ဝမ်းတွင်းမြို့မှာ မိုးများလို့ ကျေးရွာအချို့ နဲ့ မြို့စွန်တွေမှာ ရေကြီးနေ


စက်တင်္ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာခရိုင် ၊ ၀မ်တွင်းမြို့မှာ ၄ရက် အဆက်မပြတ်  မိုးရွာလာလို့  ကျေးရွာအချို့နဲ့ မြို့အစွန်တွေမှာ ရေတွေ တက်လာခဲ့ပါတယ်။ သဖန်းကန် နဲ့ အောင်သာကန် တွေကျိုးခဲ့တယ်လို့ကြားသိရပါတယ် ။ ရေတက်လာတဲ့ ကျေးရွာတွေကတော့ လိမ်ပင်ရပ် ထီးလှိုင်(ရှေ့)ရွာ ၊ထီလှိုင်(နောက်)ရွာ၊ ရွှေတွင်းတူးရွာ၊ ဆယ်ရွာ၊ စိန်ပန်းပင်ရွာ  တို့နဲ့ ရေဆုံးဆယ်ရွာ၊ ခင်ကြီး
ရွာ တွေမှာ(စက်တင်ဘာလ၂၉ရက်၂၀၁၃)နေ့မှာ ရေတက် လာတာဖြစ်ပါတယ်။

တစ်စုံတရာ ပျက်စီး ဆုံးရှုံးမှုမရှိ ခဲ့ပါဖူး။ နီးစပ်ရာလူမှုအဖွဲ့များနဲ့ပါတီများ  ဌာနဆိုင်ရာတွေ သွားရောက်ကူညီပြီး လုပ်ဆောင်ပေးနေကြပါတယ်။ ဆင်ချီတိုင်ကျေးရွာအုပ်စု ဆားတောင်ကုန်းကျေးရွာကို  သင်ပုန်းချောင်းရေ ပတ်လည်ဝိုင်းနေပြီး ဆက်သွယ်ရ ခက်ခဲပြီး ရေစီးသန်လွန်းတဲ့နေရာတွေမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူးကိုယ်တိုင်သွားရောက် ကူညီခဲ့ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှား အရပ်ဒေသမှာ ဇွန်လ၂  ရက်၂၀၀၁ခုနှစ်မှာ ယခုထက် များသော ရေများကြီးခဲ့ပြီး လူအသေအပျောက်ရှိခဲ့ပေမဲ့ယခုအခါတွင်ဘာမှ မဆုံးရှုံးခဲ့ပါ ။ စမုံချောင်းရေအစီး သန်လွန်းနေတာကို အရဲစွန့်ကူးသူ ဆူးပန်းကျေးရွာသား တစ်ဦးရေထဲပါသွားတယ်လို့ သတင်းရရှိထားကြောင်း ၀မ်းတွင်း ဒေသခံ တွေက Myanmar News Now ကို ပြောပါတယ်။




ဝမ်းတွင်းရေကြီး နေတယ် ။ လူတွေက ဆည်နားမှာ အခြေအနေစောင့်ကြည့်နေကြတယ် ။ အထက်က လူတွေပါမျောလာလို့ လူနာတင်ကားတွေပါစောင့်နေတယ် ။ တချို့ ရွာတွေနဲ့ ဖုံးအဆက်အသွယ် ပဲရတယ် ။လူသွားလို့မရဘူး ။ ဓါတ်ပုံ - လှဌေး 


ဝမ်းတွင်းမြို့မှာ မိုးများလို့ ကျေးရွာအချို့ နဲ့ မြို့စွန်တွေမှာ ရေကြီးနေ ၀မ်းတွင်းမြို့မှာ မိုးများလို့ ကျေးရွာအချို့ နဲ့ မြို့စွန်တွေမှာ ရေကြီးနေ Reviewed by သစ်ထူးလွင် on 02:41 Rating: 5
Powered by Blogger.