ဦးဝင်းချို နှင့် လယ်သမား (၆)ဦးအား ပုဒ်မ-၅၀၅(ခ)ဖြင့် ပဲခူးတွင် ဖမ်းဆီးအရေးယူ


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင်(၃၁.၈.၂၀၁၃)နေ့ နံနက်(၁၀း၀၀)အချိန်ခန့်က ရန်ကုန်မြို့နေ လယ်သမား အရေး ဆောင်ရွက်သူ ဦးဝင်းချို နှင့် လယ်သမား (၆)ဦးအား ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

ဦးဝင်းချို ဦးဆောင်ပြီး လယ်သမား(၁၇)ဦးခန့်သည် ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ၊ သီရိဟံသာခန်းမရှေ့၌ စုရုံးပြီး အသိမ်းဆည်းခံ လယ်သမားများနှင့် ခြံသမားများမှ ဆုံရှုံး နစ်နာမှုများအား မှန်ကန်စွာဖြေရှင်းပေးရန်အတွက် ပိုစတာဗွီနိုင်းများ ကိုင်ဆောင်လျှက် လမ်းလျှောက် ဆန္ဒထုတ်ဖေါ် ခဲ့ကြတာ ဖြစ်ပါတယ်။

ရှင်စောပုလမ်း၊ အုန်းပင်တန်းမှ တစ်ဆင့် လိပ်ပြာကန်အထိ တန်းစီလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ရာ
လိပ်ပြာကန်အရောက်တွင် ဦးဝင်းချိုမှ လယ်မြေ မတရားသိမ်းဆည်းမှုများနှင့် ပတ်သက်၍ ဟောပြောပြီးချိန် နေ့လည်(၁၁း၀၀)အချိန်တွင် အမှတ်(၁)စခန်းမှ တာဝန်ရှိသူများက ဖမ်းဆီး ခေါ်ဆောင် သွားပါတယ်။

ဦးဝင်းချိုနှင့် ဆန္ဒပြရာတွင် ပါဝင်ခဲ့သူများဖြစ်သော လေးနိုင်ဦး၊ရန်ပိုင်စိုး၊ ဟန်လင်းအောင်၊ စောပုံပုံနှင့်စောထိန်လင်း တို့(၆)ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ပုဒ်မ-၅၀၅ (ခ)တို့ဖြင့် အရေးယူထားကြောင်းနှင့်ဦးဝင်းချိုမှာ ပုဒ်မ-(၁၈)ဖြင့် သက်ဆိုင်ရာ တရားရုံးများတွင် အရေးယူထားမှု (၃၂)မှု ရှိသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

Ko Thant Zin

by Myanmar News Now




အမျိုးသမီးများကို ကာကွယ်သည့်ဥပဒေ ဆော်ဒီတွင် ပထမဆုံးအကြိမ်ပြ ဋ္ဌာန်း


လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးက အရှေ့အလယ်ပိုင်း ဒေသရှိ ဩဇာကြီးမားသော နိုင်ငံအတွင်း ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီးများ၊ ကလေးငယ်များနှင့် ပြည်တွင်း လုပ်သားများကို အကြမ်းဖက်မှုမှ အကာအကွယ်ပေးမည့် ဥပဒေကြမ်း တင်သွင်းမှုကို ယခုအခါ အတည်ပြု လက်ခံလိုက်ပြီဟု ပြောကြားဆော်ဒီအာရေဗျ နိုင်ငံတွင် အမျိုး သမီးများအ တွက် ဥပဒေကြောင်းအရ အကာအကွယ်ပေးမည့် ပြည်တွင်းဥပဒေ တစ်ရပ်ကို ပထမဆုံးအကြိမ် ပြဋ္ဌာန်းလိုက်ကြောင်း သိရှိရသည်။ လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးက အရှေ့အလယ်ပိုင်း ဒေသရှိ ဩဇာကြီးမားသော နိုင်ငံအတွင်း ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီးများ၊ ကလေးငယ်များနှင့် ပြည်တွင်း လုပ်သားများကို အကြမ်းဖက်မှုမှ အကာအကွယ်ပေးမည့် ဥပဒေကြမ်း တင်သွင်းမှုကို ယခုအခါ အတည်ပြု လက်ခံလိုက်ပြီဟု ပြောကြားသွားသည်။ အနိုင်ကျင့်ညှင်းပမ်းမှုမှ ကာကွယ်ရေး ဥပဒေဟု အမည်ပေးထားသော ပြဋ္ဌာန်းချက်သည် ဘာသာရေး စောင့်ထိန်းမှု ပြင်းထန်လွန်းသည့် နိုင်ငံအတွင်း ထူးခြားသော အပြောင်းအလဲ တစ်ရပ်အဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။

အစိုးရအဖွဲ့သည် ဩဂုတ်လ (၂၆)ရက်နေ့က အဆိုပါ ဥပဒေအတွက် နောက်ဆုံးအဆင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် လပေါင်းအတန်ကြာ စောင့်ဆိုင်းခဲ့ရသည့် ဥပဒေကို အတည်ပြုရန် ဆုံးဖြတ်ခဲ့သည်။ ဒေသတွင်း ရန်ပုံငွေ အဖွဲ့အစည်း တစ်ခုက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမျိုးသမီးများ အနိုင်ကျင့် စော်ကားခံရမှုကို တိုက်ဖျက်ရန် လှုပ်ရှားမှု တစ်ခုကို ဆော်ဩခဲ့ပြီးနောက် ယခုဥပဒေအတွက် စဉ်းစားလာခြင်း ဖြစ်သည်။ ယခုဥပဒေအရ အမျိုးသမီး တစ်ဦးကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အနှောင့်အယှက် ပေးခဲ့ကြောင် စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် (၁)နှစ်ထိဖြစ်စေ၊ ရီရယ်လ်ငွေ (၅၀၀၀၀)ထိဖြစ်စေ ဒဏ်တပ်နိုင်မည်ဟု သိရှိရသည်။

"ဆော်ဒီဘုရင့် နိုင်ငံရဲ့ အမျိုးသမီး၊ ကလေးသူငယ်တွေနဲ့ ပြည်တွင်းအလုပ် သမား လူ့အဖွဲ့အစည်းတွေအတွက် ခုလို ဥပဒေမျိုးက သိပ်ကို ကောင်း မွန်ပါတယ်"ဟု အမျိုးသား လူ့အခွင့်အရေးအဖွဲ့မှ အတွင်းရေးမှူးချုပ် ခါလက်ဒ်အယ်လ်ဖက်ဟာက ပြောကြားခဲ့သည်။ ယခင်က အမျိုးသမီးများ၊ ကလေးများနှင့် အလုပ်သားများအပေါ် အနိုင်ကျင့် ဖိနှိပ်မှုမျိုးကို ဥပဒေသက်သက် သတ်မှတ်ခြင်း မရှိဘဲ အစ္စလာမ်မစ် စည်းမျဉ်းများဖြင့်သာ သိုင်းဝိုင်းဖြေရှင်းခဲ့ကြသည်။ ကုလသမဂ္ဂသည် အမျိုးသမီးများအတွက် တိတိကျကျ အကာအကွယ် ပေးနိုင်မည့် ဥပဒေမျိုး ပြဋ္ဌာန်းရန် (၂၀၀၈)ခုနှစ်ကတည်းက ဆော်ဒီအစိုးရကို တိုက်တွန်းနေခဲ့ပြီးဖြစ်သည်။

Planet Myanmar Network
 

ဒလကျန်စစ်သားရပ်ကွက် အမှိုက်ပုံ ဧရိယာရှိ ကျူးကျော်များအား ဘူလ်ဒိုဇာဖြင့် ရှင်းမည်

ဒလ ကျန်စစ်သားရပ်ကွက် အမှိုက်ပုံ ဧရိယာရှိ ကျူးကျော်တဲများကို တွေ့ရစဉ်။ ဓာတ်ပုံ - ကျော်ဇေယျ 

ရန်ကုန် ၊ သြဂုတ် - ၃၀ ။      ။ ဒလမြို့တွင် အမှိုက်ဖျက်စက်ရုံ တည်ဆောက် မည့် ကျန်စစ်သားရပ်ကွက်ထိပ် ရှိ အမှိုက်ပုံဧရိယာတွင်နေ ထိုင် နေသည့်ဒေသခံများ၏နေအိမ် များကို စည်ပင်သာယာဌာနမှ  လာမည့်သုံးရက်အတွင်း စက်များ ဖြင့် ထိုးဖျက် မည် ဖြစ်ကြောင်း သိရသည်။ ယင်းပြောင်းရွှေ့ခိုင်းမှုနှင့် ပတ်သက်သည့်အစည်းအဝေး ကို ဩဂုတ် ၂၉ရက် နံနက်ပိုင်းက ဒေသခံများ၊ စည်ပင်သာယာ၊ မြို့ နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တို့  က မြို့နယ် အထွေထွေ အုပ်ချုပ် ရေးမှူးရုံးတွင် အစည်းအဝေး တစ်ခုပြုလုပ်ခဲ့ပြီး ပြေလည်မှုမရ ရှိကြောင်း ရွှေ့ပြောင်းရမည့်ဒေသ ခံများထံမှ သိရသည်။

''အခုနှစ်ရက်အတွင်းမှာ မရွှေ့ရင် ဘူလ်ဒိုဇာနဲ့ ထိုးဖျက်မယ် ပြောတယ်။ ဒီနေရာမှာ ၁၉၉ဝပြည့် နှစ်ကတည်းက တောကြီးမျက် မည်းကိုရှင်းပြီး စိမ်းလန်းမြေ နေရာ ဖော်ဆောင်နေလာခဲ့တာ ပါ''ဟု အစည်းအဝေးပွဲကို တက် ရောက်ခဲ့သည့် ရွှေ့ပြောင်း ရမည့် ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိဒလမြို့၏ အမှိုက် များကို စုပုံနေသည့် ကျန်စစ်သား ရပ်ကွက်ထိပ်၊ ဒလ-တွံတေးကား လမ်းဘေးရှိ မြေနေရာတွင် စည် ပင်သာယာဌာနမှ 'အမှိုက်ဖျက် ဆီးသည့်စက်ရုံ' တည်ဆောက် မည်ဖြစ်ပြီး အဆိုပါစီမံကိန်းနှင့် မလွတ်ကင်းသည့် စိမ်းလန်းမြေ များတွင် နေထိုင်နေသည့် အိမ် ခြေ ၄ဝကျော်မှ အိမ် ၁၁လုံးကို ရွှေ့ပြောင်းခိုင်းရာတွင် ဒေသခံ များနှင့် အချေအတင်ဖြစ်နေခြင်း ဖြစ်ကြောင်း ဒလမြို့နယ် အထွေ ထွေအုပ် ချုပ်ရေး မှူး ဦးထွန်း ထွန်းဝင်းက ပြောသည်။

''အခုရွှေ့ပြောင်းရမှာက အိမ်ခြေ ၁၁လုံးပါ။ အားလုံးမဟုတ် ပါဘူး။ သူတို့မှာ ဒီနေရာကို ပိုင် ဆိုင်ကြောင်း အထောက်အထား မရှိဘူး။ စည်ပင်ကတော့ ဥပဒေ အတိုင်းလုပ်မယ်လို့ သိရတယ်။ရွှေ့ပေးမယ်ဆိုတာကို သုံးရက် အတွင်း လာအကြောင်း ကြား ပါ။ မကြားရင် တဲတွေကို ဖျက်မယ်လို့ ပြောလိုက်တယ်''ဟု ယင်းက ဆက်လက်ပြောသည်။ ''အထောက်အထားမရှိ ဒီမြေမှာ နှစ်၂ဝကျော်နေလာတာ ကျေနပ်သင့်ပါပြီ''ဟု ဦးထွန်းထွန်း ဝင်းက ဆက်လက်ပြောသည်။

အဆိုပါ ဒလ-တွံတေး ကား လမ်းဘေးရှိ စိမ်းလန်းမြေများကို ၁၉၉ဝပြည့်နှစ်က လမ်းဘေးစိမ်း လန်းစိုပြည်ရေးစီမံကိန်းအဖြစ် ထို အချိန်က အကောင်အထည်ဖော် ခိုင်းခဲ့ပြီး ယခုအချိန်တွင် လျော် ကြေးမဲ့ရွှေ့ပြောင်းခိုင်းနေသည့် အတွက် အခက် အခဲဖြစ်ပေါ်နေ ခြင်းဖြစ်ကြောင်း အစည်းအဝေး ပြီးဆုံးချိန်တွင် ဒေသခံများအား တွေ့ဆုံမေးမြန်းမှုများအရ သိရ သည်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ''စိမ်းလန်း မှာ မူလနေထိုင်သူတွေဆိုရင် တစ်မျိုးပေါ့။ အခုလူတွေက တစ် ဆင့်ဝယ် ထားတဲ့သူတွေ၊ သူတို့ က အထောက်အထားမရှိတဲ့ နေရာကို ဝယ်ထားတာတော့ သူ တို့ခံပေါ့''ဟု ဖြေကြားသည်။

ကျော်ဇေယျ

Yangon Media Group

ကျောင်းသစ်ဆောက်လုပ်ပေးသော်လည်း စာသင်ခုံ မရှိ၍ ကျောင်းသားများ အခက်ကြုံ

ကျောင်းသား ကျောင်းသူ ၂၅၀ ကျော်ရှိသည့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာ၏ စာသင်ကျောင်းသစ်တွင် စာသင်ခုံများ မရှိသဖြင့် ကျောင်းသားများ စာသင်ကြားရန် အခက်ကြုံနေကြရသည်ဟု သတင်း ရရှိသည်။

BAJ ၏ အကူအညီဖြင့် ခေတ်မီ မူလတန်း ကျောင်းသစ် တစ်ဆောင်အား ရွာချောင်းကြီး ကျေးရွာတွင် များမကြာမီက ဆောက်လုပ်ပေးထားသော်လည်း စာသင်ခုံ တစ်ခုံမျှ မရှိသဖြင့် ကျောင်းသား ကျောင်းသူများ အနေဖြင့် သမံတလင်းပေါ်တွင် ထိုင်ပြီး စာသင်နေကြရသည်ဟု ဒေသခံ ကျောင်းသား မိဖများက ပြောသည်။

ရွာချောင်းကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးသိန်းကျော်အား နိရဉ္စရာက ဆက်သွယ် မေးကြည့်ရာ စာသင်ခုံများ အထက်သို့ တင်ပြ တောင်းထားသော်လည်း ယခုထက်တိုင် မရောက်သေးကြောင်း ပြောဆိုသည်။

“ စာသင်ခုံ မရှိတော့ ကျောင်းသားတွေ စာသင်ရတာ အခက်အခဲ ရှိနေတဲ့ အတွက် မြို့နယ် ပညာရေးမှူးရုံးကို တင်ပြထားပါတယ်။ အခုအချိန်ထိတော့ တစ်စုံတစ်ရာ အကြောင်း ပြန်ကြားတာ မရှိသေးပါ” ဟု ဆိုသည်။

စာသင်ခုံများ မရှိသဖြင့် ကျောင်းသား ကျောင်းသူများ အနေဖြင့် သမံတလင်းပေါ်တွင် ထိုင်ပြီး စာသင်ရသဖြင့် ကျောင်းသားများ အနေဖြင့် မကြာခဏ ဖျားနာမူများ ဖြစ်ပေါ်နေသည်ဟု ကျောင်းသား မိဖ တစ်ဦးကဆိုသည်။

“ ကလေးတွေ မကြာခဏ ဖျားနာတာတွေတော့ ရှိပါတယ်။ သမံတလင်းပေါ်မှာ ထိုင်ပြီး တစ်နေ့လုံး စာသင်ရတော့ ကလေးတွေ ကျန်းမာရေး ထိခိုက်နေတာ အမှန်ပါဘဲ။ ဒါပေမယ့် ကျောင်းမတက်ရင် ပညာရေး ထိခိုက်နိုင်တာမို့ နေ့တိုင်း ကျောင်းသွားနေကြရတာပါဘဲ” ဟု ဆိုသည်။

ကျောင်းသူ ကျောင်းသားများ အတွက် စာသင်ခုံများ မရှိသည်သာမက ဆရာ ဆရာမများ အတွက်လည်း စားပွဲနှင့် ထိုင်ခုံများ မရှိဘဲ ဖြစ်နေသည်ဟု သိရသည်။

ရွာချောင်းကြီးကျေးရွာမှာ ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် ကလေးဘ၀က နေထိုင်ခဲ့သော ကျေးရွာဖြစ်သဖြင့် အဆိုပါ BAJ ကျောင်းဆောင်သစ်အား ဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ကျောင်းသူ ကျောင်းသားများ အတွက် စာသင်ခုံ တစ်ခုံမှ မရှိသဖြင့် ပြည်နယ် ၀န်ကြီးချုပ် အနေဖြင့် စာသင်ခုံများ ဆက်လက် ကူညီ လှူဒါန်းပေးစေလိုကြောင်း ကျေးရွာသားများက ပြောဆိုသည်။

(နိရဉ္စရာ- ၃၁ သြဂတ်စ် ၂၀၁၃)
 

ပြည်နယ်တရားသူကြီးကို အယုံအကြည် မရှိကြောင်းအဆို ပြည်နယ်လွတ်တော် အမတ်များ တင်သွင်း

ပြည်နယ် လွှတ်တော် ( ဓါတ်ပုံ- နိရဉ္စရာ)


ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ် လွတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ် ပြည်နယ် တရားသူကြီး ဒေါ်စီစီကို အယုံကြည် မရှိကြောင်း အဆိုကို လွတ်တော်အမတ်များ တင်းသွင်း လိုက်ကြောင်း သိရသည်။

အဆိုပါ အယုံအကြည်မရှိကြောင်း အဆိုကို ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်မှ ဦးဆောင်ကာ လွတ်တော်ကိုယ်စားလှယ် ၁၄ ဦးမှ လက်မှတ်ရေးထိုး တင်သွင်းလိုက်ခြင်းဖြစ်သည်။

ပြည်နယ်တရားသူကြီးကို အယုံအကြည်မရှိ အဆိုတင်သွင်းရသည့်ကိစ္စနှင့်ပတ်သတ်ပြီး ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ယခုကဲ့သို့ပြောသည်။

“ အဓိကတော့ ဒေါ်စီစီရဲ့ လုပ်ဆောင်မှုတွေကို ပြည်သူတွေကတင်ပြလာတဲ့အတွက် ဒီလို အဆိုတင်သွင်းရတာ ဖြစ်ပါတယ်။ မြောက်ဦးမြို့က ဒေါ် မသန်းတင်ဆိုတဲ့အမျိုးသမီးက ဆန်စပါး ရောင်းဝယ်ရေးနဲ့ပတ်သတ်တဲ့ လူ ပေါင်း ၉၀ ကျော်ဆီက ကျပ်သိန်း ပေါင်း ၄၃၀၀ ကျော် လိမ်လည်ထားတဲ့ အမှုတခုရှိတယ်။ ဒီအမှုနဲ့ ပတ်သတ် ပြီး ဒေါ်စီစီက ငွေကြေးအပေးအယူလုပ်ပြီး သူ့အချိန်ဝါကို အသုံးချ ဖုံးကွယ်ထားတဲ့ ကိစ္စတခုရှိတဲ့အတွက် ပျက်စီးနေတဲ့ တရားရေးမဏ္ဍိုင်ကို ခွင့်လွတ်လို့မရတော့ဘူးဆိုပြီး ကျွန်တော်တို့ ဒီအဆိုကို တင်သွင်းလိုက် တာ ဖြစ်ပါတယ်။”

အဆိုပါ ငွေကြေးလိမ်လည်မှုမှာ ၂၀၁၂ ခုနှစ်က မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အလိမ် ခံရသူများက ဒေါ် မသန်းတင်ကို တရားစွဲဆိုရန် မြို့နယ်၊ ခရိုင်အဆင့်တို့တွင် တရားစွဲဆိုခဲ့သော်လည်း ဒေါ်မသန်းတင်က ပြည် နယ်အဆင့် ဒေါ်စီစီကို ငွေးကြေးတချို့ပေးချဉ်းကပ်ကာ ဒေါ်စီစီမှ သူ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ဒေါ်မသန်း တင်ကို တရားစွဲခွင့်မရှိဟုဆိုကာ ပယ်ချထားသည်ဟု ဆိုသည်။

ယခုအခါ ငွေကြေးလိမ်လည်ခံရသူများမှာ ပြည်နယ်အဆင့် တရားသူကြီးမှ ပယ်ချထားသည့်အတွက် တိုင်ကြား စရာ မရှိသည့်အတွက် လွတ်တော်ကိုယ်စားလှယ်များကို တိုင်ကြားရာမှ ယခုကဲ့သို့ ပြည်နယ် တရားသူကြီး ပါဝင်ပတ်သတ်မှုရှိနေကြောင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယခုအခါ စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး စစ်ဆေး တွေ့ရှိချက်များကို လာ မည့် လွတ်တော်အစည်းအဝေးတွင် တင်ပြမည်ဖြစ်ကြောင်း ဦးအောင်မြကျော်က ဆက်ပြောသည်။

“ အခုကျွန်တော်တို့ စုံစမ်းစစ်ဆေးရေး ကော်မီတီတခုဖွဲ့ဖို့ထားပါတယ်။ အဲဒီအဖွဲ့က အမှုနဲ့ ပတ်သတ်ပြီး အားလုံးကို ကွင်းဆင်းစစ်ဆေးမယ်။  အဲဒီစစ်ဆေးချက်တွေကို နောက်တခေါက် လွတ်တော်မှာ တင်ပြပါတယ်။  ကော်မီတီရဲ့တွေ့ရှိချက်တွေ မှန်ကန်တယ်။ လွတ်တော်ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ လက်ခံရင် ဒေါ်စီစီကို ဖြုတ်ချ နိုင်မှာဖြစ်ပါတယ်” ဟုဆိုသည်။

ဥပဒေပုဒ်မ ၃၁၁ တွင်လည်း လွတ်တော်ကိုယ်စားလှယ် ၃ ပုံ ၂ပုံ သဘောတူလျှင် ပြည်နယ် တရားသူကြီးကို ဖြုတ်ချနိုင်ကြောင်း ဖော်ပြထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တရားရေးမဏ္ဍိုင်မှာ အထူးပျက်စီးနေသည့်အတွက် တရားရေးမဏ္ဍိုင် သန့်ရှင်းရေနှင့် တည့်မတ်နိုင်ရေးမှာ အထူးအရေးကြီးနေပြီ ဖြစ်ကြောင်းလည်း ဦးအောင်မြကျော်က ပြောဆိုသွားသည်။


(နိရဉ္စရာ- ၃၁ သြဂတ်စ် ၂၀၁၃) / မောင်အေး

ယာဉ်မောင်းနှင့်ယာဉ်ပိုင်ရှင်များမှ အကျင့်ပျက်ယာဉ်ထိန်းများအား အရေးယူစေလို


မန္တလေး မိုးကုတ်လမ်းပေါ်ရှိ ရွှေကျင်မောင်းတံ၏ မြောက်ဘက် ဘိုးဘိုးကြီး ညောင်ပင်အနီးရှိ ယာဉ်ထိမ်းရဲတပ်ဖွဲ့နှင့် ကန်ပိုင် စက်ထိပ်ရှိ ယာဉ်ထိန်းရဲ တပ်ဖွဲ့တို့သည် အရပ်သားများကို ခေါ်ယူ၍ ထိုလမ်းပေါ်တွင်ပြေးဆွဲနေသော ကားများအား နေ့စဉ်ငွေတောင်းယူ နေမှုများ ရှိကြောင်း အဝေးပြေး ယာဉ်မောင်းများထံမှ သိရသည်။ “ဒီနေရာကို မနက်မလင်းသေးဘူး ရောက်နေပြီ။ လာတဲ့ကား အကုန်တားတာပဲ၊ မပေးရင်တော့ လမ်းဘေး ထိုးရပ်ထား ပေတော့ပဲ၊ စကား မပြောချင်တော့ ပေးရတာပေါ့၊ အနည်းဆုံး တစ်ထောင်ကနေ ငါးထောင်အထိ ပေးရတယ်၊ ယူနီဖောင်းဝတ် ထားတဲ့ ၀န်ထမ်းယာဉ်ထိန်းရဲက ဘေးမှာ ခုံနဲ့ထိုင်နေတယ်၊ အရပ်သား တစ်ယောက်ကို ပိုက်ဆံကောက်ခိုင်းတယ်၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အရောင်းအဝယ် အေး၍ ကားဈေးကျ


ပြည်တွင်း ကားဈေးကွက်အတွင်း အရောင်းအဝယ် အေးနေခြင်းကြောင့် ဂျပန် လေလံ ဈေးကွက်မှ ဝင်ရောက်လာသည့် ယာဉ်များ အပါအဝင် ပြည်တွင်း မော်တော်ယာဉ် ဈေးနှုန်းများ ကျဆင်း နေကြောင်း ရန်ကုန်မြို့တော် မော်တော်ယာဉ် ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။ ယခင်က လူကြိုက်များခဲ့သည့် ကျပ် သိန်း ၃၀၀၀ ခန့် လင်ခရူဇာ၊ လပ်ဇပ် (၂၀၀၇ ခုနှစ် မော်ဒယ်လ်) ယာဉ်များကို ယခု ကျပ်သိန်း ၁၀၀၀ ဖြင့် ရောင်း ချသော်လည်း အရောင်းအဝယ် မဖြစ်တော့ကြောင်း ဟံသာဝတီ ယာဉ်ရပ်နားစခန်း (အဟောင်း) မှ ဝယ်ရောင်း ဦးကျော်စိုးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဒေါ်အောင်ဆန်းစုကြည် စင်ကာပူသွားမည်


စင်ကာပူ နိုင်ငံ၏ နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုး တက်မှုများကိုလေ့လာရန် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် စင်ကာပူနိုင်ငံသို့ ပထမဆုံး ခရီးစဉ်အဖြစ် စက်တင်ဘာလအ တွင်း သွား ရောက်ရန်ရှိကြောင်း သိရသည်။ ယင်းခရီးစဉ်သည် စက်တင် ဘာ ၂၀ ရက်နှင့်  ၂၂ရက်များတွင် ပြုလုပ်မည့် ဒုတိယအကြိမ် စင်ကာ ပူထိပ်သီးညီလာခံတွင် မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေးနှင့်ပတ် သက်သည့် အဓိကအချက်အ လက်များခေါင်းစဉ်ဖြင့် ဒေါ်အောင် ဆန်းစုကြည် မှ မိန့်ခွန်းပြောကြား မည်ဖြစ်သည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပါက နိုင်ငံအပြောင်းအလဲ ဖြစ်နိုင် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပါက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံအပြောင်းအလဲ ဖြစ်နိုင်ကြောင်း ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ သြဂုတ်လ ၃၀ ရက်နေ့က ပြည်သူ့လွှတ်တော်ရုံးတွင် ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် လက်ရှိ ဖြစ်ပွားနေသော ဘာသာရေးအသွင်ဆောင် ပဋိပက္ခများနှင့် ပတ်သက်ပြီး ၂၀၁၅ အထွေအထွေ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိ မရှိမေးခွန်းကို သတင်းထောက်အချို့က မေးမြန်းရာ ၎င်းက ယင်းသို့ပြန်လည် ဖြေကြားသွားခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သြဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီက နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်း တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဆောင် I-12 တွင် ပြည်တွင်းပြည်ပ မီဒီယာများနှင့် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစဉ် ။ ဓါတ်ပုံ - National League for Democracy

ဥက္ကံတွင် ကောလာဟလထွက်ပေါ်ပြီး ကျောင်းများသို့ လူရာချီ သွားရောက်သဖြင့် လုံခြုံရေးတိုးမြှင့်


တိုက်ကြီးမြို့နယ် ဥက္ကံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် သြဂုတ်လ ၃၀ ရက် နံနက် ၁၀ နာရီကျော်က ဗုဒ္ဓဘာသာနှင့် ဘာသာခြားတို့ ရိုက်နေသည်ဟူသော ကောလာဟလ ထွက်ပေါ်ခဲ့သဖြင့် အဆိုပါမြို့ရှိ မူလတန်းကျောင်းနှင့် အထက်တန်းကျောင်းများသို့ လူရာချီစုဝေး ရောက်ရှိ ခဲ့သောကြောင့် လုံခြုံရေး တိုးမြှင့်ဖြေရှင်းခဲ့ရကြောင်း ကျောင်းသားမိဘများနှင့် မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဖိလစ်ပိုင်မှာ အမြဲတပ်စွဲထားဖို့ အမေရိကန် စိတ်မဝင်စား


ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန်တပ်တွေ တိုးချဲ့ချထားရေးအတွက် ဆွေးနွေးမှုတွေမှာ တိုးတက်မှုတွေရှိနေပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ကပြောပါတယ်။ ဒါပေမယ့် အမေရိကန်အနေနဲ့ ဖိလစ်ပိုင်မှာ အမြဲတမ်း အခြေစိုက်စခန်းဖွင့်ဖို့အတွက် ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။  ဝန်ကြီး Hagel ဟာ သူ့ရဲ့ အာရှ တပတ်ကြာခရီးစဉ် အဆုံးသတ်တဲ့ သောကြာနေ့မှာ ဖိလစ်ပိုင်သမ္မတ Benigno Aquino နဲ့ မနီလာမြို့တော်မှာ တွေ့ဆုံအပြီး အခုလိုပြောဆိုခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပေါင်းတည် ဆန္ဒပြခေါင်းဆောင် (၃) ဦးကို တရားစွဲဆို


ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့မှာ ပြီးခဲ့တဲ့သြဂုတ်လ ၂၈ ရက်နေ့မှာ ဆန္ဒပြခဲ့ကြသူတွေထဲက ၃ ဦးကို မြို့နယ်ရဲစခန်းက ပုဒ်မ ၁၈ တရားမ၀င်စီတန်းလှည့်လည်မှုနဲ့ တရားစွဲလိုက်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပေါင်းတည်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြဦးကို ပေါင်း တည်မြို့ခံ တစ်ရာကျော်လောက်က ဆန္ဒပြခဲ့ကြရာမှာ ဦးဆောင်ခဲ့သူ ကိုစောနိုင်၊ ကိုရဲကျော်နိုင်နဲ့ ကိုကျော်ကျော်လွင်တို့ ၃ ဦးကို တရားစွဲဆိုလိုက်တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အင်းစိန်မှာ ကျူးကျော်ရပ်ကွက်သားတွေ လမ်းလျှောက်ဆန္ဒပြ


ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဒညင်းကုန်း၊ အောင်ဆန်း၊ စဉ့်ငူနဲ့ ဖော့ကန် ရပ်ကွက်မှာနေထိုင်တဲ့ ကျူးကျော်အိမ်ပိုင်ရှင် တစ်ရာကျော်က လက်ရှိနေရာတွေမှာ ဆက်လက်နေထိုင်ခွင့်ပြုဖို့ ဒီနေ့ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် ပုလဲလမ်းကနေ အင်းစိန်စည်ပင်သာယာရုံးရှေ့အထိ ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြသူတစ်ဦးဖြစ်သူ ကိုဇော်လင်းက သားသမီးတွေ ကျောင်းတက်နေတဲ့အချိန်ဖြစ်တာကြောင့် ပြောင်းရွှေ့ဖို့ အခက်အခဲ ရှိကြောင်း ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သြဂုတ် (၃၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ


သြဂုတ် (၃၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




သြဂုတ်လ (၃၀)ရက်နေ့ ထုတ် Focus Online ဂျာနယ် အမှတ် ၅၆


သြဂုတ်လ (၃၀)ရက်နေ့ ထုတ်  Focus Online ဂျာနယ် အမှတ် ၅၆

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



စစ်ရေးသုံးဖို့ ပြင်သစ် ထောက်ခံဆဲ


ဆီးရီးယားကို စစ်ရေးအရ မစွက်ဖက်ဖို့ ဗြိတိန်ပါလီမန်က ကန့်ကွက်မဲပေးခဲ့ပေမယ့် ပြင်သစ်အတွက် ထူးခြားသွားမှာ မဟုတ်ကြောင်း ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းက ပြောကြားလိုက်ပါတယ်။ အရင်တပတ်က အရပ်သားတွေကို ဓာတုလက်နက်သုံး တိုက်ခိုက်တယ်ဆိုတဲ့ ကိစ္စအတွက် အာဆတ် အစိုးရကို ပြင်းထန်စွာ အရေးယူဖို့ ထောက်ခံဆဲ ဖြစ်ကြောင်း ပြင်သစ် သတင်းစာကြီးတစောင်ကို မစ္စတာ အော်လန်းက ပြောဆိုခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်း

သစ်သီးစားရင် ဆီးချို ဖြစ်နိုင်ခြေ နည်း

လတ်ဆတ်တဲ့ စပျစ်သီးက ဆီးချို ကာကွယ်နိုင်

လတ်ဆတ်တဲ့ သစ်သီးဝလံ တွေကို စားသုံးရင် ဆီးချို ရောဂါ တစ်မျိုး ဖြစ်ပွားနိုင်ခြေ သိသိသာသာ ကျဆင်းကြောင်း သုတေသီ တွေက တွေ့ရှိခဲ့ပါတယ်။

ဘလူးဘယ်ရီ၊ စပျစ်သီး၊ ပန်းသီး စတဲ့ သီးနှံတွေကို မှီဝဲသူ တွေဟာ နံပါတ် ၂ အမျိုးအစား ဆီးချိုဘေးက ကင်းဝေးအောင် ကာကွယ်နိုင်ခဲ့ကြောင်း လူ ပေါင်း ၂ သိန်းကို နှစ် အစိတ်လောက် သုတေသန ပြုပြီး သိရှိခဲ့တာပါ။

ဖရဲသီးနဲ့ စတော်ဘယ်ရီ သီးတွေ စားလို့တော့ ဆီးချို အတွက် ဘာမှ ထူးထူးခြားခြား အာနိသင် မရှိဘူး လို့လည်း ဆိုပါတယ်။

သစ်သီး ဖျော်ရည်တွေ သောက်ရင်တော့ ဆီးချို ဖြစ်ဖို့ အန္တရာယ် ပိုများတယ် ဆိုတာကိုလည်း လေ့လာ တွေ့ရှိ ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

(၃)ကြိမ် အရွေးခံရတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးကို မြို့ နယ်အာဏာပိုင်များ လက်မခံ


ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို (၃)ကြိမ်အထိ ပြုလုပ်ပြီး ကျေးရွာလူထု အကြိုက် အုပ်ချုပ်ရေးမှူးကို တင်မြှောက် နိုင်သော်လည်း ရွေးချယ်ပွဲ ရလာဒ်အား မြို့နယ်အာဏာပိုင်များက ထပ်မံငြင်းဆန်မည်ကို  ရွာလူထုက စိုးရိမ်နေ တံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာတွင် ဒေသခံများ ကြိုက်နှစ်သက်၍ တင်မြှောက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး အား မြို့နယ်မှ အကြောင်းပြချက်မရှိပဲ တာဝန်မှရပ်စဲခဲ့သည်။ အုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေးချယ်ရာတွင် ကျေးရွာဒေသခံ တို့သည် တာဝန်မှရပ်စဲသွားသည့် အုပ်ချုပ်ရေးမှူးကိုသာ ပြန်လည်တင်မြှောက်လိုကြ၍ သြဂုတ်လ ၄-ရက်နေ့ကပြုလုပ်ခဲ့သော အုပ်ချုပ်ရေးမှူး အသစ်ရွေးချယ်ပွဲကို ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြသည့်အတွက် ရွေးချယ်ပွဲ မဖြစ်မြောက်ပဲ ပျက်ပြားခဲ့ရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






မြန်မာ့ရွှေဈေး မြင့်တက်


ဆီးရီးယားအရေးကြောင့် ကမ္ဘာ့ရွှေဈေးကွက် မြင့်တက်လာမှုနဲ့အတူ မြန်မာ့ရွှေဈေးကွက်လည်း အခုတပတ်အတွင်း မြင့်တက်နေပါတယ်။ ဆီးရီးယားနိုင်ငံက ဓာတုလက်နက်နဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀၀၀ ကျာ် သေခဲ့ရပြီးတဲ့နောက် အမေရိကန်နဲ့ ဗြိတိန်တို့က ဆီးရီးယားကိစ္စကို စစ်ရေးအရစွက်ဖက်ဖို့ ပြင်ဆင်မှုလုပ်လာပြီး အရှေ့အလယ်ပိုင်းဒေသ မတည်မငြိမ် ဖြစ်လာတာနဲ့အတူ ကမ္ဘာ့ရွှေဈေးထိုးတက်လာတာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စတင်တိုက်ခိုက်ဖွယ် ရှိကြောင်း ပြင်သစ် ပြောကြား


လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စစ်ရေးအရ တိုက်ခိုက်မှု စတင်ဖွယ် ရှိနေကြောင်း ပြင်သစ်နိုင်ငံက စတင် ပြောကြားလိုက်ပြီ ဖြစ်သည်။ အမေရိကန်၏ အဓိက မဟာမိတ် နိုင်ငံတစ်ခုလည်း ဖြစ်သည့် ပြင်သစ်နိုင်ငံ၏ သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေးက မိမိတို့သည် ဓာတုလက်နက်များ အသုံးပြုခဲ့သည့် ဆီးရီးယား အစိုးရအပေါ် အရေးယူရန် အသင့်ရှိနေကြောင်း ကြေညာခဲ့သည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အထီးကျန်သက်ကြီး ရွယ်အိုများ အတွက် နေ့ပိုင်း စောင့်ရှောက်မှု ဂေဟာ ဖွင့်ရန်စီစဉ်


ပြောင်းလဲ လာသော လူမှုဖူလုံရေး ပုံစံများ အရ တချို့သော သက်ကြီးရွယ် အိုများသည် ငွေကြေးပြည့်စုံကြ သော်လည်း လူမှုရေးအရ အထီး ကျန်ခြင်း (Social Loneliness)ကို ရင်ဆိုင်နေရသည့် အတွက် လူ မှုဝန်ထမ်း ဦးစီးဌာနမှ သက်ကြီး ရွယ်အိုများ အတွက် နေ့ပိုင်းစောင့် ရှောက်မှုဂေဟာကို အောက်တို ဘာလအတွင်း ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဒဂုံတက္ကသိုလ်ရိပ်မွန်အိမ်ရာနေ ကျောင်းသားများ မြွေဆိုးအန္တရာယ်ရင် ဆိုင်နေရ


ရန်ကုန်- ဒဂုံအရှေ့ပိုင်း မြို့နယ်ရှိ ဒဂုံတက္ကသိုလ်မှ ကျောင်းသားများ အများဆုံး နေထိုင်သော ဒဂုံတက္ကသိုလ်ရိပ်မွန် ဥယျာဉ်မြို့တော်တွင် မိုးသည်း ထန်စွာရွာသွန်းကာ ကာလကြာရှည် ရေ၀ပ်နေမှုများကြောင့် မြွေ ဆိုးအန္တရာယ်ကြုံတွေ့နေရကြောင်း တက္ကသိုလ် ကျောင်းသားများက ပြော သည်။ “တက္ကသိုလ်တက်ဖို့ နယ်ကနေ ဒီမှာအဆောင်လာ နေတာ။ ဒီဘက်မှာ အရင်ကတည်းက မြွေတွေရှိပေမယ့် အခုမိုးတအားရွာပြီး ရေတွေဝပ်တယ်။ လမ်းမီးတွေကလည်း ပြတ်တော့ မြွေတွေက လမ်းပေါ်တက်လာတယ်။ ကျွန်တော်ဆိုရင် လမ်းလျှောက်နေရင်း လမ်းမပေါ်တက်ခွေနေတဲ့ မြွေပွေးကို တက်နင်းမိလို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အိန္ဒိယမှ တရားမဝင် လာရောက်နေထိုင်သူများထံမှ လက်နက်များ ဖမ်းမိ


စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့တွင် သြဂုတ်လ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံမှ တရားမဝင် လာရောက်နေထိုင်သူများထံမှ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ခင်မောင်သော်က The Voice သို့ ပြောကြားသည်။ “လူတွေက ခမ်းပတ်ဘက်မှာမိလို့ အဲဒီမှာ လဝကအက်နဲ့ အမှုဖွင့်ပါတယ်။ လက်နက်ကိုတော့ တမူးဘက်မှာမိလို့ တမူးရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ဖမ်းမိတဲ့သူတွေက တစ်ဖက်နိုင်ငံမှာ ဆက်ကြေးတောင်းပြီး နေကြတဲ့ ကူကီးချင်းလူမျိုး တပ်မတော်က လူတွေပါ” ဟု ဒုတိယရဲမှူးက ဆက်လက်ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အမျိုးသမီး၏ပါးကို ဓါးဖြင့် ခြစ်ခဲ့သည့် တရားခံများအား (၃)ရက်အတွင်း ဖေါ်ထုတ်ဖမ်းဆီးရမိ


၂၆.၈.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ဒေါ်ချိုချိုဝင်း၊(၄၆)နှစ်၊(ဘ)ဦးစိန်ဝင်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူသည် တောင်ဥက္ကလာပ မြို့နယ်၊ အ.ထ.က(၃)ကျောင်းသို့ ကျောင်းကြို ရန် ဆိုက္ကားဖြင့်သွားစဉ် ကျောင်းလမ်းဆုံ အရောက်၌ အမည်မသိလူ(၂)ဦးအနက်တစ်ဦးမှ ဆိုက္ကား အားတားကာ ကျန်တစ်ဦးမှ သံပြားဝိုင်းဖြင့် ခြစ်ခဲ့သဖြင့် ဒေါ်ချိုချိုဝင်း၏ ယာပါးတွင် ၃လက်မခန့် ဒေါင်လိုက်ပြတ်ရှဒဏ်ရာ ရရှိခဲ့သောကြောင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




သြဂုတ်လ (၂၆)ရက်နေ့ ထုတ် မြန်မာတောင်သူကြီးများ ဂျာနယ် အတွဲ(၄) အမှတ် (၆၀)

သြဂုတ်လ (၂၆)ရက်နေ့ ထုတ် မြန်မာတောင်သူကြီးများ ဂျာနယ် အတွဲ(၄) အမှတ် (၆၀)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





သြဂုတ်လ (၂၇)ရက်နေ့ ထုတ် ၇ရက် ဈေးဝယ်လမ်းညွန် ဂျာနယ် အတွဲ(၄) အမှတ် (၃)

သြဂုတ်လ (၂၇)ရက်နေ့ ထုတ် ၇ရက် ဈေးဝယ်လမ်းညွန် ဂျာနယ် အတွဲ(၄) အမှတ် (၃)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



သြဂုတ်လ (၃၁)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ အတွဲ(၂)၊ အမှတ် (၂၅)


သြဂုတ်လ (၃၁)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ အတွဲ(၂)၊ အမှတ် (၂၅)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



သြဂုတ်လ (၃၀)ရက်နေ့ ထုတ် Auto World Journal Vol 2 Issue 32


သြဂုတ်လ (၃၀)ရက်နေ့ ထုတ် Auto World Journal Vol 2 Issue 32

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန် မရှိ၍ ရမ်းဗြဲတွင် တကိုယ်တော် ဆန္ဒပြ


ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် အမျိုးသား တစ်ဦးက ပိုစတာ တစ်ခုကို ကိုင်ဆောင်ပြီး တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန်များ အမြန်ဆုံး ချပေးရန် တစ်ကိုယ်တော် ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ကာ တောင်းဆိုသွားသည်ဟု သတင်း ရရှိသည်။ ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်နှင့် စကု တိုက်နယ် ဆေးရုံ (၂) ခုတွင် ဆရာဝန် မရှိသည်မှာ ၃ လခန့် ကြာမြှင့်နေပြီ ဖြစ်သဖြင့် တစ်ကိုယ်တော် ဆန္ဒပြသူ ကိုထွန်းထွန်းဦးမှ ဆရာဝန်များကို အမြန်ဆုံး ချထားပေးရန် တောင်းဆိုသွားသည်ဟု လူမူရေး လူပ်ရှားနေသူ ရမ်းဗြဲဒေသခံ ကိုသန်းဝင်းက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရခိုင်ပြည်နယ်မှ တိုက်နယ် ဆေးရုံ တစ်ခုကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)


ဆေးရုံတွင် ဆရာဝန်မရှိ၍ လူနာများ ဆေးကုသရန် အခက်အခဲဖြစ်


ကယား(ကရင်နီ)ပြည်နယ် ဘောလခဲမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်မရှိသည့်အတွက် ဆေးရုံသို့ လာရောက် ကုသနေကြသည့် လူနာများမှာ အခက်အခဲကြုံတွေ့နေကြရသည်ဟု ဘောလခဲမြို့မှ အသက်သုံးဆယ်ခန့်အရွယ် ဒေသခံ အမျိုးသမီးတဦးက ပြောသည်။ ဆေးရုံသို့ ရောက်ရှိလာကြသည့် လူနာများကို ဆေးမကုသပေးနိုင်သည့်အတွက် လူနာများတခြားမြို့သို့ သွားရောက် ကုသနေကြရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ထန်းကုန်း ပဋိပက္ခ ဖမ်းဆီးခံထားရသော အမျိုးသားတစ်ဦး သေဆုံး


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့ ၌ ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် အကြမ်းဖက်မှု ဆောင်ရွက်သည်ဟူသော သံသယဖြင့် ဖမ်းဆီးခံရသူ ၁၁ ဦးမှ အသက် ၄၀ နှစ်အရွယ် ဦးဆန်းချိုမှာ ဝမ်းလျှော၍ သြဂုတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် သေဆုံး သွားကြောင်း ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယ ရဲမှူးကြီး အုန်းလှိုင်ထံမှ စုံစမ်း သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



၁၅ နှစ်အရွယ် ကလေးစစ်သား တပ်မတော်က အိမ်ပြန် မပို့ဟုဆို


အုပ်ထိန်းသူ မိဘများ၏ သဘောတူညီမှု မရှိဘဲ တပ်မတော် တပ်ရင်း တစ်ရင်းဖြစ်သည့် ခြေမြန် တပ်ရင်း ၄၂၀ ၏ စစ်သားအဖြစ် စုဆောင်းခံရသူ အသက် ၁၅ နှစ်အရွယ် လူငယ် တစ်ဦးကို နေအိမ်သို့ ပြန်လည် ပို့ဆောင် ပါရန် အဆိုပါ တပ်ရင်းထံ မိဘများက တောင်းဆိုထားသော် လည်း ပြန့်ပို့ပေးခြင်း မရှိကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြောက်ကိုရီးယားသူလျှိုများ တောင်ကိုရီးယားပေါ့(ပ်)ဂီတနှင့် အကများသင်ယူနေရ



မြောက်ကိုရီးယားနိုင်ငံ၏ သူလျှိုတစ်ဦးဖြစ်သော ကင်ဒုန် ဆစ်သည် ထင်ရှားသော ဗုံးပြု လုပ်သောသင်တန်းများကဲ့သို့ပင် တောင်ကိုရီးယားပေါ့(ပ်)တေးသီ ချင်းအပုဒ် ၁၀ဝနှင့် အကလှုပ်ရှား မှုများကို သင်တန်းတွင်အပြင်း အထန်ကျက်မှတ်လေ့ကျင့်ခဲ့ရ ကြောင်း သိရသည်။ မြောက်ကိုရီးယား၏ အထူး ထောက်လှမ်းရေး သူလျှိုဖြစ်သော ကင်ဒုန်ဆစ်သည် ယခုအခါ သူ၏ ဘဝမှတ်တမ်းစာအုပ်ထဲတွင် မြောက်ကိုရီးယားစပိုင်အေဂျင်စီ လုပ်ငန်းတချို့ကို မကွယ်မဝှက် ဖွင့်ဟလာခဲ့ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




တောင်ဥက္ကလာ ဓားနဲ့ ပါးကို ခြစ်တဲ့ အမှုပေါ်ပြီ


ရန်ကုန်တိုင်း ဒေသကြီး ၊ တောင်ဥက္ကလာပ မြို့နယ် ၊ (၁ဝ)ရပ်ကွက် ၊ အာဿက(၂၂)လမ်း နှင့် (၂၅)လမ်းအနီးတွင် သြဂုတ်လ(၂၇)ရက်နေ့ မွန်းလွဲ (၂)နာရီခွဲခန့်က ဆိုက်ကား စီးလာသူ ဒေါ်ချိုချိုဝင်း မျက်နှာကို ဓားဖြင့် လှီးခဲ့သူ တရားခံများအား ဖမ်းဆီး ရမိပြီး ဖြစ်ကြောင်း သိရပါတယ်။  အိမ်နီးချင်း ရန်ငြိုးထားပြီး  ဒေါ်ချိုချိုဝင်း နှင့် အိမ်နီချင်းဖြစ်သူ ဦးလှဌေး (မုန့် မျိုးစုံလုပ်ငန်း) က လူငှားရမ်း စေခိုင်း ခဲ့တာလို့ သိရပါတယ်။ ကိုယ်တိုင်မလုပ်ဘဲ လူငှားပြီး လုပ်ခိုင်းတာကြောင့်  ကြားက ပူးပေါင်း ပါဝင်သူ အပါအ၀င် တရားခံ (၅)ဦး ဖမ်းဆီးထားကြောင်း သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓားဖြင့် လှီးခံရသူ တောင်ဥက္ကလာပ မြို့နယ်၊ (၁ဝ)ရပ်ကွက် နေ သူ ဒေါ်ချိုချိုဝင်း

လိုင်းကား ယာဉ်မောင်းမှ ယာဉ်ထိန်းတပ်ဖွဲ့ ၀င်များအား စကေဘာဖြင့်ထိုးခဲ့

၂၉.၈.၂၀၁၃ရက်နေ့ ၀၈၃၀အချိန်တွင် ယာဉ်ထိန်းတပ်ဖွဲ့စု(၂၇)မှ ယာဉ်ထိန်းရဲတပ်ကြပ် အုန်းကျော်၊ ဒုတပ်ကြပ် နေလင်းအောင်၊ တပ်သား လွင်မျိုးအောင်တို့သည် တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်းနှင့်
လေးထောင့်ကန်လမ်းထောင့် လမ်းလယ်တွင် တာဝန်ထမ်းဆောင်နေစဉ် ယာဉ်မောင်းခင်မောင်ဌေး၊ နွယ်အေးရပ်ကွက်၊ ဒေါပုံမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်လိုင်းအမှတ်(၁၈၇)၊ ယာဉ်အမှတ်
အ/------ဘီအမ် အမျိုးအစား ခရီးသည်တင်ယာဉ်မှာ ဘေးတံခါးဖွင့် မောင်းနှင်လာသဖြင့် ချလံဖြတ်၍ အရေးယူခဲ့ပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




သိမ်းထားသည့်မြေများကို အသုံးမလိုတော့ပါက အချိန်မဆွဲဘဲ ပြန်ပေးရန် သမ္မတထံ ဦးရွှေမန်း တောင်းဆို


အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းထားသောမြေများကို ဆက်လက်သုံးစွဲရန် မလိုအပ်တော့ပါက အစိုးရက ပိုင်ရှင်လယ်သမားများအား အမြန်ပြန်ပေးရန် ဦးရွှေမန်းက သမ္မတထံသို့ ဩဂုတ် ၂၉ ရက်တွင် သဝဏ်လွှာ ပေးပို့လိုက်သည်။ "ဆင်းရဲနွမ်းပါးပြီး သိရှိနားလည်မှုအား နည်းသော တောင်သူလယ်သမားများအပေါ် စာနာစိတ်ထားရှိ ဆောင်ရွက် ပေးလိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါသဖြင့်" ထိုသဝဏ်လွှာကို ပေးပို့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကဖြစ်သည့် ဦးရွှေမန်းက ထည့်သွင်းရေးသားထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





မြေယာ ပြဿနာ အစိုးရဖြေရှင်းပုံ နှေးကွေးဟု သူရဦးရွှေမန်း ဝေဖန်


တောင်သူ လယ်သမားများထံမှ အာဏာပိုင် အဖွဲ့အစည်း အသီးသီးက သိမ်းယူထားသည့် မြေယာ ပြဿနာများနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေး အစိုးရ အဖွဲ့အစည်း အဆင့်ဆင့် ဆောင်ရွက် ဖြေရှင်းပေးမှု များသည် နှေးကွေးလွန်းကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော် သမ္မတထံ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားစဉ် ဝေဖန် ပြောကြားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မလေးရှားက တရားမဝင် အလုပ်သမားတွေ ပြန်ပို့မယ့် ကိစ္စကို ဝေဖန်ပြီ

မလေးရှား နိုင်ငံမှာ ပြည်ပကနေ တရားမဝင် လာရောက် အလုပ်လုပ်ကိုင်သူ ငါးသိန်းကျော်ကို နေရပ်ပြန်ပို့မယ့် အစိုးရ အစီအစဉ်ကို လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ဝေဖန်လိုက်ပါတယ်။ အခုလို ပြည်ပ လာရောက် အလုပ်လုပ်သူတွေထဲက အများစုဟာ လူကုန်ကူး သမားတွေရဲ့ ဖျားယောင်း ခံရတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မလေးရှားရောက် ဘင်္ဂလားဒေ့ရှ် အလုပ်သမား

မြေယာသိမ်းပိုက်တဲ့ တရုတ်ဘူဒိုဇာကြောင့် ၄ နှစ်သမီးငယ်သေဆုံး


တရုတ်နိုင်ငံမှာ မြေယာပိုင်ဆိုင်မှုအတွက် အငြင်းအခုန်ဖြစ်ရာက ဘူဒိုဇာနဲ့ ၀င်တိုက်ခဲ့တဲ့အတွက် ၄ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးသွားခဲ့သလို၊ ဒီဖြစ်ရပ်အတွက် အင်တာနက် အွန်လိုင်းပေါ်မှာ လည်း ဒေါသတကြီး တုန့်ပြန်မှုတွေ ပေါ်ပေါက်လာပါတယ်။ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Fujian ပြည်နယ်မှာ သေဆုံးသူ မိန်းကလေးငယ် မိသားစုနေထိုင်ရာ နေရာအနီး မြေညှိနေကြတဲ့ ဆောက်လုပ်ရေးလုပ်ငန်းက အလုပ်သမားတွေကို တားဆီးဖို့ မိဘတွေက ကြိုးပမ်းရင်း ဗုဒ္ဓဟူးနေ့ကပဲ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဘူဒိုဇာဖြင့် အကြိတ်ခံလိုက်ရတဲ့ မိန်းကလေးငယ်လေး သေဆုံးခဲ့ရတဲ့ နေရာမြင်ကွင်း၊ တရုတ်နိုင်ငံ Fujiuan ပြည်နယ်။ 


မြောက်ကိုရီးယားနဲ့ စစ်ရေးအဆက်ြဖတ်ဖို့ ကန်ဝန်ကြီးပြော


အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ မြန်မာ ကာကွယ်ရေး ၀န်ကြီးတို့ နှစ်ဦး ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် သီးခြား တွေ့ဆုံခဲ့ကြပါတယ်။ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါ ဆရီ ဘဂါဝမ်မြို့တော်မှာ ကျင်းပနေတဲ့ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ ASEAN နိုင်ငံတွေက ကာကွယ်ရေး ၀န်ကြီးတွေနဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးတွေရဲ့ ADMM-PLUS အစည်းအဝေးပွဲပြင်ပ မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂဲလ် (Chuck Hagel) နဲ့ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်တို့ သြဂုတ်လ ၂၈ ရက် ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက ခဏတာ တွေ့ဆုံခဲ့ကြတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကျိုင်းတုံ မြို့နယ် ရေကြီးမှု ဒေသခံကြုံရ


ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် က ရွာပေါင်း ၁၂ရွာ၊ အိမ်ခြေပေါင်း ၁ဝဝ ကျော် ရေလွှမ်းမိုးမှု နဲ့ ကြုံနေရတဲ့ အတွက် နေထိုင် စားသောက်ဖို့ အခက်အခဲ တွေ နဲ့ တွေ့ကြုံ နေရပါတယ်။ လယ်ဧက ပေါင်း ၂ဝဝဝ နီးပါး ရေမြုပ်သွားတဲ့ အတွက် လုံးဝ ပျက်စီးတဲ့ လယ်ဧက ၂ဝဝ ကျော် ရှိပါတယ်။ ကျိုင်းတုံမြို့နယ် အနောက်မြောက်ဖက် ရှိ ကတ်ထိုက်၊ ကတ်တောင် အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာ က လူတွေ ဟာ တောင်ကုန်း တောင်စောင်း တွေပေါ်မှာ ဖြစ်သလို တဲထိုးနေရတဲ့ အကြောင်း ဒေသခံ က ဘီဘီစီ ကို ပြောပြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရေလွှမ်းမိုးဒဏ် ခံနေရတဲ့ ရွာသူ ရွာသားများ


ဆီးရီးယားက ခုခံ ကာကွယ်မယ်ဟု ဆို

ဆီးရီးယား သမ္မတ ဘာရှားအဲလ် အာဆတ်

ဆီးရီးယား သမ္မတ ဘာရှား အဲလ် အာဆတ်က ဘယ်လိုကျူးကျော်မှုမျိုးကို မဆို နိုင်ငံအတွက် ခုခံ ကာကွယ်သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ဆီးရီးယား နိုင်ငံပိုင် သတင်းကနေ သတင်းထုတ်ပြန်သွားပါတယ်။

မစ္စတာ အာဆတ်ကနေ ယီမင်က နိုင်ငံရေးသမား ကိုယ်စားလှယ်အဖွဲ့တစ်ခုကို ပြောကြားရာမှာ စစ်ရေးအရ အခုလို ခြိမ်းခြောက်နေမှုတွေဟာ ဆီးရီးယားပြည်သူတွေရဲ့ လွတ်လွတ်လပ်လပ် နေချင်တဲ့ ဆန္ဒသဘောထား တွေကို ပိုမို တိုးပွားလာစေခဲ့တာသာ ဖြစ်တယ်ဆိုတဲ့အကြောင်း ရုပ်သံကနေ ကိုးကား ဖော်ပြသွားပါတယ်။

ဆီးရီးယားပြည်သူတွေ ပုံမှန်အတိုင်းသွားလာ လှုပ်ရှားနေကြတာကိုလည်း ဆီးရီးယား ရုပ်သံက ပြသသွားပါတယ်။

ဒါပေမယ့်လို့ ဒမာ့စကပ်စ်မြို့ အနီးတဝိုက်က အရေးကြီးတဲ့ ကွပ်ကဲရေး ဌာနက စစ်သားတွေကို ဖယ်ရှားထားဖို့ အမိန့်ထုတ်ထားတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဆီးရီးယားအရေး လုံခြုံရေးကောင်စီ သဘောကွဲ


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့  ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှား နဲ့ အမေရိကန်နိုင်ငံတွေဟာ ဆီးရီးယား အရေး တံခါးပိတ် ဆွေးနွေးပွဲကို ဒုတိယနေ့အဖြစ် ပြုလုပ်ခဲ့ကြပေမယ့်  စစ်ရေးအရ အရေးယူဖို့ အတွက်တော့  တညီတညွတ်တည်း ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။  သူတို့ရဲ့ ကြာသပတေးနေ့ အစည်းအဝေးဟာ  တနာရီတောင်မ ကြာခဲ့သလို  သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကိုလည်း ဘယ်သူကမှ ပြန်လည် မဖြေကြားခဲ့ပါဘူး။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



စာသင်ကျောင်း ပေါ်ကို အစိုးတပ်တွေက ဗုံးကြဲချ


ဆီးရီးယားမှာ ဓါတု လက်နက်သုံး တိုက်ခိုက်နေမှု အပေါ် ဝင်ရောက် စွတ်ဖက်မှု လုပ်ဖို့ သင့်မသင့် ဆိုတာကို အမေရိကန် ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်ထိပ်တန်း အမတ်တွေကို မကြာခင် အချိန်ပိုင်း အတွင်း အစိုးရ အရာရှိတွေက တင်ပြ ဆွေးနွေး ကြတော့မှာ ဖြစ်ပါတယ်။ စစ်ရေး အရ ဝင်ရောက် တိုက်ခိုက်ဖို့ အတွက် စုံစမ်း ထောက်လှမ်းထားတာတွေကို တင်ပြမှာ ဖြစ်ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဗုံးကြဲ တိုက်ခိုက်ခံရပြီးနောက် အပျက်အစီး မြင်ကွင်း

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ