လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ရခိုင်မိသားစုများ တွေ့ဆုံပွဲ အကျိုးရှိသည်ဟုဆို


ရခိုင်ပြည်နယ်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစုတွေ့ဆုံ ဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တွင် စက်တင်္ဘာလ ၂၉ ရက်နေ့က ကျင်းပ ပြုလုပ်သော ဆွေးနွေးပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယကလည်း ဖြစ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌလည်း ဖြစ်သော သူရ ဦးရွှေမန်း တက်ရောက်ပြီး ရခိုင်မိသားစုများ၏ တင်ပြချက်များကို အထူးဂရုပြု နားထောင်ခဲ့သည်ဟု သိရသည်။ ၎င်းဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် အတွင်းရှိ ၁၇ မြို့နယ်မှ တစ်မြို့နယ် (၃) ဦးကျစီဖြင့် ကိုယ်စားလှယ် (၅၀) ကျော် တက်ရောက်ခဲ့ပြီး လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းအား ရခိုင်ပြည်နယ်သူ ပြည်နယ်သားများ၏ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်းများကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးတင်ပြခဲ့ကြသည်ဟု တက်ရောက်ခဲ့သူများက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


( ဤဓါတ်ပုံအား Rakhine Citizen Journalists Facebook မှ ကူးယူဖေါ်ပြသည်။)


လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ရခိုင်မိသားစုများ တွေ့ဆုံပွဲ အကျိုးရှိသည်ဟုဆို လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ရခိုင်မိသားစုများ တွေ့ဆုံပွဲ အကျိုးရှိသည်ဟုဆို Reviewed by သစ်ထူးလွင် on 12:13 Rating: 5
Powered by Blogger.