ပါကစ္စတန် ဖောက်ခွဲမှု လူ ၃၀ ကျော် သေဆုံး

ပေါက်ကွဲမှု ကြောင့် လူ ၃၀ ကျော် သေဆုံး


ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့မှာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၃၀ ကျော်သေဆုံးပြီး ၇၀ ဒဏ်ရာရခဲ့ပါတယ်။

လူစည် ကားတဲ့ ဈေးတ ဈေးမှာ ဒီနေ့ တနင်း ဂနွေနေ့ မနက်မှာ ဗုံး ၂ လုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဒီဗုံးပေါက်ကွဲမှုကြောင့် ဈေးဆိုင်တွေ မော်တော်ကားတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

မော်တော်ကား တစီးပေါ်မှာ အချိန် ၂၀၀ ကီလိုဂရမ်ရှိတဲ့ ဖောက်ခွဲပစ္စည်းတွေ တင်ဆောင်ပြီး ရဲစခန်းအနားမှာ ကားရပ်နား ပါကင်ထိုးပြီးမှ ဖောက်ခွဲခဲ့တာလို့ ရဲအဖွဲ့က သံသယရှိပါတယ်။

အခု ဗုံးပေါက်ကွဲမှုဟာ တပတ်အတွင်း တတိယ အကြိမ်ပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ပါကစ္စတန် ဖောက်ခွဲမှု လူ ၃၀ ကျော် သေဆုံး ပါကစ္စတန် ဖောက်ခွဲမှု လူ ၃၀ ကျော် သေဆုံး Reviewed by သစ်ထူးလွင် on 03:52 Rating: 5
Powered by Blogger.