တော်ဝင်လုပ်သားများကို ကြားကာလနစ်နာကြေး ကျပ်သိန်းနှစ်ရာကျော် ပေးမည်


ရိုက်နှက်မှုများ ဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ တော်ဝင်မိသားစု သစ်အချောထည် စက်ရုံလုပ်သား ၁၇၅ ဦးကို အလုပ်ခန့်ရန် ပျက်ကွက်ခဲ့၍ ကြားကာလ နစ်နာကြေး ကျပ်သိန်းနှစ်ရာကျော် ပေးမည်ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် ခရိုင်မှူး ဦးအောင်ခင်က ပြောကြားသည်။ အလုပ်ပြောင်းရွှေ့ ခံရသည့် အဆိုပါ လုပ်သားများကို အလုပ်ပြန်ခန့်ရန် ခုံသမာဓိ အဖွဲ့က ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့သော်လည်း စက်ရုံက ခုံသမာဓိကောင်စီထံ အယူဝင်ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အင်းစိန်ထောင်မှ ညနေပိုင်းတွင် ငါးဦးထပ်မံလွှတ်

ဒီဇင်ဘာ ၃၁ရက် လွတ်ငြိမ်းချမ်းသာခွင့်တွင် အင်းစိန်ထောင်မှ လွတ်မြောက်လာသူများ (ရုပ်/သံ)

နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ စာရင်းထဲတွင် မပါဝင်သော ၁၉၅၀ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပါ ပြစ်မှုနှင့် အကျဉ်းကျသူ ငါးဦး အင်းစိန်အကျဉ်းထောင်မှ ညနေ ၄နာရီခွဲခန့်တွင် ထပ်မံလွတ်မြောက်လာကြောင်း AAPP-Bမှ အထွေထွေအတွင်းရေးမှူး ကိုဘိုကြည်က မဇ္ဈိမကိုပြောသည်။

အင်းစိန်အကျဉ်းထောင်မှ ဒီဇင်ဘာလ ၃၁ရက် နံနက်ပိုင်းက ကိုတင်ထွဋ်ပိုင်၊ ကိုရန်နိုင်ထွန်းနှင့် ကိုအောင်မင်းနိုင်တို့ သုံးဦးလွတ်မြောက်ခဲ့သဖြင့် ယခုငါးဦးနှင့်ဆိုလျှင် အင်းစိန်ထောင်မှ လွတ်မြောက်လာသူ ရှစ်ဦးရှိပြီဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း AAPP-B၏ စာရင်းအရ နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းကျနေသူများနှင့် တရားရင်ဆိုင်နေရသူ စုစုပေါင်း ၁၈၉ယောက်ရှိပြီး ယနေ့ ၄နာရီခွဲအချိန်အထိ လွတ်မြောက်လာပြီးသူ စုစုပေါင်း ၁၃၀ဦးရှိသည်။ ထို့အပြင် ဒီဇင်ဘာ ၃၁ရက်တွင် တိုင်းရင်းသားအဖွဲ့အစည်းများဘက်မှ ပေးပို့လာသောစာရင်းအရ လွှတ်ပေးရန်ကျန်သော အကျဉ်းသား ၁၄ဦးတိုးလာသဖြင့် စုစုပေါင်း ၇၃ဦးကျန်ရှိနေသေးသည်။

မဇ္ဈိမသတင်းဌာန



 

သမ္မတလွတ်ငြိမ်းခွင့်အမိန့်ဖြင့် အိုးဘိုထောင်မှ ၅၀၅ ခ ပြစ်ဒဏ်သင့် ၉ ဦးလွတ်မြောက်


နိုင်ငံတော်သမ္မတမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ကို ဒီဇင်ဘာလ ၃၀ ရက်က ထုတ်ပြန်ခဲ့ရာ မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို)မှ နိုင်ငံတော်ဆူပူစေရန် လှုံ့ဆော်မှု ၅၀၅(ခ) ဖြင့် စွဲဆိုကာ ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား ၉ဦးကို ဒီဇင်ဘာ ၃၁ရက် နေ့လယ် ၂ နာရီခွဲတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသည်။ ယနေ့လွတ်မြောက်လာသော ကိုးဦးသည် ကျောက်ဆည်မြို့၊ လက်ပံရွာမှ ၃ ဦး၊ မန္တလေးမြို့ မင်းတဲအီကင်းရပ်မှ ၃ ဦး၊ မန္တလေးမြို့ ၃၅ လမ်းဆူပူမှုမှ ၃ ဦး တို့ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ပန်းလှိုင်မြစ်ကမ်းမှ ကျူးကျော်များအား နှင်ထုတ်ခြင်း မပြုလုပ်ရန် သမ္မတထံ အသနားခံသွားမည်

တွံတေးမြို့နယ် ပန်းလှိုင်မြစ်ကမ်းရှိ ကျူးကျော်များကို တရားစွဲနှင်ထုတ်ခြင်း မပြုလုပ်ရန် နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော် အကြီးအကဲများ ထံသို့ အသနားခံ တောင်းဆို သွားမည်ဟု ကျူးကျော်များကို ဦးဆောင်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ လှိုင်သာယာ မြို့နယ်တာဝန်ခံ ကိုကျော်ထက်နိုင်က ဒီဇင်ဘာ ၃၁ ရက်တွင် မဇ္ဈိမကို ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





 

ရန်ကုန်တွင် ကျူးကျော်အလုံးအရင်း တိုးပွားမှု အရေးယူတော့မည်


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်နှင့် တွံတေးမြို့နယ် တို့တွင် ကျူးကျော် အိမ်ခြေများ အလုံးအရင်း တိုးပွားနေမှုကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ကျူးကျော်အိမ်ခြေ တည်ဆောက်မှု ပြဿနာများကို သေချာစွာ စိစစ်နေသောကြောင့် အရေးယူမည့် အချိန်ကာလ ကိုမူ လတ်တလောတွင် ပြောကြားနိုင်ခြင်း မရှိကြောင်း အဆိုပါ အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဖျာပုံ မီးငြှိမ်းရန်အသွား မီးသတ်ယာဉ်တိမ်းမှောက်၊ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံး


ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ၁၂ ရပ်ကွက်ရှိ စက်မှုလယ်ယာဝင်း အတွင်းတွင် ဒီဇင်ဘာလ ၂၉ ရက် ည ၁၀ နာရီ ၄၅ မိနစ်က နေအိမ်တစ်လုံး မီးလောင်ကျွမ်း သောကြောင့် ဖျာပုံမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းရန် မီးသတ်ယာဉ်နှစ်စီး သွားရောက်စဉ် မီးသတ်ယာဉ်တစ်စီးမှာ အရှိန်လွန်ပြီး တိမ်းမှောက်ခဲ့သဖြင့် သန္ဓေမီးသတ် တပ်သားတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်မီးသတ် တပ်ဖွဲ့ဝင် ငါးဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ သားမယား ပြုကျင့် ကျူးလွန်ခဲ့သူ တရားခံပြေးနှစ်ဦး ဖမ်းဆီးရမိ

သီလရှင်တစ်ပါးကို ဓါးထောက် ခြိမ်းချောက်၍ လူနှစ်ဦးတို့က သားမယား ပြုကျင့်မှု ဖြစ်ပွားပြီး ဒီဇင်ဘာ(၉) ရက်နေ့က မကွေးမြို့မ ရဲစခန်း(ပ)၂၄၂/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၇၆/၅၀၆/၁၁၄ အမှုမှ ထွက်ပြေး တိမ်းရှောင်နေသူ တရားခံ အမျိုးသားနှစ်ဦးအား ဖမ်းဆီး ရမိကြောင်း သတင်းရရှိသည်။ အဆိုပါ တရားခံများအား ဖမ်းဆီးရမိရန် မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ ဒုရဲအုပ်နိုင်လင်းနှင့် အဖွဲ့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မလေးရှားတွင် မြန်မာအလုပ်သမား ၂ ဦး အသတ်ခံရ


မလေးရှားနိုင်ငံ ပီနန်ပြည်နယ် ဂျာလမ်ဘာရူးဒေသ ကမ်ပွန်ဆီတိုးလ်က မီးရထားလမ်း တခုဘေးမှာ ဒီဇင်ဘာ ၃၀ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး ၂ ဦး အသတ်ခံခဲ့ရပါတယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက မလေးရှားနိုင်ငံ နဂါစာရီ စက်မှုဇုန်နားမှာ အသတ်ခံရတာလို့ အလုပ်သမား ၂ ဦးရဲ့ နာရေးကို လိုက်လံ ကူညီပေးနေတဲ့ ပီနန် နာရေးကူညီမှု အသင်းမှ ဦးပုညက ပြောဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



နေထိုင်မှုအခက်အခဲများထဲကမြို့တော်


ရန်ကုန်မြို့ရဲ့ နေထိုင်မှု အိမ်ခြံ မြေဈေးများ အကြောင်း စဉ်းစားမိ ပြောမိလိုက်ရင် ရန်ကုန်မြို့မှာရှိတဲ့ တိုက်အမြင့်တွေကို အောက်ကနေ မော့ကြည့်ရ သလိုပါပဲ။ အိမ်ခြံမြေ ဈေးကွက်အရောင်း၊ အငှားများ အခြေအနေတွေကို မကြာခဏ ကြားနေရပေမယ့် အရောင်းအဝယ် တွေ ဘယ်လောက်ပဲ ဖြစ်နေဖြစ်နေ ဝယ်ယူနိုင်တဲ့ ပမာဏက အတိုင်း အတာတစ်ခု လိုဖြစ်နေသလား၊ ကုမ္ပဏီမှာ လုပ်ကိုင်နေသူတွေ ပုံမှန် အရောင်းအဝယ် လုပ်နေသူနဲ့ အလယ် အလတ်တန်းစားလို့ ပြောရမယ့် လူတန်းစား တွေကအစ ရန်ကုန်မြို့ အတွင်းမှာ နေထိုင်နိုင်ဖို့ ရန်ကုန်မြို့ တိုက်ခန်းတွေကို ဝယ်ယူနိုင်ဖို့ က ဆောင်းတွင်း အိပ်မက်တွေလို ဝေးကွာနေပါ သေးတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကမာရွတ်မြို့နယ် တွင် ကိုရင်လေး(၁)ပါး ရထားကြိတ်ခံရ


၃၁.၁၂.၂၀၁၃ ရက်နေ့ ၀၅၁၅ အချိန်တွင် ကမာရွတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကမာရွတ်မြို့နယ်၊ ကမာရွတ်ဘူတာနှင့် ဟံသာဝတီ ဘူတာအကြားတွင် ကိုရင်လေး(၁)ပါးမှာ ရထားကြိတ်ခံ ရသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့အပ်ထားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ အဆိုပါ ကိုရင်လေးမှာ အသက်(၁၂)နှစ်ခန့်ရှိပြီး ဘွဲ့အမည်၊ ဘုန်းကြီးကျောင်း နေရပ်လိပ်စာတို့အား မေးမြန်း၍မရဘဲ ရထားကြိတ်ခံ ရသဖြင့် ဦးခေါင်း နောက်စေ့ပေါက်ပြဲ၊ ၀ဲနားနောက်ပေါက်ပြဲ၊ ယာလက်မောင်းရင်းမှပြတ်၊ ယာခြေခုံပေါက်ပြဲ၊ ယာခြေချောင်းများပြတ် နေသည့်ဒဏ်ရာများဖြင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ထားဝယ်အထူး စီးပွားရေး ဇုန်လုပ်ငန်း အားလုံး တစ်ပြိုင်နက် အကောင်အထည် မဖော်နိုင်



ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းသည် ကြီးမားကျယ်ပြန့် သော စီမံကိန်း ဖြစ်သည့်အတွက် စီမံကိန်းကြီးတစ်ခုလုံးကို တစ်ပြိုင် နက်တည်း လုပ်ဆောင်မရသော ကြောင့် ကနဦးစီမံကိန်းများကို စတင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟံစိန်ကပြော သည်။ ““ထားဝယ်အထူး စီးပွားရေးဇုန် ကနေ ယိုးဒယား -မြန်မာနယ်စပ် အထိ နှစ်လမ်းသွား လမ်းပါမယ်။ နောက်ပြီးဆိပ်ကမ်းငယ်၊ ဆိပ်ကမ်း ကြီးတွေက ဆိပ်ကမ်းတစ်ခုတည်း ကိုပဲ သန်းထောင်ချီကုန်မှာဖြစ်တဲ့ အတွက် ပထမဦးဆုံး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရန် ကြံ့ခိုင်ရေးပါတီ ဆုံးဖြတ်


ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ဝင်ရောက် အရွေးခံနိုင်ရေး အဟန့်အတား ဖြစ်နေသဖြင့် ပြင်ဆင်ပေးရန် နိုင်ငံရေးပါတီ အချို့နှင့် အနောက်နိုင်ငံ အစိုးရအချို့က တောင်းဆိုထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်မည်ဟု ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျင်းပသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင် ဦးလှဆွေက ပြောကြား သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ပုဒ်မ(၁၈)ကို ပယ်ဖျက်မည်


ငြိမ်းချမ်း စွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီ တန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပ ဒေကိုပြင်ဆင်ထားသည့် ဥပဒေ ကြမ်းတွင် ပုဒ်မ၁၈ကို ပယ်ဖျက် ထားပြီးဖြစ်ကြောင်း သိရသည်။ နိုင်ငံရေးအင်အားစုများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက် နေသည့် အဆိုပါပုဒ်မအပြင် မူလဥပဒေပါ ပြဋ္ဌဌာန်းချက်တချို့ ကိုလည်း ပြင်ဆင်ထားကြောင်း ဒီဇင်ဘာ ၁၃ရက်ထုတ် နိုင်ငံ တော်ပြန်တမ်း၏ ဖော်ပြချက် အရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာ အိမ်ခြေ ၃ဝဝကျော် မီးလောင် ဖျာပုံမီးလောင်မှုတွင် မီးသတ်ဝန်ထမ်း တစ်ဦး သေဆုံး


ဧရာဝတီတိုင်း ဒေသကြီးလပွတ္တာ မြို့နယ် ကန်ဘက်ကျေးရွာတွင် ယမန်နေ့ ည ၂နာရီခန့်တွင် မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အိမ်နှင့် ဈေးဆိုင်ခန်း ၃ဝဝကျော် မီးလောင် ခဲ့ကြောင်း တိုင်းမီးသတ်ဦးစီး ဌာနမှ သိရသည်။ ''မီးလောင်တာ သိတော့ ကျွန်မတို့ဆီက တပ်ဖွဲ့ဝင်တွေရော၊ ကြက်ခြေနီတွေရော ချက်ချင်း မီး လောင်မှုဖြစ်ပေါ်တဲ့ ကန်ဘက် ကျေးရွာကို ဆင်းသွားတယ်။ မီးကို တော့နံနက် ၅နာရီ မိနစ် ၂ဝမှ ထိန်း နိုင်ခဲ့ပါတယ်။ နံနက် ၆ နာရီ လောက်မှာတော့မီးငြိမ်းသွားတယ်။ ကယ်ဆယ်ရေး စခန်းတွေတော့ ဖွင့် လှစ်ဆောင်ရွက်နေတယ်။ ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ တွက်လို့ မရသေးပါဘူး''ဟု ဧရာဝတီတိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးကပြောကြားသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မလေးရှားနိုင်ငံတွင် မြန်မာအမျိုးသမီးနှစ်ဦးဓားထိုးခံရပြီးသေဆုံး


မလေးရှားနိုင်ငံ ပီနန်းခရိုင်ရှိ ဆီဘီယန်းဂျာရာမြို့တွင် မြန်မာ အမျိုးသမီးနှစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့သည်ဟု ပီနန်းရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ခဲ့ကြောင်း မလေးရှားနိုင်ငံထုတ် စတား သတင်းစာက ယနေ့ဖော်ပြသည်။ သေဆုံးသူနှစ်ဦးမှာ အသက် (၂၁) နှစ်အရွယ်ရှိ ဌေးဌေးသန်း ဆိုသူနှင့် အသက်(၄၁) နှစ်အရွယ် ရှိ သန်းဟုသာအမည်သိရသေးသူ များဖြစ်ကြောင်း ပီနန်းခရိုင်မှုခင်း ဆိုင်ရာအရာရှိချုပ် မာဇလန်ကီ ဆက်ခ်ျက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




တောင်ငူမြို့ အမှတ်(၆)ကျောင်း ဘောလုံးကွင်း အတွင်း ပညာရေးမှူးရုံး ဆောက်လုပ်မှု ကျောင်းသားဟောင်းများ ကန့်ကွက် (ပေးစာ)


တောင်ငူ၊ ဒီဇင်ဘာ တောင်ငူမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်းအတွင်း တောင်ငူ ခရိုင်ပညာရေးမှူးရုံးနှင့် ၀န်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား အဆိုပါကျောင်း၏ ကျောင်းသားဟောင်းများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ နှင့် မြေယာပိုင်ဆိုင်မှုနှင့် ဆက်နွယ်သည့် ဘွဲမိုဘွာသာသနာနယ် အသင်းတော် များအဖွဲ့တို့မှ ကန့်ကွက်နေသော်လည်း တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြောင်း ကျောင်းသားဟောင်းတစ်ဦးဖြစ်သူဦးထွန်းသူရိန်ငြိမ်းမှပြောကြားသည်။

 အဆိုပါကန့်ကွက်လွှာတင်သွင်းမှုကြောင့် ယခုလ ၁၀ ရက်နေ့နှင့် ၂၆ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ပညာ ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့်အဖွဲ့မှ လာရောက်၍ ကျောင်းသားဟောင်းများအား ခေါ်ယူ စုံစမ်းညှိနှိုင်းခဲ့ပြီး ““ ရပ်တန့်၍ မရကြောင်း”” ငြင်းဆန်ခဲ့ပြီး လက်မှတ်ရေးထိုးမှုတွင်ပါဝင်ခဲ့သော ကျောင်းသားဟောင်းဖြစ်သူ ဆရာ/ဆရာမများကိုလည်း ပညာရေးအာဏာပိုင်များက ခေါ်ယူကြိမ်းမောင်းခဲ့ကြောင်းသိရသည်။

““ ကျွန်တော်တို့က ကျောင်းဘောလုံးကွင်းထဲမှာ တည်ဆောက်နေတာကို ကန့်ကွက်တာပါ။ တခြားဌာနဆိုင် ရာရုံးတွေ တည်ဆောက်ခဲ့သလို တောင်ငူမှာမြေလွတ်တွေရှိပါတယ်။ ဒီကျောင်းထဲမှာပဲ ဆောက်ချင်ရင်တောင် တခြားလွတ်နေတဲ့နေရာမှာ ဆောက်ဖို့ တောင်းဆိုခဲ့တာပါ နောက်ပြီး မြန်မာဘောလုံးအဆင့်နိမ့်ကျနေတာကိုဘဲမြင်တယ် နိုင်ငံတော်အတွက်အားထားရမယ့် ကျောင်းသားအားကစားသမားတွေအတွက် မီခိုအားထားရာ ကျောင်းဘောလုံးကွင်း (အားကစားကွင်း)တွေ ကျူးကျော်ဖျက်ဆီးခံနေရာတာကို လူကြီးတွေမေ့နေကြတယ်”” ဟု ကျောင်းအကျိုးတော်ဆောင်တစ်ဦးဖြစ်သူ ဦးလွင်အေး မှပြောကြားသည်။

 ပညာရေးအာဏာပိုင်များကလည်း အဆိုပါဘောလုံးကွင်းသည် စံချိန်မီပြိုင်ပွဲများကျင်းပနိုင် သည့်ကွင်းမဟုတ်သည့်အတွက် လေ့ကျင့်ရေးကွင်းမဖြစ်သားချန်ထားပေးမည်ဟုဆိုသောလည်း ကျောင်းသားများ ဘောလုံးအားကစား လေ့ကျင့်ရန်အတွက် စံချိန်စံညွှန်းအတိုင်းအတာမှ ပျက်ဆီးသွားမည်ဖြစ်သော ဘောလုံး အားကစားအတွက် လေ့ကျင့်ရန်မဖြစ်နိုင်တော့ကြောင်း ကျောင်းသားဘောလုံးသမားတစ်ဦးကပြောကြားသည်။

ယင်းကျောင်းဘောလုံးကွင်းအတွင်း အလျားပေ ၉၀ အနံပေ ၃၀ ရှိသည့် နှစ်ထပ်အဆောက် အဦးတစ်လုံး တည်ဆောက်လျှက်ရှိပြီး ခြံဝန်အကျယ်မှာ (၀.၈၀)ဧက (ဘောလုံးကွင်း၏ သုံးပုံတစ်ပုံခန့်) ရှိသော ကြောင့် တည်ဆောက်ပြီးစီးပါက ဘောလုံးကွင်းများတွင်ရှိသည့် စံချိန်စံညွှန်းအတိုင်းအတာမှာ ပျက်ဆီးသွားမည် ဖြစ်ကြောင်းသိရှိရသည်။

ထိုပြင် ရုံးဆောက်လုပ်မှုအတွက် အများပြည်သူသို့ တင်ဒါစနစ်ခေါ်ယူခဲ့ခြင်းမရှိ သည့်အတွက် ပွင့်လင်းမြင်သားမှုမရှိကြောင်း လက်ရှိဆောက်လုပ်ခွင့် ရရှိသည့် amazing myanmar ကုမ္ပဏီမှာ ပဲခူးတိုင်းဒေသကြီး တိုင်းပညာရေးမှူး၏ သားမက်တော်စပ်သူဖြစ်သောကြောင့် လုပ်ငန်းရှင်းများအကြား ဝေဖန်မှုများ ရှိနေကြောင်းသိရသည်။

toungoo wathch

၂၀၁၅ ရွေးကောက်ပွဲတွင် အတိုက်အခံပါတီကသာ အနိုင်ရဦးမည်ဟု လာရီဒိုင်းမွန်း ပြောကြား


လာ မည့် ၂၀၁၅ရွေးကောက်ပွဲတွင် အတိုက်အခံပါတီကသာ အနိုင်ရဦးမည်ဟု စတန်းဖို့ဒ်တက္ကသိုလ် မှ နိုင်ငံရေးသုတေသနပညာ ရှင် ပါမောက္ခလာရီဒိုင်းမွန်းက ပြောသည်။ ဒီဇင်ဘာလ ၂၉ရက်က Orchid  ဟိုတယ်၌ ပြုလုပ် သည့် 'မြန်မာ့ဒီမိုကရေစီ အ သွင်ကူးပြောင်းရေး၊ နိုင်ငံရေး ပဋိညာဉ် မရှိခြင်းအန္တရာယ်'ဆွေး နွေးပွဲတွင် ယင်းသို့ ပြောကြား ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပါမောက္ခလာရီဒိုင်းမွန်း (နိုင်ငံရေးသုတေသနပညာရှင်) စတန်းဖို့ဒ်တက္ကသိုလ် 

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖြစ် မဖြစ်ဖြစ် NLD ပါတီဝင်များ ယုံကြည်မှုရှိရန် လာရီဒိုင်းမွန်းတိုက်တွန်း


၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင် ဆန်းစုကြည် သမ္မတရာထူးရ သည်ဖြစ်စေ ၊ မရသည်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီဝင်များ အနေဖြင့် မိမိကိုယ် ကိုယ်ယုံကြည်မှုရှိကြရန် ပါ မောက္ခလာရီ ဒိုင်းမွန်းက တိုက်တွန်း ပြောကြားလိုက်သည်။ ပါမောက္ခလာရီဒိုင်းမွန်း က 'NLD ပါတီဝင်တွေ ကိုယ့် ကိုယ်ကိုယ်လုပ် နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိကြဖို့ ပြောလိုပါ တယ်။ ဒေါ်စုသမ္မတမဖြစ်လဲ ပါတီကတော့ သူ့ပါတီပဲဖြစ်နေ ဦးမှာပဲ။ ကိုယ့်လူထုကတော့ ကိုယ့်ကို အမြဲထောက်ခံနေမှာ ပဲ။ ပါတီဝင်တွေအနေနဲ့ ယုံ ကြည်မှုရှိပါ''ဟုပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပါမောက္ခလာရီဒိုင်းမွန်း (နိုင်ငံရေးသုတေသနပညာရှင်) စတန်းဖို့ဒ်တက္ကသိုလ်

မြေပုံမြို့နယ် ဒုက္ခသည်စခန်း အခြေအနေ နိုင်ငံတကာ စိုးရိမ်


ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်း အတွင်းက အခြေအနေတွေဟာ အတော်လေးကို စိုးရိမ်ပူပန်စရာ အနေအထားမှာ ရှိနေတဲ့အတွက် အစိုးရအနေနဲ့ အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုလိုက်ပါတယ်။ စခန်းအတွင်း မှာရှိနေတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာက အကူအညီပေးတဲ့ နေရာမှာလည်း ဒေသခံတွေရဲ့ နှောင့်ယှက်ဟန့်တား မှုတွေနဲ့ ရင်ဆိုင် နေရတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံတကာ သံရုံးတွေက ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





လူမဲ့ လေယာဉ်ကို အရပ်သား သုံးခွင့် ပေးတော့မယ်


အမေ ရိကန် ပြည်ထောင်စု လေကြောင်း ဥပဒေပြု အဖွဲ့က အမေ ရိကန် ပြည်နယ် ၆ ခု ရဲ့ သတ်မှတ် နယ်မြေ အချို့မှာ လူမဲ့ လေယာဉ်ငယ် တွေကို စီးပွားရေး လုပ်ငန်းသုံး အဖြစ် သာမန် အများ ပြည်သူ တွေကို စမ်းသပ် အသုံး ပြုခွင့် ပေးမယ်လို့ ကြေညာ လိုက်ပါတယ်။ အရင်ကတော့ လူမဲ့ လေယာဉ် တွေကို စစ်ဖက် မှာပဲ အသုံး ပြုခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လူမဲ့လေယာဉ်ကို စီးပွားရေး အတွက် သုံးခွင့် ပြုမယ်

လားရှိုးတွင် အနုကြမ်းစီး


လားရှိုးမြို့ ရပ်ကွက်(၇) နယ်မြေ(၂) အောင်သပြေလမ်း ဘတ်စကက်  ဘောကွင်း မြောက်ဘက်အနီး ရှိ အိမ်တစ်အိမ်အား ဒီဇင်ဘာ ၃ဝရက် မွန်းလွဲ၂နာရီတွင် အနု ကြမ်းစီးရန် ကြံစည်မှုတစ်ခုဖြစ် ပွားခဲ့ကြောင်း နယ်မြေရဲတပ် ဖွဲ့မှ  သိရသည်။ အခင်းဖြစ်ချိန်က အဆို ပါနေအိမ်တွင် အိမ်ရှင်တစ်ဦး မှမရှိဘဲ စာရေးမတစ်ဦး၊ အိမ် အကူအမျိုးသမီးနှစ်ဦးနှင့် ခြံ စောင့် ယောကျာ်းလေးတစ်ဦး သာရှိကြောင်း သိရသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အနုကြမ်းစီးရန်လာသူများအား လုံခြုံရေးကင်မရာတွင်တွေ့ရစဉ်။ ဓာတ်ပုံ - ဇင်ဝေနွယ်


ပြည်သူ့ဟစ်တိုင်ကွင်း မန္တလေးတွင် ဆောက်

မြန်မာ နိုင်ငံ၌ ပထမဆုံးအဖြစ်  ပြည်သူ့ဟစ်တိုင်ကွင်းကို မန္တလေးတွင် စတင်ဆောက်လုပ်နေပြီဖြစ် ပြီး ၂၀၁၄ခုနှစ်အတွင်းဖွင့်နိုင် ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပြည်သူအများ ဆန္ဒထုတ် ဖော်နိုင် သော ပြည်သူ့ဟစ်တိုင် ကွင်းပြင်ကို ကျပ်သိန်းပေါင်း ၂၅ဝဝခန့် အသုံးပြုကာဆောက် လုပ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ လမ်း တံတားဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်း စာသို့ ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





ဘန်ကောက်မှာ ရဲတွေ ဆန္ဒပြ


ထိုင်းနိုင်ငံ အစိုးရ ဆန့်ကျင်ရေး အကြမ်းဖက် ဆန္ဒပြမှုတွေ သီတင်းပတ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီးတဲ့နောက် ရာနဲ့ချီတဲ့ ရဲဝန်ထမ်း အမျိုးသား မျိုးသမီးတွေ က ဘန်ကောက်မြို့မှာ ချီတက်ဆန္ဒပြကာ သူတို့ကို အကာအကွယ်ပေးနိုင်မယ့် အာဏာတိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရဲတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုပြီ

အထည်ချုပ် ကျွမ်းကျင်လုပ်သားရှားပါးမှုပြဿနာ ပိုဆိုးလာ


ပြည်တွင်းအထည်ချုပ်လုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားရှားပါးမှုပြဿနာသည် ပိုမိုဆိုးရွားလာနေ ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက မဇ္ဈိမသို့ပြောကြားသည်။ အမေရိကန်နှင့် EU တို့က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ပေးလာပြီးနောက်ပိုင်း တွင် မြန်မာနိုင်ငံသို့ လက်ခစားအဆင့် (CMP) အထည်ချုပ်လုပ်ငန်းများ ၀င်ရောက်ရင်းနှီးမြှုပ်နှံမှုများပြားလာခြင်းကြောင့် ရှိရင်းစွဲကျွမ်းကျင်လုပ်သားများအနေဖြင့် လုပ်ငန်းသစ်များသို့ ရွှေ့ပြောင်းလုပ်ကိုင်မှုများ ပြားလာရာ အထက်ပါအကျပ်အတည်းအား ပိုမိုရင်ဆိုင်လာနေရခြင်းဖြစ်ကြောင်း ယင်းတို့က ဆက်လက် ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရှစ်တန်းကျောင်းသူတစ်ဦး ဆွဲကြိုးချ၍ အဆုံးစီရင်


စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သခွတ္တနယ်ကျေးရွာတွင် ယခုလ ၂၉ ရက် မနက် ၈ နာရီအချိန်က ရှစ် တန်းကျောင်းသူတစ်ဦးသည် မိမိကိုယ်ကိုဆွဲကြိုးချ၍ အဆုံးစီရင်ခဲ့သည်ဟု ဘုတလင်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ သေဆုံးသူမှာ အဋ္ဌမတန်းကျောင်းသူ မအိမွန်ဖြိုး အသက်(၁၄)နှစ်ဆိုသူဖြစ်ပြီး ယခုလ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်က ရွာ၏ တောင်ဘက်၊ ယာခင်းတော သွားရာလမ်းဘေးရှိ မန်းကျည်းပင်၌ ဆွဲကြိုးချ၍ မိမိ ကိုယ်ကို အဆုံးစီးရင်ခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ ရဲဌာန၏ စစ်ဆေးပေါ်ပေါက်ချက်များတွင်တွေ့ရ သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အခြေခံဥပဒေ ပြင်ဆင်ဖို့ ပြည်ခိုင်ဖြိုးပါတီ ဆုံးဖြတ်ပြီ


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေး ပြီးဆုံးခဲ့ပြီ ဖြစ်ပြီး၊ အစည်းအဝေး ကနေ ၂၀ဝ၈ အခြေခံ ဥပဒေထဲ မှာ ပြင်ဆင် ဖို့နဲ့ ပယ်ဖျက် အချက် ပေါင်း ၇၃ ချက် ကို အပြီးသတ် ဆုံးဖြတ် လိုက်ပြီ ဖြစ်ပါတယ်။ လွှတ်တော် ထဲမှာ ကိုယ်စားလှယ် ဦးရေ ၈၀ ရာခိုင်နှုန်း ကျော် နေရာရ ထားတဲ့ အခုလို အာဏာရ ပါတီ ကိုယ်တိုင်က တနင်္လာနေ့ မှာ ဆုံးဖြတ်ခဲ့ ကြတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


၂၀၁၂ ခုနှစ်တုန်းက တွေ့ရတဲ့ ပါတီ ညီလာခံ ကိုယ်စားလှယ်များ


နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ဖို့ သမ္မတကြေညာ


မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို မနက်ဖြန် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ပြန်လွှတ်ပေးဖို့ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ကြေညာလိုက်ပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ပြစ်ဒဏ်ချခံထားရသူတွေရော အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့ သူတွေကိုပါ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာ ဖြစ်တဲ့အကြောင်း သမ္မတက ကြေညာခဲ့တာပါ။ လွတ်ငြိမ်းချမ်းသာခွင့် ခံစားခွင့်ရမယ့်သူတွေနဲ့ ပတ်သက်လို့ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဦးဇော်ဋ္ဌေးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာတော့ သူက အခုလို စရှင်းပြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဒီဇင်ဘာလ(၃၁)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ


ဒီဇင်ဘာလ(၃၁)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဒီဇင်ဘာလ(၃၁)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ


ဒီဇင်ဘာလ(၃၁)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ပေါင်၌မီးလောင်၊ အိမ်၁၁လုံးပြာကျ

မွန်ပြည်နယ် ပေါင်မြို့နယ်၊ ကဒါ ရပ်ကွက် မဂ္ဂင်လမ်း၌ ဒီဇင်ဘာ ၂၉ ရက် နံနက် ၂ နာရီခွဲက ဦးဥာဏ်အောင်အိမ်မှ မီးလောင်ကျွမ်းခဲ့ရာ လူနေအိမ် ၁၁ လုံး ပြာကျသွားခဲ့သည်။ မီးလောင်မှုကြောင့် အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၄၆ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရပြီး၎င်းတို့အား ပြန်လည်နေရာချထား နိုင်ရန်အတွက် ပေါင်မြို့နယ်ရှိ စေတနာရှင်အဖွဲ့များနှင့် ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်းဆောင်ရွက် သွားရန် စီစဉ်နေကြောင်း ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက ပြောဆိုသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
(အမိန့်အမှတ်၊ ၅၁/ ၂၀၁၃)
၁၃၇၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်
(၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်

၁။ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်စေရေး အတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထား မှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော် ၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင် ပြောင်းလဲစေရေး အတွက် လည်းကောင်း နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က)အရ ဤအမိန့်ကို ထုတ်ပြန် လိုက်သည်။

၂။ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နှင့် ထိုနေ့ မတိုင်မီ အပိုဒ် (၃)ပါ ပြစ်မှု တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ -

(က) ပြစ်ဒဏ်ချမှတ်ခြင်း ခံနေရသူ အားလုံးကို ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြုလိုက်သည်။

(ခ) သက်ဆိုင်ရာ တရားရုံးများရှိ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းပြီး တရားခံ များအား အမှုမှ ချက်ချင်း လွှတ်ရမည်။

(ဂ) စုံစမ်း အရေးယူဆဲ ဖြစ်သော အမှုများကို ဆက်လက် အရေးယူခြင်း မပြုဘဲ ပိတ်သိမ်းရမည်။

၃။ ဤအမိန့်အရ အောက်ပါ ပြစ်မှုများ၌သာ ပြစ်ဒဏ် ခံနေရသူများ၊ ကြားနာ စစ်ဆေးဆဲ ခံနေရသူများနှင့် စုံစမ်း အရေးယူဆဲ ခံနေရသူများ ပါဝင်သည်-

(က) မတရားအသင်း အက်ဥပဒေပါ ပြစ်မှုများ၊

(ခ) နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၂)၊

(ဂ) အကြည်ညိုပျက်အောင် ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄-က)၊

(ဃ) နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများ၊

(င) ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊

(စ) အများပြည်သူ၏ အကျိုး ပျက်စီးစေမှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅)၊

(ဆ) ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေပါ ပြစ်မှုများ။

၎။ ဤအမိန့်အရ ပေးအပ်သော အခွင့်အရေးသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ပိုင်းတွင် ကျူးလွန်သော အပိုဒ် (၃)ပါ ပြစ်မှုများနှင့် သက်ဆိုင်ခြင်း မရှိစေရ။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

MOI Webportal Myanmar




လပွတ္တာ မီးလောင်မှု အိမ်ခြေ ၂၀၀ ကျော် ပျက်စီး

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာမှာ ဒီဇင်ဘာလ ၃၀ ရက် မနက် အစောပိုင်း ၁ နာရီကျော်မှာ မီးလောင်မှုဖြစ်ပွား ခဲ့တဲ့ အတွက် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီး သွားခဲ့ပါတယ်။ လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာက စီပွားရေး အချက်ချာကျတဲ့ ကမ်းနား ရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွား ခဲ့တဲ့အတွက် နေအိမ် ၂၃၀ ကျော် မီးလောင်ကျွမ်းခဲ့သလို တော်တော်များများ ဆုံးရှုံးမှု ဖြစ်ခဲ့တယ်လို့ အဲဒီရွာ သွားရောက်ကူညီနေတဲ့ လပွတ္တာ နှလုံးသာ ကျန်းမာရေး စောင့်လျှောက်မှု အဖွဲ့ဝင် ကိုမင်းမင်းအောင်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓာတ်ပုံ – Hna Lone Thar Laputta Facebook


တိုးမလား လျော့မလား ဆက်သွားမလား ရပ်နေမလား မြန်မာ့လုပ်သား

၂ဝ၁၃ ခုနှစ်၏ အပြောင်းအလဲ ကို များစွာ မျှော်လင့် ထားခဲ့သော စက်မှုဇုန် အလုပ်သမားများ အတွက် ယခုနှစ်သည် ထူးမခြားနားနှစ်ဟု ဆိုရမည် ဖြစ် သည်။ ဥပဒေသစ်များ ထွက်ပေါ် လာပြီး အလုပ်သမား အဖွဲ့အစည်း အရေအတွက် ၇ဝဝ ကျော်သည် အထိ တိုးပွားခဲ့သည့် နှစ်လည်း ဖြစ်သည်။ ”အလုပ်သမားတွေက ကိုယ့်အဖွဲ့အစည်းကို ခိုင်မာအောင်မလုပ်နိုင်ဘဲ အခွင့်အရေး တောင်းတာတွေနဲ့ပဲ အချိန်ကုန်ခဲ့ရတယ်” ဟု အလုပ်သမား သမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ ဦးထွန်းထွန်းနိုင် က ပြောသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ကိုင်ရိုမြို့ ရဲနှင့်ကျောင်းသားများ ပဋိပက္ခ ဆက်လက်ဖြစ်ပွား

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ Al-Azhar တက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ ရဲတွေရဲ့ ပဋိပက္ခတွေဟာ ဒီဇင်ဘာ ၂၉ ရက်နေမှာလည်း ၃ ရက်မြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေပြီး ကျောင်းသားတွေ အထိအခိုက်ရှိခဲ့တယ်လို့ သိရပါတယ်။ Al-Azhar တက္ကသိုလ်ဟာ ဆွန်နီမွတ်စလင် ဂုဏ်သိက္ခာရှိတဲ့ တက္ကသိုလ်တခုအဖြစ် သတ်မှတ်ခံထားရပြီး သမ္မတမော်စီ အာဏာအသိမ်းခံရအပြီး ရဲတွေနဲ့ အဓိက ထိပ်တိုက်တွေနေတဲ့ နေရာတခု ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ရုရှား ဆောင်းရာသီ အိုလံပစ်ပွဲ မကျင်းပမီ ဗုံးရက်ဆက်ပေါက်ကွဲ

ရုရှားနိုင်ငံ တောင်ပိုင်း ဘော်ဂိုဂရတ်မြို့မှာ ဒီနေ့ ဗုံးတလုံး ထပ်မံပေါက်ကွဲမှုအတွင်း လူ အနည်းဆုံး ၁၀ ဦး သေဆုံးသွားပြီး ၂၃ ဦးကို ဆေးရုံပို့လိုက်ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်နေ့တုန်းလည်း ဘောဂိုဂရတ်မြို့မှာပဲ ဘူတာရုံမှာ အသေခံဗုံးခွဲမှုအတွင်း လူအနည်းဆုံး ၁၇ ယောက်သေဆုံးခဲ့ပြီး ၃၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အရက်အတူသောက်သူကိုသတ်ပြီး ဇနီးကိုပါ သတ်ရန်ကြိုးပမ်းသူ ဖမ်းမိ

ချောင်းကမ်းနံဘေးတွင် အရက်အတူတူသောက်ရာမှ စကားများရန်ဖြစ်ရင်း သောက်ဖော်သောက်ဖက်ကို တုတ်ဖြင့် ရိုက်သတ်ကာ သေသူ၏ဇနီးသည်ကိုပါ ထပ်မံသတ်ရန် ကြိုးစားသူကို တစ်ရက်အတွင်း ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။ ကော့မှူးမြို့နယ်၊ လက်ခိုက်ကျေးရွာ၊ ရွာမချောင်းအနောက်ဘက်တွင် ဒီဇင်ဘာ ၂၈ ရက် ညနေက အမျိုးသားနှစ်ဦး အရက်အတူတူသောက်နေရင်း စကားများပြီးရန်ဖြစ်ကာ အပြန်အလှန်ရိုက်နှက်ကြရာ အမူးလွန်နေသူမှာ ဒဏ်ရာပိုရပြီး သေဆုံးသွားကြောင်း ကော့မှူးမြို့မရဲစခန်းမှ ဒုရဲမှူးကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ၆၀ ကျော် မောင်တောတွင် ခိုလှုံ

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားနေသည့် ရွေးကောက်ပွဲ ကျင်းပရေးနှင့် သက်ဆိုင်သည့် နိုင်ငံရေး ဆူပူမှုများကြောင့် ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ၆၆ ဦး ကို ရခိုင်ပြည်နယ် မောင်တော မြို့နယ်တွင် ခိုလှုံနေကြောင်း တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ဘက်စုံ လူမှုကူညီရေး အသင်းထံမှ သိရှိရသည်။ အဆိုပါ ထွက်ပြေးလာသူ အိမ်ထောင်စု ၁၆ စု (လူဦးရေ ၆၆ ဦး) သည် မောင်တော မြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲ မြို့နယ်ခွဲသို့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရောက်ရှိလာပြီး ၎င်းတို့အတွက် အစားအသောက်များနှင့် အသုံးအဆောင်များအတွက် အကူအညီ ပေးထားကြောင်း ဘက်စုံ လူမှုကူညီရေး အသင်းမှ ကော်မတီဝင်တစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လုပ်သားကတ် မပါသည့် မြန်မာလုပ်သား ပြည်ပသွားရောက် လုပ်ခွင့်မပြု

ပြည်ပနိုင်ငံများတွင် သွားရောက် လုပ်ကိုင်သည့် မြန်မာလုပ်သားများ အလုပ်သမားကတ် (Smart Card) ကိုင် ဆောင်ခြင်းရှိ မရှိ ရန်ကုန်မြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ဆေးမည် ဖြစ်ပြီး အလုပ်သမားကတ် ကိုင်ဆောင်ခြင်း မရှိသူများကို ပြည်ပ ထွက်ခွာခွင့်ပြုမည် မဟုတ်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်နွေဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဓာတ်လှေကားညပ် သေဆုံးသော လူနာ မိသားစု ဓာတ်လှေကားတပ်ဆင်သူကို တရားစွဲဆိုနိုင်ဟု ဥပဒေကျွမ်းကျင်သူပြောကြား

ဂျပန်ဆေးရုံတွင် ဓာတ်လှေကားညပ်၍ လူနာသေဆုံးမှုတွင် ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်၍ စစ်ဆေးနေသည့်အမှုကို သေဆုံးသူ၏ မိသားစုဝင်များက အဆိုပါဓာတ်လှေကားတပ်ဆင်သူများကို တရားစွဲဆိုတိုင်ကြားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးကပြောသည်။ ဒီဇင်ဘာ ၂၇ ရက် နေ့လယ်က ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၌ နှလုံးရောဂါသည် ဝေဒနာရှင်တစ်ဦးဓာတ် လှေကားညပ်ကာ သေဆုံးခဲ့ပြီး အဆိုပါဖြစ်စဉ်အား လမ်းမတော်မြို့မရဲစခန်းက ပဏာမစစ်ဆေးချက်အရ နှလုံးရောဂါဖြင့်သေဆုံးခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၂၈ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အခင်းဖြစ်ပွားသောဓာတ်လှေကားရှေ့မှ လူနာတင်စင်နှင့် ဆေးရုံဝန်ထမ်းနှစ်ဦး ဓာတ်ပုံ - နစ်ကီ / 7day Daily 

၂၀၁၄ ဇန်န၀ါရီလ(၁)ရက်နေ့ ထုတ် Mobile Guide Issue 135

၂၀၁၄ ဇန်န၀ါရီလ(၁)ရက်နေ့ ထုတ်  Mobile Guide Issue 135

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဒီဇင်ဘာလ(၂၉)ရက်နေ့ ထုတ် Digital Life နည်းပညာဂျာနယ် အတွဲ ၂ အမှတ် ၃၄

ဒီဇင်ဘာလ(၂၉)ရက်နေ့ ထုတ်  Digital Life နည်းပညာဂျာနယ် အတွဲ ၂ အမှတ် ၃၄

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





ဒီဇင်ဘာလ(၂၈)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အတွဲ(၂) အမှတ်(၄၂)

ဒီဇင်ဘာလ(၂၈)ရက်နေ့ ထုတ်  မြန်မာသံတော်ဆင့် အတွဲ(၂) အမှတ်(၄၂)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီး ပေါက်ကွဲမှုဖြစ်ပွား ကိုရင် တစ်ပါး ပျံလွန်တော်မူ ၊ တစ်ပါး ဒဏ်ရာရ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင် မြို့နယ် ၊ မုံးစီးကျေးရွာ ၏ အရှေ့ မြောက်ဘက် ဝေဠုဝန် ဘုန်းတော်ကြီး ကျောင်းနှင့် ၀ိန်းခေါင် ကျေးရွာသွား လမ်းခွဲ အနီးတွင် ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ် ခန့်က ကြွပ်ကြွပ်အိတ် ဖြင့် ထုပ်ပြီး အ၀တ်ဖြင့် ပတ်ထားသော အထုပ် တစ်ထုပ်အား ဝေဠုဝန် ဘုန်းတော်ကြီး ကျောင်းမှ ကိုရင် နှစ်ပါးမှ တွေ့ရှိခဲ့ရာ ကိုရင် တစ်ပါးမှ ကောက်ယူသဖြင့် အဖော် ပါလာသူ ကိုရင်မှ မယူဘဲ ပြန်ချရန် ပြော၍ ပြန်ချခဲ့ရာ ၄င်းနေရာတွင် ပင် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မိုင်းစထိမှန် ပျံလွန်တော်မူသော ကိုရင် ရှင်နေ၀ိန္ဒ

မိုင်းစထိမှန်ဒဏ်ရာရရှိသော ကိုရင် ရှင်စိဏ္ဏာ

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးကို ပုံစံ အမျိုးမျိုးဖြင့် အသွင်ယူဆောင်ရွက်နေ

နိုင်ငံ တော်အဆင့် လုံခြုံရေးကိစ္စများ နှင့်ပတ်သက်ပြီး လုံခြုံရေးပိုင်း တွင် တာဝန်ယူ ထားရသူများ သည် ယခုအခါ ရန်ကုန်တိုင်း ဒေသကြီးတွင် ပုံစံအမျိုးမျိုးဖြင့် အသွင်ယူကာ လုံခြုံရေးကိစ္စများ ကို ဆောင်ရွက်နေ ပြီး ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ အသွင်ယူစုံ စမ်းထောက်လှမ်းနေသူများမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး ၄င်းတို့အနေဖြင့် ပုဂ္ဂိုလ်ရေး ကိစ္စများကို ထောက်လှမ်းခြင်း မဟုတ်ဘဲ နိုင်ငံတော်လုံခြုံရေး နှင့်သက်ဆိုင်သော သတင်းများ ကို ပြည်သူများကြားမှ သိရှိစေ ရန်နှင့် ရရှိ လာသော သတင်း များကို ဌာနမှ တာဝန်ရှိသူများ သို့ တင်ပြရန် ယင်းကဲ့သို့ စေ လွှတ်ထားခြင်းဖြစ်ကြောင်း ယင်း က ဆက်လက်ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လှမ်းလာခဲ့ပါ ဒို့ရဲ့နာဂရိုးရာ နှစ်သစ်ကူးပွဲတော်

ပြည်ထောင်စုဘွား နာဂတိုင်းရင်းသားများသည် မြန်မာနိုင်ငံ အနောက်မြောက်ဒေသ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်များတွင် နေထိုင်ကြသည်။  စစ်ကိုင်းတိုင်းဒေသကြီး၊ (အထက်ပိုင်း) နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ (၁၃) ရက်မှ (၁၅) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဒလမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်၊ အုပ်ချုပ်ရေးမှူးကို အရေးယူ

ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင် ကျွမ်းမှုတစ်ခု ဒီဇင်ဘာ ၂၉ ရက် နံနက် ၁နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ရာ ပေ ၃၀ × ပေ ၂၀ရှိသွပ်မိုး အုတ်ညှပ်ရုံးအဆောက်အအုံတစ်ခုလုံး မီးလောင်ပြာကျသွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ အဆိုပါညက ရုံးချိန်အပြီးတွင် ရုံးခန်းပိတ်သွားသော်လည်း မီးအားမြှင့်စက်အား ပိတ်ခဲ့ခြင်း မရှိသဖြင့် အပူလွန်ကဲမှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း နှင့် အဆိုပါရုံးတွင် ညအိပ်ရုံးစောင့်မရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



၁၀ နှစ်အောက် ကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

၁၀ နှစ်အောက် ကလေးသုံးဦး အဓမ္မပြုကျင့် ခံရပြီးနောက် အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ထပ်မံအဓမ္မပြုကျင့်ခံရမှု တစ်ခု လှည်းကူး မြို့နယ်တွင် ဒီဇင်ဘာ ၂၇ ရက်က ထပ်မံဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ ဖြစ်စဉ်မှာ လှည်ကူးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ဒီဇင်ဘာ ၂၇ ရက် နံနက် ၃ နာရီအချိန်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



လပွတ္တာ ကန်ဘဲ့ ရွာလုံးကျွတ်မီးလောင်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကန်ဘဲ့ကျေးရွာတွင် ဒီဇင်လာလ ၃၀ရက် မနက် ၂နာရီ၁၀ ခန့်တွင် မီးလောင်ကျွမ်းခဲ့ရာ ရွာလုံးကျွတ် နီးပါးမီးထဲပါသွားကြောင်း ဒေသခံများက ပြောကြားသည်။ ကနဦးသတင်းများအရ မုန့်ဟင်းခါးဖိုမှတဆင့် လောင်ကျွမ်းခြင်း ဖြစ်ပြီး အိမ်ခြေ ၂၁၃အိမ်ခန့် မီးထဲပါသွားကြောင်း လပွတ္တာ မြို့နယ်အုပ်ချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးကအတည်ပြု ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ