လွတ်ငြိမ်းချမ်းသာခွင့်အပါအ၀င် အကြောင်းအရာလေးရပ်အား ဆွေးနွေးခဲ့ကြောင်းသိရ



ds1
အစိုးရသစ်လက်ထက်တွင်  ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ်မြောက်အဖြစ် စက်တင်ဘာ ၃၀ရက်နေ့ မွန်းလွဲပိုင်းက တွ့ဆုံခဲ့ကြပြီး လွတ်ငြိမ်းချမ်းသာခွင့် အပါအ၀င် အကြောင်းအရာလေးရပ်အား ဆွေးနွေးခဲ့ကြကြောင်း သ တင်းရရှိပါသည်။
တွေ့ဆုံဆွေးနွေးမှုကို စက်တင် ဘာလ ၃၀ရက်နေ့ မွန်းလွဲ ၁နာရီမှ ၂နာရီ ၁၇မိနစ်အချိန်အထိ ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးမှုအပြီးတွင် သတင်းထုတ်ပြန်ချက်ကို ဦးအောင်ကြည်မှ ကြေညာခဲ့ကာ သတင်းထောက်များနှင့်လည်း တွေ့ဆုံခဲ့ပါသည်။
ဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဖတ်ကြားခဲ့ရာ၌ ''ယနေ့ပြုလုပ်သည့် ဆွေးနွေးမှုတွင် နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားဆောင်ရွက်နေသည့် ကိစ္စ၊ ဧရာဝတီ မြစ်ကြောင်းထိန်းသိမ်းရေးအတွက်  နှစ်ဖက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိစ္စ၊ ဥပဒေပြင်ပတွင် လက်နက်ကိုင်ဆောင် ဆန့်ကျင်နေကြသူများကို ဥပဒေဘောင်အတွင်း လာရောက် ငြိမ်းချမ်းရေး တည်ဆောက်ကြရန် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့်ကိစ္စများနှင့် ပြည်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတို့ကို ဆွေးနွေး ခဲ့ကြပါသည်။ တွေ့ဆုံ ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြပါသည်''ဟူ၍ ပါရှိခဲ့ပါသည်။
ds2
ထို့နောက် သတင်းထောက် များက မေးခွန်းမေးမြန်းခဲ့ရာ ရိုက် တာ သတင်းဌာနမှ ဦးအောင်လှ ထွန်းက ''လွန်ခဲ့တဲ့တစ်ပတ်က ဦး ခင်အောင်မြင့်က ကမ္ဘောဒီးယား မှာ ပြောသွားပါတယ်။ အစ်မသာ ပါလီ မန်ထဲကို ၀င်လာခဲ့မယ်ရင် လက် ကမ်းကြိုဆိုမယ်လို့ ပြောသွားပါ တယ်။အစ်မ၀င်လာဖို့ကျတော့ကျွန် တော်တို့သိတာက technically က နည်းနည်း အဆင်မပြေဖြစ် နေတာ တွေ့ရပါတယ်။ အစိုးရဖက်က အဲ တာကို ၀င်ဖို့အဆင်ပြေအောင် လုပ် ပေးနိုင်မယ့်အနေအထားရှိပါသလား။ ဒါကတော့ ၀န်ကြီးကို မေးတဲ့ မေး ခွန်းပါ။  နောက်တစ်ပိုင်းကတော့ အစ်မကိုမေးတဲ့မေးခွန်းပါ။ တကယ် လို့ အစိုးရဖက်ကသာ နည်းနည်း ပါးပါး ပြုပြင်ပေးမယ်ဆိုရင် NLD ကို registration လုပ်ပြီးတော့လာ မယ့် Byelection  မှာဝင်ဖို့ရှိပါသလား။အစ်မကိုယ်တိုင် ၀င်ဖို့ရောမှန်း ထားတာရှိပါသလား''ဟု မေးမြန်းခဲ့ ပါသည်။ 
ထိုမေးမြန်းချက်ကို ဦးအောင် ကြည်က'' ကျွန်တော့်အနေနဲ့ ဦးစွာဖြေရမယ်ဆိုရင် ဥပဒေနဲ့အညီ ကျွန်တော်တို့ မှတ်ပုံတင်ပြီးသွားတဲ့အချိန်မှာ ကျွန်တော်တို့ NLD  နဲ့အတူ လက်တွဲပြီးတော့ ဆောင်ရွက်သွားဖို့အတွက် အမြဲတန်းကြိုဆိုလျက်ရှိပါ တယ်ဆိုတဲ့အကြောင်း ဖြေကြားလို ပါတယ်'' ဟု ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ '' NLD က တော့၊ ကျွန်မက NLD အတွက်၊ အားလုံးအတွက် ပြောပေး လို့မရဘူးလေ။ CEC ကို ပထမတင် ပြရဦးမှာ။ CEC ကိုတင်ပြပြီးမှ ကျွန်မတို့ ဘယ်လိုဖြေမလဲဆိုတာ ပြောချင်ပါတယ်။ ကျွန်မတို့ကရွေး ကောက်ပွဲကိုမူအရ ကျွန်မတို့ဆန့်ကျင်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်ရဲ့ တစိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတာ ကျွန်မတို့ လက်ခံပြီးသားပါ။ဒီလို ရွေးကောက်ပွဲ ၀င်ပုံဝင်နည်း အခြေအနေ အခင်းအကျင်းအရ ဒါကိုပဲကျွန်မတို့ကြည့်မှာ ဖြစ်ပါတယ်''ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။

ထို့နောက် ဆန်ကေးရှင်ဘွန်း သတင်းစာမှ ဒေါက်တာဇော်သန်းက  ဧရာဝတီမြစ်ဆုံစီမံကိန်းကို သမ္မတကြီး ဦးသိန်းစိန်က ခေတ္တရပ်နားလိုက်ကြောင်း ပြောကြားခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအား မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မတို့ နားလည် သလောက်က ဒီမနက်ကနေပြီးတော့ လွှတ်တော်ကို သမ္မတကြီးဆီက သ၀ဏ်လွှာပို့တယ်လို့ ပြောပါတယ်။ ဒီသ၀ဏ်လွှာမှာဆိုရင် သမ္မတကြီးက ပြည်သူလူထုရဲ့ စိုးရိမ်မှုတွေ၊ ကြောင့်ကြမှုတွေကို ထောက်ထားပြီးတော့ ဒီမြစ်ဆုံရေကာတာစီမံကိန်းကို ရပ်ဆိုင်းထားမယ်လို့ ဒီလိုမှာကြား လိုက်တယ်လို့ ကျွန်မတို့ နားလည်ပါတယ်။ ဒါကတော့ ကျွန်မအမြင်မှာတော့ ပြည်သူရဲ့အသံကိုနားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ ဒီဟာဟာအစိုးရတိုင်း လုပ်ရမယ့်ကိစ္စပါ။ ပြည်သူရဲ့အသံကို နားထောင်ရမယ်။ ပြည်သူရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို တကယ်ပဲ လေးလေးနက်နက် ထားပြီးတော့ ဖြေရှင်းပေးရမယ်။ အဲတာကြောင့် ကျွန်မဒါကို ကြိုဆိုပါတယ်''ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။
ပြည်တွင်းသတင်းဂျာနယ်များ ကိုယ်စား မေးခွန်းကို Open News ဂျာနယ်မှ ဦးသီဟစောက မေးမြန်းခဲ့ရာ ''လောလောဆယ် ပြည်သူတွေကနေပြီးတော့ သိချင်နေကြ၊ မျော်လင့်ကြတာရှိတယ်။ အခုပြောင်း နေတဲ့ Political Process ထဲမှာ အန်တီစုတို့နဲ့ NLD က ဘယ်လောက် အထိ Inclusive  ဖြစ်ပြီလဲ။ ဘယ်လောက်အထိ တရားဝင်ရပြီလဲ။နောက်တစ်ခုကတော့ နိုင်ငံရေး အကျဉ်းသားတွေကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေလွတ်ဖို့ အလားအလာ ဘယ်လောက်ရှိပြီလဲ။ နောက်တစ်ခုကတော့ Ethnic Issue တွေမှာ တိုင်းရင်းသားကိစ္စတွေမှာ ဘယ်လောက်အထိ ငြိမ်းချမ်းရေးနဲ့ ပြေလဲမှု ရပြီလဲ။ အဲဒီကိစ္စတွေမှာ အန်တီစုနဲ့ NLD က ဘယ်လောက်အထိ ပါဝင်ခွင့် ရနေပြီလဲ။ အချိန်တန်ရင် ပြောမယ်ဆိုတာ အဲဒီအချိန်အတွက် အချိန်အကန့်အသတ်တစ်ခု အန်တီစုပြောလို့ရပြီလား''ဟု မေးမြန်းခဲ့ပါ သည်။
ထိုမေးမြန်းချက်ကို ဒေါ်အောင် ဆန်းစုကြည်မှ ပြန်လည်ဖြေကြားခဲ့ရာ၌ ''ခုနတုန်းက ၀န်ကြီးဦးအောင်ကြည်ဖတ်သွားတဲ့ အထဲမှာလည်း ပါပြီးပါပြီ။ ဒီကိစ္စတွေကို  ကျွန်မတို့ ဆွေးနွေးပြီး ဖြစ်ပါတယ်။ ကျွန်မတို့က ဘယ်လောက်အတိုင်းအတာ အထိပါဝင်နေသလဲဆိုတာ၊  ကျွန်မ တို့က ဒီဟာတွေမှာပြည်သူတွေအတွက် အကျိုးဖြစ်နိုင်တဲ့ အတိုင်းအတာအထိ ကျွန်မတို့ ဆောင်ရွက်သွားမှာပါ။ တတ်နိုင်သလောက် ကြိုးစားပြီးတော့မှ တိုင်းပြည်အတွက် အကျိုးဖြစ်မယ်။ ပြည်သူတွေအတွက် အကျိုးဖြစ်မယ့်ကိစ္စတွေမှာ ဆိုလို့ရှိရင် ကျွန်မတို့က အင်တိုက်အားတိုက် ပါဝင်ပြီး လုပ်မှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့ပါသည်။
အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၁၂ကြိမ်မြောက် တွေ့ဆုံထားခဲ့ပြီး အစိုးရသစ်လက်ထက် တတိယအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။

7Day News Journal (September 29)

7Day+News+10-28
 

Weekly Eleven News Journal (September 30)

BiWeekly Vol 4 No 26

အလုပ်သမား အဖွဲ့ အစည်း ဆိုင်ရာ ဥပဒေ အတည်ပြု

ပြည်သူ့ လွှတ်တော် နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်စလုံးက အလုပ်သမား အဖွဲ့အစည်း ဆိုင်ရာ ဥပဒေ မူကြမ်းကို မနေ့က အတည်ပြုလိုက်ပြီလို့ သိရပါတယ်။

AFP
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ (အိုင်အယ်လ်အို) ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် ဌာနချုပ်တွင် ညီလာခံ ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: AFP)
အစိုးရအသစ် လက်ထက်မှာ ပထမဆုံးအကြိမ် အလုပ်သမားအဖွဲ့အစည်း ဆိုင်ရာ ဥပဒေကို ပြင်ဆင်ချက် အနည်းငယ်နဲ့ လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုပေးခဲ့ကြောင်း၊ ဒါကြောင့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးသကဲ့သို့ ဖြစ်ကြောင်း အမျိုးသား လွှတ်တော် အမတ် တစ်ဦးဖြစ်သူ ဒေါက်တာ အေးမောင်က ပြောပါတယ်။ အာအက်ဖ်အေက ဖတ်ရှုခွင့်ရတဲ့ အလုပ်သမား အဖွဲ့ အစည်း ဆိုင်ရာ ဥပဒေမူကြမ်းမှာ တွေ့ ရှိရတဲ့ အချက်တစ်ချို့ ကတော့ အခြေခံ အလုပ်သမားအဖွဲ့ အစည်းတွေကို အလုပ်သမား ဦးရေ ၃၀ ထက်မနည်းရှိတဲ့ အရေအတွက်နဲ့ ဖွဲ့ စည်းရမယ်လို့ ပါရှိပါတယ်။ တကယ်လို့  ၃၀ မပြည့်ဘူးဆိုရင် တခြားလုပ်ငန်းတူ လုပ်ငန်းတွေက အလုပ်သမားတွေနဲ့ ပူးပေါင်းဖွဲ့ စည်းနိုင်တယ်လို့ ဆိုပါတယ်။ အခြေခံ အလုပ်သမားအဖွဲ့ အစည်း အပြင် မြို့ နယ် နဲ့ ပြည်နယ် တိုင်းဒေသကြီး ဆိုင်ရာ အလုပ်သမား အဖွဲ့ တွေလည်း ရှိမယ်လို့ ဆိုပါတယ်။ အလုပ်သမားအဖွဲ့ အစည်းတွေဟာ မြို့ နယ် မှတ်ပုံတင်ခြင်း ဆိုင်ရာ အရာရှိ ကနေ တဆင့် မှတ်ပုံတင် အရာရှိချုပ်ထံ ဆက်လက် တင်ပြပြီး မှတ်ပုံတင်ကြရမယ်လို့  ဆိုပါတယ်။ ဒါ့အပြင် အလုပ်ခွင် ပဋိပက္ခတွေနဲ့  ပတ်သက်ပြီး သပိတ်မှောက်ခွင့်လည်း ထည့်သွင်း ဖေါ်ပြထား ပါတယ်။ ဒါပေမယ့် အလုပ်ရှင်ထံ ကြိုတင် အကြောင်းကြားရမှာ ဖြစ်သလို သက်ဆိုင်ရာ အာဏာပိုင် တွေထံ သပိတ်မှောက်မည် ဖြစ်ကြောင်း နှစ်ပတ် ကြိုတင်အကြောင်း ကြားရမယ်လို့ ပါရှိပါတယ်။ ဒါ့အပြင် နိုင်ငံတကာ အလုပ်သမား အဖွဲ့ တွေနဲ့ လည်း ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်ခွင့်တွေလည်း ဖေါ်ပြထားသလို အလုပ်ရှင်က အလုပ်သမား တစ်ဦးကို မတရား အလုပ်ထုတ်ခဲ့ရင် အလုပ်သမား အဖွဲ့ အစည်းက အကာအကွယ် ပေးခွင့်တွေလည်း ရှိတယ်လို့  ဥပဒေ မူကြမ်းမှာ ဖေါ်ပြထားပါတယ်။
 

မန္တလေးတွင် နဝမတန်း ကျောင်းသူ ပျောက်ဆုံး

လူကုန်ကူးမှု အများဆုံး ဖြစ်ပွားရာ တရုတ် ပြည်သူ့သမ0x081မတ နိုင်ငံနှင့် အနီးဆုံး မြို့တော်တစ်ခု ဖြစ်သော မန0x081တလေးမြို့တော် ချမ်းအေးသာစံ မြို့နယ်မှ အသက် ၁၆ နှစ်အရွယ် နဝမတန်း ကျောင်းသူတစ်ဦး နှစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေသဖြင့် ချမ်းအေးသာစံ မြို့နယ် အမှတ် (၈) ရဲတပ်ဖွဲ့ စခန်းသို့ တိုင်ကြားထားကြောင်း ယင်းကျောင်းသူ၏ ဖခင်ဖြစ်သူ ဦးဝင်းကျော် က ပြောကြားသည်။

မန0x081တလေး အ.ထ.က (၁၂) တွင် တက်ရောက်နေသူ ယင်းကျောင်းသူမှာ စက်တင်ဘာလ ၄ ရက်နေ့က ပျောက်ဆုံးသွားပြီး ပျောက်ဆုံးသည့် ရက်အတွင်းက ရရှိခဲ့သော သက်သေများအရ တစ်စုံတစ်ဦးက စည်းရုံး ခေါ်ဆောင်ထားသည်ဟု ယူဆကြောင်း ဦးဝင်းကျော်က ပြောဆိုသည်။

ပျောက်ဆုံးသွားသည့် ရက်မှစတင်ပြီး မန0x081တလေးမြို့အနှံ့ တတ်နိုင်သမျှ ရှာဖွေနေလျက် ရှိရာ ယင်းကျောင်းသူနှင့် အတန်းတူ ကျောင်းသား တစ်ဦးက စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီ တွင် ၇၇ လမ်းနှင့် ၇၈ လမ်းကြား ၃၂ လမ်းရှိ ဂရိတ်ဝေါလ် ပလာဇာ၌ အမျိုးသမီး တစ်ဦးနှင့်အတူ တွေ့ရှိခဲ့ကြောင်း အသိပေးခဲ့သဖြင့် ပလာဇာ လုံခြုံရေးကင်မရာ မှတ်တမ်းတွင် ရှာဖွေခဲ့ကြောင်း 0x158င်းက ဆက်လက် ပြောကြားသည်။

လူပျောက်သည့် ဖြစ်စဉ်များတွင် အများအားဖြင့် ယောကျာ်းနောက် လိုက်ပြေးခြင်း၊ အိမ်မှ စိတ်ဆိုးကာ ဆွေမျိုးအိမ်သို့ ထွက်သွားခြင်းမျိုးသာ များပြားပြီး ယခုဖြစ်ရပ်သည် ထူးခြားဖြစ်စဉ် တစ်ခု ဖြစ်ကြောင်း၊ လူကုန်ကူး ခံရခြင်းနှင့် ပြည့်တန်ဆာအဖြစ် ရောင်းစား အမြတ်ထုတ် ခံရသည့် ဖြစ်စဉ်များ၏ ရာခိုင်နှုန်း တော်တော်များများတွင် ကာယကံရှင်ကို စည်းရုံး သိမ်းသွင်းခြင်း များကြောင့် ဖြစ်ကြောင်း မန0x081တလေးတိုင်း ဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အထူးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်သည်။

" စီစီတီဗီမှာ ကြည့်ပုံအရ ဘေးမှာ အမျိုးသမီး တစ်ဦးနဲ့၊ သူက ကျွန်တော်တို့ အသိထဲက မဟုတ်ဘူး။ သမီးကလည်း အိမ်က ထွက်သွားတဲ့ပုံစံ မဟုတ်ဘူး။ အကင်0x081ျီအသစ်၊ ဖိနပ်အသစ်နဲ့ သမီးမျက်နှာကလည်း စိတ်ညစ်တဲ့ပုံ မတွေ့ရဘူး " ဟု ဖခင်ဖြစ်သူ ဦးဝင်းကျော်က ဆိုသည်။

အဆိုပါ ပလာဇာမှာ ကျောင်းသူနေထိုင်ရာ အိမ်နှင့် နီးသကဲ့သို့ ဖခင် အလုပ်လုပ်ရာ နေရာအနီးတွင်လည်း တည်ရှိသည်။

မန0x081တလေးတိုင်း ဒေသကြီးတွင် လူကုန်ကူး ခံရခြင်းမှ ကာကွယ်ရန်အတွက် အသိပညာ ပေးခြင်းများကို ဆောင်ရွက်နေဆဲ ဖြစ်သော်လည်း အသက်အရွယ် မရွေး စည်းရုံးခြင်း ခံနိုင်ရသဖြင့် ပညာပေး လုပ်ငန်းများကို အဖွဲ့အစည်းတိုင်းက အလေးပေးရန် လိုအပ်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး အထူးအဖွဲ့မှ အထက်ပါ တာဝန်ရှိသူက ပြောကြားသည်။

" ရွှေလီပွဲစားတွေက တစ်ဆင့် တရုတ်ကို ရောင်းစားတာတွေ ရှိနေတော့ လက်ရှိမှာ မန0x081တလေး မြို့ပေါ်က ဆင်းရဲသား ရပ်ကွက်တွေကိုပဲ အဓိကထား ပညာပေး နေရတယ်။ ကျောင်းဆိုလို့ အ.ထ.က (၁၄) တစ်ခုပဲ ပညာပေး ဖူးသေးတယ်။ ကျွန်တော်တို့ကို ဖိတ်ရင်တော့ လာဟောပြော ပေးပါတယ် " ဟု 0x158င်းက ဆက်လက် ပြောကြားသည်။

ရန်ကုန်မြို့တော် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၁၀၄) ရပ်ကွက်မှ သတ0x081တမတန်း ကျောင်းသူ တစ်ဦးသည် အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦး၏ လှည့်ဖြား ခေါ်ဆောင် ခံရမှုကြောင့် ရန်ကင်းမြို့နယ်ရှိ အိမ်တစ်အိမ်တွင် အိမ်ဖော်အဖြစ်နှင့် လှိုင်မြို့နယ်ရှိ အထည်ချုပ်စက်ရုံ တစ်ခုတွင် အလုပ်သမားအဖြစ် ၁၇ လအကြာ အလုပ်လုပ်ကိုင် ခဲ့ပြီးမှ နေအိမ်သို့ ပြန်ရောက်ခဲ့သော ဖြစ်ရပ် ဩဂုတ်လ အတွင်းက ဖြစ်ပွားခဲ့သည်။

" အခုထိ ဘာအကြောင်းမှ မထူးသေးဘူး။ ဘဲဥအစ ရှာမရသလို ဖြစ်နေပြီ။ ဒီသမီး တစ်ယောက်တည်း ရှိတာပါ။ ဒုက0x081ခဟူသမျှ ကျွန်တော်ပဲ ခံလိုက်ချင်တယ်။ ဒီလိုကြီး ဖြစ်လာလိမ့်မယ်လို့ မတွေးတောမိဘူး " ဟု ဖခင်ဖြစ်သူ ဦးဝင်းကျော်က မျက်ရည်ဝဲလျက် ရင်ဖွင့်သည်။

ယင်းဖြစ်ရပ်ကို ချမ်းအေးသာစံ မြို့နယ် အမှတ် (၈) ရဲတပ်ဖွဲ့စခန်း၌ လူပျောက်တိုင်ချက်အမှတ် (၆) ဖြင့် တိုင်ချက်ဖွင့် ထားကြောင်း ယင်းစခန်းထံမှ သိရသည်။

KIA တပ်ရင်း (၈)နှင့် ဖြစ်ပွားသောတိုက်ပွဲတွင် မြန်မာစစ်သား ၁၅၀ ကျ

ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIA) တပ်ရင်း (၈) အား ၆ ရက်ကြာ ထိုးစစ်ဆင်လာချိန် မြန်မာအစိုးရတပ်သား အနည်းဆုံး ၁၅၀ ကျဆုံးသည်ဟု မျက်မြင်များပြော သည်။
masat4-1
KIA တပ်မဟာ ၄ မှ စစ်သားတစ်ဦး။


ယင်းအရေအတွက်မှာ မန်တုံမြို့နယ်ရှိ KIA တပ်ရင်း (၈) ဒေသအား စက်တင်ဘာ (၂၄) ရက် မှ စ ၍ မြန်မာအစိုးရတပ်က ထိုးစစ်ဆင်လာချိန် ပေါ်တာအဖြစ် မြန်မာအစိုးရတပ်က ခေါ်ဆောင်ခဲ့သော ပြည်သူများ ပြောဆိုချက်အရ သိရခြင်းဖြစ်သည်။

ကျဆုံးမြန်မာအစိုးရတပ်သားများသည် မိတ္ထီလာအခြေစိုက် တပ်မ (၉၉)မှ ဖြစ်သည်ဟု ထွက်ပြေးလာသည့် ပေါ်တာများနှင့် KIA အရာရှိများပြောသည်။

ယခုတိုက်ပွဲတွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်များအပြင် ရှမ်းပြည်ပြင်ပမှ တပ်မ(၉၉) နှင့် ရွာထောင် တပ်မ(၃၃)နှင့် KIA တပ်ရင်း (၈) ကြားဖြစ်ပွားခြင်းဖြစ်သည် ဟု KIA အရာရှိများပြောသည်။

KIA တပ်သား ၅ ဦး ယခု သီတင်းပတ်အစောပိုင်းက ကျဆုံးသွားသည်ဟု KIA အရာရှိများအတည်ပြုပြောဆို သည်။

ယခုအခါ လွယ်ကန်အခြေစိုက် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း ၅ ခု အနက် ၃ ခု (တပ်းရင်း (၂)၊ တပ်ရင်း (၉)၊ တပ်ရင်း (၂၉)) အခြေစိုက်စခန်းများအား မြန်မာအစိုးရတပ်က ၀င်ရောက်သိမ်းပိုက်ထား သည်ဟု သိရသည်။

ထို့အပြင် ရာဂဏန်းရှိ တပ်မ (၉၉)၊ မကွေးအခြေစိုက် တပ်မ (၈၈)နှင့် အခြားတပ်ကူများထပ်မံရောက်ရှိ လာကာ လွယ်ကန်မှ တောင်ဘက်ရှိ KIA တပ်ရင်း (၁၇) အခြေစိုက်စခန်းအနီး နေရာ ယူထားကြသည်ဟု မျက်မြင်သက်သေများက ဆိုသည်။

ယခုချိန်တွင် ထောင်ဂဏန်းရှိ စစ်ပြေးဒုက္ခသည်များ စစ်ဖြစ်ပွားရာဒေသမှ ထွက်ပြေးလာကြပြီး အများစုမှာ တောတောင်ထဲ ပုန်းအောင်းနေကြကာ နေရာထိုင်ခင်း၊ အစားအစာနှင့် ကျန်းမာရေးပြဿနာများ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဒုက္ခသည်များနင့် နီးစပ်သူများက ဆိုသည်။

၆ ရက်ကြာ နှစ်ဖက် ပြင်းပြင်းထန်ထန် စစ်ဖြစ်ပွားနေစဉ် မိမိ နေရပ်ရွာ ကျေးရွားများကို စွန့်ခွာသော စစ်ပြေး ဒုက္ခသည် စုစုပေါင်း ၂၀၀၀၀ ကျော်ရှိကြောင်း KIA တပ်မဟာ ၄ အရာရှိများ ပြောသည်။

ကရင်ပြည်နယ်ဝန်ကြီး KNU နှင့်တွေ့

ကရင်ပြည်နယ်အစိုးရ၊  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင် ဦးဆောင်သည်အဖွဲ့သည် ဗုဒ္ဓဟူးနေ့က ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်ပြီး KNU ကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့သည်။

Battle-News-9-5-11-2ထိုသို့ တွေ့ဆုံရာတွင် KNU က  ပြည်နယ်အစိုးရအဆင့်နှင့် မဆွေးနွေးလိုဘဲ ဗဟိုအစိုးရနှင့်သာ ဆွေးနွေးလိုကြောင်း  အကြောင်းပြန်လိုက်သည်ဟု သိရသည်။

ယခုလဆန်းပိုင်းတွင် ပြည်နယ်အစိုးရက စေလွှတ်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကိုလည်း  KNU ခေါင်းဆောင်များက လက်ခံတွေ့ဆုံခြင်း မပြုခဲ့ပေ။

ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွင် စောဘိုးနီ၊ သိက္ခာတော်ရဆရာတော် စောရင်မြရွှေ၊ အရှင်ခေမာဝုဓ စသည့် ကရင်ပြည်နယ်ဒေသခံ နိုင်ငံရေး၊ ဘာသာရေးနယ်မှ ပုဂ္ဂိုလ်များ ပါဝင်ကြောင်း ဧရာဝတီက ရရှိသည့် ပြည်နယ်အစိုးရ၏စာတွင် ဖော်ပြထားသည်။

ကိုယ်စားလှယ်အဖွဲ့စေလွှတ်ခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့နှင့် ငြိမ်းချမ်းရေးယူနိုင်ရန် ပထမအဆင့် လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးအတွက် ဖြစ်သည်ဟု ၀န်ကြီး ဗိုလ်မှူးကြီးအောင်လွင် လက်မှတ်ထိုး ပေးပို့သည့် စာတွင် ရေးထားသည်။

သို့သော်လည်း လက်နက်ကိုင်အဖွဲ့များကို သီးခြားစီ ဆွေးနွေးရန် ကြိုးပမ်းနေခြင်းမှာ ဖဲ့ထုတ် စည်းရုံးခြင်းဖြစ်သည်ဟု KNU က ယူဆသည်။

အစိုးရ၏ လက်ရှိ ငြိမ်းချမ်းရေး အစီအစဉ်ကို လက်ခံမည် မဟုတ်ကြောင်း၊ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်  တိုင်းရင်းသားအဖွဲ့များက UNFC ခေါ် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ဧရာဝတီကို ပြီးခဲ့သည့်လကုန်ပိုင်းက ပြောသည်။

နှစ်ပေါင်း ၆ဝ ကျော် သက်တမ်းရှိသည့် လက်နက်ကိုင်အဖွဲ့ကြီး ဖြစ်သော KNU  သည် ယခင်စစ်အစိုးရအာဏာပိုင်တို့နှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း  အပစ်အခတ် ရပ်စဲနိုင်ခြင်း မရှိခဲ့ပေ။

ဤအတောအတွင်း ကရင်ပြည်နယ်အတွင်း တိုက်ပွဲငယ်များ အဆက်မပြတ် ဖြစ်ပွားနေသည်။

Burma dam: Work halted on divisive Myitsone project

Burma democracy leader Aung San Suu Kyi poses next to campaign pictures opposing the construction of the Chinese-backed Myitsone dam, in Rangoon on 22 September 2011
The project had sparked a rare campaign of opposition, joined by Aung San Suu Kyi
Burma's President Thein Sein has suspended construction of the controversial Chinese-backed Myitsone hydroelectric dam.
In a letter read out in parliament on Friday, he said the $3.6bn (£2.3bn) dam in Kachin state was contrary to the will of the people and lawmakers.
Pro-democracy leader Aung San Suu Kyi had joined a rare protest campaign in the authoritarian country.
She had warned that it would displace 12,000 people from 63 villages.
As well as minority groups, environmentalists also opposed the project, arguing it would cause irreparable ecological damage along the country's main river, the Irrawaddy.
The vast majority of the electricity produced would also be for the benefit of China.
"The president sent a message comprising 10 points to the parliament this morning. One of them said that the construction of the dam on the Irrawaddy will be shelved during the term of his government," one official at parliament was quoted by Reuters news agency as saying.
"He said that his government, being born out of people's desire, has to act according to the desire of the people," said the official, who declined to be named because he was not authorised to speak to the media.
The U-turn will be seen as a victory for Aung San Suu Kyi, commentators say - and a blow for conservative elites with links to Chinese investors who had backed the project.
It is also a rare step against China, a key ally of isolated Burma.

သဝဏ်လွှာမှ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် အချက် ၅ ချက်

နှစ် ၃ဝ လျှပ်စစ် မဟာဗျူဟာ စီမံကိန်းအရ နောက်ထပ် ရေအားလျှပ်စစ် စီမံကိန်း ၆၄ ခုနှင့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အား စက်ရုံ ၃ ရုံ အပါအဝင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စက်တပ်ဆင်အား လေးသောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာ ရှိပါသည်။ အဆိုပါ စီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခနှင့် မလိခ မြစ်ဝှမ်းရှိ ဧရာဝတီ မြစ်ဆုံ စီမံကိန်း ၈ ခု အပါအဝင် ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ0x081မတနိုင်ငံ ငွေအရင်းအနှီးဖြင့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပထမအဆင့် လုပ်ဆောင်လျက်ရှိရာ ယခုအခါ အဆိုပါမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါအတိုင်း စိုးရိမ်ပူပန်မှုများ ရှိပါသည်။(၁) ကချင်ပြည်နယ် မြစ်ဆုံပိုင်းအတွက် သဘာဝပေးထားသော Lank Mark များ ဖြစ်သည့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း(၂) မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေမြုပ်၍ 0x158င်းတို့၏ အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း(၃) ပုဂ0x081ဂလိက ငွေအရင်းအနှီးများ စိုက်ထုတ်၍ စီးပွားဖြစ် စိုက်ပျိုးထားသည့် ကျွန်းခင်းနှင့် ရာဘာခင်းများ ပျက်စီးသွားနိုင်ခြင်း(၄) ရာသီဥတု ဖောက်ပြန်မှုကြောင့် မြောက်ဖျားပိုင်းရှိ ရေခဲတောင်များ ပြိုခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြင်း၊ အင်အားပြင်းထန်သော ငလျင်များ ဖြစ်ပေါ်လာပါက မြစ်ဆုံအောက်ပိုင်းရှိ မြို့ရွာများ သေကြေပျက်စီး ဆုံးရှုံးနိုင်ခြင်း(၅) ဧရာဝတီမြစ် ထိခိုက်ပျက်စီးနိုင်ခြင်း စသည့် အချက်များကြောင့် ပြည်သူ့အခိျု့မှာ စိုးရိမ်ပူပန်မှု ရှိနေသည်ကို ကြားသိနေရပါသည်။ မိမိတို့အစိုးရသည် ပြည်သူများရွေးချယ်တင်မြောက်သည့် အစိုးရဖြစ်၍ ပြည်သူများ၏ဆန0x081ဒကို အလေးထားရပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သိုပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။နိုင်ငံတော် အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန0x081တရာယ် မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ်စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ0x081မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူ လက်ခံ ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေး အကြောင်းကြားအပ်ပါသည်။

Myanmar to stop construction of controversial dam

YANGON, Myanmar (AP) — Myanmar's president called Friday for a halt to construction of a controversial Chinese-backed hydroelectric dam in the country's north, a move that had been called for by the country's pro-democracy movement.
President Thein Sein said in a note read out in parliament that construction of the $3.6 billion Myitsone dam project in Kachin state should be suspended. The call is tantamount to suspension, since the government holds a large and well-disciplined majority in parliament.
The move will be welcomed by environmentalists and social activists who had claimed the project would displace many villagers and upset the ecology of the important food source, the Irrawaddy River, on which it was to be situated.
The political ramifications are equally large, as it marks a rare meeting of the minds between the military-dominated government and the country's pro-democracy movement. It also marks a rare difference in relations with China, a key ally for diplomatically isolated Myanmar.
In August pro-democracy leader Aung San Suu Kyi joined forces with those opposing the dam, bringing a new and potentially powerful issue into the opposition fold.
Although Thein Sein's government was elected, taking over early this year from a long-standing ruling junta, it has struggled to gain legitimacy because of the perception that it is controlled by the military. The government remains under political and economic sanctions from the United States and other Western nations.
There has been speculation that it is keen to make gestures showing it is sincere in it efforts at liberalization, and recently rumors have circulated that it will soon free political prisoners, estimated by human rights groups to number about 2,000.
"We welcome the suspension of the dam project," said Nyan Win, a spokesman for Suu Kyi, adding that the action was in line with her appeal.
Thein Sein's note, read out in parliament by lower house Thura Shwe Mann, said construction of the project should be terminated as it is against the will of the people and their representatives.
The decision to halt construction appeared to be a sudden one.
Earlier this month,a report on the weekly Eleven journal said that Electric Power Minister Zaw Min declared that construction of the Myanmar-China Myitsone Hydroelectric Project would proceed despite the objections. The dam, which was being built by a Chinese company and was to supply much of its output to neighboring China, would have flooded an area the size of Singapore.

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဆိုသည့်အချက် ပါဝင်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦသိန်းစိန်မှ မြစ်ဆုံဆည်တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့်အပေါ် မိမိတို့အစိုးရသည် ပြည်သူဆီမှ ဆင်းသက်လာသည့် အခွင့်အာဏာအရ တာဝန်ယူလုပ်ဆောင်ကြခြင်းဖြစ်၍ အများပြည်သူ ဆန္ဒအရ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပေးပို့ထားခြင်းဖြစ်သည်။





source: Save Ayeyawady Save Myanmar fb







source: ဒီမိုဝေယံ

ဧရာဝတီမြစ်ဆုံ ဝန်ထမ်းအိမ်ရာများ မြင်ကွင်း


ဇာဂနာ လွတ်မြောက်မည့်သတင်း မိသားစုဝင်များ မျှော်

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအလွန် ကာလတွင် ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားခဲ့ရသော စွယ်စုံရ ဟာသအနုပညာရှင် ဇာဂနာ (ခေါ်) မောင်သူရ ပြန်လည် လွတ်မြောက်မည့်သတင်းကို မိသားစုဝင်များက မျှော်လင့်နေသော်လည်း အတည်မပြုနိုင် သေးကြောင်း မိသားစုဝင်တစ်ဦးက The Voice Weekly ၏ ယနေ့ညနေပိုင်းတွင် ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။အင်တာနက် သတင်းဝဘ်ဆိုဒ် စာမျက်နှာများတွင် မြစ်ကြီးနား အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော လူရွှင်တော် ဇာဂနာ ယနေ့မွန်းလွဲ ၁ နာရီခန့်မှ စတင်ကာ ပြန်လည် လွတ်မြောက် လာသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းနှင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာ များစွာက ဇာဂနာ၏ မိသားစုဝင်များထံ ဆက်သွယ် မေးမြန်းခဲ့ခြင်းများကြောင့် အမှန်တကယ် လွတ်မြောက်လာတော့မည်ဟု မျှော်လင့်နေခြင်း ဖြစ်ကြောင်း အဆိုပါ မိသားစုဝင်က ထပ်လောင်း ပြောကြားသည်။" ဒီနေ့နေ့လည် ကတည်းက သတင်းထူး ရှိတယ်ဆိုပြီး မြစ်ကြီးနားက အသိက ဖုန်းဆက်တယ်။ အသေအချာ ပြန်မေးကြည့်တော့ ပုံမှန်အတိုင်း ပို့ပေးစရာ ရှိတာ ပို့ပေးရတာပါ၊ ဆရာဝန်နဲ့လည်း တွေ့ခွင့်ရတယ်လို့ သိရတယ်၊ ကျွန်မ သိရသလောက်ဆိုရင် နှစ်မစေ့မီ ပြန်လွှတ်ပေးမယ် ဆိုရင်တော့ မိသားစုကို ကြိုပြီး အကြောင်းကြားပါတယ်၊ အခုအချိန်ထိ တစ်စုံတစ်ရာ အကြောင်းကြားထားတာ မရှိသေးပါဘူး၊ အိမ်ကို ရောက်လာမှပဲ လွတ်ပြီလို့ ယုံရမယ် " ဟု ကိုသူရ၏ ခယ်မဖြစ်သူ ဒေါ်ငြိမ်းက စက်တင်ဘာ ၂၉ ရက်နေ့ ည ရ နာရီခန့်တွင် The Voice Weekly သို့ ပြောကြားသည်။အလားတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်၏ မိသားစုဝင်များထံ ဆက်သွယ် မေးမြန်းခဲ့ရာ " သား အိမ်ထဲကို ဝင်လာမှပဲ လွတ်လာပြီလို့ ယုံမယ်၊ သတင်းတွေကလည်း မျိုးစုံ ကြားနေရတော့ အန်တီတို့လည်း ထုသားပေသား ကျနေပါပြီ " ဟု ကိုမင်းကိုနိုင်၏ မိခင် ဒေါ်လှကြည်က ပြောကြားသည်။လူရွှင်တော် ဟာသသရုပ်ဆောင် ဇာဂနာနှင့် အမှုတွဲ တစ်တွဲတည်း ပါဝင်သူ အားကစား ကလောင်ရှင် ဦးဇော်သက်ထွေး အကျဉ်းကျခံနေရာ တောင်ကြီး အကျဉ်းထောင်သို့ The Voice Weekly က စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဆက်သွယ် မေးမြန်းခဲ့ရာ အကျဉ်းသားများ လွတ်ပေးမည့် ကိစ0x081စနှင့် ပတ်သက်၍ ညွှန်ကြားချက် တစ်စုံတစ်ရာ မရရှိသေးကြောင်း တာဝန်ရှိ ပုဂ0x081ဂိုလ်တစ်ဦးက ဖြေကြားသည်။ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်မည့် အရေးမှာ နိုင်ငံတော် သမ0x081မတ ကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံ ဆွေးနွေးမှုမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်ဖွယ် ရှိသော်လည်း အရပ်သား အစိုးရအနေနှင့် ယုံကြည်မှု တည်ဆောက်ရန် ပထမအဆင့်အဖြစ် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တစ်ရပ် မဖြစ်မနေ ထုတ်ပြန် ပေးသင့်ကြောင်း မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများကို အစဉ်တစိုက် သုံးသပ်နေသူ တစ်ဦးက ပြောကြားသည်။

ဧရာဝတီကိုတော့ မလွမ်းချင်ကြပါ

l4261 ဒီနေ့မှပဲ ရန်ကုန်မိုးက သည်းသည်းမည်းမည်း ရွာနေပါတယ်။ ရွှေတိဂုံ ဘုရားကနေ ရွှေဂုံတိုင်မီးပွိုင့်အကျော် က တော်ဝင်နှင်းဆီကို ကားငှားရာမှာ သွားမယ့်နေရာနီးပေမယ့် “အဲဒီဘက် မသွားတော့ဘူး။ လမ်းမှာရေတွေပြည့် နေလို့”၊ “မိုးရွာရင် ရေကြီးတတ်လွန်း လို့” ၊ “မီးပွိုင့်ကျပ်နေလို့” ဆိုတဲ့ငြင်းဆန်မှုတွေနဲ့ အငှားကားရဖို့ကို အချိန်တော်တော် ပေးလိုက်ရပါတယ်။
ကားတော်တော်နဲ့ ငှားမရတော့ “မိုး ဒီလောက်တောင် သည်းနေတာ  မသွားတော့ရင် ကောင်းမလား။ အချိန်ကလည်း နောက်ကျနေပြီ။ ဒီလောက်မိုးတွေရွာနေတာ ဧည့်သည်တွေလည်း မစုံလောက်တော့ဘူး။ ပွဲ က ၂နာရီစမှာ။ အခုပဲ၂နာရီခွဲ တော့မယ်”ဆိုတဲ့ ချီတုံချတုံ ဖြစ်နေပေမယ့် ဧရာဝတီနဲ့ ပတ်သက်တဲ့ စာအုပ် မိတ်ဆက်ပွဲဆိုတော့လည်း သွားမယ်ဆိုတာက အနိုင်ရရှိသွားပါတယ်။
l4261b ပွဲကျင်းပတဲ့ခန်းမထဲကို ရောက်သွားချိန်မှာတော့ သာမန်စာအုပ် မိတ်ဆက်ပွဲ တစ်ခုလို့သာ သိထားခဲ့ပေမယ့် လူ ၂၀၀ ကျော်ဆံ့တဲ့ ခန်းမအတွင်းမှာတော့ မထင်မှတ်စရာ လူတွေအပြည့်ပါပဲ။
အခမ်းအနား တက်ရောက်လာတဲ့သူတွေမှာ အသက်(၈၀)ကျော်ပြီ ဖြစ်တဲ့ ဆရာကြီးဦးအုန်း၊ စာရေး ဆရာဦးဌေးမောင်တို့က စလို့ ဒေါက်တာထွန်းလွင်၊ ဒေါက်တာ ခင်မောင်ညို၊ ဆရာဦးမြင့်ဇော်၊ ဆရာမဂျူး၊ ဆရာ ကိုတာ၊ ဆရာမောင်စိမ်းနီ၊ အငြိမ်းစား ဆည်မြောင်း အင်ဂျင်နီယာ ဆရာဦး ချိုချိုစတဲ့ နယ်ပယ်စုံက ပညာရှင်တွေ၊ စာပေအ သိုင်းအ၀ိုင်းနဲ့ ဆက်စပ်သူတွေ သာမက လူငယ်လူရွယ်အများ အပြားလည်း စိတ်ဝင်တစားနဲ့ တက်ရောက်လာတာကို တွေ့ရပါတယ်။

ရာဇ၀တ်သားရဲ့ အလှည့်မှာတော့ ခေါင်းဖြတ်စက်နဲ့ အသတ် မခံရခင်မှာ ဆန္ဒလေးတစ်ခု တောင်းဆိုချင်ကြောင်း ပြောပါတယ်။ သူ့ရဲ့ ဆန္ဒကတော့ ပျက်နေတဲ့ ခေါင်းဖြတ်စက်ကြီးပေါ် တက်ကြည့်ဖို့ပါ။ စက်ပေါ်တက်ကြည့်ပြီး စက်ရဲ့ချွတ်ယွင်းချက်ကို ရှာဖွေပြီး ပြင်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ တတိယမြောက်ရာဇ၀တ် သားဟာ ခေါင်းဖြတ်စက်ထဲမှာ လည်စင်းခံလိုက်ပါတယ်။ သူ့အလှည့်မှာတော့ ပျက်နေတာ ပြင်ပြီးသွားပြီဖြစ်တဲ့ ဓားစက်ဟာ ကျလာပြီး ရာဇ၀တ်သားကို စီရင်လိုက်ပါတယ်။  ခြွင်းချက်ပြောဖို့ ကျန်ခဲ့တာက တတိယမြောက် ရာဇ၀တ်သား ဟာ အင်ဂျင်နီယာဆိုတာပါပဲ  . . .

မိတ်ဆက်ပွဲပြုလုပ်တဲ့ “ ဧရာဝတီကိုတော့ မလွမ်းချင်ပါ”  စာအုပ် ထဲမှာ ဧရာဝတီမြစ်ကြီးနဲ့ပတ်သက် ပြီး ပြည်တွင်းဂျာနယ်၊ မဂ္ဂဇင်းတွေ မှာ ရေးသားဖော်ပြခဲ့တဲ့ ဆောင်းပါးတွေ၊ သတင်းတွေ၊ အင်တာဗျူးတွေ၊ ရသစာတမ်းတွေ၊ နောက်ဧရာဝတီ ကို အခြေတည် ရေးသားခဲ့တဲ့ ကဗျာတွေ၊ သီချင်းတွေအားလုံးကို စုစည်းပြီး ဓာတ်ပုံတွေနဲ့တကွ ဝေေ၀ဆာဆာ ဖော်ပြထားပါတယ်။
စာအုပ်မိတ်ဆက်ပွဲမှာ ဆရာ မောင်စိမ်းနီ၊ ဆရာ နိုင်သစ်ဦးတို့က လည်း ဧရာဝတီနဲ့ပတ်သက်တဲ့ ခံစားမှု ကဗျာများကို ရွတ်ဆိုခဲ့ကြပါတယ်။ အသက်(၈၀)ရှိပြီဖြစ်တဲ့ ဆရာဌေးမောင်က “ကျွန်တော်တို့နိုင်ငံက အလွန် ချစ်စရာကောင်းပါတယ်။ ကျွန်တော် မြစ်ဆုံကိုရောက်တော့ ကျွန်တော့် နိုင်ငံကို ပိုချစ်သွားတယ်”လို့ အစချီ စကားပြောကြားပါတယ်။
l4261a ခံစားမှုရသတွေကို ပြောကြားရုံ တင်မကဘဲ မြစ်ဆုံဆည်ကြီးတည် ဆောက်မယ်ဆိုရင် ရရှိလာမယ့် အ ကျိုးအပြစ်တွေကို အငြိမ်းစားဆည် မြောင်းအင်ဂျင်နီယာတစ်ယောက်ဖြစ် တဲ့ ဆရာဦးချိုချိုကလည်း”မြစ်တွေ ကိုကိုင်တွယ်မယ်ဆိုရင် အထူးဂရု စိုက်ဖို့လိုကြောင်း၊ရေတိုကိုကြည့်ပြီး လုပ်လို့မရဘဲ ရေရှည်ကို ကြည့်ဖို့ လိုကြောင်း၊မြစ်ကိုလူကပြင်တဲ့အခါ ဆယ်စုနှစ်သာ အချိန်ပေးဖို့ လိုပေမယ့် ပျက်စီးသွားပြီ ဆိုရင်တော့ ဆယ်စုနှစ်နဲ့ မရဘဲ ရာစုနှစ်ချီအောင် အချိန်ပေးပြီးပျက်စီးမှုကို ပြင်ဆင်ရမှာ ဖြစ်ကြောင်း” စိတ်ဝင်စားဖွယ် ကောင်းအောင် ချိန်ထိုးပြောပြသွားပါတယ်။
ဒီနေရာမှာ မြစ်ဆုံနဲ့ပတ်သက်ပြီး ပညာရှင်တွေရဲ့အခန်းကဏ္ဍ အရေးပါမှုကို ဒေါက်တာထွန်းလွင်က ဟာသလေးနှောပြီး ပြောပြခဲ့ပါသေးတယ်။ တစ်ခါက ပြင်သစ်နိုင်ငံမှာ သေဒဏ်ပေး တဲ့အခါ စနစ်သုံးမျိုးကို ကျင့်သုံးပါတယ်။ ဒီထဲက တစ်မျိုးက ခေါင်းဖြတ်စက်ပေါ်မှာ ရာဇ၀တ်သားကိုတင်ပြီး ခေါင်း ဖြတ်သတ်တာပါ။ တစ်နေ့တော့ ရာဇ၀တ်သားသုံးဦးကို ခေါင်းဖြတ်စီရင်ဖို့ ခေါ်လာပါတယ်။ပ ထမလူကို သတ်တဲ့အခါမှာ စက်က ပျက်ပြီး ဓားက ကျမလာပါဘူး။ မသေမချင်းသတ်စေလို့ သေမိန့်ချထားတာ မဟုတ်တဲ့ အတွက် ရာဇ၀တ်သားဟာ သေဒဏ် က လွတ်သွားပါတယ်။ ဒုတိယမြောက် ရာဇ၀တ်သားရဲ့ အလှည့်မှာ လည်း ဒီလိုပါပဲ။ ဓားက ကျမလာတဲ့အတွက် သူလည်းပဲ သေဒဏ်က လွတ်မြောက်သွားပြန်ပါတယ်။
တတိယမြောက် ရာဇ၀တ်သားရဲ့ အလှည့်မှာတော့ ခေါင်းဖြတ်စက် နဲ့ အသတ်မခံရခင်မှာ ဆန္ဒလေး တစ်ခု တောင်းဆိုချင်ကြောင်း ပြောပါတယ်။ သူ့ရဲ့ဆန္ဒကတော့ ပျက်နေတဲ့ ခေါင်းဖြတ်စက်ကြီးပေါ် တက်ကြည့်ဖို့ပါ။ စက်ပေါ်တက်ကြည့်ပြီး စက်ရဲ့ချွတ်ယွင်းချက်ကို ရှာဖွေပြီး ပြင်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ တတိယမြောက် ရာဇ၀တ်သားဟာ ခေါင်းဖြတ်စက်ထဲမှာလည်စင်း ခံလိုက်ပါတယ်။ သူ့အလှည့်မှာတော့ ပျက်သွားတာ ပြင်ပြီးသွားပြီဖြစ်တဲ့ ဓားစက်ဟာကျလာပြီး ရာဇ၀တ်သားကို စီရင်လိုက်ပါတယ်။
ခြွင်းချက်ပြောဖို့ ကျန်ခဲ့တာက တတိယမြောက် ရာဇ၀တ်သားဟာ အင်ဂျင်နီယာဆိုတာပါပဲ။ ပညာရှင်ဆိုတာ ကိုယ်ကျွမ်းကျင်တဲ့ ပညာနယ်ပယ်ပေါ်မှာ အသက်ကိုတောင် ပဓာနမထားဘဲ ဥပေက္ခာမပြုနိုင်ပုံကို ပမာပြု ပြောပြထားတာ အတော်လေးကို ကောင်းမွန်လှပါတယ်။ ကျွန်မတို့နိုင်ငံသား အားလုံး တန်ဖိုးထားတဲ့ မြစ်ဆုံနဲ့ပတ်သက်ပြီး နယ်ပယ်အသီးသီးက ပညာရှင်တွေရဲ့ ခံယူချက်ကလည်း ဒီသဘောအတိုင်းပဲ ဖြစ်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။
ဟောပြောပွဲပြီးတဲ့ နောက်မှာတော့ အသက်(၂၀)ကျော်အရွယ် မိန်းကလေးတစ်ဦးက သူဝယ်ထားတဲ့ “ဧရာဝတီကိုတော့မလွမ်းချင်ပါ” စာအုပ်ပေါ်မှာ စာရေးဆရာကြီးတွေကို အမှတ်တရ လက်မှတ်ရေးထိုးပေးဖို့ တောင်းဆိုရင်း ဒေါက်တာထွန်းလွင် ကို ကပ်ပြောနေတာ အမှတ်မထင် ကြားလိုက်ရပါတယ်။
“ အခုလို မြစ်ဆုံကိစ္စမှာ ဆရာတို့လို ပညာရှင်တွေ၊ စာရေးဆရာတွေ က ဟောပြောပွဲတွေ လုပ်ကြတယ်။ ဗဟုသုတတွေ ဖြန့်ကြတယ်။ ကျွန်မတို့လို လူငယ်တွေအနေနဲ့ရော ဘယ်လိုမျိုး လုပ်နိုင်ပါလဲ။ ကျွန်မတို့လည်း တစ်စိတ် တစ်ပိုင်းက ပါဝင်ချင်ပါတယ်” တဲ့။
ဒီပွဲ၊ ဒီဟောပြောချက်တွေ၊ ဒီအသံတွေဟာ ဧရာဝတီကို မလွမ်းချင်ကြတဲ့ သူများအကြောင်းကို တစ်စိတ်တစ်ပိုင်း ဖော်ကျူးနေတာလို့ ခံစားလိုက်မိပါတယ်။    ။

အရေးတော်ပုံဂျာနယ်၊ အတွဲ ၁၊ အမှတ် ၆၊ ၂၀၁၁

aydb1-6

ဒေါ်အောင်ဆန်းစုကြည် ရည်ညွန်းနေသည့် အပြောင်းအလဲ

Photo/Myat Shu
လက်ရှိအစိုးရနှင့် ဆွေးနွေးမှုရလဒ်များအရ မြန်မာ့နိုင်ငံရေးတွင် အပြောင်းအလဲကို လိုလားနေသည်၊ အပြောင်းအလဲကို ရှေးရှုနေသည်ဟူ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ ရည်ညွှန်းပြောဆိုလျက်ရှိရာ ထိုမှတ်ချက်များ အပေါ် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၏ အမြင်များကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ (၂)၊ အမှတ် ၆၂ တွင် ဖော်ပြထားပါသည်။ ဤစာစုတွင် နိုင်ငံရေးနှင့် စာနယ်ဇင်း ပုဂ္ဂိုလ်အချို့၏ ဖြေကြားချက်များနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးတို့မှ ကောက်နုတ်၍ မျက်ရှုမှ ပြန်လည် ဖော်ပြလိုက်ခြင်းသာ ဖြစ်ပါသည်။



ဦးအုန်းကြိုင် (မှတ်ပုံတင်ခြင်း မပြုလုပ်ရသေးသော NLD ပြောရေးဆိုခွင့် ရှိသူ)

ကောင်းပါတယ်။ အဲဒါ အမှန်ပဲ။ အခု လျှပ်တစ်ပြက် ကာလအတွင်း အခု အစိုးရသစ် လက်ထက်မှာ ဦးအောင်ကြည်နဲ့ ဆွေးနွေးတာကနေပြီးတော့  ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးနိုင်ပြီ ဖြစ်တယ်။ ကျွန်တော်တို့ တောင်းဆိုနေတာကလည်း ဒါပဲ။ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်တဲ့ ဒေါ်စုဆိုတာ လူထု အသံပေါ့။ ဒေါ်စု ရင်ထဲက စကားက လူထုစကားပဲပေါ့။ လူထုအသံကို ဦးသိန်းစိန်က နားထောင်တယ် ဆိုတာကိုက အများကြီး တိုးတက်တယ်လို့ ကျွန်တော်မြင်တယ်။ တကယ် တိုးတက်တာပါ။ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အနေအထားမှာ ရှိတယ်။ အရေးကြီးတာက လုပ်ပိုင်ခွင့်ရှိတဲ့ လူက ပြည်သူလူထု ရင်ထဲကအတိုင်း တလေးတစား နားထောင်ပြီးတော့ လူထု စိတ်ချမ်းသာမှုရှိအောင်၊ လူထုအတွက် အကျိုးရှိအောင် လုပ်ပေးတယ်ဆိုရင် ဘယ်သူပဲ လုပ်ပေး လုပ်ပေး ကျွန်တော်တို့က လက်ခံပါတယ်။ ကောင်းပါတယ်။


ဟံသာဝတီဦးဝင်းတင် (သတင်းစာဆရာကြီးနှင့် မှတ်ပုံတင်ခြင်း မပြုလုပ်ရသေးသော NLD ခေါင်းဆောင်)

ဒါကတော့ တို့လည်း သိပ်မသိဘူး။ သူက သူသိတဲ့ အမြင်နဲ့ သူပြောတာပဲ။ ပြောင်းနေတယ်ဆိုတာ သူပဲ သိတယ်။ ဘာလို့လဲဆိုတော့ သူနဲ့ ဦးသိန်းစိန်တို့နဲ့ တွေ့ကြ ဆုံကြတာကိုး။ တို့တော့ သိပ်မသိလှဘူး။ သို့သော် မသိပေမယ့်လို့ တို့ကတော့ ဒေါ်စုနဲ့ နှစ်ပေါင်း ၂၀ ကျော် လုပ်လာတဲ့အတွက် ဒေါ်စုရဲ့အမြင်၊ ဒေါ်စုရဲ့ နိုင်ငံရေး အယူအဆ အဲဒါတွေ အကုန်လုံးမှာ ဒေါ်စုဘက်က ရပ်တာပဲ။ ဒေါ်စုဘက်က ရပ်ပြီးတော့ လုပ်မယ်။ ဒေါ်စုနဲ့အတူ တွဲလုပ်မယ်။ အဲဒါတွေ တကယ် အပြောင်းအလဲ ဖြစ်လာခြင်း၊ မဖြစ်လာခြင်းက ဒေါ်စုရဲ့ ဦးဆောင်မှု ကဏ္ဍအပေါ်မှာ မူတည်လိမ့်မယ်လို့ ယူဆတယ်။


ဦးသန်းစိုးနိုင် (ဘာသာပြန် စာရေးဆရာ)

ကျွန်တော်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လေးစားမှု ရှိပါတယ်။ ပြီးတော့ မျှော်လင့်ချက်လည်း ထားတယ်။ ဒါကြောင့်မို့လို့ တစ်လျှောက်လုံး အားပေးခဲ့တာပါ။ ဒီနေရာမှာ သူ ပြီးခဲ့တဲ့ အနှစ် ၂၀ မအောင်မြင်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း သူက ပြည်သူလူထုကို ပြန်တောင်းပန်ထားတာတွေလည်း ရှိတယ်။ ဒါကြောင့် သူက အရင်တုန်းက သွားတဲ့ လမ်းကြောင်းနဲ့ မတူတဲ့ လမ်းကြောင်းတစ်ခုကို ဆက်ပြီး လျှောက်ဖို့ ကြိုးစားတာကို တွေ့ရတယ်။ အဲ့တော့ အဲဒီလို မတူတဲ့ လမ်းကြောင်းကို လျှောက်ဖို့ ကြိုးစားတဲ့အတွက် လူထုကြားထဲမှာလည်း မျှော်လင့်ချက် အသစ်တွေတော့ ရှင်သန်လာတာဟာ ကောင်းမွန်တဲ့ လက္ခဏာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ အတွေ့အကြုံအရကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ “သင်တုန်းဓားပေါ်က ပျားရည်စက်ကို လျက်ရတာမျိုး မဖြစ်ဖို့ သတိထားစေချင်တယ်” လို့ ကျွန်တော် ပြောချင်တာပါပဲ။ အဲဒါလေး တစ်လုံးပါပဲ။ ဆိုလိုတာကတော့ ကျွန်တော်တို့ အခု Alternative တစ်ခုကို ရွေးတယ်။ အလှည့်အပြောင်း တစ်ခုကို သူလုပ်ဖို့ ကြိုးစားတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကလည်း အရင်ကထက်တောင် ပိုပြီး ရှင်သန်လာပါတယ်။ သို့သော် ကျွန်တော် ခုနက ပြောသလိုပေါ့ဗျာ။ သတိထားစေချင်တယ်လို့။ အဲဒါလေးပါပဲ။


ဦးလှရွှေ (ကျောင်းသား ခေါင်းဆောင်ဟောင်း၊ 7th July ကျောင်းသား ညီညွတ်ရေး တပ်ဦး အတွင်းရေးမှူး)

ကျွန်တော့်အမြင်ကတော့ အပြောင်းအလဲဖြစ်မယ့် အခြေအနေ ရှိတယ်ဆိုရင်တော့ မကြိုဆိုစရာ မရှိပါဘူး။ သို့သော်လက်ရှိ အစိုးရ အပါအ၀င် ၆၂ ခုနှစ်ကစပြီး ကြားထဲမှာ အစိုးရ ၃ ဆက်လောက်နဲ့ ကျွန်တော်တို့ တွေ့ရတယ်။ စုစုပေါင်း ဒါ နှစ် ၅၀ ကျော် ရှိနေပြီပေါ့။ အဲ့ဒီ အတွေ့အကြုံက အနာဂတ်ကာလမှာ ဘာဖြစ်မလဲ ဆိုတာနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ အထောက်အထား ဖြစ်လိမ့်မယ်လို့ ထင်တယ်။ နောက်တစ်ခုက တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စပေါ့။ လွန်ခဲ့တဲ့ အနှစ် ၂၀ က သူတို့ အပစ်အခတ် ရပ်စဲတာ လုပ်ထားတယ်။ သူတို့ စိတ်ကြိုက် နိုင်ငံရေး အခြေအနေကို ဖန်တီးပြီး ထားတာ။ အဲဒီလို ဖန်တီးထားတဲ့အတွက် တကယ်လို့ လုပ်ချင်တဲ့ အရင်းခံ စေတနာရှိမယ်ဆိုရင် တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ ဆိုင်တဲ့ ပြဿနာကို ယေဘုယျအားဖြင့် ဖြေရှင်းနိုင်တဲ့ အချိန်တစ်ခုပါပဲ။ အနှစ် ၂၀ ဆိုတာ လူတစ်ယောက် ကြီးပြင်းလာနိုင်တဲ့ အချိန်ပဲ။ အနှစ် ၅၀ ဆိုတာ လူတစ်ယောက်ရဲ့ ဘ၀မှာ အရေးကြီးတဲ့ အချိန် ရောက်နေပြီပဲ။ အဲ့ဒီတော့ ၆၂ ခုကနေ ဒီဘက်ထိ ပြောမယ်ဆိုရင် လက်တွေ့ အဖြစ်အပျက်တွေနဲ့ လွတ်လပ်ပြီးတဲ့ ၆၃ နှစ်ကို ဖြတ်သန်းရတဲ့ အခြေအနေနဲ့ကတော့ ဟိုဘက်က အတွေ့အကြုံကို မျက်စိမှိတ်ထားပြီးတော့ ဒီဘက် အတွေ့အကြုံချည်းပဲတော့ မရဘူး။ လက်တွေ့ကတော့ ကြည့်ရမှာပေါ့။ သို့သော် တစ်ခုတော့ ရှိတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချို့ပြောဆိုတာတွေနဲ့ ပတ်သက်လို့ကတော့ ဘာမှ ဝေဖန်စရာအကြောင်း ထူးထူးခြားခြား မရှိပါဘူး။ သို့သော် ကျွန်တော်တို့ အနေနဲ့ကတော့ ၆၂ ကနေ ဒီနေ့အထိ ရှိတဲ့ အဖြစ်အပျက်ကတော့ ကျွန်တော်တို့အတွက် အခိုင်အမာဆုံး သက်သေပဲ။ နောက်ထပ် လက်တွေ့မကျတဲ့ သက်သေတွေကို မျှော်မှန်းပြီးတော့ တစ်ခုခုကို မျှော်လင့်ဖို့ဆိုတာ ကျွန်တော်တို့ လူ့သက်တမ်းနဲ့ အတွေ့အကြုံ ဖြတ်သန်းမှုအရ ပြောမယ်ဆိုရင် စိတ်ထဲမှာ ပေါ့ပေါ့ပါးပါး မရှိဘူး။


ပြည်သူ့ခေတ်အယ်ဒီတာအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခြင်း

(စက်တင်ဘာ ၂၀၊ ၂၀၁၁ ခုနှစ်)

မေး။ အစိုးရပိုင်း ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးတဲ့ အကြောင်းအရာတွေကို လောလောဆယ် မပြောနိုင်သေးတဲ့ အကြောင်း အစ်မ ဖြေလေ့ရှိတာ တွေ့ရပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဘယ်အချိန်လောက်ရင် အများပြည်သူကို အသိပေးနိုင်မှာလဲ ခင်ဗျား။

ဖြေ။ တိတိကျကျတော့ မပြောနိုင်ဘူး။ သိပ်ပြီးတော့ အချိန်ဆွဲရင်တော့ မကောင်းဘူးဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို ကိစ္စတွေက သိပ်ပြီးတော့ အချိန်ဆွဲတာနဲ့အမျှ ပြည်သူလူထုကလည်း ယုံကြည်မှုတွေ နည်းသွားတတ်တယ်။ အဲဒါကြောင့်မို့လို့ ဒီလို ကိစ္စတွေဖြစ်ဖို့ ဆိုတာက အချိန်အကန့်အသတ် တစ်ခုအတွင်းမှာ လုပ်ဖို့ လိုတယ်လို့တော့ ကျွန်မတို့ ထင်တယ်။ ကျွန်မတို့ အနေနဲ့လည်း အမြန်ဆုံး ဖြစ်အောင်လို့တော့ ကြိုးစားမှာပါ။ ပြည်သူကနေပြီးတော့ လက်ဆုပ်လက်ကိုင် သြော်.. ဒါကတော့ တိုးတက်မှု တစ်ခုပဲ ဆိုပြီးတော့ မြင်နိုင်တဲ့ အခြေအနေဟာ အမြန်ဆုံး ရောက်ဖို့ လိုတယ်ဆိုတာ ကျွန်မ လက်ခံပါတယ်။

မေး။ အစိုးရနဲ့ မတူတာတွေ ဘေးဖယ်ထားပြီး တူတာတွေမှာ တွဲလုပ်မယ်လို့ ပြောတာ ကြားရပါတယ်။ တူတယ်ဆိုတာ ဘယ်ကိစ္စတွေပါလဲ။ တချို့ကျတော့ တူတာကော ရှိရဲ့လားလို့ ဝေဖန် ပြောဆိုကြတာတွေလည်း ရှိပါတယ်။

ဖြေ။ တူတယ်ဆိုတာကတော့ တိုင်းပြည်အကျိုးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေပေါ့။ အစိုးရကလည်း ဘာပဲပြောပြော ငြိမ်းချမ်းရေး လိုချင်တယ်ဆိုတာ ကျွန်မတို့ သိတယ်။ နောက် စီးပွားရေး တိုးတက်စေချင်တယ်။ ပြည်သူတွေရဲ့ အခြေအနေ ပိုပြီးတော့ ကောင်းစေချင်တယ်။ ကျန်းမာရေး၊ ပညာရေး အခြေအနေတွေပေါ့နော်။ အဲဒါတွေကတော့ တူညီတဲ့ ကိစ္စတွေပဲ။ အဲဒီဟာတွေနဲ့ ပတ်သက်လို့လည်း ကျွန်မ ပြောပြီးပါပြီ။ တချို့က တူညီတာတွေများ ရှိလို့လားဆိုတာ။ တူညီတာတွေ မရှိရင် ပိုပြီးတော့ စကားပြောဖို့ လိုတယ်။ တူညီတာတွေ မရှိရင် ပိုပြီးတော့ ဆွေးနွေးဖို့ လိုမယ်။ အဲသလို နည်းနဲ့ပဲ တူညီတဲ့ဟာတွေ ရှိအောင် ဆောက်တည်ရမှာပေါ့။ ဒီတိုင်းပြည်မှာ နေတဲ့သူတွေ အားလုံးဟာ လုံးဝ တူညီတာ မဟုတ်ဘူးဆိုတာတော့ မဖြစ်နိုင်ဘူး။ ဘာပဲပြောပြော လျှပ်စစ်မီး မလုံလောက်ဘူး ဆိုတာလောက်တော့ အားလုံး သိကြတာပဲ။ ဥပမာအားဖြင့် ပြောတာပါ။ ဒီတိုင်းပြည်မှာ နေတဲ့ လူတွေကြားထဲမှာ တူညီမှု လုံးဝ မရှိဘူးဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ နိုင်ငံခြားသားတွေတောင်မှ ဒီတိုင်းပြည်မှာ ခဏ လာနေတဲ့ အချိန်မှာ ပြည်သူနဲ့ အတူတူ ခံစားရတဲ့ဟာတွေ ရှိတာပဲ။ ဥပမာ လမ်းမကောင်းဘူးဆိုရင် သူတို့ ကားတွေလည်း ခုန်တာပဲ။ ဗမာတွေရဲ့ ကားတွေမှ ခုန်တာမှ မဟုတ်တာ။

ကချင်ဒုက္ခသည်စခန်းတွင် ၁၂-နှစ်အောက်ကလေး ၅၀၀၀ ကျော်ရှိ


မြန်မာစစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့၏စစ်ကြောင့် နေရပ်စွန့်ခွာလာသူ ၂၀၀၀၀ ကျော်တွင်  အသက် ၁၂-နှစ်အောက်ကလေး  ၅၀၀၀ ကျော်ပါဝင်သည်ဟု စက်တင်ဘာ (၂၄) ရက်ထုတ် SIMSA KASA စာစောင်တွင် ဖော်ပြထားသည်။
kachin_refugees_laiza_0927
KIA ဗဟိုဌာနချုပ် Laiza ပတ်ဝန်းကျင်ရှိ ကချင်စစ်ပြေး ဒုက္ခသည်စခန်းများ။ ဓါတ်ပုံ- Simsa Kasa

RANIR (Relief Action Network for IDP and Refugee) က SIMSA KASA ကို ကချင်ဘာသာဖြင့် စက်တင်ဘာ ၂ ရက်မှ စတင်ထုတ်ဝေသည်ကို တွေ့ရသည်။

SIMSA KASA အတွဲ (၁) မှတ် (၂) တွင် စက်တင်ဘာ ၁၈ ရက်နောက်ဆုံးစာရင်းအရ KIOဌာနချုပ်လိုင်ဇာ တွင် ဒုက္ခသည်စခန်း ၄ ခု၌ နေရပ်စွန့်လာသူ ၄၈၄၂ ဦးရှိသည်။

ထို့အပြင် ပါဂျောဒဘန်၊ ဂျေယန်ခ၊ ဖွမ်လုံယန်၊ မဂါယန်၊ ဒွမ်ဘွန်းစခန်းများနှင့် မြောက်ပိုင်း-ကချင်၊ အရှေ့ပိုင်း-ကချင်၊ တောင်ပိုင်း-ကချင်နှင့် အနောက်ပိုင်း-ကချင်(မိုးညှင်း) ဒေသများတွင်နေရပ်စွန့်ခွာ လာကြသူများ စုစုပေါင်း ၁၆၄၅၅ ဦး ရှိသည်ဟု ဖော်ပြထားသည်။

ဒုက္ခသည်များအတွက် နေရာထိုင်ခင်း စီစဉ်ပေးထားသည့်အပြင် လူတစ်ဦးအတွက် တစ်နေ့ ဆန်နို့ဆီဘူး ၂ လုံးနှင့် ဟင်းအတွက် ငွေကျပ် ၂၀၀ ထောက်ပံကူညီလျက်ရှိသည်ဟု အမေးအဖြေတစ်ခုတွင်အကူအညီ ပေးရေးတာဝန်ခံ ဆလန်ကဘာ ဒွဲပီဆာ ဖြေဆိုထားသည်ကိုလည်းတွေ့ရသည်။

ယခုအခါ အကူအညီပေးရေးအဖွဲ့အနေဖြင့်  ပြင်ပအကူအညီ ကျပ်ငွေတန်ဖိုးအားဖြင့် သိန်းပေါင်း ၉၃၇၅ ကျော် ရရှိကာ KIO က ကျပ်ငွေတန်ဖိုးအားဖြင့် သိန်းပေါင်း ၂၄၇၀ ကျော် ဒုက္ခသည်များအတွက်ပံ့ပိုးထား သည်ဟု ဆက်လက် ဖြေဆိုထားသည်။ (၀.၈ ယွမ်=၁၀၀ကျပ်)

ထို့အပြင် နေရပ်စွန့်ခွာလာကြသည့် ကိုယ်ဝန်ဆောင်မိခင်များထဲမှ ကလေးငယ် ၆၇ ဦး ကို မီးဖွားပေး နိုင်ခဲ့ကြောင်းလည်း ပါဝင်သည်။

ရန်ကုန်မှ ကချင်အနုပညာအဖွဲ့တစ်ခုဖြစ်သည့် Wunpawng Shingni ကလည်း ရန်ပုံငွေရှာဈေးရောင်းပွဲ တစ်ခု ပြုလုပ်ကာ ဒုက္ခသည်ကလေးငယ်များအတွက် ကျောင်းသုံး ဗလာစာအုပ် ဒါဇင်ပေါင်း ၃၆၀ထောက် ပံ့ကြသည် ဟုလည်း ဖော်ပြထားပါသည်။

ရှမ်းပြည် ဌာနချုပ်မှ KIA ဆုတ်ခွာ

အစိုးရတပ်များ၏ ထိုးစစ်ကြောင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်ရှိ ၎င်း၏ အမှတ် ၄ တပ်မဟာ ဌာနချုပ် နှင့် စခန်း တချို့မှ ယခု ရက်ပိုင်းအတွင်း ဆုတ်ပေးလိုက်ရကြောင်း သိရသည်။

KIA_28_9_2011
KIA တပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် အခြေစိုက် လှုပ်ရှားနေကြသည် (ဓာတ်ပုံ - KIA)

အစိုးရတပ်၏ ၁၂၀၊ ၁၀၅ မမ အမြောက်များနှင့် ၅ ရက်ကြာ ပစ်ခတ်သည့် ဒဏ်ကို မခံနိုင်သောကြောင့် ဆုတ်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း ထိုနေရာသည် စစ်ရေးအရ ဗျူဟာ မကျကြောင်း၊ အစိုးရတပ်က ယင်းနေရာကို သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း KIA တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောက ပြောသည်။

“အစိုးရတပ်က တဖြည်းဖြည်းနဲ့ ချဉ်းကပ်လာနေတယ်၊ တပ်ရင်းပေါင်း ၂၀ ကျော်သွားပြီး အားလုံး ပေါင်းလိုက်ရင် အင်အား ၂၀၀၀ နီးပါးလောက် ရှိမယ်၊ ကျနော်တို့က ပြောက်ကျားစနစ်နဲ့ ပြန်လည် ခုခံ တိုက်ခိုက်နေတယ်” ဟု ဗိုလ်မှူးကြီး ဇော်ရောက ဆိုသည်။

အစိုးရတပ်များကို ခုခံတိုက်ခိုက်နေသည့် တပ်ရင်းများမှာ KIA တပ်ရင်း ၁၇ နှင့် ၂၉ တပ်ဖွဲ့ဝင်များ ဖြစ်သည်။ KIA ဘက်မှ ရှမ်း ပြည် တပ်မတော် (SSA) မြောက်ပိုင်း တပ်ဖွဲ့ဝင် တချို့ကူညီ တိုက်ခိုက်နေသည်ဟု သိရသည်။

“ကျနော်တို့ ဖယ်ပေးလိုက်ရတဲ့ နေရာဝန်းကျင်နဲ့ တခြားနေရာတွေပါ တန်ပြန်ပြောက်ကျားစနစ်နဲ့ ပြန်တိုက်နေတယ်” ဟု ဗိုလ်မှူး ဇော်ရောက ဆက်ပြောသည်။

ယခုရက်ပိုင်း မူဆယ် ၁၀၅ မိုင် ကားလမ်းမ၏ အနောက်ဘက်ရှိ KIA တပ်ရင်း ၈ လှုပ်ရှားနေသော ဒေသ၊ KIA တပ်ရင်း ၂ ဒေသများတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲတွင် နှစ်ဖက်အကျအဆုံး စာရင်းများကိုမူ မသိရှိရသေးပေ။ တိုက်ပွဲများကြောင့် ဒေသခံ ကချင်၊ ရှမ်း၊ ပလောင် တိုင်းရင်းသားများက တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့နယ်သို့ ထွက်ပြေး တိမ်းရှောင် နေကြရသည်။ စစ်ပြေးဒုက္ခသည် အများစုမှာ ကွတ်ခိုင်မြို့နယ် အတွင်းရှိ ကျေးရွာများမှဖြစ်သည်။

ထိုဒေသမှ တိုက်ပွဲများ ရက်အတန်ကြာလာပြီ ဖြစ်သော်လည်း မြန်မာအစိုးရက သတင်းထုတ် ခြင်း မရှိသေးပေ။

စစ်အစိုးရသည် မိုးမောက်မြို့နယ်အတွင်း တာပိန်ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA တပ်များအား လုံခြုံရေးအရ စိတ်မချဟု အကြောင်းပြ၍ ထွက်ခွာရန် ပြောဆိုခဲ့ကြပြီးနောက် နှစ်ဖက်တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် စတင်ခဲ့သည့် အစိုးရတပ်နှင့် KIA အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး ရသူပေါင်း ၂၀၀၀၀ ကျော်ရှိပြီး တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ KIA ထိန်းချုပ်ရာ ဒေသများ၊ မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့တို့ရှိ ဘာသာရေး အဆောက်အအုံများ၊ ဆွေမျိုးများထံတွင် ဒုက္ခသည်များ ခိုလှုံနေကြဆဲ ဖြစ်သည်။

ဆန္ဒပြခွင့်မူကြမ်းပါ ကန့်သတ်ချက် ကော်မတီဖယ်ရှား

ချင်းမိုင် (မဇ္ဈိမ) ။       ။ ပြည်ထဲရေး ဝန်ကြီးဌာနမှ တင်သွင်းသည့် 'ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လှည်ခွင့်' ဥပဒေမူကြမ်းတွင် ပါရှိသည့် ဆန္ဒထုတ်ဖေါ်ခွင့်နေရာ ကန့်သတ်ထားချက်ကို  အောက်လွှတ်တော် ဥပဒေမူကြမ်း ကော်မတီမှ ဖြုတ်ပစ်လိုက်သည်ဟု လွှတ်တော် အမတ်များက ပြောသည်။

ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို တင်သွင်းသည့် အဆိုပါ ဥပဒေမူကြမ်း၏ အခန်း (၅) အပိုဒ်
(က) တွင် 'အစိုးရဌာန အစိုးရ အဖွဲ့အစည်းရုံး၊ အလုပ်ရုံ၊ စက်ရုံ၊ အလုပ်ဌာန ဘာသာရေးနှင့် သက်ဆိုင်သော
နေရာများ၊ စာသင်ကျောင်း၊ ဘူတာရုံ၊ လေဆိပ်၊ သင်္ဘောဆိပ်ကမ်း၊ ကားဂိတ်၊ ဆေးရုံတို့နှင့် အဆိုပါ နေရာတို့ကို အနှောက်အယှက် ဖြစ်စေသည့် နေရာများတွင် စီတန်းခွင့်နှင့် စုဝေးခွင့်မရှိ' ဟူသည့် ကန့်သတ်ချက် ပါရှိသည်။

သို့သော် ယင်းဥပဒေမူကြမ်းကို အောက်လွှတ်တော် ဥပဒေမူကြမ်း ကော်မတီမှ စိစစ်အပြီး ကော်မတီဝင်
ဦးငွန်မောင်းမှ တနင်္လာနေ့တွင် လွှတ်တော်သို့ ပြန်လည် တင်ပြရာတွင် မပါဝင်တော့ဟု အမတ်များက မဇ္ဈိမကို
ပြောသည်။

lotdaw96
'ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လှည်ခွင့်' ဥပဒေမူကြမ်းတွင်ပါရှိသည့် ဆန္ဒထုတ်ဖေါ်ခွင့်နေရာ ကန့်သတ်ထားချက်ကို အောက်လွှတ်တော် ဥပဒေမူကြမ်း ကော်မတီမှ ဖြုတ်ဟု လွှတ်တော်တက် အမတ်များက ပြော (ဓါတ်ပုံ မဇ္ဈိမ)

ဥပဒေမူကြမ်းတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လှည်ခွင့် တို့အတွက် သက်ဆိုင်ရာ အထွေ
အထွေ အုပ်ချုပ်ရေးမှူးထံတွင် ခုနှစ် ရက်ကြိုတင် အကြောင်းကြားကာ ခွင့်ပြုချက်ရယူရမည်ဟု ပါရှိပြီး စီတန်း လှည့်လှည်ခွင့် ပြုမပြု ဆုံးဖြတ်ချက်ကို မြို့နယ် ရဲတပ်ဖွဲ့မှူးမှ ဆုံးဖြတ်ပိုင်ခွင့် ရှိသည်ဟုလည်း ပါရှိသည်။

ဥပဒေမူကြမ်းပါ အထက်ပါ အချက်နှင့် ပတ်သက်၍ မြို့နယ် ရဲတပ်ဖွဲ့မှူးမှ ခွင့်ပြုချက် မပေးပါက၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရဲတပ်ဖွဲ့မှူးထံသို့ ထပ်မံ တင်ပြနိုင်သည်ဟုလည်း ဥပဒေကြမ်း ကော်မတီက ပြင်ဆင်လိုက်
သည်။

ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော် အမတ်များ အနေဖြင့် စက်တင်ဘာ ၂၉ ရက်နေ့
နောက်ဆုံးထားကာ လွှတ်တော်ရုံးသို့ စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။

အင်္ဂါနေ့ အထက်လွှတ်တော် ဆွေးနွေးပွဲတွင် လွှတ်တော်အမတ် ဦးမောင်စောဖြူမှ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အတွင်းလယ်ယာမြေ ဧက ၁၅ဝ ကို ဒေသခံ စစ်တပ်နှင့် ကုမ္ပဏီများမှ သိမ်းယူမှုနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် လယ်ယာမြေနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်မှ တောင်သူလယ်သမားများ အကျိုးကို ရှေ့ရှု လုပ်ဆောင်မည်
ဖြစ်ကြောင်း ဖြေကြားသွားသည်။

အထက်လွှတ်တော်၏ ဆွေးနွေးပွဲတွင် လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ လွှတ်တော်အမတ်များ လွှတ်တော်
အတွင်း သုံးနှုန်းပြောဆိုသည့် အသုံးအနှုန်းနှင့် ပတ်သက်၍ မသင့်တော်သည်များကို မိမိတဦးတည်းက ဝင်ရောက် ဟန့်တားနေရပြီး လွှတ်တော် အမတ်များမှလည်း မသင့်တော်ဟု ယူဆသည့် အသုံးအနှုန်းများကို ကိုယ်တိုင် ကန့်ကွက်နိုင်ကြောင်း ပြောသွားသည်ဟု သိရသည်။

အထက်လွှတ်တော်တွင် ဆွေးနွေးနေသည့် မေးခွန်းများနှင့် အဆိုများသည် ကုန်သလောက် ရှိနေပြီဟု အမတ်များ
က ခန့်မှန်းနေကြပြီး အထက်လွှတ်တော် စည်းဝေးပွဲကို ဗုဒ္ဓဟူးနေ့တွင် တရက် ရပ်နားမည် ဖြစ်သည်။

မြန်မာ ဝေါဟာရသုံးစွဲခြင်းကို ကန့်သတ်ရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ တပ်မတော်သား လွှတ်တော်အမတ်တဦးက မြန်မာဟူသည့် ဝေါဟာရကို အကန့်အသတ်
ဖြင့် သုံးစွဲရန် ဥပဒေပြုနိုင်ရေး အဆိုကို ဗုဒ္ဓဟူးနေ့ အောက်လွှတ်တော်တွင် တင်သွင်းခဲ့ရာ မဲအရေအတွက် ၁ဝဝ
ကျော် အကွာဖြင့် ရှုံးနိမ့်ခဲ့သည်ဟု လွှတ်တော်အမတ်များက ပြောသည်။

ဗိုလ်မှူးကြီး ဌေးနိုင်မှ 'မြန်မာ ကာရာအိုကေ၊ မြန်မာ အနှိပ်ခန်း၊ မြန်မာ ပျော်တော်ဆက်' စသည့်နေရာများတွင် မြန်မာ ဟူသည့် အသုံးနှုန်း သုံးစွဲလာကြမည်မှာ မသင့်တော်ဟူသည့် အကြောင်းပြချက်ဖြင့် မြန်မာ ဟူသည့် စကားရပ်ကို အကန့်အသတ်ဖြင့် သုံးစွဲရန် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်ဟု လွှတ်တော်အမတ်များက မဇ္ဈိမကို ပြောသည်။

ဗိုလ်မှူးကြီး ဌေးနိုင် (ကြည်း ၁၆၄ဝ၂) ၏ အဆိုတွင် "မြန်မာဆိုသည့် စကားရပ်ကို မြန်မာ တမျိုးသားလုံး၏ အမျိုးဂုဏ်
ဇာတိဂုဏ်၊ မြင့်မားစေရန် အလို့ငှာ ရည်ရွယ်ဖေါ်ညွှန်းသည့် ရေးသား ထုတ်ဝေခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံနှင့် တိုင်းရင်းသားများ အားလုံးနှင့် သက်ဆိုင်သော မြင့်မြတ်သည့်နေရာ အသုံးအနှုန်းများတွင်သာ သုံးစွဲခွင့်ပြုရေးနှင့်
အမှတ်တံဆိပ် အပါအဝင် အခြားမသင့်လျော်သော နေရာ အသုံးအနှုန်းများတွင် သုံးစွဲခွင့် မပြုစေရေး ဥပဒေ တရပ် ပြဋ္ဌာန်းရန်" ဟူ၍ ပါရှိသည်။

lotdaw99
တပ်မတော်သား အမတ်တဦးက မြန်မာဟူသည့် ဝေါဟာရကို အကန့်အသတ်ဖြင့် သုံးစွဲရန် ဥပဒေပြုနိုင်ရေး အဆိုကို အောက်လွှတ်တော်တွင် တင်သွင်းခဲ့ရာ မဲအရေအတွက် ၁ဝဝ ကျော် အကွာဖြင့် ရှုံးနိမ့် (ဓါတ်ပုံ မဇ္ဈိမ)

အဆိုကို လွှတ်တော်အမတ် ခုနှစ် ဦးမှ ဆွေးနွေးရာ နှစ်ဦးမှ ကန့်ကွက်ပြီး ငါးဦးက ထောက်ခံခဲ့သည်။ ယင်းအဆိုကို
နှစ်ပိုင်း ခွဲသင့်ကြောင်း လွှတ်တော် အမတ်များမှ တင်ပြကြခြင်းကြောင့် လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းမှ "မြန်မာဟူ
သည့် အသုံးအနှုန်းကို မြင့်မြတ်သည့် နေရာများတွင်သာ သုံးရန် အဆို"နှင့် "မသင့်တော်သော နေရာများတွင်
သုံးစွဲခွင့် မပြုရေးအဆို" ဟူ၍ အဆိုနှစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

"မြန်မာဟူသည့် ဝေါဟာရကို အခြားမသင့်လျော်သော နေရာများတွင် သုံးစွဲခွင့်မပြုစေရေး" ကို လွှတ်တော်မှ မဲခွဲ ဆုံးဖြတ်ရာ ကန့်ကွက်မဲ ၂၅ဝ၊ ထောက်ခံမဲ ၁၃၃ နှင့် ကြားနေမဲ ၁၃ မဲဖြင့်ရှုံးနိမ့်ကာ လွှတ်တော်မှ ဆွေးနွေးရန် မသင့်သည့် အဆိုအဖြစ် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နောက်တခုဖြစ်သော "မြန်မာဟူသည့် အသုံးအနှုန်းကို မြင့်မြတ်သည့် နေရာများတွင်သာ သုံးရန်" အဆိုကို လွှတ်တော်မှ ဆက်လက်ဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။ မြင့်မြတ်သည့် နေရာ ဆိုသည်မှာ မည်သည့် နေရာကို သတ်မှတ်သည်ကို လွှတ်တော်တွင် ထပ်မံ ဆွေးနွေးကြဦးမည် ဖြစ်သည်။

တိုင်းပြည် အတွက် အသုံးချတယ် ဆိုလည်း အသုံးချပေါ့၊ ရပါတယ်



အမေး.. ။ပစ္စက္ခ နိုင်ငံရေး အခြေအနေဟာ အကောင်းဘက်ကို သွားဖို့အတွက် ခြေလှမ်းပြင်နေတယ်လို့ ပြောလို့ရမလား။


အဖြေ....။ ဒီလိုပဲ မြင်ပါတယ်။ ဒါပေမဲ့လည်း မျှော်လင့်တယ်ပေါ့နော်။ ကျွန်မအမြဲပဲ ပြောသလိုပဲ။ မျှော်လင့်လို့ရှိရင် အလုပ်လုပ်ရမယ်။ အကောင်းဘက်တော့ ရောက်မှာပဲ ဆိုပြီး မျှော်လင့်ပြီးတော့ ခံယူလို့ မရဘူး။ အကောင်းဘက်ကို ရောက်စေချင်ရင် အကောင်းဘက်ကိုလည်း ရောက်နိုင်တဲ့ အခွင့်အရေးတွေ ရှိနေပြီလို့ဆိုရင် ပိုပြီး ကြိုးစားရမယ်။ ပိုပြီးတော့ ကိုယ်က အလုပ်လုပ်ရမယ်။ အကောင်းဘက်ကို မြန်မြန် ရောက်သွားအောင်လို့။ ဘာဖြစ်လို့လဲဆိုတော့ လူတွေ ပြောကြတာပေါ့နော်။ အစကောင်းမှ အနှောင်း သေချာလို့။ ကြားကာလ တွေလည်း အများကြီး ရှိသေးတယ်လေ။ အစလေး ကောင်းရုံနဲ့ အလိုလိုကို သူ့ဟာသူဒီအတိုင်း ဆက်ဆက် ဆက်ဆက်ပြီးတော့ အနှောင်း သေချာတဲ့ဆီ ရောက်သွားမှာ မဟုတ်ဘူး။ အစ စပြီးကတည်းက ဆက်ဆက်ပြီး လုပ်နေရမှာပဲ။ ဘဝ ဟာဒီလိုပါပဲ။ နေ့တိုင်းနေ့တိုင်း ကြိုးစားရမှာပဲ။

အမေး.......။အစိုးရနဲ့ အလုပ် သဘောပါတဲ့ ဆွေးနွေးမှုတွေ ဘယ်တော့လောက် စဖြစ်မယ်ထင်လဲ။

အဖြေ....။ ဒါကတော့ ဖြစ်တဲ့အခါ သိရမှာပေါ့။ ကျွန်မက အဲဒီလို ခန့်မှန်းပြီး ပြောတာ သိပ်မလုပ်ချင်ဘူး။ ခန့်မှန်းပြီး ပြောတာ ခန့်မှန်းချက်ဟာ ခန့်မှန်းချက်ပဲ။ လွဲသွားတဲ့အခါကျ ရင်လည်း မကောင်းဘူး။ လွဲသွားတဲ့ အခါကျရင် မကောင်းဘူးဆိုတာ ဒီလိုပါ။ တမင်သက်သက် နားလည်မှု လွဲအောင် လုပ်နေသလို ဖြစ်မှာစိုးလို့ပါ။

အမေး.......။ တွေ့ဆုံ ဆွေးနွေးမှုဟာ အရင်အစိုးရ လက်ထက် ကထက်စာရင်မြန်တယ် ဆိုပေမယ့် အကျပ်အတည်း တွေ့နေတဲ့ တိုင်းပြည်တစ်ခု အတွက် တွေ့ဆုံ ဆွေးနွေးမှုဟာ အရမ်းနှေးကွေးနေတယ်လို့ မမြင်ဘူးလား။

အဖြေ......။ဒါကတော့ အများကလည်း မြင်တယ်။ ကျွန်မလည်း အမှန် ပြောရလို့ရှိရင် ပိုပြီးတော့ သွက်သွက် လက်လက် သွားလို့ရှိရင် တိုင်းပြည်အတွက်လည်း ကောင်းမယ်။ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ကောင်းမယ်လို့မြင်တယ်။

အမေး.......။ အစိုးရရဲ့ အခုလက်ရှိ တွေ့ဆုံ ဆွေးနွေးမှုဟာ တိုင်းပြည်အတွက် တကယ်စေတနာ ထားတဲ့ တွေ့ဆုံ ဆွေးနွေးမှုလား။ ဒါမှမဟုတ် တချို့တွေကျတော့ အရင်က အတွေ့အကြုံတွေ ကို အခြေခံပြီးတော့ အစိုးရက နိုင်ငံတကာ ထောက်ခံမှုကို လိုချင်တဲ့အတွက် ဒေါ်စုနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ပုံစံနဲ့ မျှားနေတယ်လို့ သံသယဝင်ကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာများပြောလိုပါသလဲ။

အဖြေ....။ ကျွန်မက အစိုးရ အဖွဲ့အစည်း တစ်ဖွဲ့လုံးနဲ့ မတွေ့ဖူးဘူး။ ကျွန်မ သေသေချာချာ စကားပြောဖူးတာက ဝန်ကြီးဦးအောင်ကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန်။ ဝန်ကြီး ဦးအောင်ကြည် ကလည်း သမ္မတကြီး ဦးသိန်းစိန်ရဲ့ ညွှန်ကြားချက်အရ ပြောတာဆိုတော့ ကျွန်မအနေနဲ့ ပြောနိုင်တာက သမ္မတကြီး ဦးသိန်းစိန်ကတော့ အကောင်း ဘက်ကို သွားချင်တဲ့ဆန္ဒရှိတယ်လို့ ကျွန်မယုံကြည်တယ်။ တချို့က ပြောတာပေါ့။ အသုံးချ ခံနေရတယ်ဆိုတာ။ အဲဒီဟာကလေ ဘာအတွက် အသုံးချလဲပေါ်မှာ တည်တာပါ။ တိုင်းပြည်အတွက် အသုံးချတယ်ဆိုလည်း အသုံးချပေါ့။ ရပါတယ်။ ဘာအတွက် အသုံးချတာလဲ။ ဒီလိုပေါ့နော်။ ရေတို အာဆီယံ ဥက္ကဋ္ဌတို့ ဘာတို့အတွက် အသုံးချတာလား ဆိုပြီး တချို့ကမေးတာမျိုး။ ဒါဟာ ဒီလိုသံသယနဲ့ပဲ ကြည့်နေမယ်ဆိုရင် ကျွန်မတို့ အလုပ်က ဆက်လို့ရမှာ မဟုတ်ဘူး။ သတိနဲ့ သံသယဆိုတာ မတူဘူး။ ကျွန်မ အမြင်မှာတော့ ဘာပဲလုပ်လုပ် သတိဆိုတာတော့ ရှိရမယ်။ သတိဆိုတာ ကတော့ လွန်ကဲတယ်လို့ မထင်ဘူး။ မဖြစ်မြောက်သေးခင်မှာ ဖြစ်နိုင်တဲ့ အထစ်အငေါ့တွေနဲ့ ပတ်သက်ပြီး သတိက အမြဲရှိရမယ်။ သံသယ ဆိုတာနဲ့မတူဘူး။ သံသယဆိုတာ အင်မတန်မှ အဖျက်အဆီးသဘော ဖြစ်နိုင်တယ်။ သတိဆိုတာတော့ အဖျက်အဆီးသဘော မဟုတ်ပါဘူး။

အမေး......။ကျွန်တော်တို့ သတင်း ဖတ်လိုက်ရတယ်။ ၂ဝ၁၄ အာဆီယံဥက္ကဋ္ဌ နေရာအတွက်ကို အန်တီ့ရဲ့သဘောထားကိုပါ သူတို့မေးချင်တယ်ဆိုတာ။

အဖြေ........။ပြောသင့်တာ ရှိရင်တော့ ပြောရမှာပေါ့။ နိုင်ငံရေးသမားအလုပ်က မေးရင် ဖြေရမှာပေါ့။

အမေး......။အန်တီ့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုထဲမှာ ပါဝင်ဆောင်ရွက်မယ်လို့ ပြောထားတယ်။ လွှတ်တော်မှာ ငြိမ်းချမ်းရေး ကော်မတီဖွဲ့တော့ အန်တီ့ကို မထည့်ထား ဘူး။ အန်တီ့ အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့အတွက် သီးခြား လှုပ်ရှားမှုမျိုး လုပ်ဖို့ရှိလား။

အဖြေ........။ငြိမ်းချမ်းရေး အတွက်လုပ်တယ်ဆိုတာ တစ်ဦးတစ်ယောက်တည်း လုပ်လို့လည်း မရပါဘူး။ အဲဒီတော့ ကျွန်မအနေနဲ့ကတော့ ဘယ်သူပဲ ငြိမ်းချမ်းရေးရအောင် လုပ်နိုင်လုပ်နိုင် တကယ်လုပ်နိုင်ရင် ကျွန်မ ကျေနပ်ပါတယ်။ ကျွန်မ လုပ်ရမယ်လို့လည်း အဲဒီစိတ်မျိုး မရှိပါဘူး။ တကယ် ကျွန်မပါဝင်လုပ်လို့ ပိုအထောက်အကူ ဖြစ်မယ်ဆိုရင် လုပ်ဖို့အဆင်သင့်ပဲလေ။ ဒါပေမဲ့ ဒါကို လုပြီး လုပ်ဖို့မဟုတ်ပါဘူး။ ကိုယ်ကနေပြီး ဖြည့်ဆည်းပေးချင်တဲ့ သဘောပါ။

အမေး......။တိုင်းပြည် တစ်ပြည်ရဲ့ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးမှာ လူလတ်တန်းစားတွေ များလာမှဖြစ်မယ် လို့ တချို့ကပြောကြတယ်။ အဲဒီအပေါ်ဘယ်လိုများ မြင်မိပါသလဲ။

အဖြေ......။ဒါကတော့ မှန်ပါတယ်။ လူလတ်တန်းစား ဆိုတာက ပြည့်ပြည့်စုံစုံ အရမ်းကျိကျိတက် ချမ်းသာတာမျိုး မဟုတ်ဘူးပေါ့နော်။ ပြည့်ပြည့်စုံစုံ သိက္ခာရှိရှိ နေနိုင်မယ့် အဆင့်ရှိတဲ့သူတွေ အများစုဆိုတာ ကောင်းတာပေါ့။ ဒါပေမဲ့လည်း တကယ် အကောင်းဆုံး ဆိုလို့ရှိရင် ဒီ လူလတ်တန်းစားလို့ ပြောလိုက်တဲ့ အခါကျတော့ ဒီလူလတ် တန်းစား အောက်မှာလည်း ရှိသေးတယ်လို့ သဘော မရောက်သွားဘူးလား။ အဲဒီလို မရှိတာတော့ အကောင်းဆုံးပေါ့။ လူလတ်တန်းစား ရှိတယ်ဆိုတာ ကောင်းပေမယ့် လူလတ်တန်းစားလို့ သုံးကတည်းက သူ့အောက်မှာ နိမ့်တဲ့လူတွေ ရှိသေးတယ်ဆိုတဲ့ သဘောပေါ့။ တတ်နိုင်သမျှ ဒီဟာကို ပြုပြင်ယူရမယ်။

အမေး.....။အာရပ်ကမ္ဘာရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုဆီကနေ ဘာတွေ သင်ယူသင့်ပါသလဲ။

အဖြေ....။တချို့ကပေါ့နော်။ အာရပ်ကမ္ဘာ မှာ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားပြီ ဆိုတာကို အားကျတာပေါ့နော်။ ကျွန်မကလည်း အားကျတာပေါ့။ မြန်မြန်ဆန်ဆန် ပြောင်းလဲ တယ် ဆိုတော့ အားကျတာပေါ့။ ဒါပေမဲ့ အာရပ်ကမ္ဘာမှာ လစ်ဗျားလည်း ပါတယ်။ လစ်ဗျားကျတော့ ဘယ်လောက် ပြည်သူတွေ နာလဲ။ ဘယ်လောက် တိုင်းပြည်နာလဲ။ ဒီဒဏ်ရာဒဏ်ချက် တွေကိုပျောက်ဖို့ ဘယ်လောက် ကြာဦးမှာလဲ။ အဲဒါတွေက အများကြီးထည့် စဉ်းစားရမယ်။ တခြားနိုင်ငံတွေမှာ ဆိုလို့ရှိရင် ခု အစကနေ စသွားပြီ။ နောက်ဘယ်လိုဆက်ပြီး ခရီးဆက်ဦးမလဲ ဆိုတာလည်း ကြည့်ရဦးမယ်။ ကိုယ့်နိုင်ငံ သူ့နိုင်ငံ တစ်ပုံစံတည်းတော့ မဖြစ်နိုင်ပါဘူး။ တိုင်းပြည်ချင်း က တစ်ပုံစံတည်းမှ မဟုတ်တာ။

အမေး....။ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားဖို့အတွက် ပြည်သူတစ်ဦးချင်းစီရဲ့ တာဝန်က ဘာလဲ။ အစိုးရကရော ဘာတွေလုပ်ပေးရမလဲ။

အဖြေ.......။အစိုးရကတော့ ဒီမိုကရေစီ ထွန်းကားစေချင်ရင် နံပါတ်တစ် အရေးကြီးတာက ဥပဒေ စိုးမိုးရေးပဲ။ ဥပဒေစိုးမိုးရေး ရှိမှသာလျှင် ပြည်သူလူထုကလည်း လုပ်ရဲကိုင်ရဲ ပိုပြီး ဖြစ်လာမယ်။ လုပ်နိုင်ကိုင်နိုင် ဖြစ်လာမယ်။ ဥပဒေစိုးမိုးရေး ရှိရမယ်။ အဲဒီ ဒီမိုကရေစီ အဆောက်အအုံကို ခိုင်မြဲအောင် တည်ဆောက်တယ် ဆိုတာ ဥပဒေ စိုးမိုးရေးက အရေးကြီးတယ်။ ဒါကြောင့် NLD ဟာ ဆိုလို့ရှိရင် လူတွေငြီးငွေ့လောက်အောင် ဥပဒေစိုးမိုးရေး ကိစ္စကို ထပ်တလဲလဲ ပြောနေတာ။ ဒါဟာ သိပ်အခြေခံ ကျလွန်းလို့ပါ။

အမေး.....။နိုင်ငံရေးကို တကယ် စနစ်တကျ လေ့လာချင်တဲ့ လူငယ်တွေအပေါ် ဘယ်လိုများ လမ်းညွှန်ချက် ပေးချင်ပါသလဲ။

အဖြေ........။အဲဒါကတော့ တစိုက်မတ်မတ် လုပ်ရမယ်။ ကျွန်မတို့ကလေ။ ကံကောင်းတယ်ပဲ ပြောရမလားပေါ့နော်။ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဒီနိုင်ငံရေး အသိုင်းအဝိုင်းထဲမှာ ကြီးလာတယ်။ နိုင်ငံရေး အသိုင်းအဝိုင်းထဲမှာ ကြီးလာတဲ့အခါကျတော့ နိုင်ငံရေးဗီဇပါရင်၊ နိုင်ငံရေးကို စိတ်ဝင်စားလို့ရှိရင် လေ့လာနိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရခဲ့တယ်။ စိတ်မဝင်စားလို့ ရှိရင်တော့ ဘယ်လိုပဲ အသိုင်းအဝိုင်းက ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်၊ ဒါတွေက လေ့လာတဲ့ အခြေအနေရောက်မှာ မဟုတ်တော့ဘူး။ ငယ်ငယ် ကတည်းက နိုင်ငံရေး စကားတွေ ကြားနေရတယ်။ နောက်ပြီးတော့ ကျွန်မတို့ ကြီးလာတဲ့ ကလေးဘဝတုန်းက ဘာကံကောင်းသေးလဲ ဆိုတော့ သတင်း လွတ်လပ်ခွင့် တွေရှိတာ။ ကောင်းကောင်း မှတ်မိတာက အိမ်မှာဆိုလို့ရှိရင် သတင်းစာ သုံးလေးစောင် ယူတယ်။ သုံးလေးစောင် ယူပြီးတော့ လူကြီးတွေ ပြောနေတာ ကြားတာပေါ့နော်။ ဒီသတင်းစာကဖြင့် အစိုးရကို ထောက်ခံတယ်။ ဒီသတင်းစာကဖြင့် အတိုက်အခံကို ထောက်ခံတယ်။ စသည်ဖြင့် ပေါ့နော်။ ဒီသတင်းစာကဖြင့် အတင်းအဖျင်းဘက်ကို ပိုပြီးတော့ အားသန်တယ်။ အဲဒီဟာတွေကို ငယ်ငယ်ကတည်းက သိနေတယ်။ လူကြီးတွေက သတင်းစာထဲက ဆောင်းပါးတွေကို ကျယ်ကျယ် ဖတ်တဲ့အလေ့ရှိတယ်။ ကလေးတွေကလည်း ကြားတာပေါ့နော်။ တချို့ဟာတွေ နားမလည်ဘူး။ တချို့ဟာတွေတော့ နားလည်တယ်။ တဖြည်းတဖြည်း နားလည်တာပေါ့နော်။ အဲဒီတော့ ငယ်ငယ်ကတည်းကနေ ပြီးတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ သိတတ်မှုပေါ့။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားမှုဟာ လေ့ကျင့်ယူမှ ဖြစ်တာ။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖတ်လို့ရယ်လို့လည်း မဟုတ်ပါဘူး။ သတင်းတွေ နားထောင်ခြင်းအားဖြင့် သတင်းစာထဲက ဆောင်းပါးတွေ လေ့လာခြင်းအားဖြင့်၊ အဲဒီအတွက်ကျတော့ သတင်း လွတ်လပ်ခွင့်က အများကြီး အရေးကြီးတယ်။

အမေး.....။သတင်း လွတ်လပ်ခွင့် အပြင်ကို၊ လူကြီးတွေကရော ကျယ်ကျယ်ဖတ်တဲ့ အလေ့အထရယ်၊နောက် ပြီးတော့ မှန်တာရေးတာတွေရယ်၊ အဲဒါတွေက ကလေးတွေ မျိုးဆက် အတွက် ပိုအကျိုးပြုတဲ့ သဘောပေါ့။

အဖြေ.....။လူကြီးတွေကလည်း အဲဒီတုန်းက ကျယ်ကျယ်ဖတ်တယ်ဆိုတာ မကြောက်လို့ပေါ့နော် (ရယ်လျက်) အဲဒါအရေးကြီးတယ်လေ။ ဘာမှ ကြောက်စရာ မလိုဘူးဆိုတော့ ကျယ်ကျယ် ဖတ်ကြတာပေါ့။ ဖတ်ပြီးတော့ ကောက်နုတ်ချက်တွေ လည်းချတာပေါ့။ ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် အစိုးရကို ဝေဖန်တာတွေ အများကြီးပဲ။ ဝန်ကြီး ချုပ်တွေ၊ ဝန်ကြီးတွေကို ဝေဖန်တာတွေ၊ လူကြီးတွေကလည်း အဲဒီဟာတွေကို မြိန်ရေယှက်ရေ ဆွေးနွေးကြတာပဲ။ ဆွေးနွေးတော့ ကျွန်မ တို့နားထဲမှာ အစိုးရဆိုတာ ဝေဖန်ခံရတယ်။ ဝန်ကြီးချုပ်ဆိုပေမယ့် ဝန်ကြီးချုပ်ဟာ ဝန်ကြီးချုပ်ပဲ။ ဝန်ကြီးချုပ်ကို မကြိုက်လည်း ပြောမှာပဲ။ ဝန်ကြီးချုပ်ဆိုတာ ကြောက်စရာလည်း မဟုတ်ဘူးပေါ့နော်။ ထူးထူးခြားခြား လေးစားသင့်မှ လေးစားရမယ်။ ဝန်ကြီးချုပ်ဆိုတာ လေးစားစေချင်ရင် လေးစားအောင် နေရမယ်။ အဲဒါတွေကတော့ အလေ့အကျင့် လို ဖြစ်သွားတယ်။

အမေး........။အန်တီနဲ့ သမ္မတကြီးတွေ့ကြတော့ ဆင်းရဲမွန်းကျပ်နေတဲ့ ပြည်သူတွေ ဆီကနေ ဘာပြန်ကြားရသလဲ ဆိုတော့ တိုင်းပြည်က အဆင်ပြေတော့မယ်။ ငါတို့ဘဝတွေ လည်း အဆင်ပြေတော့မယ်လို့ ကြားရတယ်။ အဲဒီလို မျှော်လင့်နေတဲ့ ပြည်သူတွေကို အန်တီ့အနေနဲ့ ဘာများပြောချင်ပါသလဲ။

အဖြေ........။ဒီလိုမျှော်လင့်နေတာ သဘာဝ ကျပါတယ်။ ဘာလို့လဲဆိုတော့ ဒီလောက်တောင်မှ နှစ်ပေါင်းများစွာ ရုန်းကန်နေရတဲ့ ဘဝတွေဟာ အဆင်ပြေချင်ကြတာပေါ့။ ဒါပေမဲ့ ကျွန်မ ပြောချင်တာက ဥစ္စာရင်လို ဥစ္စာရင်ခဲ။ ကိုယ်ကလည်း တတ်နိုင်သမျှတော့ လုပ်ရမယ်။ ဘာပဲပြောပြော ဖြစ်သင့် တဲ့ကိစ္စကိုး။ ဖြစ်သင့် ပါတယ်။ ဖြစ်စေချင်ပါတယ် ဆိုတာလောက်တော့ ပြည်သူ့အသံကို ထွက်လာအောင် တတ်နိုင်သလောက် ကြိုးစားသွားရမယ်။ ကျွန်မတို့ ပြည်သူတွေက အရမ်းကြောက်နေတယ်။ အခုထိက ကြောက်စိတ်က မကုန်သေးဘူး။ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း မပြောရဲကြသေးဘူး။ ဒါပေမဲ့ နည်းနည်းကတော့ စပြီးတော့ နည်းနည်းနဲ့ စွန့်စားတာ စရမှာပဲ။ နောက်ပြီးတော့ ပိုပြီး စွန့်စားရမယ်။ မီဒီယာလိုပေါ့နော်။ ကျွန်မ အမြဲပြောတယ်။ မီဒီယာက တွန်းမှ ရပါမယ်။ ဆောင်းပါးတွေ တော်တော်များများဟာ တင်ကြည့်ကြ တာပဲ။ ပယ်တယ်ဆိုရင်လည်း ပယ်တယ်ပေါ့နော်။ ဒါပေမဲ့ မတင်ကြည့်ဘူးဆိုရင် ရမလား၊ မရလား ဘယ်သိမလဲ။ အဲဒီတော့ ပြည်သူလူထု အနေနဲ့ ဒီလိုပဲ။ နည်းနည်းလုပ် ကြည့်ပါ။ လုပ်ကြည့်မှ လုပ်လို့ရမလား၊ မရသလားဆိုတာ သိမှာပေါ့။ ပြည်သူပါမှ၊ နောက်ဆုံးကျတော့ ပြည်သူပါမှ၊ ဘယ်လို လုပ်ငန်းမျိုး မဆို နိုင်ငံ တစ်နိုင်ငံ အတိုင်းအတာ နဲ့ အောင်မြင်ဖို့ဆို ပြည်သူမပါလို့ကို မဖြစ်ဘူး။


Popular News Group

ကြားရင်နားခါးတဲ့စကား



“လူတွေဟာ ကိုယ့်တာဝန် ကိုယ်မသိတတ်ဘူး။ နိုင်ငံကြီးသား ပီသဖို့ အများကြီးလိုသေးတယ်” နေရာတကာမှာ ဒီစကားပြောတာ မကြာခဏကြားရတတ်တယ်။  စာ တွေလည်း ရေးကြတာဖတ်ရတယ်။ လမ်းဖြတ်ကူးတာ၊ အမှိုက်ပစ်တာ၊ မရိုသေ့စကား လမ်းဘေး အပေါ့သွားတာ စတာမျိုးတွေကို လက်ညှိုးထိုး ပြပြီး လူမျိုး တစ်မျိုးလုံးကို နိုင်ငံကြီးသားစိတ် နားမလည်သေးဘူး၊ မယဉ်ကျေးဘူးလို့ ကဲ့ရဲ့တတ်ကြတယ်။ ဒီစကားမျိုးတွေ ကြားတိုင်း တအား စိတ်ဆိုးတယ်။ အထူးသဖြင့် အဲဒီလို ကဲ့ရဲ့တဲ့သူတွေက နှိုင်းနှိုင်းပြီး ပြောလေ့ရှိတဲ့နိုင်ငံတွေ အမည်ကြားရင် ပိုပြီးဒေါသဖြစ်ရတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်သုံးလေးဆယ်လောက် အထိ အဲဒီ   နိုင်ငံတွေဟာ စာမတတ်ပေမ တတ်နဲ့ လူဆင်းရဲတွေ အများဆုံး၊ ဒုစရိုက်မှုတွေ အများဆုံးနိုင်ငံတွေ အဖြစ်နာမည်ဆိုးရခဲ့ကြပြီး အခု ခေတ်မှာလည်း စီးပွားရေးတိုးတက် လာမှုတစ်ခုကလွဲရင် ကျန်တဲ့လူမှု ရေး၊ ယဉ်ကျေးမှုရေးတို့မှာ ခပ်ရိုင်းရိုင်းစရိုက်တွေ ပပျောက်ကြသေးတာ မဟုတ်ပါဘူး။ မြန်မာလူမျိုးတွေဟာ လူဘယ် လောက်ပဲ ဆင်းရဲဆင်းရဲ စိတ်ဓာတ်ယဉ်ကျေးမှု မဆင်းရဲကြပါဘူး။ သက်ကြီးရွယ်အို ဘိုးဘွားမိဘတွေ ကို သူ့ထိုက်နဲ့သူ့ကံပဲဆိုပြီး ပစ်ပယ် ထားတာမျိုးတော့ မဆိုထားနဲ့ ရန်ကုန် လို မြို့ကြီးပြကြီးမှာတောင် ပြောရလောက်အောင်မရှိပါဘူး။ အမိုးတစ်ခုတည်းအောက်မှာ ဘိုးဘွား တွေကို သားသမီးမြေးမြစ်တွေက မရှိအတူရှိ အပြုစုစောင့်ရှောက်   ပေးကြမြဲဖြစ်တယ်။  တောကနေပြီး မြို့ပေါ်က ဦး လေးအဒေါ်တွေ အိမ်မှာ၊ အစ်ကို အစ်မတွေအိမ်မှာ လာနေရင်း ကျောင်းတက်တဲ့ဓလေ့ရှိနေဆဲပဲ။ အများအားဖြင့် လာနေခ၊ စားစရိတ် စသဖြင့် တောင်းယူလေ့မရှိပါဘူး။ အတူနေ အတူစားပေါ့ဆိုပြီး ကိုယ်စားရသလို ကျွေးကြတာပါပဲ။ ဒီဓလေ့မျိုး တခြားနိုင်ငံတွေမှာ ရှိလို့ လား။ ပိုပြီး ထင်ရှားတဲ့ နမူနာပြရ ရင်တော့ မန္တလေးဗြဟ္မစိုရ် နာရေးကူ ညီမှုအသင်းက စတင်လိုက်တဲ့ လူမှုရေးပရဟိတ စစ်စစ်လုပ်ငန်းမျိုးတွေ ရန်ကုန်မြို့ကြီးနဲ့ နိုင်ငံ အနှံ့မြို့ နယ်ပေါင်း များစွာမှာ ပေါ်ပေါက်လာခဲ့တာကို ကြည့်ပါ။ ဒီလို အခမဲ့ နာရေးကိစ္စ အဝဝကို ကူညီတဲ့ အသင်းအဖွဲ့မျိုး ဘယ်နိုင်ငံမှာ ကြားဖူးပါသလဲ။ ဒီအသင်းအဖွဲ့တွေဟာ ဘီလ် ဂိတ်လို သူဌေးကြီးတွေ၊ ဖောင်ဒေး ရှင်းကြီးတွေရဲ့ အလှူငွေနဲ့ တည် ထောင်ခဲ့ကြတာတွေ မဟုတ်ပါဘူး။ စိတ်ယဉ်ကျေးမှု အဆင့်မြင့်တဲ့ လူကြီးတွေက စတင် ဝါယမစိုက်ထုတ် ခဲ့ကြပြီး စိတ်ယဉ်ကျေးမှု အဆင့်မြင့် တဲ့လူငယ်တွေက ကိုယ့်ထမင်း ကိုယ်စားပြီး ဝိုင်းဝန်းလုပ်ဆောင်ခဲ့ ကြတာဖြစ်တယ်။ ဒါနိုင်ငံကြီးသား စိတ်ဓာတ် မဟုတ်ဘူးလား။ ဒါ တာဝန်သိတတ်မှုမဟုတ်ဘူးလား။  လူသားချင်း မေတ္တာစေတနာ ထားတာ၊ တစ်ဦးနဲ့တစ်ဦး ဝိုင်းဝန်း ကူညီစောင့်ရှောက်တာ၊ ကိုယ့်အိမ် က ဟင်းကောင်းလေးချက်ရင် ဘေး အိမ်ကို သွားပို့တတ်တာဆိုတာမျိုး ကို စိတ်ယဉ်ကျေးမှုလို့ မခေါ်ဘူးလား။ စက်မှုနည်းပညာအရာမှာသာ အောက်ကျနောက်ကျရှိပါတယ်။ စိတ်ယဉ်ကျေးမှုအရာမှာတော့ ဘယ်လူမျိုးနဲ့ယှဉ်ယှဉ် မနိမ့်ကျပါ ဘူး။ သူများတွေကို တာဝန်မသိ တတ်ဘူးလို့ပြောတဲ့သူဟာ ကိုယ့် ကိုယ်ကိုယ်လည်း ”ငါရော ငါ့ တာဝန်ငါလုပ်ရဲ့လား” လို့ ပြန်မေး ကြည့်သင့်တယ်။ တကယ်တော့ လူတိုင်းလူတိုင်း ကိုယ့်အလုပ် ကိုယ် လုပ်နေကြမယ်၊ ကိုယ့်တာဝန် ကိုယ်ကျေကြမယ်ဆိုရင် ဘာပြဿ နာမှ မရှိနိုင်တော့ပါဘူး။ ပြဿနာ ရယ်လို့ ဖြစ်လာရှိလာရတာကိုက လူတွေကိုယ့်အလုပ်ကိုယ် မလုပ်ကြ လို့၊ တာဝန်မကျေလို့ဖြစ်ပါတယ်။ ရယ်စရာတော့   တော်တော်   ကောင်းတယ်။  တချို့လူတွေက ကိုယ့်အ လုပ်ကလွဲရင် ဟိုစပ်စပ် ဒီစပ်စပ်နဲ့ နေရာတကာဝင်လုပ်တတ်တယ်။ ပြီးတော့မှ သူ့အလုပ်မပြီးတာ ဟို လူ့ကြောင့်၊ ဒီလူ   ကြောင့်ဆိုပြီး လူ တကာလိုက် လက်ညှိုးထိုး အပြစ် တင်တတ်ကြတယ်။  ဒီနေ့ မြန်မာ့လူ့အဖွဲ့အစည်း ဟာ စိုက်ပျိုးရေးကို အခြေခံအဖြစ် ထားနေသေးတဲ့ အဖွဲ့အစည်း   ဖြစ်တယ်။ ကျေးလက်က လူတွေက မြေကြီးကို ထွန်ယက်စိုက်ပျိုးတယ်။ မြို့ပေါ်က လူတွေက လယ်ယာ စိုက်ပျိုးထုတ်ကုန်တွေကို ရောင်းဝယ်ဖောက်ကားတယ်။ လူဦးရေရဲ့ ၉ဝ ရာခိုင်နှုန်းလောက်ဟာ ကျေး လက်နဲ့ မကင်းကြဘူးလို့ ဆိုနိုင်လိမ့် မယ်ထင်တယ်။ ကျေးလက်နဲ့မကင်း  တော့ နေရာတကာမှာ ကျေးလက် ရနံ့တွေ ထုံနေဆဲ လူ့အဖွဲ့အစည်းဖြစ် တယ်။ ကျေးလက်ရနံ့ ကျေးလက် စရိုက်ဆိုတာက သူ့လယ်ကိုယ်စိုက် ပေး၊ ကိုယ့်လယ်သူစိုက်ပေးတဲ့ သဘာဝဖြစ်တယ်။ စာရင်းငှားနဲ့ စာ ရင်းဒိုင်ဆိုပြီး ခွဲခြားမှုရှိတာမျိုးလည်း မဟုတ်ဘူး။ တကယ်ကို သန့်ရှင်းပြီး ချစ်စရာကောင်းတဲ့ ဓလေ့မျိုး လူ့အဖွဲ့အစည်းမျိုးဖြစ်တယ်။ ဒီ လူ့အဖွဲ့အစည်းမျိုးမှာ လူ တိုင်းရပ်ရေးရွာရေးကို ပါဝင်ဆောင် ရွက်ကြမြဲဖြစ်တယ်။ အဲဒါကြောင့် တစ်မျိုးလုံးကို သိမ်းကျုံးပြီး တာဝန် မသိတတ်ဘူး၊ နိုင်ငံကြီးသား မပီသဘူးလို့ မြို့သားပညာ တတ်တွေက ပုတ်ခတ်သံကြားတိုင်း စိတ်ဆိုးတာ ဖြစ်တယ်။ ခဏတဖြုတ်ရောက်ဖူး တဲ့ ဟိုနိုင်ငံ ဒီနိုင်ငံက လူတွေကို သိပ်စည်းကမ်းရှိတာပဲ၊ သိပ်တာဝန် သိတတ်တာပဲ၊ သိပ်ယဉ်ကျေးတာ ပဲလို့ ပြောတတ်တဲ့လူတွေကို ကိုယ့် နိုင်ငံထဲက ကျေးလက်တောရွာတွေ မှာ တစ်ပတ်ဆယ်ရက်လောက် သွားနေကြည့်ကြပါဦးလို့ တိုက်တွန်း လိုက်ချင်ပါတယ်။
လူထုစိန်ဝင်း

ဒီမိုကရေစီ သို့မဟုတ် ဆိတ်ငြိမ်သောအပြာ



 
အိမ်ရှေ့လမ်း၏တစ်ဖက် ကားဝပ်ရှော့ဆီမှ ထုသံနှက်သံ၊ အဆက်မပြတ် သွားလာနေသော ကားသံလူသံတွေက အခန်းကျဉ်းလေးထဲ အဆီးအတားမရှိ ဝင်ထွက်နေ သည်။
ပါးလျားသော်လည်း အတန်ငယ် ရှည်နေပြီဖြစ်သော ဆံပင်တွေ ကအဖြူ၊ ကျွဲကော်ကိုင်းမျက်မှန် အောက်က သတင်းသမားတစ်ဦး ၏ အကြည့်တွေကိုတော့ ဇရာက အားပျော့အောင်မလုပ်နိုင်ပေ။
နေ့စဉ်အပြောင်းအလဲမရှိ ဝတ်ဆင်မြဲဖြစ်သည့် အပြာရောင်ချည် ကြမ်းအင်္ကျီက အခုတော့ ဆရာ ဦးဝင်းတင်၏ ထင်ရှားသော အမှတ်လက္ခဏာ ဖြစ်နေခဲ့ပြီ။ အပြာ သို့ မဟုတ် ယုံကြည်ချက်။
”ဆံပင်လည်း မညှပ်ဘူး။ ကျွေးတာစားတယ်။ လက်ဖက်ရည် တစ်ခွက်တောင် ဝယ်မသောက်ဘူး။ ထောင်ထဲက ကျွန်တော့်မိတ်ဆွေတွေ ဒီလူတွေကို မမေ့နိုင်ဘူး။ ဒီလိုပဲ ကျွန်တော် ခြိုးခြံပြီးနေပါတယ်”ဟု ဆရာကဆိုသည်။
အခန်းဝကိုကျောပေးထား သောခုံပေါ် ပုဆိုးအကွက်ကြဲ၊ အနည်းငယ်အန်းနေသော ခြေအစုံတွင် မိုးတွင်းစီး အညံ့စားခြေညှပ်ဖိနပ် နှင့် ခပ်ကိုင်းကိုင်း ထိုင်နေသော ဆရာ့ အသွင်မှာ ရိုးရှင်းလွန်းလှသည်။
သို့သော် သမိုင်းဟူသည် ပင်လယ်သေ မဟုတ်။ အရှိန်အဟုန် ပြင်းပြင်း စီးဆင်းနေသော မြစ်တစ်စင်း။
ဆရာ့နောက်ကျော အခန်းနံရံ ပေါ်က ဒေါ်အောင်ဆန်းစုကြည် ပုံတူ ဆီဆေးပန်းချီကားအောက်မှ စကားသံများက အသက် ၈၂ နှစ် အရွယ် သတင်းစာဆရာ၊ နိုင်ငံ ရေးသမား (သို့မဟုတ်) NLD ပါတီ ၏ အဓိက ခေါင်းဆောင်တစ်ဦးဖြစ် သည့် အဘဦးဝင်းတင်၏ ကောက် ကြောင်းကို ခပ်ဖွဖွဆေးရောင်တို့ ထိနေသကဲ့သို့ပင်။
”ကျွန်တော်က သတင်းစာ ဆရာပဲဖြစ်ချင်တာ။ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တဲ့ နိုင်ငံရေးသမား ဖြစ်တယ်လို့ မယူဆဘူး။ အဲဒီလို ခံယူမထားပါဘူး”ဟု ဆရာက သူ့ ရပ်တည်မှု တစ်ခုကို လှစ်ပြသည်။ ဆရာ တက္ကသိုလ်ရောက်သည့် ၁၉၄၈ သည် မြန်မာ့နိုင်ငံရေး၏ အပြောင်းအလဲ စာမျက်နှာ၊ နိုးကြား တက်ကြွသော နိုင်ငံရေး အဖွဲ့အစည်းများ၊ ဖဆပလ၏ လှုပ်ရှားမှု ဒီရေလှိုင်း၊ နိုင်ငံရေး၏ ထင်ရှားသော လူပုဂ္ဂိုလ်များနှင့် ပတ်ဝန်းကျင်သည် ဆရာ့ အပေါ် လွှမ်းမိုးခဲ့သော ဂယက်ဟု ဆရာက ဆိုသည်။ နောက် စာအုပ်တွေ၊ ဂျာနယ်ကျော်မမလေး၏ ‘သူလိုလူ’ သြဇာနှင့် အုတ်ဖိုသား ဂျာနယ်ကျော် ဦးချစ်မောင် အပေါ် အားကျစိတ်မှာ နယ်ချင်းဆက်နေသည့် ကြို့ပင်ကောက်ဇာတိ ဆရာ ၏ ဒေသစိတ်နှင့်လည်း သက်ဆိုင်သည်ဟု ဆရာကပြောသည်။ ယင်းသည်ပင် သတင်းစာလောကသို့ တိုးဝင်ခဲ့သော ဆရာ့ဘဝ ခြေလှမ်း များ … ။
”နိုင်ငံရေးက လိုအပ်ချက်အရ လုပ်ခဲ့တာ။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဝန်ကြီးလုပ်ဖို့ အခွင့်အရေးယူဖို့ ဆိုတာမျိုးမရှိဘူး။ ဒါ ကျွန်တော်လက်သင့်ခံပြီး ဆွေးနွေးတဲ့ကိစ္စ မဟုတ်ပါဘူး။ ပံ့ပိုးပေးနိုင်တာ လုပ်မယ်။ ထောက်ခံမှုလုပ်မယ်။ ရှင်းလင်းဖို့  လိုအပ်တာကို ရှင်းလင်းပေးမယ်။ စည်းရုံးနိုင်တာ စည်းရုံးပေးမယ်။ အဲဒီအတွက် ကျွန်တော်က အောင်မြင်တဲ့ နိုင်ငံရေးသမား ဖြစ်တယ်လို့ မယူဆတာပါ”ဟု ယုံကြည်ရပ်တည်မှုအပေါ် ဆရာက ထပ်ဆင့် အဓိပ္ပာယ်ဖွင့်သည်။
စက်အကူဖြင့် လှုပ်ရှားနေရသော ဆရာ့နှလုံးကြောင့် အရာရာသည် စိတ်နောက်ကိုယ်ပါမဖြစ်တော့သော်လည်း ဘာကိုမှ အရှုံးမပေးသေးဆိုတာကတော့ မနားတမ်းဆို နေသည့်စကားတွေထဲမှာ ထင်ထင်ရှားရှား မြင်နေရဆဲ။ ကျောက်ကုန်း မှ မိတ်ဆွေအိမ်နှင့် တာမွေမှဦးလေးအိမ်တို့တွင် နှစ်ပတ်စီ နေထိုင်ရသည့် လက်ရှိဘဝ အရွှေ့အပြောင်း ကတော့ ဆရာ၏ အခက်အခဲ သို့မဟုတ် ကံတရား၏ ပြဋ္ဌာန်းမှုဟု ဆိုရမည်။
အသက်အရွယ်ကြောင့် ဘာမှမလုပ်နိုင်တော့ဟု ဆိုသော်လည်း ဆရာဒီအတိုင်း ထိုင်နေခြင်းတော့ မဟုတ်။ စာအုပ် ထုတ်ဝေရေးကိစ္စတွေ၊ ပါတီကိစ္စတွေ၊ နိုင်ငံရေး ဧည့်သည်တွေ၊ တွေ့ဆုံမှု၊မေးမြန်းမှုများက လူကိုယ်တိုင်သာမက တယ်လီဖုန်းများ ဖြင့်လည်း အဆက်မပြတ်။
”ကျွန်တော်က သတင်းစာသမားစိတ်နဲ့ လွတ်လွတ်လပ်လပ် ပြောတယ်။ ရှင်းတယ်။ ဝေဖန်တယ်။ တစ်ခါတစ်ခါကျတော့ ဒါက တစ်မျိုးဖြစ်နေတာပေါ့။ ကျွန်တော့် စိတ်အရတော့ နိုင်ငံရေးကို မရှင်းလင်းရဘဲနဲ့ မလုပ်ချင်ဘူး။ ထောက်ခံရမယ်ဆိုတာကို အာဏာရှင်ဆန်ဆန် မလုပ်ချင်ဘူး။ သံသယတွေရှင်းပြီး ကြိတ်ချေပြီးတော့ လုပ်ချင်တယ်”ဟု ဆရာကပြောပြသည်။
သစ်ပင်များနှင့် အုံ့အုံ့ဆိုင်းဆိုင်း ရှိနေသော ခြံအရိပ်ကြောင့်ထင့်။ မပြတ်ထွန်းထားသော မီးချောင်း အလင်းအောက်မှာပင် အခန်းကျဉ်းလေးထဲ ခြင်တွေက နေရာအနှံ့။ ဆရာ့ခြေထောက်တွေအနား တရစ်ဝဲဝဲလုပ်နေသော ခြင်ကြီးတွေကို ယမ်းခါခြောက်ရင်း နံရံလေးဖက်ကြား နှစ် ၂ဝ အတွေ့အကြုံမှ အပိုင်းအစ တစ်ခုကလည်း ခုချိန်မှာ တော့ သမိုင်းဖြစ်နေခဲ့ပြီ။
ညို့တက်လာသော မိုးသားရိပ်နှင့် မီးချောင်းအလင်းအောက်မှာ ဆရာ့အင်္ကျီအပြာက တောက်နေသည်။
”မသေခင်လေးတော့ ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီ ထွန်းကားတဲ့ လူ့အဖွဲ့အစည်း၊ လူထုဆန္ဒ သဘောထားနဲ့ တင်မြှောက်တဲ့ အစိုးရအဖွဲ့ ကိုမြင်သွားချင် သေးတယ်”ဟုဆရာ က လေးလေးနက်နက် ဆိုပါသည်။
အပြင်မှာ အမှောင်ကအား ကောင်းလာပြီ။ ဒီအချိန်ဆို ဆရာ ရေဒီယိုဖွင့်ပြီး သတင်းတွေ နားထောင်ချိန်၊ လက်ရှိ လှုပ်လှုပ်ခတ်ခတ် ပြောဆိုနေကြသော အကျဉ်း သားများ အရေးနှင့် သူတို့လွတ်မြောက်လာခဲ့ရင်ဟု ကျွန်တော် အဆုံးသတ်မေးတော့ ဆရာက အပြာရောင် ချည်ကြမ်းအင်္ကျီကို ကိုင်ကာ ”ကျွန်တော် ပြောင်းရမှာပေါ့”ဟု ချက်ချင်းပြန်ဖြေပါသည်။
အပြင်ဘက်မှာ မှောင်နေပြီ။
အောင်ခွန်းဆက်

မုန်းမှ ကယ်လီဖိုးနီးယား သို့


လွန်ခဲ့သော အနှစ်သုံးဆယ်ခန့်က ချစ်သော သူငယ်ချင်းက ခေါ်သဖြင့် ကွယ်လွန်သူ နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင် (ဦး)နေဝင်းရဲ့ အိမ်သို့ တစ်ခါ တစ်ခေါက် အလည်ရောက်သွားခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက ကောလိပ်ဂျင်ကြီးရဲ့သမီးအလတ် ဟေမာလေးတောင် သီချင်းစမဆိုသေး။ ဆယ်ကျော် သက်အရွယ် အပျိုပေါက်ကလေးသာရှိသေးသည်။ ဟေမာတို့ ညီအစ်မတစ်တွေရဲ့ ဧည့်ဝတ်ပျူငှာမှုနဲ့အတူ တွေ့သိခဲ့ရသူက ဦးလေးအရွယ် အမျိုးသားတစ်ဦး။ ဒါ ကိုကိုဌေးမြိုင်’တဲ့။  သူကတော့ သူ့အစ်ကို တစ်ဝမ်းကွဲမို့ အစ်ကိုလို့ မိတ်ဆက်ပေးပေမယ့် ကျွန်မ ကတော့ ကိုယ့်အဖေထက်တစ်နှစ်သာငယ်မယ့်အရွယ် ကို အစ်ကိုခေါ်ရမှာနှုတ်မရဲခဲ့ပါဘူး။ အထူးသဖြင့် ငယ် ငယ်ကတည်းက သူ့စာတွေဖတ်ပြီး လေးစားခဲ့ရတော့ ကျွန်မအတွက် သူဟာ ဟိုး … အထက်စင်မြင့်ပေါ်မှာ တလေးတစား မော့ကြည့်ရတဲ့သူပါ။ သူက တရင်းတနှီး သူ့ကိုယ်သူ ကိုကိုလို့ နာမ်စားသုံးပြီး ရယ်မော စကား ပြောခဲ့ပေမယ့် ကျွန်မကတော့ ပါးစပ်က ကိုကိုတစ်ခွန်း ခေါ်တိုင်း ရင်ထဲမှာဆရာလို့ ကြိတ်ပြီးပဲ့တင်သံ ထပ်ခဲ့မိ ပါတယ်။“ အစ်မအကြီးဆုံးက မွေးတဲ့သားနဲ့ အစ်မကြီးရဲ့ မောင်အငယ်ဆုံးမို့ တူနဲ့ဦးလေးက အသက်တစ်နှစ်ပဲ ကွာသတဲ့။  ငယ်ငယ်ကတည်းက   ယောင်ပေစူး ကိုယ်စီနဲ့ အဖေ့ရဲ့ ကစားဖော်ကစားဖက်၊ တက္ကသိုလ် ကျောင်းတော်သားကြီး တွေဖြစ်တဲ့အထိ တပူးတွဲတွဲနဲ့ ပညာသင် ဖော်သင်ဖက်ဆိုတော့ ဦးလေးရဲ့ ကလေးတွေ အတွက် အစ်ကိုဝမ်းကွဲဖြစ်တဲ့သူက ဦးလေးအရွယ်၊ အသက်က မငယ်။ ဒါပေမဲ့ အသက်ဘယ်လောက်ကွာကွာ ညီ၊ ညီမတွေက သူ့ကိုကိုကိုလို့ပဲ ချစ်စနိုးခေါ်ခဲ့ကြ ပါတယ်။ “မျက်မှန်ထူထူကြီးနဲ့ သူ့ညီ၊ ညီမတွေကို အမြဲရယ်ပြီး အားပါးတရ စကားပြောတတ်တဲ့ အဲဒီ ကိုကို,ကိုလူတွေ အသိများတာကတော့ ဒဂုန်တာရာပါ….။ “ကိုကို စာရေး   ကောင်းတာ၊ ကဗျာရေးတော်တာ လူတိုင်းသိပြီးမို့ အထူးမရေးတော့ပါဘူး။ စန္ဒရားတီး ကျွမ်းကျင်တာလည်းလူသိရှင်ကြားပါ။ နာမည်ကျော် ကြား အထင်ကရ လူတစ်ဦးမို့ ကိုကို့အကြောင်း လူသိ များ ပါတယ်။ အမှတ်တရမွေးနေ့တွေမှာလည်း ဂုဏ်ပြုမယ့်သူ အပြည့်မို့ ဆွေမျိုးသားချင်းများအနေနဲ့ ဘာမှထပ်ရေးပြစရာ မလိုတော့ပါဘူး။ “ဒါပေမဲ့ လူတွေ မသိသေးတဲ့ ကိုကို့အကြောင်းပြောချင်တာလေးတစ်ခု ရှိပါတယ်။“အဲဒါကတော့ ကိုကို့မှာ အနာဂတ်ကို ကြိုမြင် တဲ့ အမြော်အမြင်အာရုံလည်း ရှိနေ သလားဆိုတာပါပဲ။ “လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်ကျော်က ကျွန်မ မြန်မာ ပြည်ကထွက်ခါနီးမှာ ယောက်မဖြစ်သူက ဖုန်းဆက် လာပါတယ်။ သူ့ညီ ‘အငယ်လေး’   နိုင်ငံခြား သွားအပြီး မှာ သူအမှတ်တရစပ်ခဲ့တဲ့ ကဗျာလေး ၁၉၈၅ ခုနှစ် မေလဒဂုန်မဂ္ဂဇင်းမှာပါလာလို့ လူကြုံပေးလိုက်ချင် တယ်တဲ့။  စာအုပ်လိုက်ပေးရင်လေးနေ မှာစိုးလို့ လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ ကဗျာမိတ္တူကို သူ့ညီလေးဆီကို ယူသွား ပေးပါတဲ့။“ သူမပြောခင်ကတည်းက အဲဒီမဂ္ဂဇင်းကို ကျွန်မသေတ္တာထဲ ထည့်ပြီးသားပါ။   ယောက်မ ကို ပြန် ပြောလိုက်ပါတယ်။၊ စိတ်ချပါ၊ သေသေချာချာ ယူသွား ပါ့မယ်လို့။“  ကဗျာအဆုံးမှာ သူရေးခဲ့ပါတယ် …“ ရုပ်မြင်သံကြား တယ်လီဖုန်းမှာတွေ့ကြရအောင်…တဲ့။ “၁၉၈၄-၈၅ ခုနှစ်လောက်မှာ သူစပ်ခဲ့တဲ့ကဗျာပါ။ ““အမေရိ ကားမှာတောင် ကွန်ပျူတာတစ်လုံးကို ထောင်ပေါင်း များစွာပေးရတဲ့အချိန်။ အခုခေတ်လို လူတိုင်း ကိုယ်ပိုင် ဝယ်သုံးနိုင်ဖို့ အသာထား၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဆိုင်တွေမပြောနဲ့၊ ကုမ္ပဏီကြီးတွေတောင် အလုပ်သမား တိုင်းကို မပေးနိုင်သေးတဲ့အချိန်။ အီးမေးလ်လည်း မပေါ် သေး၊ အင်တာနက်ဆိုတာ စိတ်ကူးထဲတောင် မလည် သေးတဲ့အချိန်မှာ မြန်မာပြည်ကနေ Webcam အကြောင်း သူ ဘယ်လိုကြိုသိခဲ့ပါလိမ့်။““ ထိုစဉ်အခါက ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေထဲမှာပဲ သွားရည်ယိုခဲ့ရတဲ့ ဒီဗီဒီယို ဖုန်းဆိုတာ ကိုယ်နဲ့ဘာမှ မနီးစပ်သလိုပါပဲ။ သူပဲ အတွေး အခေါ် အာရုံကောင်းတာလား၊ ကျွန်မပဲ အမြော်အမြင် ဗဟုသုတနည်းပါးတာလား။ (အဖြေကတော့ ရှင်းပါ တယ်။ ကျွန်မနဲ့ သူဘာယှဉ်နိုင်စရာရှိလို့လဲ။) “တဖြည်း ဖြည်းနဲ့ သူချစ်တဲ့ ညီ၊ ညီမတွေနဲ့ ဝေးကွာရတော့မှာ၊ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတော့မှာကို သူကြိုမြင်ခဲ့တာကို သူ့ကဗျာလေးနဲ့ ရင်ဖွင့်ခဲ့ရှာပါတယ်။“ အဲဒီကဗျာလေးကတော့ လော့စ်အိန် ဂျလိစ်ရောက် ဆွေမျိုးများသို့လို့ ခေါင်းစီးတပ်ရေးစပ်ခဲ့တဲ့ … ‘မုန်းမှ ကယ်လီဖိုးနီးယားသို့…’။
မုန်းချောင်းဘေးမှ
အညာဒေသ၊ ရွာကလေးများ
ဘိုးဘွားစဉ် ဆက်၊ ဆင်းသက်လာရာ
“ကြည်လင်စိမ်းပြာ၊ နွေခါဒူးဆစ်
ကျောက်စရစ်ခဲ၊ စိန်ခဲမြခဲ၊ ပုလဲပက်ကြဲ
လက်လက်ရေတွင် မြင်ရ၏။
ဗုဒ္ဓကြွလာ
ကျောင်းတော်ရာမြတ်၊ ဘုရားပတ်လည်
ပိဋကတ်တိုက်၊ တည်ဆောက်ခိုက်တွင်
ဖခင်ခေါ်ရာ၊ လိုက်ပါလာစဉ်
ဝန်းကျင်ရွာများ၊ လှည့်လည်သွားကြ
အဘွားပြောဖူး၊ ဗူးသယ်ဇောင်းချမ်းကုန်း
မုန်းချောင်း မန်းချောင်း
ကျောင်းထိုင် ဦးပဏ္ဍိ၊ ရှိရာတည်းခို
စိုရွဲဆီများ၊ ရေမုန့်ဖဲ့စား
တမာရိပ်ကြား၊ ကွေ့ပတ်ပြေးလွှား
ကစားသည့်ရွယ်၊ မျိုးရိုးနွယ်စ
မြင်ရကြားရ၊ တွေ့ခဲ့ရလေ
မုန်းချောင်းရပ်မြေပုံကားချပ်။
သီပေါနန်းကျ
တိုင်းပြည်ပျက်စ၊ မုန်းမှ စွန့်ခွာ
ဧရာဝတီ၊ စုန်လာလိုက်ကြ
မြစ်ဝကျွန်းပေါ်၊ ရေဝန်းကမ်းညို
ကနစိုတောအုပ်၊ ရှင်းလင်းခုတ်တူး
“ဓါးမဦးချ၊ မြေဆွထွန်ယက်
မျိုးဆက်ပြန့်ပွား၊ လယ်သမားများ
အိမ်ခြေများလာ၊ ဖွဲ့စည်းကာလျှင်
ထိုင်ကူဆိုသော ရွာကလေး။
လယ်ကွင်းရေပြည့်
လှေဖြင့်ထိုးသွား၊ ဝါးလုံးကျိုးကျ
ရယ်ကြမောကြ၊ စပါးပင်ကြား
“ရေထဲဆင်းမှ၊ လှေထွက်ရတော့
မျှော့နက်တွယ်ကပ်၊ ရယ်ရာမှငို
မိုးညိုလာပြီ၊ ရွာဆီမည်းမှောင်
မိုးထဲလေထဲ၊ လှေကိုပစ်ထား
ပြေးကြလွှားကြ ပျော်စရာပ။
လရောင်ကြိုးကြဲ
ရွာထဲလျှောက်လည်၊ ပိတောက်ကိုင်းအောက်
မြေဝိုင်းချောမွတ်၊ မောင်းထောင်းဆန်ဖွပ်
လွတ်လပ်တေးဆို၊ ပျိုအိုတစ်သင်း
အတင်းပြောရင်း ဝိုင်းလုပ်ကြ။
နှင်းခတလင်း
ရွှေရောင်ဝင်းပ၊ လှုပ်လှုပ်ရွရွ
လေကအဝှေ့၊ စပါးလှေ့ကြ
ကွေ့ကာပိုက်ကာ၊ ကောက်လှိုင်းပုံဘေး
ပြေးကာဆော့ကာ၊ လဝါဝါလေး
တိမ်ပြာမဟူရာ၊ ဇာပါးအသွေး
ညဉ့်ဦးလေအေး၊ ကောက်နံ့မွှေးမွှေး
ပြေးလိုက်ပုန်းလိုက်၊ ကောက်ရိုးပုံနွေး
တိုးဝင်အကွေး၊ လမြရေးရေး
စပါးပေါ်ချိန် လွမ်းမိသေး။
မြစ်လက်တက်တွင်
စီးဝင်ချောင်းကလေး၊ ကွမ်းသီးခြံဘေးမှာ
တဗာလှေပျက်၊ လဲလျောင်းလျက်တည့်
မောင်းသံဒူဒူ၊ ထုသူကင်းမယ့်
ပဲ့နင်းလှေသူကြီး၊ ဖိစီးဇရာ
ပုံပြင်မျှသာ၊ တုန်ရီစွာဖြင့်
ပြောပြရရှာ၊ ယခုခါမူ
ဘောက်တူပေါ်တွင်၊ ဆွမ်းအုပ်တင်၍
ကိုယ်ရင်တစ်ပါး၊ လှော်ခတ်သွားသည်
ကမ်းပါးကပ်လိုက်၊ ကိုင်းငိုက်ရွတ်တွ
လှိုင်းထပုတ်ထိ၊ လှုပ်မိရာမှ
မလပ်သီးကြွေကျ၊ ဒင်ကြီးငှက်က လန့်ပြန်ပြေး။
မော်တော်ပေါ်တွင်
ရှင်လောင်းတင်၍၊ ဗီယင်နာကာဖေး
ကိတ်မုန့်ကျွေးခဲ့၊ ရေခဲမုန့်နှင့်
ဘင်ဂျိုဝိုင်းနှင့်၊ ဟွန်းတယောနှင့်
ရေတွင်မျောပါ၊ ငှက်ပျောတုံးထက်
ဗျိုင်းငှက်တစ်ကောင် အံ့သြငေး။
ငယ်စဉ်ဘဝ
ဒုတိယမျိုးဆက်၊ ကောက်ရိုးရနံ့
နွားချေးနံ့နှင့်၊ ပဲရစ်ညခင်းရေမွှေးနံ့
ရောထွေးမတူ၊ ကျေးလက်နှင့်မြို့ပြ
ဘုန်းကြီးကျောင်းမှတက္ကသိုလ်
ကိုလိုနီခေတ်၊ ကြီးပြင်းဖြစ်ခဲ့
မုန်းကျောက်စရစ်ခဲ၊ သဲပွင့်ရွေ့လျား
သစ်သားပန်းပု၊ ထုဆစ်ပန်းကွက်
လှေပျက်ယွင်းကျန်၊ ရွှေရောင်ယွင်းလွင့်
ပင့်ကူအိမ်မြှေး၊ လိမ်ယှက်ရစ်ကာ
“ပြစရာတည့်၊ အမည်စာလုံးသာ
ပထမမျိုးဆက် ပုံပြင်များ။
ဒုတိယမျိုးဆက်
ငါတို့လက်ထက်၊ သည်မျိုးဆက်ကား
မြေများ ခြံများ၊ ပိုင်ဆိုင်ထားသည့်
အမွေဆက်ခံ၊ ကြွင်းကျန်ပစ္စည်း
ထိုင်ပြီးစားကြ၊ မတိုးပွားခဲ့
နှစ်များကြာလျှင်၊ မြေရှင်စနစ်
ခေတ်နှင့်ကွာဝေး၊ တဖြည်းဖြည်းချင်း
သက်ဆင်းရွေ့လျော၊ တိမ်ကောလာစဉ်
ဖွားမြင်ရှာကြ၊ တတိယမျိုးဆက်
လက်ထက်ရောက်ခါ၊ ပြစရာကား
စိန်ခြယ်မြကွင်း၊ စိမ်းဝင်းဖျပ်ဖျပ်
ကြောင်လက်စွပ်နှင့်၊ ငွေကွပ်ဓားမြှောင်
မဟော်ဂနီရောင်ဗီရို၊ ရွှေတိုရွှေစ
သက္ကလတ်စ၊ ရှန်ဟဲဖဲစ
ဇင်းမယ်ထဘီစ၊ ဘန်ကောက်လုံချည် မြင်းချေးရောင်စ
သည်မျှလောက်သာ၊ ကြည့်စရာလေ
မျက်စေ့ပေကလပ်၊ တဖျပ်ဖျပ်နှင့်
ရင်သပ်ရှုမော၊ အံ့သြတွေဝေ
ဘာတွေပါလိမ့်၊ ခုခေတ်ခါသစ်
ခရစ်ပြိုးပြက်၊ ပက်ဂီ ပါတိတ်
ပေါ်လီယက်စတာ၊ ဖိတ်လက်ပွင့်စုံ
အိတုံရှံ၊ မလေးရှံတဲ့
ရှေးနဲ့မတူ သူတို့ခေတ်။
သူတို့မေးကြ
ဒုတိယမျိုးဆက်၊ ကျွန်တော်တို့လက်ထက်အကြောင်း
ကျောင်းသားဘဝ၊ စာသင်စအခါ
“ကိုလိုနီပညာရေး၊ တိုက်ဖျက်ပေးဖို့
အရေးတော်ပုံများအကြောင်း
ဆောင်းလဟေမန္တ၊ နှင်းခညတွင်
မောင်းနှင်ခုတ်သွား၊ မီးရထားက
ရိုးမကိုဖြတ်၊ နှင်တရစပ်
တောအထပ်ထပ်၊ ပတ်သန်းခရီး
တောင်တွင်းကြီးလမ်း၊ တောပန်းမြူနံ့
သင်းပျံ့ကြိုင်လှောက်၊ ရေနံချောင်း ချောက်
ရေနံမြေတစ်လျှောက်၊ နှင်းပေါက်ဇာပါး
လူထုကြားတွင်၊ တရားဟောကြ
သွားလာကြနှင့်၊ အလယ်ပစ္စယာ
အရံဇရပ်၊ သတ်မှတ်စခန်း
ထန်းပင်ရိပ်ကြား၊ အုတ်ခုံနားတွင်
အလုပ်သမား၊ လယ်သမားများနှင့်
ထမင်းထုပ်အတူ စားကြသည့်အကြောင်း
သောင်းပြောင်းထွေလီ၊ ကိုလိုနီခေတ် ဖက်ဆစ်ခေတ်
စစ်နှင့်တော်လှန်ရေး၊ အဝေးကျန်ရစ်
သက်သေခံပစ္စည်း၊ ကြီးကြီးမားမား
ထောက်ထားမရှိ၊ တိုတိတိုစ
ပုံတိုပတ်စ၊ ကဗျာစဝတ္ထုစ
မှတ်မိသမျှ၊ ပြောပြနေစဉ်
မျက်စေ့ပေကလပ်၊ တဖျပ်ဖျပ်နှင့်
ရင်သပ်အံ့သြ၊ ငေးမောပန်းလျ
ဒုတိယမျိုးဆက် ပုံပြင်များ။
နယ်ချဲ့အပြေး
မင်းမဲ့ဘေးရန်၊ အန္တရာယ်လျှင်
ကြုံတွေ့စဉ်မှ၊ ပူပင်သောက
ထိတ်လန့်ကြစဉ်၊ ပင်လယ်ပြင်မှ
ကယ်တင်မည့်သူ၊ ဆင်တူကြောင်ကျား
ဆင်ယင်ထားသော၊ မြို့သိမ်းတပ်သား
မျက်နှာထားချို၊ ကြိုဆိုခဲ့ရ
ဗမာ့လွတ်လပ်ရေးတပ်မတော်
ရောက်လာသည့်အကြောင်း
တတိယမျိုးဆက်
သည်လက်ထက်ကား၊ ရုန်းကန်မှုများ
“လှုပ်ရှားမှုများ၊ အဟုန်ကြီးမား
အမျိုးအစား၊ ထွေပြားယှက်သန်း
နက်နဲရှုပ်ထွေး၊ အမေးပုစ္ဆာ
အဖြေရှာကြ၊ များလှစွာပင်
လူငယ်သဘာဝ၊ တွေးဆစဉ်းစား
ဥာဏ်အားရှိသမျှ၊ ကြိုးစားအားထုတ်
စာအုပ်ရှာလည်း၊ မတွေ့ဘဲလျှင်
ကျောင်းနံရံပြင်ပ၊ မြင်ရကြားရ
တွေ့ရ ကြုံရ၊ သံပြိုင်ယိမ်းက
“တီးကြမှုတ်ကြ၊ ကော်ပီဂီတ
ဗွီဒီယိုမှ၊ ပစ်ကြ ခတ်ကြ
“ချွတ်ကြ ဖော်ကြ၊ ပျော်ကြ ပါးကြ
သူရဲကား ဓားကား၊ နံချပ်ကူကား
မှောင်ခိုယူသွင်း၊ ဂျင်းအင်္ကျီများ
အသံသွင်းတိပ်ခွေများ၊ နေကာမျက်မှန်စိမ်းများ၊
သံလိုက်ထိန်းချုပ်၊ ကစားစရာရုပ်များ
“ဈေးကွက်စည်ကား၊ ဆူးလေဘုရားလမ်းဘေး
ဟေးဟေးညာသံ၊ ဆူညံအော်လျက်
လက်မှတ်ရုံပေါက်၊ တစ်ယောက်ကိုတစ်ယောက်တွန်း
ဂျိမ်းစ်ဘွန်းကား၊ သိုင်းဇာတ်ကား။
ဤပတ်ဝန်းကျင်
တွေ့မြင်ခံစား၊ အာရုံများစွာ
လှုပ်ရှားလူးလွန့်၊ ရေသေကူးခတ်
ကမ်းစပ်မရောက်၊ အခေါက်ခေါက်တည့်
တစ်ဖြောက်ဖြောက်လျှင်၊ မိုးပေါက်သံထင်
မှန်ရိပ်ဖိတ်စင်၊ ကြည်လင်သံမြင်း
‘လေဆိပ်ဆင်းတော့မယ်’ဟု အငယ်လေးထံမှ
နှုတ်ဆက်သံကြား၊ စိတ်မှာလှုပ်ရှား
“’ဘာမှာမလဲ’ မေး၊ ရင်ထဲတုန်ရီ
‘ပန်းချီဆေး’ဟု၊ နွမ်းလျသံဖြင့်
ဖြည်းညှင်းပြန်ပြော၊ စကားသံအဆုံး
ဖုန်းချသွားပြီ၊ အဝေးဆီလွင့်
ညီမများရှိရာ၊ ထွက်ခွာသွားစဉ်
မိုးသားညိုဆင်၊ မျောပါလေနှင်
ငါလျှင်ငေးမော၊ မုတ်သုံကြားမှ
မျိုးဆက်များကား
ဝေးကွာသွားကြ၊ မုန်းမှ ကယ်လီဖိုးနီးယားသို့
ရေကြည်ရာကမ်း၊ ငြိမ်းချမ်းပင်လယ်
ကျယ်လည်းတစ်မုဟုတ်၊ ခလုတ်နှိပ်ရုံ
ရုပ်မြင်သံကြား တယ်လီဖုန်းမှ တွေ့ကြရအောင်။ ။
(ကယ်လီဖိုးနီးယားရောက် ဆွေမျိုးများသို့)
၂ဝဝ၉ ခုနှစ် ကိုကို့အသက် ၉ဝ ပြည့်မွေးနေ့ အမှတ်တရ ရေးထားခဲ့တဲ့ စာစုလေးပါ။ အဲသည် အချိန်က ကိုယ်ပိုင်ဘလော့ဂ်လည်းမရှိ၊ ဘယ်ကိုပို့ရမယ် မှန်းမသိ   ဖြစ်နေချိန်၊  နေရာတိုင်းမှာလည်း ကိုကို့အတွက် မွေးနေ့အမှတ် တရစာမူတွေ ပလူပျံနေတာမို့ ဘယ်မှ မပို့ဖြစ်၊ မဝေငှဖြစ်ခဲ့တာပါ။““ရှမ်း ပြည်နယ် အောင်ပန်းမြို့နှင့် နီးစပ်သူများ ကျေးဇူးပြုပြီး ကိုကို့ထံ သည်စာကလေး ပို့ပေးပါ။ ကျေးဇူးအထူးတင်ပါသည်။
(မှတ်ချက် – မာလုစံ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။)
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ