ဦးဝင်းချို နှင့် လယ်သမား (၆)ဦးအား ပုဒ်မ-၅၀၅(ခ)ဖြင့် ပဲခူးတွင် ဖမ်းဆီးအရေးယူ


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင်(၃၁.၈.၂၀၁၃)နေ့ နံနက်(၁၀း၀၀)အချိန်ခန့်က ရန်ကုန်မြို့နေ လယ်သမား အရေး ဆောင်ရွက်သူ ဦးဝင်းချို နှင့် လယ်သမား (၆)ဦးအား ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

ဦးဝင်းချို ဦးဆောင်ပြီး လယ်သမား(၁၇)ဦးခန့်သည် ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ၊ သီရိဟံသာခန်းမရှေ့၌ စုရုံးပြီး အသိမ်းဆည်းခံ လယ်သမားများနှင့် ခြံသမားများမှ ဆုံရှုံး နစ်နာမှုများအား မှန်ကန်စွာဖြေရှင်းပေးရန်အတွက် ပိုစတာဗွီနိုင်းများ ကိုင်ဆောင်လျှက် လမ်းလျှောက် ဆန္ဒထုတ်ဖေါ် ခဲ့ကြတာ ဖြစ်ပါတယ်။

ရှင်စောပုလမ်း၊ အုန်းပင်တန်းမှ တစ်ဆင့် လိပ်ပြာကန်အထိ တန်းစီလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ရာ
လိပ်ပြာကန်အရောက်တွင် ဦးဝင်းချိုမှ လယ်မြေ မတရားသိမ်းဆည်းမှုများနှင့် ပတ်သက်၍ ဟောပြောပြီးချိန် နေ့လည်(၁၁း၀၀)အချိန်တွင် အမှတ်(၁)စခန်းမှ တာဝန်ရှိသူများက ဖမ်းဆီး ခေါ်ဆောင် သွားပါတယ်။

ဦးဝင်းချိုနှင့် ဆန္ဒပြရာတွင် ပါဝင်ခဲ့သူများဖြစ်သော လေးနိုင်ဦး၊ရန်ပိုင်စိုး၊ ဟန်လင်းအောင်၊ စောပုံပုံနှင့်စောထိန်လင်း တို့(၆)ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ပုဒ်မ-၅၀၅ (ခ)တို့ဖြင့် အရေးယူထားကြောင်းနှင့်ဦးဝင်းချိုမှာ ပုဒ်မ-(၁၈)ဖြင့် သက်ဆိုင်ရာ တရားရုံးများတွင် အရေးယူထားမှု (၃၂)မှု ရှိသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

Ko Thant Zin

by Myanmar News Now




ဦးဝင်းချို နှင့် လယ်သမား (၆)ဦးအား ပုဒ်မ-၅၀၅(ခ)ဖြင့် ပဲခူးတွင် ဖမ်းဆီးအရေးယူ ဦးဝင်းချို နှင့် လယ်သမား (၆)ဦးအား ပုဒ်မ-၅၀၅(ခ)ဖြင့် ပဲခူးတွင် ဖမ်းဆီးအရေးယူ Reviewed by သစ်ထူးလွင် on 18:28 Rating: 5
Powered by Blogger.