ပြည်နယ်တရားသူကြီးကို အယုံအကြည် မရှိကြောင်းအဆို ပြည်နယ်လွတ်တော် အမတ်များ တင်သွင်း

ပြည်နယ် လွှတ်တော် ( ဓါတ်ပုံ- နိရဉ္စရာ)


ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ် လွတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ် ပြည်နယ် တရားသူကြီး ဒေါ်စီစီကို အယုံကြည် မရှိကြောင်း အဆိုကို လွတ်တော်အမတ်များ တင်းသွင်း လိုက်ကြောင်း သိရသည်။

အဆိုပါ အယုံအကြည်မရှိကြောင်း အဆိုကို ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်မှ ဦးဆောင်ကာ လွတ်တော်ကိုယ်စားလှယ် ၁၄ ဦးမှ လက်မှတ်ရေးထိုး တင်သွင်းလိုက်ခြင်းဖြစ်သည်။

ပြည်နယ်တရားသူကြီးကို အယုံအကြည်မရှိ အဆိုတင်သွင်းရသည့်ကိစ္စနှင့်ပတ်သတ်ပြီး ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ယခုကဲ့သို့ပြောသည်။

“ အဓိကတော့ ဒေါ်စီစီရဲ့ လုပ်ဆောင်မှုတွေကို ပြည်သူတွေကတင်ပြလာတဲ့အတွက် ဒီလို အဆိုတင်သွင်းရတာ ဖြစ်ပါတယ်။ မြောက်ဦးမြို့က ဒေါ် မသန်းတင်ဆိုတဲ့အမျိုးသမီးက ဆန်စပါး ရောင်းဝယ်ရေးနဲ့ပတ်သတ်တဲ့ လူ ပေါင်း ၉၀ ကျော်ဆီက ကျပ်သိန်း ပေါင်း ၄၃၀၀ ကျော် လိမ်လည်ထားတဲ့ အမှုတခုရှိတယ်။ ဒီအမှုနဲ့ ပတ်သတ် ပြီး ဒေါ်စီစီက ငွေကြေးအပေးအယူလုပ်ပြီး သူ့အချိန်ဝါကို အသုံးချ ဖုံးကွယ်ထားတဲ့ ကိစ္စတခုရှိတဲ့အတွက် ပျက်စီးနေတဲ့ တရားရေးမဏ္ဍိုင်ကို ခွင့်လွတ်လို့မရတော့ဘူးဆိုပြီး ကျွန်တော်တို့ ဒီအဆိုကို တင်သွင်းလိုက် တာ ဖြစ်ပါတယ်။”

အဆိုပါ ငွေကြေးလိမ်လည်မှုမှာ ၂၀၁၂ ခုနှစ်က မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အလိမ် ခံရသူများက ဒေါ် မသန်းတင်ကို တရားစွဲဆိုရန် မြို့နယ်၊ ခရိုင်အဆင့်တို့တွင် တရားစွဲဆိုခဲ့သော်လည်း ဒေါ်မသန်းတင်က ပြည် နယ်အဆင့် ဒေါ်စီစီကို ငွေးကြေးတချို့ပေးချဉ်းကပ်ကာ ဒေါ်စီစီမှ သူ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ဒေါ်မသန်း တင်ကို တရားစွဲခွင့်မရှိဟုဆိုကာ ပယ်ချထားသည်ဟု ဆိုသည်။

ယခုအခါ ငွေကြေးလိမ်လည်ခံရသူများမှာ ပြည်နယ်အဆင့် တရားသူကြီးမှ ပယ်ချထားသည့်အတွက် တိုင်ကြား စရာ မရှိသည့်အတွက် လွတ်တော်ကိုယ်စားလှယ်များကို တိုင်ကြားရာမှ ယခုကဲ့သို့ ပြည်နယ် တရားသူကြီး ပါဝင်ပတ်သတ်မှုရှိနေကြောင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယခုအခါ စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး စစ်ဆေး တွေ့ရှိချက်များကို လာ မည့် လွတ်တော်အစည်းအဝေးတွင် တင်ပြမည်ဖြစ်ကြောင်း ဦးအောင်မြကျော်က ဆက်ပြောသည်။

“ အခုကျွန်တော်တို့ စုံစမ်းစစ်ဆေးရေး ကော်မီတီတခုဖွဲ့ဖို့ထားပါတယ်။ အဲဒီအဖွဲ့က အမှုနဲ့ ပတ်သတ်ပြီး အားလုံးကို ကွင်းဆင်းစစ်ဆေးမယ်။  အဲဒီစစ်ဆေးချက်တွေကို နောက်တခေါက် လွတ်တော်မှာ တင်ပြပါတယ်။  ကော်မီတီရဲ့တွေ့ရှိချက်တွေ မှန်ကန်တယ်။ လွတ်တော်ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ လက်ခံရင် ဒေါ်စီစီကို ဖြုတ်ချ နိုင်မှာဖြစ်ပါတယ်” ဟုဆိုသည်။

ဥပဒေပုဒ်မ ၃၁၁ တွင်လည်း လွတ်တော်ကိုယ်စားလှယ် ၃ ပုံ ၂ပုံ သဘောတူလျှင် ပြည်နယ် တရားသူကြီးကို ဖြုတ်ချနိုင်ကြောင်း ဖော်ပြထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တရားရေးမဏ္ဍိုင်မှာ အထူးပျက်စီးနေသည့်အတွက် တရားရေးမဏ္ဍိုင် သန့်ရှင်းရေနှင့် တည့်မတ်နိုင်ရေးမှာ အထူးအရေးကြီးနေပြီ ဖြစ်ကြောင်းလည်း ဦးအောင်မြကျော်က ပြောဆိုသွားသည်။


(နိရဉ္စရာ- ၃၁ သြဂတ်စ် ၂၀၁၃) / မောင်အေး

ပြည်နယ်တရားသူကြီးကို အယုံအကြည် မရှိကြောင်းအဆို ပြည်နယ်လွတ်တော် အမတ်များ တင်သွင်း ပြည်နယ်တရားသူကြီးကို အယုံအကြည် မရှိကြောင်းအဆို ပြည်နယ်လွတ်တော် အမတ်များ တင်သွင်း Reviewed by သစ်ထူးလွင် on 17:35 Rating: 5
Powered by Blogger.