ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ၆၀ ကျော် မောင်တောတွင် ခိုလှုံ

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားနေသည့် ရွေးကောက်ပွဲ ကျင်းပရေးနှင့် သက်ဆိုင်သည့် နိုင်ငံရေး ဆူပူမှုများကြောင့် ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ၆၆ ဦး ကို ရခိုင်ပြည်နယ် မောင်တော မြို့နယ်တွင် ခိုလှုံနေကြောင်း တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ဘက်စုံ လူမှုကူညီရေး အသင်းထံမှ သိရှိရသည်။ အဆိုပါ ထွက်ပြေးလာသူ အိမ်ထောင်စု ၁၆ စု (လူဦးရေ ၆၆ ဦး) သည် မောင်တော မြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲ မြို့နယ်ခွဲသို့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရောက်ရှိလာပြီး ၎င်းတို့အတွက် အစားအသောက်များနှင့် အသုံးအဆောင်များအတွက် အကူအညီ ပေးထားကြောင်း ဘက်စုံ လူမှုကူညီရေး အသင်းမှ ကော်မတီဝင်တစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ၆၀ ကျော် မောင်တောတွင် ခိုလှုံ ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ၆၀ ကျော် မောင်တောတွင် ခိုလှုံ Reviewed by သစ်ထူးလွင် on 17:16 Rating: 5
Powered by Blogger.