ပထမဆုံး လေအေးစက်တပ်ဆင် အမြန်မြို့ပတ်ရထား တစ်နေ့ ၈ကြိမ်ပြေးဆွဲမည် (ရုပ်/သံ)


ဂျပန်နိုင်ငံက တစ်ပတ်ရစ် မီးရထားတွဲဆိုင်းတွေကို ဝယ်ယူပြီး လေအေးစက်တပ်ဆင် ပြေးဆွဲမယ့် ရန်ကုန်မြို့ရဲ့ ပထမဆုံး မြို့ပတ်အမြန်ရထားကို တစ်နေ့ ၈ကြိမ်ပြေးဆွဲသွားမယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးက စက်တင်ဘာ ၂၉ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



စကုမြို့က ပြည်သူ့ဆေးရုံနဲ့ ကျေးရွာ၂၀ကျော်လောက် ရေနစ်မြုပ်နေ (ရုပ်/သံ)


မိုးအဆက်မပြတ်ရွာသွန်းပြိးနောက် မန်းချောင်နဲ့ သားမွေးချောင်းရေလျံပြီး မကွေးတိုင်း စကုမြို့က ပြည်သူ့ဆေးရုံနဲ့ ကျေးရွာ၂၀ကျော်လောက်ရေနစ်မြုပ်နေပါတယ်။ ဒီသတင်းကို ဦးကျော်ဇေယျာဝင်းပေးပို့ထားပါတယ်။ ရိုက်ကူး - ဇော်ဖေ DVB TV News

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



 

အောက်တိုဘာလ(၃)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှတ် (၃၈)


အောက်တိုဘာလ(၃)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှတ် (၃၈)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



အောက်တိုဘာလ(၂)ရက်နေ့ ထုတ် Mobile Guide Journal Issue 122


အောက်တိုဘာလ(၂)ရက်နေ့ ထုတ် Mobile Guide Journal Issue 122

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



 

အောက်တိုဘာလ(၂)ရက်နေ့ ထုတ် Smart Pro Vol 1 Issue 35


အောက်တိုဘာလ(၂)ရက်နေ့ ထုတ် Smart Pro Vol 1 Issue 35

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



စက်တင်ဘာလ(၂၉)ရက်နေ့ ထုတ် Reporter News Journal Issue - 39 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


စက်တင်ဘာလ(၂၉)ရက်နေ့ ထုတ် Reporter News Journal Issue - 39

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



စက်တင်ဘာလ(၂၉)ရက်နေ့ ထုတ် Digital Life နည်းပညာ ဂျာနယ် အတွဲ-၂၊ အမှတ်-၂၁


စက်တင်ဘာလ(၂၉)ရက်နေ့ ထုတ် Digital Life နည်းပညာ ဂျာနယ် အတွဲ-၂၊ အမှတ်-၂၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





တောင်တရုတ်ပင်လယ်တွင် ငါးဖမ်းလှေ ၃ စီးနစ်မြုပ်၊ ၇၄ ဦးပျောက်ဆုံး


တောင်တရုတ်ပင်လယ်ကနေ တိုင်ဖွန်းမုန်တိုင်း ထွက်ခွာသွားချိန်မှာ ငါးဖမ်းလှေ ၃ စီး နစ်မြုပ်ပြီး တရုတ်တံငါသည် ၇၄ ဦး ပျောက်ဆုံးနေပါတယ်။ မနေ့က ဟိုင်နန်ခရိုင်ကနေ ၃၃၀ ကီလိုမီတာအကွာ ပါရာဆဲလ်ကျွန်းတွေအနီးမှာ သင်္ဘောတွေကို တိုင်ဖွန်းမုန်တိုင်း ၀ူတစ်က တိုက်ခတ်သွားတာလို့ ရှင်းဟွာသတင်းဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ အခု ဟိုင်နန်ရေကြောင်း ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးဌာနက ပျောက်ဆုံးနေသူတွေကို လိုက်ရှာနေပါတယ်။ အသက်ရှင်သူ ၁၄ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အရပ်ဂတိစာချုပ် တရားရင်ဆိုင်ရာတွင် ဆုံးရှုံးမှုပိုများနိုင်


မြေယာအဆောက်အဦတွေအပေါ် ရောင်းဝယ်တဲ့နေရာမှာ အများပြည်သူတွေက ကတိခံဝန်ချက်ဖြစ်တဲ့ စပါယ်ရှယ်ပါဝါနဲ့ချုပ်ဆိုပြီး ရောင်းဝယ်ကြတာဟာ ခိုင်လုံမှုမရှိဘူးလို့ ပြည်တွင်းအခွန်ဦးစီးဌာနက ပြောပါတယ်။ မြေယာအဆောက်အဦကို ၀ယ်ရောင်းတဲ့နေရာမှာ ကိုယ်ပိုင် မိမိရဲ့အမည်နဲ့ ပြောင်းပြီး အမည်ပေါက်လုပ်ဆောင်ထားမှသာ ခိုင်လုံမှုရှိတာပါ။ ဒါပေမယ့် လက်တွေ့မှာတော့ မြေယာ အဆောက်အဦတွေကို ရောင်းဝယ်တဲ့နေရာမှာ ကတိခံဝန်ချက်တွေနဲ့ ချုပ်ဆိုပြီး ရောင်းဝယ်နေကြတာမျိုးတွေ ရှိနေပါတယ်။ ဒါကြောင့် ဒီကတိခံဝန်ချုပ်တွေက ခိုင်လုံမှု မရှိဘူးလို့ ရန်ကုန်တိုင်း အခွန်ဦးစီးမှူး ဦးကျော်ကျော်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လယ်သိမ်းမှု ထပ်မလုပ်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ၃ ဦး အာမခံ


လယ်ယာမြေ သိမ်းယူမှုတွေနဲ့ ပတ်သက်ပြီး မှန်ကန်ရင် အမြန်ဆုံး ပြန်ပေးမယ် ဆိုတာနဲ့ အစိုးရ စီမံကိန်းတွေ အတွက် နောက်ထပ် အသစ် လယ်ယာမြေ သိမ်းယူမှု မလုပ်ဘူးဆိုတာတွေကို ပြည်ထောင်စု ဝန်ကြီး ၃ ဦးက တောင်သူ လယ်သမား အရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံရာမှာ အာမခံခဲ့ ပါတယ်။ သမ္မတရုံး ဝန်ကြီးတွေ ဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိမ်းနဲ့ မွေးမြူရေး ၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်တို့ဟာ မနေ့က မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ တောင်သူ လယ်သမား အရေး ဆောင်ရွက်နေကြတဲ အဖွဲ့အစည်း ၁၄ ဖွဲ့နဲ့ နိုင်ငံရေးပါတီ တခိျု့ လူပုဂ်ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နောက်ထပ် လယ်သိမ်းမှုတွေ မလုပ်ဘူးလို့ ဝန်ကြီး သုံးဦး အာမခံ

တိုးမြှင့်ပင်စင် လစာ ခံစားခွင့် ရရှိရန် အငြိမ်းစားဝန်ထမ်း တချို့ အခက် အခဲရှိဟုဆို


တိုး မြှင့် ပင်စင်လစာခံစားခွင့် ရရှိရန် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတချို့ အနေဖြင့် အခက်အခဲဖြစ်ပေါ်နေ ကြောင်း သိရသည်။ တိုးမြှင့်ပင်စင်လစာသစ်ခံ စားခွင့် မရရှိသေးသော ပင်စင်စား ဝန်ထမ်းများ အနေဖြင့် သက်ဆိုင် ရာ ငွေစာရင်းရုံးခွဲ၊ နီးစပ်ရာပင် စင်ဦးစီးဌာနရုံးချုပ်၊ တိုင်းဒေသ ကြီးရုံးနှင့် ပြည်နယ်ရုံးများကို ထွေ/ ဖုန်းနံပါတ်များနှင့် ဆက်သွယ် ရန် ကြေညာထားချက်အရ ဆက်သွယ် ထားသော် လည်း ပြန် လည်အ ကြောင်းကြားခြင်း မရှိကြောင်း လစာသစ်မရရှိသေးသော အငြိမ်း စားဝန်ထမ်းများထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ရခိုင်ပြည်နယ်အတွင်း ခိုးဝင်သူ ပိုများလာ


၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမယ့်သတင်း ထွက်ပေါ်နေချိန်မှာ ရခိုင်ပြည်နယ်အတွင်း ခိုးဝင်သူတွေ ပိုများလာတယ်လို့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးမိသားစု တွေ့ဆုံဆွေးနွေးပွဲမှာ ဒေသခံပြည်သူတဦးက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဒီဆွေးနွေးပွဲကို တက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ခြံစည်းရိုးကတော့ ကာတယ်။ ဒါပေမယ့် ချောင်းတွေ၊ မြောင်းတွေကျတော့ ကာမယ့်လူမရှိဘူး။ အဲဒီမှာ လှေတွေ ခိုးဝင် ခိုးထွက်ရှိတယ်။ ငါးဖမ်းတာတို့။ အမြဲတမ်း စိမ့်ဝင်ဖို့က ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှုကာလမှာ ဒီဘက်ကို ခိုးဝင်လာကြတာ ပိုများတယ်” လို့ ပြောပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ချီတက်ဆန္ဒပြသူများနှင့်အစိုးရ အချက် ၃ ချက် သဘောတူညီမှု ရရှိ


စစ်ကိုင်တိုင်း မုံရွာခရိုင် လက်ပန်းတာင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း လယ်တီ ဆရာတော်ဘုရားကြီးရဲ့ သိမ်တော်ကို မဖြိုဖျက်ရေးအတွက် ချီတက်တောင်းဆို ဆန္ဒပြသူတွေနဲ့ အစိုးရ တာဝန်ရှိသူတွေ ညှိနှိုင်းပြီးနောက် အချက် ၃ ချက် သဘောတူညီခဲ့ကြတယ်လို့ ဆန္ဒပြသူတဦးဖြစ်တဲ့ ကိုလှိုင်က ပြောပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တစ်ပေပတ်လည် စံသတ်မှတ်နှုန်းဂယက် စက်မှုဇုန်မြေ အရောင်းအဝယ်တန့်


ရန်ကုန်မြို့တော်တွင် တစ်ပေပတ်လည် မြေဈေးစံနှုန်းများကို သတ်မှတ်လိုက်ခြင်းကြောင့် စက်မှုဇုန် ဈေးကွက်အတွင်း အရောင်းအဝယ် ရပ်တန့်လျက် ရှိကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။ အဆိုပါ စက်မှုဇုန် ဈေးကွက် အတွင်းတွင် ဝယ်ယူမည့်သူထက် စောင့်ကြည့်သူ ပိုမိုများပြားလျက် ရှိကြောင်း အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဒေါ်လာ ရှစ်ဘီလျှံတန် ကျောက်စိမ်း အင်ပါယာကြီးကို မြန်မာ စစ်ဗိုလ်ဟောင်းများ ဖက်တွယ်ထားဆဲ

ကျောက်စကျောက်နတွေ စုပုံနေတဲ့ အကြားက လက်တစ်ဖ၀ါး စာလောက်ရှိတဲ့ ကျောက်စိမ်းတုံး တစ်တုံးကို ကြိုးစား ပမ်းစားနဲ့ ရှာဖွေနေတဲ့ ကိုတင်ထွန်း အတွက် အခုချိန်မှာတော့ သူလိုချင်တာကို ရရှိသွားခဲ့ပါပြီ။ အဲဒီ ကျောက်စိမ်းတုံးက သူ့ရဲ့ဘ၀အတွက် ကောင်းမွန်တဲ့ အပြောင်း အလဲတစ်ခုကို ဖန်တီး ပေးနိုင်လိမ့်မယ်လို့လည်း ကိုတင်ထွန်း တစ်ယောက် မျှော်လင့်နေပါတယ်။ အရင်ကလည်း အလားတူ ဖြစ်ရပ်မျိုး ကိုတင်ထွန်း ကြုံခဲ့ရပြီးပါပြီ။ “မနှစ်က ကျပ်သိန်း ၅၀၀ နီးပါးတန်တဲ့ ကျောက်စိမ်းတုံး တစ်တုံးကို ကျွန်တော်ရခဲ့ဖူးတယ်” လို့ ကိုတင်ထွန်းက ပြောပါ တယ်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မန္တလေးရှိုးပွဲ အုပ်စုဖွဲ့ရန်ပွဲတွင် ပါဝင်သူများ ဖမ်းဆီးရန် စုံစမ်းလျက်ရှိ


မန္တလေးမြို့ ဒိုင်းမွန်းပလာဇာတွင် ကျင်းပခဲ့သည့် စတိတ်ရှိုးပွဲ၌ ပရိသတ်အချင်းချင်း အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားရာမှ လူခုနစ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ ယင်းဖြစ်စဉ်တွင် ပါဝင်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။ ယခုလ ၂၇ ရက်က မန္တလေးမြို့ ဒိုင်းမွန်းပလာဇာတွင် ကျင်းပခဲ့သည့် ရှိုးပွဲ၌ ပွဲကြည့်သူအချင်းချင်း အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားခဲ့ရာ လူငယ်ခုနစ်ဦး ဒဏ်ရာများရရှိခဲ့ပြီး၊ ရန်ပွဲတွင် ပုလင်းကွဲ၊ ဖန်ကွဲများဖြင့် ရိုက်နှက်ခဲ့ကြပြီး ထိုသို့ရိုက်နှက်ခဲ့သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများတွင် ဆယ်ကျော်သက်အရွယ်လူငယ်များ ပါဝင်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မေ၂၆ရက်ညကကျင်းပခဲ့သော (မျှော်စင်ကျွန်း)  ဟစ်ဟော့ရှိုးပွဲမြင်ကွင်း ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)


လူငယ်တစ်ဦးက လမ်းသွားလမ်းလာများအား ဓာတ်ဆီဖြင့်ပက်၍ ကလေးငယ်တစ်ဦး ကျောကုန်းမီးလောင်


လူငယ်တစ်ဦးက ဓာတ်ဆီပုလင်းကိုင်၍ လမ်းသွားလမ်းလာများအား ဓာတ်ဆီဖြင့် ပက်ကာ မီးတို့သောကြောင့် တတိယတန်း ကျောင်းသားလေးတစ်ဦး၏ ကျောကုန်းတွင် မီးလောင်ဒဏ်ရာ ရရှိသွားသော ဖြစ်စဉ်တစ်ခု ဟသာင်္တမြို့၊ အမှတ်(၁)ရဲစခန်းပိုင် နယ်မြေတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ““ဖြစ်စဉ်ဖြစ်ခဲ့တာ မှန်ပါတယ်။ ပြစ်မှုကျူးလွန်သူက တိမ်းရှောင်နေပြီး တရားဥပဒေအတိုင်း ဆက်လက်အရေးယူသွားမှာပါ”” ဟု ဟသာင်္တမြို့၊ အမှတ်(၁)ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် အောင်စိန်မြင့်က ပြောသည်။ ဟင်္သာတမြို့၊ မြ၀တီရပ်ကွက်တွင် စက်တင်ဘာ ၂၈ ရက် ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် ကျော်ထက်ဝင်းဆိုသူက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကလေးငယ်ကျောကုန်းမှမီးလောင်ဒဏ်ရာ ဓာတ်ပုံ - Hinthada Humanright

ရခိုင်တိုင်းရင်းသားများ မကာကွယ်ပါက မြန်မာမြေပုံ ယခုအတိုင်း မရှိနိုင်ဟု သူရဦးရွှေမန်းဆို


ထူးခြားသည့် ပထဝီ အနေအထားအရ ရခိုင်ပြည်နယ်တွင် နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ရေးအတွက် ရခိုင်တိုင်းရင်းသားများ ခက်ခက်ခဲခဲ ကာကွယ်နေရပြီး ရခိုင်တိုင်းရင်းသားများ သာ မကာကွယ်ခဲ့ပါက မြန်မာနိုင်ငံ မြေပုံသည် ယခုအတိုင်း တည်ရှိနေမည် မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။ ရန်ကုန်မြို့တော် International Business Centre (IBC) တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တိုင်းရင်းသား အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး ဥပဒေမူကြမ်း လွှတ်တော်တင်မည်


တိုင်းရင်းသား အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး ဥပဒေမူကြမ်းကို ရှေ့နေချုပ်ရုံးသို့ တင်ပြခဲ့ပြီး ယင်းမူကြမ်းကို လွှတ်တော်တင်ရန် လုပ်ဆောင်နေကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။ အဆိုပါ ဥပဒေမူကြမ်း တတိယအဆင့် အနေနှင့် ရှေ့နေချုပ်ရုံးနှင့် အဆိုပါရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဥပဒေချုပ်များနှင့် ညှိနှိုင်းပြီး အဆိုပါ ဥပဒေမူကြမ်းကို လွှတ်တော် တင်ရ် စီစဉ်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




တပ်မတော်နှင့် ကေအင်န်ယူအကြား ယုံကြည်မှု ၉၉ ဒဿမ ၉၉ ရာခိုင်နှုန်း ရှိလာဟုဆို


တပ် မတော်နှင့် KNU ကရင်အမျိုး သား အစည်းအရုံးနှင့် အကြိမ်ကြိမ် ထိတွေ့ဆက်ဆံမှုများကြောင့် ယုံ ကြည်မှု တည်ဆောက်ခြင်းသည် ၉၉ဒသမ၉၉ရာခိုင်နှုန်းအထိ တိုး လာပြီဟု ကာကွယ်ရေးဦးစီးချုပ် က တင်စား ပြောဆိုကြောင်း KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။ ဖဒိုမန်းငြိမ်းမောင်က ''အခု နှစ် နှစ်ဆန်းပိုင်းမှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့စပြီးတွေ့တယ်။ သူက ပထမအကြိမ် KNU နဲ့တွေ့ဆုံ တုန်းက ယုံကြည် မှု က ရာခိုင်နှုန်း ရဝ ပဲရှိ တယ်။ အခု တတိယအကြိမ်တွေ့ တော့ ယုံကြည်မှုတည်ဆောက် တာက ၉၉ဒသမ၉၉ရာခိုင်နှုန်း ရှိလာပြီဆိုပြီးတော့ ပြောတယ်။ တော်ရုံတန်ရုံကိစ္စတွေဆို နားလည် မှုရှိလာပြီလို့ ပြောတယ်။ နှစ်ဦး နှစ်ဖက်တွေ့ ဆုံတာ သုံးကြိမ်ရှိပြီ ဖြစ်တဲ့အတွက် ဆက်ဆံရေးက တိုးတက်လာတယ်''ဟု ကာကွယ် ရေးဦးစီးချုပ်က ပြောဆိုခဲ့ကြောင်း ပြောသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



KNPP နှင့်အစိုးရတို့ ဖွံ့ဖြိုးရေးလုပ်ငန်း မပူးပေါင်းနိုင်သေး


ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ပြည်နယ်အစိုးရ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် ကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတူတကွ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းမရှိသေးကြောင်း KNPP မှ ဗိုလ်မှူးဘုန်းနိုင်က ပြောသည်။ “တိုင်းပြည်အတွက် ဖွံ့ဖြိုးရေးလုပ်မယ်။ လမ်းပန်းဆက်သွယ်ရေးလုပ်မယ်။ ကျန်းမာရေးကိစ္စတွေ လုပ်မယ်။ ကျနော်တို့က တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ကျနော်တော်တို့ ၀င်ထွက်ပြီးတော့ ပူးပေါင်းလုပ်ဆောင်တာမရှိဘူး။ ဒီနေ့ အထိပဲ။”   ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မွန်နှစ်ပါတီ ပေါင်းစည်းရေး အသင့်ဖြစ်ပြီ


၂၀၁၄ ခုနှစ်မကုန်ခင် မွန်နှစ်ပါတီ ပူးပေါင်းရေးအတွက် အလေးထား ဆောင်ရွက်သွားမယ်လို့ မွန်အမျိုးသား ညီလာခံ ဒုတိယနေ့ ပါတီပေါင်းစည်းရေး ဆွေးနွေးပွဲမှာ ပါတီခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။ ပါတီပေါင်းစည်းရေးနဲ့ပတ်သက်ပြီး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက RFA ကို အခုလိုပြောပါတယ်။----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ရခိုင်မိသားစုများ တွေ့ဆုံပွဲ အကျိုးရှိသည်ဟုဆို


ရခိုင်ပြည်နယ်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစုတွေ့ဆုံ ဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တွင် စက်တင်္ဘာလ ၂၉ ရက်နေ့က ကျင်းပ ပြုလုပ်သော ဆွေးနွေးပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယကလည်း ဖြစ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌလည်း ဖြစ်သော သူရ ဦးရွှေမန်း တက်ရောက်ပြီး ရခိုင်မိသားစုများ၏ တင်ပြချက်များကို အထူးဂရုပြု နားထောင်ခဲ့သည်ဟု သိရသည်။ ၎င်းဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် အတွင်းရှိ ၁၇ မြို့နယ်မှ တစ်မြို့နယ် (၃) ဦးကျစီဖြင့် ကိုယ်စားလှယ် (၅၀) ကျော် တက်ရောက်ခဲ့ပြီး လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းအား ရခိုင်ပြည်နယ်သူ ပြည်နယ်သားများ၏ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်းများကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးတင်ပြခဲ့ကြသည်ဟု တက်ရောက်ခဲ့သူများက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


( ဤဓါတ်ပုံအား Rakhine Citizen Journalists Facebook မှ ကူးယူဖေါ်ပြသည်။)


ဝိပဿနာဆရာကြီး ဦးဂိုအင်ကာ ကွယ်လွန်ရှာ


ဝိပဿနာဆရာကြီး ဦးဂိုအင်ကာသည် စက်တင်ဘာ ၂၉ ရက် ည ၁၁ နာရီခန့်က သူ၏နေအိမ်တွင် ကွယ်လွန်သွားခဲ့ကြောင်းသတင်းရရှိသည်။

သူ၏ ဈာပနကို အောက်တိုဘာ ၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံဘုံဘေမြို့တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ဆရာကြီး ဦးဂိုအင်ကာသည် ၁၉၂၄ ခုနှစ်က မြန်မာနိုင်ငံ မန္တလေးမြို့တွင်မွေးဖွားခဲ့ပါသည်။

Popular Myanmar News Journal


၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ရမ်းဗြဲတွင် လူပေါင်း ၃၀၀၀ ကျော် ချီတက် ဆန္ဒပြ


လျှပ်စစ်မီး ၂၄ ရရှိရေး အတွက် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် ဒေသခံ ၃၀၀၀ ကျော်ခန့်က ယနေ့တွင် လမ်းမများပေါ် ချီတက်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်ဟု သိရသည်။ ဆန္ဒဖေါ်ထုတ်ပွဲကို ယနေ့ (စက်တင်္ဘာလ ၃၀ ရက်)  နံနက် ၉ နာရီမှ စတင်က ရမ်းဗြဲမြို့ တလျှောက်ရှိ လမ်းမများပေါ် ချီတက် လှည့်လည်ကာ ဆန္ဒဖေါ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဦးဆောင် ပါဝင်သူ ကိုကျော်လွင်က နိရဉ္စရာသို့ ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လာမည့် ကျောင်းဖွင့်ရာသီ ပြဋ္ဌာန်းစာအုပ်တန်ဖိုး နှစ်ဆတက်မည်


လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စာရွက်သား အရည်အသွေး မြှင့်ထားသော အလယ်တန်းနှင့် အထက်တန်းအဆင့် အတန်းများအတွက် ပြဋ္ဌာန်းစာအုပ် တန်ဖိုးမှာ ယခင်တန်ဖိုး ထက် နှစ်ဆတက်မည် ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။ အဆိုပါ ပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရန် ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနက ဇူလိုင်လ တွင် တင်ဒါ စတင်ခေါ်ခဲ့ပြီး ပုံနှိပ်လုပ်ငန်းရှင် ၂၈ ဦး လာရောက် လျှောက်ထားခဲ့ရာ ၂၃ ဦး တင်ဒါ အောင်မြင်ခဲ့ကြောင်း၊ လုပ်ငန်းရှင် ၁၉ ဦးမှာ ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ပြီး ကျန်လေးဦးမှာ မန္တလေး တိုင်းဒေသကြီးမှ ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တပ်မတော် စစ်ကြောင်းများ ရုပ်သိမ်းရန် တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့ တောင်းဆို


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နယ်မြေများအတွင်း သွားလာနေသော တပ်မတော် စစ်ကြောင်းများကို ရုပ်သိမ်းပေးရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းလေးဖွဲ့က အစိုးရထံ တောင်းဆိုထားကြောင်း DKBA ဗိုလ်မှူးကြီး စောစန်းအောင်က ပြောကြားသည်။ စက်တင်ဘာ ၂၈ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံပွဲတွင် ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လက်ပံတောင်းအရေး လမ်းလျှောက်သူများ အာဏာပိုင်များ ညှိနှိုင်း


စစ်ကိုင်းတိုင်း သာသနာရေး ဝန်ကြီး ဦးတင်ဝင်းနှင့် စစ်ကိုင်းခရိုင် အုပ်ချုပ် ရေးမှူး ဦးမြင့်ဝေ တို့က လက်ပံတောင်းအရေး လမ်းလျှောက်သူများကို ဆက်လက် လမ်းမလျှောက်ရန် လာရောက် ညှိနှိုင်းခဲ့ပါသည်။
အဲ့လို ညှိနှိုင်းတဲ့ နေရာမှာ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာမှာ ပါရှိတဲ့ အတိုင်း လယ်တီဆရာတော်ကြီး၏ သိမ်နဲ့ သာသနိကအဆောက်အအုံတွေကို စနစ်တကျဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ RFA Burmese

Photo : RFA/ Moe Thu Aung

လက်ပံတောင်းအရေး လမ်းလျှောက်သူများ တစ်ညအိပ်ရပ်နားသည့် စိန်ရတနာ ဓမ္မာရုံ ပတ်ဝန်းကျင်တွင် စောင့်ကြည့်လျှက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များ / Photo : RFA/ Moe Thu Aung

သံတွဲမြို့မှာ သာမန် အငြင်းပွားရာကနေ ရုတ်ရုတ်သဲသဲ ဖြစ်


ရခိုင်ပြည်နယ် သံတွဲမြို့မှာ စနေနေ့က ကမန် အမျိုးသား ပါတီက ဦးကျော်စံလှရဲ့ အိမ်ရှေ့ အဝင်အထွက်မှာ ဆိုင်ကယ်မလွတ်လို့ အချင်းများရာကနေ လူအုပ်နဲ့ ရဲစခန်းကို သွားဝိုင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဆိုင်ကယ်သမား လူငယ်လေးကလည်း လူရည်မွန်လေး တဦး ဖြစ်သလို ဦးကျော်စံလှကလည်း မြို့မိမြို့ဖ တဦး ဖြစ်ကြောင်း၊ ဒါပေမယ့် အချင်းချင်း နားလည်မှု လွဲရာကနေ အချင်းများခဲ့တာ ဖြစ်ကြောင်း၊ ဒီသာမန် အငြင်းပွားမှုကို အခွင့်ကောင်း ယူပြီး လှုံ့ဆော်သူတွေ ရှိခဲ့တာကြောင့် အခုလို လူစုလူဝေးနဲ့ ရုတ်ရုတ်သဲသဲ အဆင့်ထိ ရောက်သွားတာလို့ သံတွဲခရိုင် NLD ဥက္ကဌ ဦးဝင်းနိုင်က ဘီဘီစီကို ပြောပြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရခိုင်ဒေသမှာ သာမန် အငြင်းပွားမှုတွေကနေ အကြမ်းဖက် ဆူပူမှုတွေ အထိ ဖြစ်ခဲ့

ပါကစ္စတန် ဖောက်ခွဲမှု လူ ၃၀ ကျော် သေဆုံး

ပေါက်ကွဲမှု ကြောင့် လူ ၃၀ ကျော် သေဆုံး


ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့မှာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၃၀ ကျော်သေဆုံးပြီး ၇၀ ဒဏ်ရာရခဲ့ပါတယ်။

လူစည် ကားတဲ့ ဈေးတ ဈေးမှာ ဒီနေ့ တနင်း ဂနွေနေ့ မနက်မှာ ဗုံး ၂ လုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဒီဗုံးပေါက်ကွဲမှုကြောင့် ဈေးဆိုင်တွေ မော်တော်ကားတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

မော်တော်ကား တစီးပေါ်မှာ အချိန် ၂၀၀ ကီလိုဂရမ်ရှိတဲ့ ဖောက်ခွဲပစ္စည်းတွေ တင်ဆောင်ပြီး ရဲစခန်းအနားမှာ ကားရပ်နား ပါကင်ထိုးပြီးမှ ဖောက်ခွဲခဲ့တာလို့ ရဲအဖွဲ့က သံသယရှိပါတယ်။

အခု ဗုံးပေါက်ကွဲမှုဟာ တပတ်အတွင်း တတိယ အကြိမ်ပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

စက်တင်ဘာလ(၃၀)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ


စက်တင်ဘာလ(၃၀)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





စက်တင်ဘာလ(၃၀)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ


စက်တင်ဘာလ(၃၀)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





စက်တင်ဘာလ(၂၆)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် ၈၈၉


စက်တင်ဘာလ(၂၆)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် ၈၈၉

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





စက်တင်ဘာလ(၂၅)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပဂျာနယ် အမှတ် ၄၅၅


စက်တင်ဘာလ(၂၅)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပဂျာနယ် အမှတ် ၄၅၅

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဝမ်းတွင်းမြို့မှာ မိုးများလို့ ကျေးရွာအချို့ နဲ့ မြို့စွန်တွေမှာ ရေကြီးနေ


စက်တင်္ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာခရိုင် ၊ ၀မ်တွင်းမြို့မှာ ၄ရက် အဆက်မပြတ်  မိုးရွာလာလို့  ကျေးရွာအချို့နဲ့ မြို့အစွန်တွေမှာ ရေတွေ တက်လာခဲ့ပါတယ်။ သဖန်းကန် နဲ့ အောင်သာကန် တွေကျိုးခဲ့တယ်လို့ကြားသိရပါတယ် ။ ရေတက်လာတဲ့ ကျေးရွာတွေကတော့ လိမ်ပင်ရပ် ထီးလှိုင်(ရှေ့)ရွာ ၊ထီလှိုင်(နောက်)ရွာ၊ ရွှေတွင်းတူးရွာ၊ ဆယ်ရွာ၊ စိန်ပန်းပင်ရွာ  တို့နဲ့ ရေဆုံးဆယ်ရွာ၊ ခင်ကြီး
ရွာ တွေမှာ(စက်တင်ဘာလ၂၉ရက်၂၀၁၃)နေ့မှာ ရေတက် လာတာဖြစ်ပါတယ်။

တစ်စုံတရာ ပျက်စီး ဆုံးရှုံးမှုမရှိ ခဲ့ပါဖူး။ နီးစပ်ရာလူမှုအဖွဲ့များနဲ့ပါတီများ  ဌာနဆိုင်ရာတွေ သွားရောက်ကူညီပြီး လုပ်ဆောင်ပေးနေကြပါတယ်။ ဆင်ချီတိုင်ကျေးရွာအုပ်စု ဆားတောင်ကုန်းကျေးရွာကို  သင်ပုန်းချောင်းရေ ပတ်လည်ဝိုင်းနေပြီး ဆက်သွယ်ရ ခက်ခဲပြီး ရေစီးသန်လွန်းတဲ့နေရာတွေမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူးကိုယ်တိုင်သွားရောက် ကူညီခဲ့ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှား အရပ်ဒေသမှာ ဇွန်လ၂  ရက်၂၀၀၁ခုနှစ်မှာ ယခုထက် များသော ရေများကြီးခဲ့ပြီး လူအသေအပျောက်ရှိခဲ့ပေမဲ့ယခုအခါတွင်ဘာမှ မဆုံးရှုံးခဲ့ပါ ။ စမုံချောင်းရေအစီး သန်လွန်းနေတာကို အရဲစွန့်ကူးသူ ဆူးပန်းကျေးရွာသား တစ်ဦးရေထဲပါသွားတယ်လို့ သတင်းရရှိထားကြောင်း ၀မ်းတွင်း ဒေသခံ တွေက Myanmar News Now ကို ပြောပါတယ်။




ဝမ်းတွင်းရေကြီး နေတယ် ။ လူတွေက ဆည်နားမှာ အခြေအနေစောင့်ကြည့်နေကြတယ် ။ အထက်က လူတွေပါမျောလာလို့ လူနာတင်ကားတွေပါစောင့်နေတယ် ။ တချို့ ရွာတွေနဲ့ ဖုံးအဆက်အသွယ် ပဲရတယ် ။လူသွားလို့မရဘူး ။ ဓါတ်ပုံ - လှဌေး 


ဒေသဖွံ့ဖြိုးရေး ရခိုင်တိုင်းရင်းသားတွေနဲ့ သူရဦးရွှေမန်း ဆွေးနွေး

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို အကြမ်းဖက်မှု ပဋိပက္ခတွေ အပါအ၀င် ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ ရခိုင်တိုင်းရင်းသားတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း လွှတ်တော် အကြီးအကဲ တဦးအနေနဲ့ ပထမဦးဆုံးအကြိမ် ရခိုင်တိုင်းရင်းသားတွေနဲ့ တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုအပေါ် သူရဦးရွှေမန်းရဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုလို့ သုံးသပ်ကြသူတွေလည်းရှိသလို အစိုးရခေါင်း ဆောင်တွေ၊ လွှတ်တော်အကြီးအကဲတွေရဲ့ အခုလို လူထုတွေနဲ့ ထိတွေ့ဆက်ဆံမှုအပေါ် အပြုသဘော တုံ့ပြန်မှုတွေ လည်းရှိပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






လက်ပံတောင်းအရေး ဆန္ဒပြသူများ ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်


လက်ပံတောင်းအရေး လှုပ်ရှားသူ သံဃာတော်တွေနဲ့ ဒေသခံတွေ စုစုပေါင်း ၅၀ လောက်ဟာ မန္တလေးတိုင်း အမရပူရမြို့အဝင်ကနေ လက်ပံတောင်းတောင်ခြေ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်အထိ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြရာ အာဏာပိုင်တွေက ခွင့်ပြုခြင်းမရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းက လယ်တီဆရာတော် ဘုရားကြီးရဲ့သိမ်တော်နဲ့ သာသနိက အဆောက်အအုံတွေကို မူလအတိုင်းထားပေးဖို့ သူတို့တွေက တောင်းဆိုကြတာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လယ်တီသိမ်ကို ထိန်းသိမ်းဖို့ ချီတက်လမ်းလျှောက် သူတွေ စစ်ကိုင်းအ၀င်မှာ တားဆီးပြီ


လက်ပတောင်းတောင်ဒေသ လယ်တီဆရာတော်ဘုရားကြီး သိမ်နဲ့စေတီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အင်းအားစုများက မန္တလေးမြို့ ငွေငါးကျောင်းတိုက်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး စုံစမ်းရေး ကော်မရှင် တင်ပြချက်တွေနဲ့ သံဃာတော်တွေရဲ့ ၀ိနည်းတော် လုပ်ထုံး... လုပ်နည်းများအတိုင်း ထိန်းသိမ်းပေးဖို့ စက်တင်ဘာ ၂၉ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ သတင်းစာရှင်းလင်းပွဲ အပြီးမှာ လမ်လျှောက်ချီတက်ပွဲကိုလဲ စတင်ပြုလုပ်နေပါတယ်။

သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ
DVB TV News

အမရပူရမြို့နယ်ကနေ လက်ပတောင်းအထိ ချီတက်လမ်းလျှောက်လာတဲ့ လယ်တီ ဆရာတော်ဘုရားကြီး သိမ်နဲ့စေတီ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး အင်းအားစုတွေကို စစ်ကိုင်းအ၀င်မှာ တားဆီးပြီ

အမရပူရမြို့နယ်ကနေ စတင်ချီတက်လမ်းလျှောက်လာနေတဲ့ လက်ပတောင်းဒေသ လယ်တီဆရာတော်ဘုရားကြီး သိမ်နဲ့စေတီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အင်းအားစုတွေကို စစ်ကိုင်းအ၀င်မှာ စောင့်ကြိုနေသူများကို တွေ့ရစဉ်။

စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်မှုကြောင့် တောင်ငူတွင် ထပ်မံရေကြီး


ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်ကို ဒုတိယအကြိမ်မြောက် ကျော်လွန်ခဲ့သဖြင့် မြို့အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေကြီးမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း တောင်ငူမြို့ခံများ ထံမှသိရသည်။ စက်တင်ဘာလ ၂၈ ရက်နေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာ အထက်သို့ ကျော်လွန်ပြီး ၆၁၆ စင်တီမိတာအထိ ရောက်ရှိ ခဲ့ကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်အောင်က ပြောကြားသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မအားသေးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ကွမ်းယာဆိုင်၌်ချက်ထိုးရင်းပြော


ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ မဲဇလီဒလကျေး  ရွာရှိလယ်သမားကြီးဦးစိန်သောင်း နှင့် လယ်သမားများ၏ လယ်ယာ မြေကိစ္စနှင့် ပတ်သက်၍သတင်း မီယာများတွေ့ဆုံပွဲကို ၂၀၁၃ ခုနှစ်   စက်တင်ဘာ (၂၅) ရက်နေ့ နံနက်  (၁၀း၃၀) တွင် လယ်သမားကြီး ဦးစိန်သောင်းအိမ်၌ ကျင်းပရာ လယ်ယာမြေနှင့် ပတ်သက်သော  ကိစ္စများကို မီဒီယာအဖွဲ့များအား ရှင်းလင်းပြောကြားခဲ့ကြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လူတိုင်း ကျန်းမာရေး စောင့်ရှောက်မှုအတွက် မြန်မာအစိုးရ အကုန်ကျခံမှု သိပ်နည်းပါးဟု WHO ပြော (ရုပ်/သံ)


ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ အတွက် လူတိုင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ဆောင­်ဖို့ မြန်မာအစိုးရဟာ ဘဏ္ဍာငွေ အကုန်အကျခံမှု သိပ်ကို နည်းပါးနေတယ်လို့ WHO အရာရှိက စက်တင်ဘာ ၂၈ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



အတည်ပြုလိုက်တဲ့စည်ပင်ဥပဒေမူကြမ်းမှာ ငွေနှင့်ထောင်ဒဏ် တိုးမြှင့်လိုက်သည်


စက်တင်ဘာလ ၂၄ ရက်က ပြုလုပ်သော ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်၏ ပထမအကြိမ်၊ ဆဋ္ဌမပုံမှန်အစည်းဝေး၏ ၈ရက် မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသ ကြီး၏ စည်ပင်သာယာရေး ဥပဒေ ကြမ်းကို အတည်ပြုခဲ့သည်။ ယင်းဥပဒေကြမ်းတွင်စည်ပင် သာယာဥပဒေ ချိုးဖောက်မှုများ အတွက် ငွေဒဏ်ကို ဆယ်ဆတိုး ခြင်းနှင့် ထောင်ဒဏ် မြှင့်တင်ခြင်း တို့ပါဝင်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကြုံကြရ ဘုံဘ၀က ငပိဒုက္ခ (ဒေါက်တာခင်မောင်ညို)


“ကိုဘသစ် နက်နက်စောစောကြီးဘယ်ကလှည့်လာတာလဲ”

“မော်လမြိုင်ကပြန်လာတာပါ။ ကျုပ်ဘကြီးတစ်ယောက်နေမကောင်းလို့သွားကြည့်တာ၊ဘကြီးကအသက် ၈၁ နှစ်ရှိပြီ”

“အခြေအနေဘယ်လိုရှိလဲ”

“ကောင်းသွားပါပြီ။ ဘကြီးတို့က ခြံထဲမှာနေတော့လေကောင်းလေသန့်ရတယ်။သန်သန်မာမာဆိုပေမဲ့ ဘကြီးစကားနဲ့ဆိုရင် ဇရာထောင်းတော့ ဘယ်ဟာမှမကောင်းဘူး ကွ လို့ပြောရမှာပဲ”

“အင်းဇရာကိုညာလို့မရဘူး”

“ဒါနဲ့ဘာသတင်းထူးသေးလဲ”

“ခင်ဗျားပြောတဲ့ ငပိကိစ္စတော့ထူးတယ်ဗျ၊ MRTV ကသတင်းတွေထုတ်ပြန်တယ်”

“ဟုတ်လား၊လုပ်စမ်းပါဦး”

“သူတို့ဟာ ဧရာဝတီတိုင်းရန်ကုန်တိုင်းစတဲ့ ငပိ Sample သုံးမျိုးကို FDA ဓာတ်ခွဲခန်းကိုပို့သတဲ့”

“ဓာတ်ခွဲခန်းပို့လည်း ယူရီးယားတွေ့မှာပဲပေါ့”

“မတွေ့ဘူးတဲ့၊ ငပိ Sample သုံးမျိုးအနက် တစ်မျိုးမှာပဲ ယူရီးယားတွေ့တယ်၊ဒီလိုဆိုရင် အဲဒီတစ်မျိုးသာ ယူရီးယားဓာတ်မြေသြဇာထည့်ထားတာ ဖြစ်ရမယ်ပေါ့။ တကယ်လို့ ငပိဟူသ၍ ယူရီးယားပါတယ်ဆိုရင် ကျန်တဲ့ ငပိ Sampleနှစ်ခုမှာလည်း ဒီလိုယူရီးယားကိုတွေ့ရမယ်လို့ဗအုပ်ခိုင်ကကောက်ချက်ချတယ်”

“ကိုဘအုပ်ခိုင်ကောက်ချက်ချတာကိုကြားတော့ ကျုပ်ဘကြီးပြောတာကိုသတိရတယ်”

“ကျုပ်မော်လမြိုင်သွားတယ်လေ၊ဘကြီးနေမကောင်းလို့သွားကြည့်တာ၊ကျုပ်ပြောပြတယ်မဟုတ်လား”

“ပြောပါတယ်”

“မော်လမြိုင်ရောက်တော့ဘကြီးကနေကောင်းနေပြီ၊ သူ့ကိုကြက်ပေါင်းရည်တို့ ငှက်သိုက်တို့ကို တိုက်တော့မသောက်ဘူး။ဒါနဲ့ ဘကြီးကိုမေးတာပေါ့။

‘ဘကြီး ၊ ဘာလို့ဒါတွေမသောက်လဲ”

“ဒါတွေက ဓာတုဗေဒပစ္စည်းတွေပါမယ်လေ”

“ဟင်ဘကြီးဘယ်လိုလုပ်သိလဲ”

“သိဆို ကြက်ပေါင်းရည်ဆိုတာ ခဏလေးထားရင်တောင် ပုတ်သွားတာပဲလေ။တစ်ညလောက်ကြာရင်သိုးသွားတာပဲ”

“ဒါနဲ့ကျုပ်လည်းဘကြီးကို ဒါတွေမတိုက်ရဲတော့ဘူး။ ကြာကြာခံအောင်လုပ်ထားတဲ့အစာဆိုတာ တစ်စုံတစ်ခုထည့်ရတယ်။ ဥပမာ ငါးဆားနယ်ဆိုကပါတော့ ဆားက မပုတ်အောင်လုပ်ထားတယ်။ ငါးသေတ္တာဆိုဆီက မပုတ်အောင်လုပ်ထားတာပေါ့”

“အင်းဒါကြောင့်မြန်မာဆိုင်က  ဟင်းတွေဆီများတာပေါ့”

“ဟုတ်တယ်၊မြန်မာပြည်လိုပူတဲ့ ဒေသတွေမှာ ဟင်းတွေမှာ ဆီတွေအုပ်နေမှမပုပ်သိုးတာပေါ့။ရေခဲသေတ္တာထဲထည့်ပြီး ထားရင် နှစ်ရက်သုံးရက်တော့ခံတယ်။ Freezer ထဲထည့်ထားရင် ဒီထက်ကြာကြခံတယ်”

“ခင်ဗျားဘကြီးကခေါင်းမာတာပဲ”

“သူပြောတာမှန်ပါတယ်။ အမှန်တော့အန္တရာယ.်နည်းတဲ့ Sodium Benzoate လိုမျိုးကို အစားအသောက်တွေမှာ Food Preservative အနေနဲ့ခွင့်ပြုထားတယ်။ဒါပေမဲကအချို့ကျတော့လည်း ယမ်းစိမ်း (Soium Nirate )ကိုထည့်တယ်။ ၀က်အူချောင်းတို့မှာ ထည့်တာရှေးကတည်းကပဲ”

“ဘာမှမဖြစ်ဘူးလား”

“ကင်ဆာဖြစ်တာပေါ့။ဒါကလည်းများမှပါ။ ရှောက်ယိုတွေမှာကော့ပါးဆာလဖိတ်(ဒုတ္ထာ)ထည့်တာ လည်းအန္တရာယ် များတယ်”

“စိမ်းစိမ်းလေးဖြစ်အောင်ထည့်တာပဲမဟုတ်လား”

“မှန်ပါတယ်။ အစားအသောက်တွေမှာ Adulteration ဆိုတာ မျိုးတွေအများကြီးပါ”

“ဒါဆိုရင် ငပိမှာ ယူရီးယားမြေသြဇာထည့်တယ်ဆိုတာ ခင်ဗျားလက်ခံတာပေါ့”

“ဒါကိုကျွန်တော်ဘာမှ ကောက်ချက်မပေးလိုပါဘူး။အရင်အပတ်ကကျွန်တော်ပြောသလိုပါပဲ ငါးတွေရဲ့ကိုယ်ထဲမှာ ယူရီးယားတွေပါနေတယ်။ဒါကြောင့် ကျွန်တော်က ယူရီးယားကိုငပိမှာတွေ့ရင် ဓာတ်မြေသြဇာကြောင့်ဆိုတာမပြောနိုင်ဘူး လို့ပြောခဲ့တာပဲ”

“ဒါပေမဲ့ကိုဘသစ်ရ၊ ကိုဗအုပ်ခိုင်က သူတို့ဟာ ဧရာဝတီတိုင်းရန်ကုန်တိုင်းစတဲ့ ငပိ Sample သုံးမျိုးကို FDA ဓာတ်ခွဲခန်းကိုပို့တယ်။ငပိ Sample သုံးမျိုးအနက် တစ်မျိုးမှာပဲ ယူရီးယားတွေ့တယ်၊ဒီလိုဆိုရင် အဲဒီတစ်မျိုးသာ ယူရီးယားဓာတ်မြေသြဇာထည့်ထားတာ ဖြစ်ရမယ်လို့ဗအုပ်ခိုင်ကကောက်ချက်ချထားတယ်”

“ဒါကြောင့်ပြောတာပေါ့၊ စောစောကစကားကိုပြန်ကောက်မယ်။ကျုပ်ဘကြီးကို အားဖြစ်စေတာတွေဘာတိုက်တိုက်မသောက်ဘူး။ဘကြီးက ‘ငါအားရှိပါတယ် မင်းဒီမှာကြည့်’ ဆိုပြီးခြံထောင့်ကိုခေါ်သွားတယ်။ ပြီးတော့ ဧရာမကျောက်တုံးကြီးကိုမပြတယ်”

“သူကျောက်တုံးကြီးကိုမပြတယ်ဟုတ်လား”

“ဟုတ်တယ်။ဒါပေမဲ့ကျောက်တုံးကြီးကိုသူမမနိုင်ဘူး”

“ဒါဆိုသူအားရှိတယ်ဆိုတာမှားနေတာပေါ့”

“ဒါပေမဲ့သူကပြောတယ်။ ‘ ဟေ့ ဒီမှာတွေ့လး။ ဒီကျောက်တုံးကိုငါ ၁၈ နှစ်သားကလည်းမ,မနိုင်ဘူး။ခုလည်းမ, မနိုင်ဘူး။ ငါ ၁၈ နှစ်သားလောက်အားရှိတုန်းပဲ’ တဲ့”

“ဟားဟား၊ သူ့လောဂျစ်ကလဲ တစ်မျိုးကြီးပဲ”

“ဒါကြောင့်ပြောတာပေါ့။ မတွေ့တာမဖြစ်တာ စောစောက ဘကြီး မ,မနိုင်တာတွေကို ကောက်ချက်ချလို့မရဘူး။ သူတို့ တကယ်လို့ ငပိဟူသ၍ ယူရီးယားပါတယ်ဆိုရင် ကျန်တဲ့ ငပိ Sampleနှစ်ခုမှာလည်း ဒီလိုယူရီးယားကိုတွေ့ရမယ် လို့ပြော တယ်။ ဒါဟာဖြစ်နိုင်သလိုမဖြစ်လည်းမဖြစ်နိုင်ဘူး။ယူရီးယားဟာ ကြာလာရင်အမိုးနိးယားနဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ဖြစ်သွား တယ်။ နောက်ပြီးယူရီးယားကို ဘက်တီးရီးယားအချို့ကလည်းစားသုံးတယ်”

“ဒါဆိုသူတို့ကောက်ချက်တွေဟာမှားနေတာပေါ့”

“သိပ္ပံစကားနဲ့ပြောရင်တော့ မသေချာတဲ့ကောက်ချက်ပေါ့။တောင်ပေါ်မှာလူသုံးယောက်ကိုတွေ့တယ်။တစ်ယောက်ပဲဘုရားရှိခိုးတယ်ဒါကြောင့်ကျန်တဲ့နှစ်ယောက်ကဗဒ္ဓဘာသာဝင်မဟုတ်ဘူး ဆိုတဲ့ကောက်ချက်လိုမျိုးပါ”

“ဒီလိုကောက်ချက်ချရင်မှားလား”

“မှားနိုင်ပါတယ်။ ခုဟာက မြန်မာတစ်မျိုးသားလုံးစားသောက်နေတဲ့ ငပိကိစ္စကိုပြောတာကြောင့်သတိထားဖို့ပြောတာပါ။ ဓာတ်ခွဲခန်းကတော့ပါမပါအဖြေထုတ်ပေးတာပဲ၊ ဒါပေမဲ့တစ်ခါတစ်ခါ ဘယ်လောက်ပါတာကိပဲစမ်းလို့ ရမယ်ဆိုတာမျိုး လည်းရှိတယ်။အချို့ငပိလုပ်ရင် အူတွေကလီစာတွေကိုမထုတ်ဘူး။ အချို့က အူတွေကလီစာတွေထုတ်တယ်။ မတူဘူး။ အူကလီစာတွေပါရင် ငပိတွေထဲမှာယူရီးယားတွေများနေမှာအသေအချာပဲပေါ့”

“ဒါဆိုရင်ငပိကိုစားသုံးဖို့သင့်တယ်ပေါ့”

“ကျုပ်ကအဲဒါကိုပြောချင်တာမဟုတ်ဘူး။ လွဲမှားနေတဲ့ လောဂျစ်တွေအယူအဆတွေနဲ့ မှားတဲ့ကောက်ချက်တွေမချမိဖို့ပါ။ သိပ္ပံပညာမှာ မှန်ကန်တဲ့ကောက်ချက်တွေချလို့ ခုလိုကမ္ဘာကြီးတိုးတက်လာတာပါ။ ခင်ဗျားကိုဒီအကြောင်းတွေ ပြောပြရဦးမယ်”

“ပြောပါဗျာ၊ ခင်ဗျားဘကြီးလိုပြောချင်တာက ကျုပ်ဟာ သိပ္ပံပညာကိုအရင်ကလည်း နားမလည်ဘူး။ခုလည်းနားမလည်ဘူး၊ ဒါကြောင့် ကျုပ်က ငယ်ငယ်ကလိုပဲခုထိပညာတော်နေတာ”

“ဟားဟားဟား”

ဒေါက်တာခင်မောင်ညို

by Myanmar News Now


အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ