မန္တလေးရှိုးပွဲ အုပ်စုဖွဲ့ရန်ပွဲတွင် ပါဝင်သူများ ဖမ်းဆီးရန် စုံစမ်းလျက်ရှိ


မန္တလေးမြို့ ဒိုင်းမွန်းပလာဇာတွင် ကျင်းပခဲ့သည့် စတိတ်ရှိုးပွဲ၌ ပရိသတ်အချင်းချင်း အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားရာမှ လူခုနစ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ ယင်းဖြစ်စဉ်တွင် ပါဝင်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။ ယခုလ ၂၇ ရက်က မန္တလေးမြို့ ဒိုင်းမွန်းပလာဇာတွင် ကျင်းပခဲ့သည့် ရှိုးပွဲ၌ ပွဲကြည့်သူအချင်းချင်း အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားခဲ့ရာ လူငယ်ခုနစ်ဦး ဒဏ်ရာများရရှိခဲ့ပြီး၊ ရန်ပွဲတွင် ပုလင်းကွဲ၊ ဖန်ကွဲများဖြင့် ရိုက်နှက်ခဲ့ကြပြီး ထိုသို့ရိုက်နှက်ခဲ့သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများတွင် ဆယ်ကျော်သက်အရွယ်လူငယ်များ ပါဝင်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မေ၂၆ရက်ညကကျင်းပခဲ့သော (မျှော်စင်ကျွန်း)  ဟစ်ဟော့ရှိုးပွဲမြင်ကွင်း ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)


မန္တလေးရှိုးပွဲ အုပ်စုဖွဲ့ရန်ပွဲတွင် ပါဝင်သူများ ဖမ်းဆီးရန် စုံစမ်းလျက်ရှိ မန္တလေးရှိုးပွဲ အုပ်စုဖွဲ့ရန်ပွဲတွင် ပါဝင်သူများ ဖမ်းဆီးရန် စုံစမ်းလျက်ရှိ Reviewed by သစ်ထူးလွင် on 15:35 Rating: 5
Powered by Blogger.