ကချင်ဒုက္ခသည်စခန်းတွင် ၁၂-နှစ်အောက်ကလေး ၅၀၀၀ ကျော်ရှိ


မြန်မာစစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့၏စစ်ကြောင့် နေရပ်စွန့်ခွာလာသူ ၂၀၀၀၀ ကျော်တွင်  အသက် ၁၂-နှစ်အောက်ကလေး  ၅၀၀၀ ကျော်ပါဝင်သည်ဟု စက်တင်ဘာ (၂၄) ရက်ထုတ် SIMSA KASA စာစောင်တွင် ဖော်ပြထားသည်။
kachin_refugees_laiza_0927
KIA ဗဟိုဌာနချုပ် Laiza ပတ်ဝန်းကျင်ရှိ ကချင်စစ်ပြေး ဒုက္ခသည်စခန်းများ။ ဓါတ်ပုံ- Simsa Kasa

RANIR (Relief Action Network for IDP and Refugee) က SIMSA KASA ကို ကချင်ဘာသာဖြင့် စက်တင်ဘာ ၂ ရက်မှ စတင်ထုတ်ဝေသည်ကို တွေ့ရသည်။

SIMSA KASA အတွဲ (၁) မှတ် (၂) တွင် စက်တင်ဘာ ၁၈ ရက်နောက်ဆုံးစာရင်းအရ KIOဌာနချုပ်လိုင်ဇာ တွင် ဒုက္ခသည်စခန်း ၄ ခု၌ နေရပ်စွန့်လာသူ ၄၈၄၂ ဦးရှိသည်။

ထို့အပြင် ပါဂျောဒဘန်၊ ဂျေယန်ခ၊ ဖွမ်လုံယန်၊ မဂါယန်၊ ဒွမ်ဘွန်းစခန်းများနှင့် မြောက်ပိုင်း-ကချင်၊ အရှေ့ပိုင်း-ကချင်၊ တောင်ပိုင်း-ကချင်နှင့် အနောက်ပိုင်း-ကချင်(မိုးညှင်း) ဒေသများတွင်နေရပ်စွန့်ခွာ လာကြသူများ စုစုပေါင်း ၁၆၄၅၅ ဦး ရှိသည်ဟု ဖော်ပြထားသည်။

ဒုက္ခသည်များအတွက် နေရာထိုင်ခင်း စီစဉ်ပေးထားသည့်အပြင် လူတစ်ဦးအတွက် တစ်နေ့ ဆန်နို့ဆီဘူး ၂ လုံးနှင့် ဟင်းအတွက် ငွေကျပ် ၂၀၀ ထောက်ပံကူညီလျက်ရှိသည်ဟု အမေးအဖြေတစ်ခုတွင်အကူအညီ ပေးရေးတာဝန်ခံ ဆလန်ကဘာ ဒွဲပီဆာ ဖြေဆိုထားသည်ကိုလည်းတွေ့ရသည်။

ယခုအခါ အကူအညီပေးရေးအဖွဲ့အနေဖြင့်  ပြင်ပအကူအညီ ကျပ်ငွေတန်ဖိုးအားဖြင့် သိန်းပေါင်း ၉၃၇၅ ကျော် ရရှိကာ KIO က ကျပ်ငွေတန်ဖိုးအားဖြင့် သိန်းပေါင်း ၂၄၇၀ ကျော် ဒုက္ခသည်များအတွက်ပံ့ပိုးထား သည်ဟု ဆက်လက် ဖြေဆိုထားသည်။ (၀.၈ ယွမ်=၁၀၀ကျပ်)

ထို့အပြင် နေရပ်စွန့်ခွာလာကြသည့် ကိုယ်ဝန်ဆောင်မိခင်များထဲမှ ကလေးငယ် ၆၇ ဦး ကို မီးဖွားပေး နိုင်ခဲ့ကြောင်းလည်း ပါဝင်သည်။

ရန်ကုန်မှ ကချင်အနုပညာအဖွဲ့တစ်ခုဖြစ်သည့် Wunpawng Shingni ကလည်း ရန်ပုံငွေရှာဈေးရောင်းပွဲ တစ်ခု ပြုလုပ်ကာ ဒုက္ခသည်ကလေးငယ်များအတွက် ကျောင်းသုံး ဗလာစာအုပ် ဒါဇင်ပေါင်း ၃၆၀ထောက် ပံ့ကြသည် ဟုလည်း ဖော်ပြထားပါသည်။
ကချင်ဒုက္ခသည်စခန်းတွင် ၁၂-နှစ်အောက်ကလေး ၅၀၀၀ ကျော်ရှိ ကချင်ဒုက္ခသည်စခန်းတွင် ၁၂-နှစ်အောက်ကလေး ၅၀၀၀ ကျော်ရှိ Reviewed by သစ်ထူးလွင် on 22:49 Rating: 5

No comments:

Powered by Blogger.