးတစ်ဦးလျှင် တစ်နှစ်ကို ပျမ်းမျှ အမှုပေါင်း ၂ဝဝ မှ ၃ဝဝ အထိ စီရင်ဆုံးဖြတ်နေရပါသည်။

လူ ၆ဝဝလျှင် တရားသူကြီးတစ်ဦးနှုန်းရှိသည် သို့မ ဟုတ် လူတစ်သန်းလျှင် တရားသူကြီး ၁၆၆ ဦးခန့်ရှိသည်ဟု ဆိုနိုင်သော မြန်မာနိုင်ငံ၏ တရား စီရင်ရေးစနစ် နှေးေ ကွး လေးလံနေရခြင်းကတော့ ထူးဆန်းသည်ဟု မဆိုနိုင်တော့ပါ။

ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်သော အိန္ဒိယတွင် လူတစ်သန်း လျှင်တရားသူကြီး ၁ဝ ဒသမ ၅ ယောက်သာရှိ၍တရားစီရင်ရေးစနစ် အလွန်ကြန့်ကြာေ နခြင်း ဟု သုံးသပ်ကြသည်။ ထို့အပြင် အိန္ဒိယတရား သူကြီးရာထူး များ၏ လေးပုံတစ်ပုံမှာ လစ်လပ်ရာထူးဖြစ်နေသောကြောင့်ဟု သိရသည်။ ထို့ကြောင့်ပင် ၂ဝ၁၁ ခုနှစ် အကုန်တွင် အိန္ဒိယ တရားရုံးများ၌ စစ်ဆေးစီရင်မှုမပြုနိုင်ဘဲ ဆိုင်းငံ့ထားရသည့် အမှုပေါင်း ၃၂ သန်းအထိ ရှိနေခြင်းဖြစ်သည်။

အိန္ဒိယနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ၏ လူဦးရေနှင့် တရားသူကြီးအချိုးသည် လွန်စွာအားရဖွယ်ကောင်းပါသည်။

သို့နှင့်တိုင် အဘယ့်ကြောင့်အိန္ဒိယနိုင်ငံနှင့် မယိုးမစွဲအ ထိ တရားစီရင်ရေး က နှောင့်နှေးနေရပါသနည်း။

”အမှန်က အမှုအများစုကို မြို့ နယ်ကကိုင်တွယ်ရတာ ဆိုတော့ မြို့နယ်တရား သူကြီးနဲ့ လူဦးရေ၊ မြို့နယ် တရားသူ ကြီးနဲ့ အမှုအချိုးကပဲ စကားပြောမယ်” ဟု အထက်ပါ ပုဂ္ဂိုလ် က ပြောသည်။

မြို့နယ်တရားသူကြီးဦးရေက ၄၈ဝဝ ခန့်မျှသာ။ မြို့ နယ်တရားသူကြီး တစ်ဦးလျှင် နှစ်စဉ်အမှုပေါင်း ၃ဝဝ ခန့်ကို ကြားနာနေရပြီး လူနေထူ ထပ်သော မြို့နယ်များတွင် အမှု ပေါင်း ၁ဝဝဝ ခန့်အထိ စစ်ဆေးစီရင် ဆုံးဖြတ်နေရသည်ဟု သိရသည်။

”ပြီးတော့ ခရိုင်အဆင့်မှာလည်း တစ်ခရိုင်ကို အနည်း ဆုံး ၂ဝလောက် ရှိသင့်တာ။ ဒါပေမဲ့ အခုက ၁ဝ ယောက် လောက်ပဲရှိသေးတယ်” ဟု ၄င်းက ပြောသည်။

မဏ္ဍိုင်လေးရပ်ဖြင့် ရပ်တည်ခွင့်မရခဲ့သော မြန်မာနိုင်ငံ ၏ တရားစီရင်ရေး မဏ္ဍိုင်သည်လည်း ယိမ်းယိုင်ပျက်စီးခဲ့ရ သည်က မဆန်းလှပေ။ ပြည်သူ တို့က တရားရုံးသည် ငွေဖို့နိုင် သူတို့အတွက်သာ အောင်မြေဟု မှတ်ယူလာကြသောအ ခါ…

”ကျွန်တော်က သက်ငယ်မုဒိမ်းမှုနဲ့ ခွင်ဆင်ခံရ တယ်။ ကျွန်တော် မကျူးလွန် ဘူး။ ကျွန်တော်တရားရင်ဆိုင်ရဲ တယ်။ ဒါပေမဲ့ အချိန်ကုန်လူပန်းဖြစ် မှာစိုးလို့ လျော်ကြေး တနင့် တပိုးပေးပြီး အပြင်မှာပဲ ကျေအေးလိုက်တယ်” ဟု သင်္ဃန်းကျွန်းမြို့နေ ကိုထင်အောင် (အမည်လွှဲ)ကပြောသည်။ ထိုသို့သော ဖြစ်ရပ်များက မြန်မာနိုင်ငံအနှံ့ အလွယ်တကူ တွေ့နိုင်သည့် ကိစ္စများဖြစ်သည်။ ထို့အတူ မမှန်ကန်သော တရားစီရင်ရေးကို အားကိုးမရ၍ ဒေါသအလျောက် ဥပဒေမဲ့ ဖြေရှင်းမှုမျိုးကိုလည်း မမြင်ချင်မှအဆုံးပင်။

လွှတ်တော်က ဖွဲ့စည်းတာဝန်ပေးထားသော တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအဖွဲ့ ဝင် သင်္ဃန်းကျွန်းလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က လည်း တရားစီရင်ရေးစနစ်သည် ယိုယွင်းပျက်စီးနေပြီ။ ပြည် သူတို့၏ ယုံကြည်အားကိုးမှု ဆုံးရှုံးနေရသည့် အဖြစ်ကို ရောက်နေပြီဟု သုံးသပ်သည်။

”ငွေများတရားနိုင်တဲ့ ခေတ်အောက်က တရားစီရင်ရေး စနစ်ကို ဘယ်သူက များ ယုံကြည်အားကိုးကြမှာလဲ။ အခုလို အချိန်မှာ ဒီကဏ္ဍကိုပြုပြင် ပြောင်း လဲနိုင်မှသာ တရား ဥပဒေ စိုးမိုးရေးဆိုတာ ရှိလာမှာပေါ့”ဟု ဦးသိန်းညွန့်က ဆိုသည်။

ကော်မတီက တရားဥပဒေစိုးမိုးရေးအတွက် အချုပ်ခန်း များ၊ တရားရုံးများကို လိုက်လံစစ်ဆေးခဲ့ရာတွင် အများဆုံး တွေ့ရှိရသည့်ပြစ်ချက်မှာ တရား စီရင်ရေးနှောင့်နှေးခြင်းနှင့် တရားသူကြီးများ၏ မမှန်မကန်တရားစီရင် မှုပင် ဖြစ်သည်ဟု သိရသည်။

နိုင်ငံတစ်ခု၏ အဓိကမဏ္ဍိုင်ကြီးတစ်ခု ယိုယွင်းရခြင်း မှာ လွန်စွာ အန္တရာယ်ကြီးသော အနေအထားဖြစ်ပြီး ယင်း၏အကျိုးသက်ရောက်မှုမှာ တစ်နိုင်ငံလုံးအတိုင်း အတာဖြစ်ရာ ယင်းကို အလျင်အမြန်ကုစားပေးရေးမှာ အဓိက ဦးစားပေး ဖြစ်သင့်သည်ဟု ဦးသိန်းညွန့်က ဆိုသည်။

”တရားစီရင်ရေးကဏ္ဍ ပြုပြင် ပြောင်းလဲဖို့ အခက်အခဲ တွေရှိတာ မှန်ပါတယ်။ တရားသူကြီးတွေကို ဒီထက်ပိုပြီးခံ စားခွင့်တွေပေးထားဖို့လိုမယ်။ ဒါ မှ လာဘ်ပေးလာဘ် ယူမှုကို ရှောင်ရှားနိုင်ပြီး မျှတတဲ့တရားစီရင်ရေး ကို ပြန်မြင်ခွင့်ရမှာ”ဟု ၄င်းကသုံးသပ်သည်။

လက်ရှိတရားသူကြီးများ ရရှိနေသောလစာနှင့် ခံစား ခွင့်မှာ မသမာသူတို့ အကြိုက် ဖြစ်နေဆဲဖြစ်သည်။ ဒုတိယ မြို့နယ်တရားသူကြီး၏ လစာကိုးသောင်းဟူသော အခြေ အ နေတစ်ရပ်ကလည်း ပေါက် ပင်ဘာကြောင့် ကိုင်းရသည်ဟူ သောချားရဟတ်လင်္ကာကဲ့သို့ အကြောင်းပြချက် တစ်ခုလား ဟု မေးခွန်းထုတ်စရာပင်။

ထို့အတူ လက်ရှိရွေးကောက်ခံ အစိုးရလက်ထက်တွင် လည်း တရားရေးမဏ္ဍိုင်သည် သီးခြားလွတ်လပ်မှုမရှိသေး ပေ။ ထို့ကြောင့် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင် ရာ ဥပဒေပညာရှင် များ ကော်မရှင်(ICJ) က မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ် လွတ်လပ်မှုရှိရန် လုပ်ဆောင်ရေးနှင့် လွတ်လပ်သည့်ရှေ့နေများကောင်စီ ကို ဖွဲ့စည်းရန် ၂ဝ၁၃ ခုနှစ်အတွင်းက တိုက်တွန်းခဲ့သည်။

ICJ က မြန်မာနိုင်ငံ တရားသူကြီးချုပ်နှင့် ပြည်ထောင်စု လွှတ်တော်အနေနှင့် သီးခြားလွတ်လပ်သောတရားရေးမဏ္ဍိုင် တစ်ခုဖြစ်လာစေရန်၊ Bar Council ကို ထိရောက် စွာ ပြန် လည် ဖွဲ့စည်းပေးရန်၊ အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက် ၍ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုလွှတ် တော်က သီးခြားလွတ်လပ်ပြီး လျင်မြန်စွြာေ ဖရှင်းပေးနိုင် မည့် အဖွဲ့အစည်းတစ်ရပ် ထူထောင်ရန် အကြံပြုထားသည်။

မြန်မာ့တရားစီရင်ရေးသည် အကျင့်ပျက်ခြစားမှုများဖြင့်အမြစ်တွယ် ကာရှုပ်ထွေးသောအခြေအနေတစ်ခုဖြစ်ကြောင်း ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင် ကလည်း ယမန်နှစ်အတွင်းက ထုတ်ဖော်ဝန်ခံခဲ့သည်။

”ဒီနေ့အချိန်မှာတော့ တရားရုံးတွေအဂတိလိုက်စားကာ ခြစားပြီးတော့ မမှန်ကန်တဲ့တရားစီရင်ရေးတွေ ဆောင်ရွက် နေတယ်။ လုပ်ထုံး လုပ်နည်းတွေ မညီညွတ်ဘူးစ သဖြင့် ကျွန် တော်တို့ ကျယ်ကျယ်လောင်လောင် လူထုကြားမှာ ပြောဆို စွပ်စွဲမှုကို ကျွန်တော်တို့တွေ့ရတယ်။ ဒါကလည်း ကျွန်တော် တို့ ဌာနတစ်ခုအတွင်းမှာ ပဲ အမြစ် တွယ်နေတာမဟုတ်ပါဘူး။ အားလုံးနေရာတကာမှာ အစိုးရအဖွဲ့အစည်းမဟုတ်တဲ့ ပြင်ပ စီးပွားရေးအဖွဲ့အစည်းတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် ဖြစ် ပေါ်နေတဲ့ကိစ္စလို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်”ဟု ပြည်ထောင်စုလွှတ်တော် တရားလွှတ်တော်ချုပ် တရားသူ ကြီး ဦးမြင့်အောင်က ပြောသည်။

တရားဥပဒေစိုးမိုးရေးအတွက် တရားစီရင်ရေးမှာအရေး ပါသော်လည်း အခြားမဏ္ဍိုင်ကြီးများက ဝိုင်းဝန်းပူးပေါင်းမှသာ ဖြစ်နိုင်မည်ဟု ၄င်းကသုံးသပ်သည်။ ယင်းသို့ ပြောဆိုသုံးသပ် ခဲ့သည်မှာ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလအစောပိုင်းကဖြစ်သည်။ ယိုယွင်းနေသော အရေးကြီး ကဏ္ဍတစ်ခု၏ အခြေအနေမှန်ကို သိရှိပြီး ပြင်ဆင်ရန် ကြိုးပမ်းမှုဖြစ်သဖြင့် အားလုံးက ကြိုဆို လိမ့်မည်။

သို့သော် ယနေ့အချိန်အထိ တရားရုံးဆုံးဖြတ်ချက်တို့က အငြင်းပွား ဖွယ်ရာများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။ မကြာ သေးခင်က စီရင်ဆုံးဖြတ် ခဲ့သော ဆေးဘက် ဆိုင်ရာ နည်းပညာ တက္ကသိုလ်ဒုတိယနှစ်ကျောင်း သူအမှုက လူပြောသူပြော များ ခဲ့ရသည်။ ထိုအမှုနှင့် ပတ်သက်၍ တရားစီရင်ရေးအပေါ် ဝေဖန်သံအချို့ထွက်ပေါ်ခဲ့သော်လည်း ကျောင်းသူလေး၏ ဦးလေးဖြစ်သူ ဦးစောအေးမင်းကတော့ ဥပဒေပ လက်တုံ့ပြန် မှုကို ရှောင်ရှားပြီး တရားဥပဒေဘောင်အတွင်းမှသာ ဆက် လက်လုပ်ဆောင် သွားမည်ဟုဆိုသည်။

”တရာဥပဒေဘောင်ထဲက မျှတတဲ့တရားစီရင်ရေးကိုပဲ ကျွန်တော်တို့ အလိုရှိတယ်”ဟု ဦးစောအေးမင်းက ပြောသည်။

ကျော်ရဲလင်းရေးဖွဲ့သည် ။
Popular Myanmar News Journal


ဒေါက်တစ်ဖက်ယိုင် နိုင်ငံတော်ကြီး ဒေါက်တစ်ဖက်ယိုင် နိုင်ငံတော်ကြီး Reviewed by သစ်ထူးလွင် on 12:18 Rating: 5
Powered by Blogger.