ရန်ကုန် နှစ်သစ်ကူးပွဲ ပြင်ဆင်


မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ နိုင်ငံရေး ချုပ်ကိုင်မှုတွေ လျှော့ပေါ့ပေးတဲ့ နောက်ဆုံး ပြယုဂ် အဖြစ် လူအများအပြား နှစ်သစ်ကူး မီးပန်းတွေ ပစ်လွှတ်ဖို့ ပြင်ဆင် နေပါတယ်။ စစ်အစိုးရ လက်ထက်မှာ လူစုလူဝေးနဲ့ စုရုံးမှုတွေကို တားမြစ် ထားခဲ့ပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မိုင်ဒါကွင်းမှာ ကျင်းပမယ်

မြန်မာနိုင်ငံက လှေစီးပြေး ၄၀၀ ကျော် မလေးရှားထိန်းသိမ်း


မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို တရားမ၀င် ရောက်ရှိလာပြီး ခိုလုံခွင့် လျှောက်ထားသူ
၄၅၀ ခန့်ကို ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း မလေးရှား ရဲတပ်ဖွဲ့ကပြောပါတယ်။ သစ်သား နဲ့ ဆောက်လုပ်ထားတဲ့ လှေကြီးတစီးနဲ့ သတင်း ၂ ပတ်ကြာ ခရီးနှင်လာခဲ့တဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



 

ပူတာအိုခရိုင်က ဆန်ပြတ်လပ်မှုပြဿနာ မဖြေရှင်းနိုင်သေး


ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအို ခရိုင်တွင်းမှာ အခုနှစ် မိုးတွင်းကတည်းက ဆန်ပြတ်လပ်မှု ပြဿနာ ကြုံတွေ့ခဲ့ရပြီး အခုချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။ ကချင်ပြည်နယ် ပူတာအိုနဲ့ မချမ်းဘောမြို့နယ်တွေမှာ  ပြီးခဲ့တဲ့နှစ်က ရာသီဥတုဖောက် ပြန်မှုကြောင့် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသဖွံ့ဖြိုးရေး ပူးပေါင်းလုပ်ဆောင်တာပါ – ဇေကမ္ဘာဦးခင်ရွှေ


ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမျိုးသား လွှတ်တော် အမတ် ဇေကမ္ဘာ ဦးခင်ရွှေတို့ နှစ်ဦးဟာ ဒီမနက်ပိုင်းက ကော့မှူးမြို့နယ်ကို သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပူးပေါင်း လုပ်ဆောင်ရွက်ဖို့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ် ခဲ့ကြပါတယ်။ အခုလို ပြိုင်ဘက်ပါတီ ၂ ခုက လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဇေကမ္ဘာဦးခင်ရွှေနဲ့ ဆက်သွယ် မေးမြန်းချက်ကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ

by ​အေး​နိုင် (ဒီဗွီဘီ်)



ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်ကို သွားရောက်လည်ပတ်ခဲ့ပြီး ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေ နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ကော့မှူးမြို့ နယ်မှာ တွေ့ဆုံခဲ့ကြ။ လမ်းများပြုပြင်နေတာကိုလည်း သွားရောက်ကြည့်ရှူခဲ့။ DVB TV News



 

မိုးနှင့် ထူးကဲမြစ်ရေကြောင့် မော်ကျွန်းစပါးစိုက်တောင်သူများ အခက်ကြုံ


ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်း မြို့နယ်အတွင်းမှ တောင်သူ လယ်သမားများမှာ စပါးပေါ်ချိန်၌  ဒုက္ခရောက်နေကြောင်း ဒေသခံတောင်သူ များထံမှ သိရှိရသည်။ ဧရာဝတီတိုင်း ဒေသကြီး၊ မော်ကျွန်းမြို့နယ်အ တွင်း စပါးပေါ်ချိန်၌ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း ၊မြစ်အောက်ရေများ ထူးကဲစွာ တိုးလာခြင်းကြောင့် -----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




တရုတ်ထုတ် ပဲပြားနှင့်ပဲချောင်းများ၌ ဓါတုဆိုးဆေးများပါဝင်နေ


ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ရှိ စာသင်ကျောင်း အချို့တွင် တရုတ်နိုင်ငံမှ ၀င်ရောက်လာသော ပဲပြားနှင့် ပဲချောင်းများ၌ ဓာတုဆိုးဆေးများ ပါဝင်နေသည့် အတွက့်  အဆိုပါမုန့်များအား ရောင်းချခြင်း မပြုရန် တားမြစ်ထား သော်လည်း ယခုအချိန်တိုင် ဆက်လက် ရောင်းချ လျှက်ရှိသည်ဟု ကျောင်းသူ ၊ ကျောင်းသားများထံက သိရှိရသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




တရားမ၀င်ကုန်သွယ်မှုဆီသို့ တွန်းပို့နေသော မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်


မြ၀တီ- မဲဆောက် နယ်စပ်တွင် တရားဝင် ကုန်သွယ်မှု ပြုသည့် ကုန်ဝင်/ ထွက်ပေါက် လမ်းကြောင်း အဖြစ် ချစ်ကြည်ရေးတံတား တစ်ခုတည်း သာဖြစ်သော်လည်း ချစ်ကြည်ရေး တံတား၏ ၀ဲယာ တစ်ဖက်တစ်ချက်တွင် သောင်ရင်းမြစ်ကမ်းနဖူး၌ ဂိတ်စခန်းပေါင်း နှစ်ဆယ်ကျော်မှ တရားမ၀င် ကုန်သွယ်မှု ပြုနေသည့် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



နယ်ခြားစောင့်တပ်က ရေးမြို့နယ်တွင် လောင်းကစားဝိုင်းဖွင့် စီးပွားရှာ


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံရွာ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့(တပ်ခွဲရုံး)က လောင်းကစား ဝိုင်းများ ဖွင့်လှစ်ကာ စီးပွား ရှာနေကြသည်ဟု ဒေသခံများ ပြောကြားချက် အရ သိရသည်။ နှင်းစုံရွာတွင် ကြက်ဝိုင်းမှအစ ဖဲဝိုင်း၊ အနီထောင်၊ အန်ဂလုံ ကစားနည်းမျိုးစုံမှ နယ်ခြားစောင့်တပ်ဖွဲ့က ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရေးမြို့နယ်မှ လောင်းကစားဝိုင်း(IMNA)

ဘောလုံးသမားများ အခွန်ငွေ ပေးဆောင်ခြင်း မရှိသေး


မြန်မာ နေရှင်နယ်လိဂ် ဘောလုံး အသင်းများသို့ အခွန်ငွေပေး ဆောင်ရန် တရားဝင်အကြောင်း ကြားထားမှု မရှိသေးကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောကြားသည်။ “ကျွန်တော်တို့ ဘောလုံး သမားတွေရော၊ နည်းပြတွေရောကို အခွန် ၃ နှစ် ကင်းလွတ်ခွင့် ရထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မှောင်ခိုတားဆီးရေးအဖွဲ့ မြ၀တီတွင် ဇန်န၀ါရီ ၂၀ မှ သာ အမှန်တကယ်ဖမ်းမည်


မြ၀တီ - ရန်ကုန် လမ်းကြောင်းပေါ်ရှိ မှောင်ခို ရှာဖွေ တားဆီးရေးအဖွဲ့ Mobile Team သည် ဇန်န၀ါရီလ ၂၀ရက် ရောက်မှသာ အမှန်တကယ် ဖမ်းဆီးမှု ပြုလုပ်မည်ဖြစ်ပြီး... ယခုအချိန်တွင် တားဆီး ပညာပေး မှုများကိုသာ လုပ်ဆောင်နေ သည်ဟု တာဝန်ခံ ဦးသိန်းဝင်း ကပြောသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရေထွက်ပေါက် လျော့နည်း လာခြင်း အတွက် စိတ်ပူ နေကြသည့် ပုပ္ပါး ဒေသခံများ


ပုပ္ပါးတောင် ဒေသတွင်း သဘာဝ အလျှောက် ထွက်ရှိသော ရေထွက်ပေါက်များ လျော့နည်း လာခြင်း ကြောင့်    ဒေသတွင်း သောက်သုံးရေနှင့် စိုက်ပျိုးရေး အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ပုပ္ပါးတောင် ချစ်သူများ အသင်းက သုံးသပ်ပြောဆိုသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကြံခင်း မသနောစက်ရုံရှိ မီးလောင်မှုဖြစ်ပွား


ဧရာဝတီတိုင်း ဒေသကြီး၊ ကြံခင်းမြို့နယ်ရှိ ကြံခင်း မသနောစက်ရုံ၏ ပေ ၄၀ ခန့် ပတ်လည် ဆီသိုလှောင်ခန်း အတွင်းဒီဇင်ဘာလ ၃၁ ရက်နေ့ နေ့လည် ၁ နာရီ ၁၀ မိနစ်ခန့် အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ "စက်ရုံမှာရှိတဲ့ သီးသန့် ဆီသိုလှောင်ထားတဲ့ တိုက်ခန်းမှာ မီးလောင်တာပါ။ နေ့လည် ၁ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ မီးစလောင်ပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဦးနှောက်ယိုစီးမှုနှင့် ပညာရေး မိုးခေါင်မှု


ကျွန်တော် ဉာဏ်မီသလောက် ပြောရမယ် ဆိုရင် ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဦးနှောက် ယိုစီးမှု ပြဿနာနဲ့ ပညာရေး မိုးခေါင်မှု ပြဿနာကို ရင်ဆိုင်နေရတာ ဒီနေ့အထိတိုင်ပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာ လူသား အရင်းအမြစ် ပြဿနာ၊ အထူးသဖြင့် ပညာတတ် ရှားပါးမှု ပြဿနာဟာ ယခုကျွန်တော်တို့ တည်ဆောက်နေကြတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး အတွက် တကယ့်ကို ခေါင်းခဲစရာ ပါပဲ။

အားလုံး သိကြတဲ့ အတိုင်းပဲ ကျွန်တော်တို့ရဲ့ နိုင်ငံတော် သမ္မတကြီးက ပြည်ပရောက်နေကြတဲ့ မြန်မာနိုင်ငံသား ပညာရှင်တွေကို ပြန်လည်ဖိတ်ခေါ်၊ ပြည်ဝင်ခွင့် ပေးတာတွေကို လုပ်ဆောင်နေပါတယ်။ ဒါဟာ ပြည်တွင်း မှာ ကျွမ်းကျင်ပညာရှင်တွေ ရှားပါးနေတာကို ပြောနေတဲ့ သဘောဆောင်ပါတယ်။ မရှိဘူးလို့ ပြောတာ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံခြားကို ထွက်ခွာ ပညာသင်ကြတဲ့ မြန်မာနိုင်ငံသား ပညာရှင် အလောင်းအလျာ တော်တော်များများဟာ ပညာစုံတဲ့ တစ်နေ့ကျတော့ ပြည်တော်ပြန်ဖို့ မစဉ်းစားတော့ဘဲ (ဒါမှမဟုတ်) အကြောင်း အမျိုးမျိုးကြောင့် ထိုထိုနိုင်ငံတွေမှာပဲ နိုင်ငံသား အဖြစ်ခံယူကြပါတော့တယ်။

ဒီနေရာမှာ ကျွန်တော်တစ်ခု စဉ်းစားမိတာ နိုင်ငံခြားကို ပညာ တော်သင် သွားရခြင်းဟာ ကျွန်တော်တို့ နိုင်ငံမှာ မရနိုင်တဲ့ ပညာမျိုး လား (ဒါမှမဟုတ်) ကျွန်တော်တို့ဆီက သင်ယူရတဲ့ ပညာရပ်တွေက Up to date မဖြစ်လို့လားပေါ့။ တခြားရှုထောင့်က ဆိုရင် နိုင်ငံခြား ကနေ ကျွန်တော်တို့ နိုင်ငံကို ပညာလာသင်တာဆိုလို့ ကမ္ဘာ့ဗုဒ္ဓဘာသာ တက္ကသိုလ်ကိုတက်ရောက်နေကြတဲ့ နိုင်ငံခြားသား ရဟန်းတော်များ လောက်ပဲရှိမယ်ထင်ပါတယ်။ ခြွှင်းချက် အနေနဲ့ တခြားအနည်းအပါးလည်း ရှိမယ် ထင်ပါတယ်။

၂၀၁၅ ခုနှစ်မှာ ASEAN Free Trade Area (AFTA) အစီအစဉ် အရ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံဟာ ဂလိုဘယ်လိုက်ဇေးရှင်း ကစားကွင်းထဲကို ဝင်ပြိုင်ပါတော့မယ်။ အဲဒီလို ဝင်ပြိုင်ဖို့အတွက် ဘောလုံး အားကစားရှုထောင့်က ပြောရရင် ကစားသမားကောင်းတွေ အများကြီး လိုပါတယ်။ အခု ၂၀၁၂ ခုနှစ် ကုန်ခါနီးပါပြီ။ သုံးနှစ်လောက်ပဲ လိုတော့တဲ့ အချိန်အတွင်းမှာ မေးခွန်းတစ်ခု ပေါ်လာပါတယ်။ ကျွန်တော်တို့ အဆင်သင့် ဖြစ်ပြီလားပေါ့။ ဒီမေးခွန်းကို AFTA ဆိုတဲ့ ကစားကွင်းထဲ ဝင်ပြိုင်မယ့် နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်တွေကပဲ ဖြေကြပါလိမ့်မယ်။ ကျွန်တော့်အမြင် ကတော့ ကျွန်တော်တို့ အနေနဲ့ ကမ္ဘာနဲ့ အထိအတွေ့ နည်းပါးမှုနဲ့ နယ်ပယ်တိုင်းမှာ ပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု အတွေ့အကြုံ ကွာခြားမှုတွေကြောင့် ယှဉ်ပြိုင်ရင်ဆိုင် အနိုင်ရဖို့အတွက် တော်တော့်ကို ခက်ခဲပါလိမ့်မယ်။
ဆိုလိုတာကတော့ ကျွန်တော်တို့ နိုင်ငံဟာ ပညာရေး မိုးခေါင်မှု ကိုကြုံတွေ့နေရတယ် လို့ထင်ပါတယ်။

အဲဒီတော့ ရေများတဲ့ အရပ် မိုးရွာ ဆိုသလို ပညာရေး မိုးကောင်းကောင်း ရွာတဲ့ဆီမှာ မိုးရေ သွားခံတာဟာ ထိုထို Scholar တွေရဲ့ အပြစ်မဟုတ်ပါဘူး။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတော်ထဲမှာလည်း ”အသက်တစ်ရာ နေရပြီး ပညာမရှိသူသည် အချည်းနှီးတည်း။ ပညာဖြင့် အသက် တစ်ရက်မျှ နေရသူကမြတ်၏” ဆိုတဲ့ တရားတော် အတိုင်းပါပဲ။ နောက် HR ဘာသာရပ် စကားနဲ့ ပြောရရင် Life Long Learning လုပ်တာဖြစ်တဲ့ အတွက် အင်မတန် ကောင်းမွန်ပါတယ်။ ကျွန်တော် လည်း သဘောကျသလို အားလည်း ကျပါတယ်။

အဲဒီတော့ သူတို့ကို မသွားပါနဲ့လို့လည်း တားလို့ မရသလို ပြန်လာပါလို့လည်း အတင်းဇွတ်ခေါ်ဖို့ ခက်ပါတယ်။ “သူငယ်တန်း ကစလို့ တက္ကသိုလ် ဝင်တန်းထိ (တချို့ဆို ဘွဲ့ရထိ) ကျွန်တော်တို့ နိုင်ငံကနေ ကျောင်းတက်သွားပြီးတော့ နိုင်ငံခြားထွက် ကျောင်းဆက် တက်၊ ပြန်မလာ” အဲဒီလို သမင်မွေးရင်း ကျားစားရင်းနဲ့ပဲ ဦးနှောက် ယိုစီးမှု ပြဿနာကို မဖာထေးနိုင်သေးတာဟာ ကျွန်တော်တို့ တိုင်းပြည် အတွက် တအားကို နစ်နာပါတယ်။ အဲဒီလို ဦးနှောက် ယိုစီးသွားတာ များလာတာနဲ့အမျှ ပညာတတ်၊ ပညာရှင်တွေ ရှားပါးလာမှုဟာ ပညာ ရေးမိုးခေါင်မှုကို ဆက်လက် ဖြစ်ပွားစေပါတယ်။

နောက်ပြီးတော့ တံငါရွာလို နိုင်ငံ တစ်ခုကနေ အာရှရဲ့ ကျားတစ်ကောင်အဖြစ် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုခံရတဲ့ စင်ကာပူလို နိုင်ငံမျိုး အကြောင်း စဉ်းစားရင်းနဲ့ ကျွန်တော်တို့ နိုင်ငံအတွက် စိတ်မကောင်းဖြစ်ရတယ်။

ဘာသမိုင်းကြောင်းမှ မရှိတဲ့ နိုင်ငံက ကျွန်တော်တို့လို နှစ်ထောင်ချီပြီဖြစ်တဲ့ သမိုင်းကြောင်းရှိတဲ့ နိုင်ငံရဲ့ ခေါင်းပေါ်ခြေနဲ့ နင်းပြီး “မင်း ... ငယ်ပါသေးတယ်ကွာ” လို့ အပြောခံရလို့ ခံစားရတယ်။ ရွှေထီးဆောင်းခဲ့တဲ့ အကြောင်းကို မပြောချင်တော့ ပါဘူး။ သမိုင်းစာအုပ်တွေမှာသာ ဖတ်ကြည့်ကြပါ။

ကျွန်တော်တို့ နိုင်ငံဟာ သဘာဝသယံဇာတတွေ ပေါကြွယ်ဝ သော်လည်း အဆင်းရဲဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ လူ့စွမ်းအား အရင်းအမြစ်တွေ နည်းပါးရခြင်း ကြောင့်ပါပဲ။ ပထဝီအနေအထားအရ ကြည့်ရင်လည်း ကမ္ဘာ့အင်အား ကြီးနဲ့ လူဦးရေအများဆုံးဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကို တစ်ဖက် တစ်ချက်စီ ရံထားပါတယ်။ ကုန်းတွင်းပိုင်းနဲ့ နှစ်နိုင်ငံလုံးနဲ့ ဆက်သွယ် နိုင်သလို ပင်လယ်ထွက်ပေါက်လည်း ရှိပါတယ်။ တစ်ချိန်တုန်း က ရန်ကုန်ဆိပ်ကမ်း ဆိုတာ အရှေ့တောင်အာရှရဲ့ အဓိကဆိပ်ကမ်း ပေါ့။ ဒါကြောင့်ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပထဝီ အနေအထားကို မက်မောကြတယ်။ လူဦးရေ သန်း ၂၀၀၀ ကျော် ဈေးကွက်ကြီး ကလည်း ရှိတယ်။ ကမ္ဘာ့ရဲ့ အဓိကကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ ပင်လယ်ရေပိုင်နက်နဲ့ ဆိပ်ကမ်းတွေလည်း ရှိတယ်။ ပေါလိုက်တဲ့ သယံဇာတတွေကလည်း တော်ကြာနေ ရွှေကြောတွေ့လိုက်၊ ရေနံတွေ့လိုက်၊ သဘာဝဓာတ်ငွေ့ တွေ့လိုက်နဲ့။ ဒါ့အပြင် ကမ္ဘာ့အရည်အသွေးအဆင့် ရှိတဲ့ ကျောက်စိမ်းတွေ၊ ပုလဲတွေ နဲ့ မြေပေါ်သယံဇာတတွေ ဖြစ်တဲ့ ကမ္ဘာကျော် ကျွန်းသစ်၊ ရော်ဘာစတာတွေ အကုန်လုံး ကျွန်တော်တို့ဆီက ထွက်ပါတယ်။ ဒါကြောင့် အင်အားကြီး နိုင်ငံ တော်တော်များများက မြန်မာပြည်ကို လိုချင်ကြတာပေါ့။ ဝမ်းနည်းစရာ ကောင်းတာကတော့ အဲဒီလိုပေါများစွာ ထွက်နေတဲ့ သဘာဝသယံဇာတ တွေကို အတုံးလိုက် အတစ်လိုက် နဲ့ ကုန်ကြမ်းအဆင့်ပဲ ရောင်းနိုင်တာပေါ့။ ဒါဟာ ကျွန်တော်ပြောချင် တဲ့ လူ့စွမ်းအား အရင်းအမြစ် အားနည်းလို့ ကုန်ကြမ်းကို ကုန်ချော အဆင့်ရောက်အောင်မလုပ်နိုင်လို့ပါပဲ။ အဲဒီတော့ ကုန်ကြမ်းဈေးပဲ ရတော့တာပေါ့။

ဥပမာလေးတစ်ခု ဆိုရရင် ကျွန်တော်တို့က ဓာတ်ငွေ့ ရောင်းတယ်။ လူ့စွမ်းအားအရင်းအမြစ် အားကောင်းတဲ့ နိုင်ငံကြီးတစ်ခုက ကျွန်တော်တို့ကို မီးခြစ်ပြန်ရောင်းတယ်။ ကျွန်တော်တို့ဆီက ကုန်ကြမ်းကို သူတို့ဆီမှာ ကုန်ချောလုပ်ပြီး ကျွန်တော်တို့ဆီကို ပြန်ရောင်းစားတယ်။ ဘယ်လောက် ပိုင်လိုက်လဲလို့။

ဒါတွေဟာ ကျွန်တော်တို့ဆီမှာ လုံလောက်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ မရှိတဲ့အတွက် ဖြစ်ရတာပါ။ အကယ်၍သာ ကျွန်တော်တို့ဆီမှာ ပညာရေး မိုးခေါင်မှုကိုလည်း အဆုံးသတ်နိုင်မယ်၊ ဦးနှောက် ယိုစီးမှု ပြဿနာကိုလည်း ”စီးတဲ့ရေ ဆည်တဲ့ ကန်သင်းလိုမျိုး လိမ္မာပါးနပ်စွာ ကိုင်တွယ် ဖြေရှင်းနိုင်မယ်ဆိုရင် ကျွန်တော်တို့ မျိုးဆက်ကနေ စပြီးတော့ နောက်နောင်မျိုးဆက်တွေအထိ မျက်နှာ မငယ်ရတော့ဘဲနဲ့ ကမ္ဘာ့အလယ်မှာ မြန်မာရယ်လို့ ထည်ထည်ဝါဝါ ရပ်တည်နိုင်မှာ။ မြေကြီးကို လက်နက်ပုတ်ရင် လွဲကောင်းလွဲမယ်၊ ဒီ ကိစ္စကတော့ မလွဲဧကန်ပါပဲ။

အထူးသဖြင့် ကတော့ ပညာရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ မြန်မာကျောင်းသား၊ ကျောင်းသူအများစုဟာ အင်္ဂလိပ်စာကညံ့၊ မြန်မာစာကလည်း မတော်ကြပါဘူး။ Creative thinking တွေ၊ Critical thinking တွေဆို ဝေးမှဝေးပါပဲ။ လက်ခုပ်တီးတယ် ဆိုတာ လက်နှစ်ဖက်လုံးနဲ့ တီးမှ မြည်တာပါ။ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ပြောတဲ့ International School တစ်ခုမှာကလေးတွေကို စာသင်ပေးတဲ့ နည်းကို တအံ့တသြနဲ့ နားထောင်ခဲ့ပါတယ်။ ရေကန် အကြောင်းကို သင်ပေးတာ စာသင်ခန်းထဲမှာ မဟုတ်ပါဘူး။

တကယ့် ရေကန်အစစ်ဆီကို ခေါ်သွားပြီး လက်တွေ့သင်ပေးတယ်လို့ ဆိုပါတယ်။ ကလေးတွေရဲ့ စိတ်ထဲမှာ ရေကန်အကြောင်းကို စာကျက်ပြီး ရတာမျိုး မဟုတ်ဘဲနဲ့ သူတို့ရဲ့ အတွေ့အကြုံကနေ လွယ်လင့်တကူပဲ သင်ယူသွားတယ်၊ ပျော်လည်း ပျော်ကြသလို စာကျက် စရာ မလိုဘဲ သူတို့လေးတွေရဲ့ Mindset ထဲမှာရေကန်အကြောင်း ကောင်းကောင်းသိသွားတယ်လို့ ဆိုပါတယ်။ တစ်ဖက်က ကြည့်ရင် တော့ ကုန်ကျစရိတ် ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး စာသင်ရမယ် ဆိုရင် ကျွန်တော်တောင်ပြန်ငယ်ပြီး သင်ချင်ပါသေးတယ်။ စိတ်ထဲ မှာလည်း ပညာရေး ကွက်ကြားမိုးတော့ ရွာသေးတယ်လို့ ထင်မိပါတယ်။

အဲဒီတော့ ဒီစာရဲ့ခေါင်းစဉ်ဖြစ်တဲ့ "ဦးနှောက်ယိုစီးမှု နှင့် ပညာရေး မိုးခေါင်မှု” ပြဿနာဟာ ”တစ်ယောက်အားနှင့် မရသော် အများ အားနှင့် ဆောင်” ဆိုတဲ့အတိုင်း အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရ မယ့်၊ ဖြေရှင်းရမယ့် ပြဿနာ တစ်ရပ်ပါပဲ။ အဲဒီတော့ဗျာ ပြည်တွင်း ကရှိတဲ့ ပညာရှင်တွေရော၊ ပြည်ပကရှိတဲ့ မြန်မာပြည်ကိုချစ်မြတ်နိုး ကြသေးတဲ့ ပညာရှင်တွေ အားလုံး မတူတာတွေ ဘေးဖယ်ထားပြီးတော့ တူတာတွေနဲ့အတူ ပူးပေါင်း အဖြေရှာ ရပါမယ်။ ကူ၍ တွန်းရင် ရွေ့နိုင် ပါတယ်ဗျာ။

ရိုးငြိမ်းသူ - The Voice Weekly


မြန်မာအင်ဂျင်နီယာ ကျောင်းသားများ အမိကျောင်း တော်ကြီး၌ ပြန်လည်တွေ့ဆုံ


 အင်ဂျင်နီယာ ကျောင်းသား ကျောင်းသူဟောင်း ၃၅၀၀၏  နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံမှုကို  အင်းစိန်ကြို့ကုန်းရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက ဆရာကန်တော့ပွဲနှင့်   ကျောင်းသား ကျောင်းသူများ တွေ့ဆုံပွဲကို ကျင်းပခဲ့ကြပါသည်။

၁၉၆၆ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ယခင် အာအိုင်တီဟု လူသိများသော ရန်ကုန် စက်မှု တက္ကသိုလ် အဆက်ဆက်တွင် ပညာ သင်ကြားခဲ့ကြသော အင်ဂျင်နီယာ ဘာသာရပ် အားလုံးနှင့် ဗိသုကာ ကျောင်းသား ကျောင်းသူဟောင်းများ၏ ဆရာပူဇော်ပွဲ   နှင့် တွေ့ဆုံပွဲကျင်းပခဲ့ခြင်းဖြစ်ပြီး ယခင်က ပြင်ပနေရာအသီးသီးတွင် ကျင်းပခဲ့ရာမှ ယခုနှစ်တွင် ကြို့ကုန်း နည်းပညာ တက္ကသိုလ်ကျောင်း၌ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပါမောက္ခချုပ်ဟောင်း ဒေါက်တာအောင်ကြီး၊ ပါမောက္ခ ဦးဘတုတ် အပါအဝင် အငြိမ်းစား ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ကထိကများ၊ နည်းပြ ဆရာ ဆရာမများ စုစုပေါင်း ၃၀၀-ခန့် တက်ရောက် ကန်တော့ခံခဲ့ကြပြီး၊ ပြည်တွင်းပြည်ပမှ  အင်ဂျင်နီယာနှင့် ဗိသုကာကျောင်းသားကျောင်းသူဟောင်း ၃၅၀၀ ခန့် တက်ရောက်ခဲ့ ကြပါသည်။

အခမ်းအနားကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်မှ ချီးကျူး ဂုဏ်ပြုစကားပြောကြား၍ အခမ်းအနားမှူး အဖြစ် ဒေါ်တင်မိုးလွင်က ဆောင်ရွက် ခဲ့ပါသည်။

အဆိုပါပွဲ၌ သိပ္ပံနှင့် နည်းပညာဝန်ကြီးအဖြစ် စတင်တာဝန်ယူ ဆောင်ရွက်စဉ် ဤကျောင်း သို့လာရောက် ကြည့်ရှု၍ ဥပဓိရုပ် ပျက်ပြားနေသော ကျောင်းတော်ကြီးအား ဆရာ ဟောင်းများ၊ မိတ်ဆွေများ၊ အင်ဂျင်နီယာများနှင့် အင်ဂျင်နီယာလုပ်ငန်းများ အကူအညီဖြင့် ပြန်လည် ပြုပြင်ခဲ့ကြောင်း၊ ဤစက်မှုတက္ကသိုလ်အား ယခင် ကာလများကဲ့သို့ အရည်အချင်း ပြည့်မီသော စက်မှုတက္ကသိုလ်တစ်ခုအဖြစ် အရှေ့ တောင် အာရှတွင် သာမက ကမ္ဘာ့အဆင့် ရောက်ရှိစေရန် နိုင်ငံတော်နှင့်   ကျောင်းသူ   ကျောင်းသားဟောင်းများနှင့်တကွ အားလုံးပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က တိုက်တွန်းနှိုးဆော်ခဲ့သည်။

ယခင် အင်ဂျင်နီယာ ပညာရပ်များကို ရန်ကုန် တက္ကသိုလ် လက်အောက် မဟာအင်ဂျင်နီယာဌာနမှ သင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး ၁၉၆၂ ခုနှစ် ဇူလိုင်လ အရေးအခင်းပြီးနောက် တက္ကသိုလ်များအား ပိတ်ထားခဲ့ပါသည်။

တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၆၄ ခုနှစ်တွင် တက္ကသိုလ် ပညာရေး စနစ်သစ်အရ အင်းစိန်မြို့နယ် ကြို့ကုန်းရှိ လက်ရှိ စက်မှုတက္ကသိုလ် အဆောက် အဦးအား ဗမာစက်မှု တက္ကသိုလ် ( ဘီအိုင်တီ ) အမည်ဖြင့် ပါမောက္ခချုပ် ဦးရုံးမိုကို ခန့်အပ် တာဝန်ပေး ဖွင့်လှစ်ခဲ့ပါသည်။

ထို့နောက် ရန်ကုန် စက်မှု တက္ကသိုလ် ( အာအိုင်တီ ၊ ဝိုင်အိုင်တီ ) နှင့် ရန်ကုန် နည်းပညာတက္ကသိုလ် ( ဝိုင်တီယူ ) ဟု အမည် အဆင့်ဆင့် ပြောင်းခဲ့ပါသည်။ ၁၉၇၅ ခုနှစ်အတွင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရာပြည့် နှင့် ဦးသန့် ဈာပန အရေးအခင်း များတွင် စက်မှုတက္ကသိုလ် ကျောင်းသား ကျောင်းသူများသည် အခြားတက္ကသိုလ် ကျောင်းသားကျောင်းသူများ နှင့်အတူ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြပါသည်။

၁၉၈၈ ခုနှစ် မတ်လတွင် ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသားများနှင့် ကြို့ကုန်း ရပ်ကွက်အတွင်းမှ လူငယ်များ ပဋိပက္ခဖြစ်ရာ လုံထိန်းရဲများ၏ အကြမ်းဖက် ကိုင်တွယ် နှိမ်နင်းမှုကြောင့် စက်မှု တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့ပြီး ကျောင်း သား ဆူပူလှုပ်ရှားမှုများ စတင်ဖြစ်ပေါ်ခဲ့ရာ အထွေထွေမကျေနပ်မှုများ ခံစားနေ သော ပြည်သူလူထုများပါဝင်လာရာမှ သမိုင်းဝင် ရှစ်လေးလုံး အရေးအခင်း ဖြစ်ပေါ်ခဲ့ပါသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် တပ်မတော်မှ နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ နှင့် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ လက်ထက်များတွင် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စက်မှု တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ်စသည့် တက္ကသိုလ်များ၏ အရေးပါမှုကို လျှော့ချပြီး တက္ကသိုလ်များကို မြို့ပြင်ဝေးလံသည့်   နေရာများတွင် တည်ဆောက် ဖွင့်လှစ်ကာ ကျောင်းဆောင်များ ပူးတွဲထားရှိသည့် စနစ်ကို ဖျက်သိမ်းခဲ့ပါသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ရန်ကုန် နည်းပညာ တက္ကသိုလ်နှင့် မန္တလေး နည်းပညာ တက္ကသိုလ် တို့တွင် နိုင်ငံတကာ အဆင့်မီ အင်ဂျင်နီယာ သင်ရိုးညွှန်းတမ်း များ ရေးဆွဲပြုစုကာ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်၍ ကျောင်းသား ကျောင်းသူ ၂၅၀ စီ စတင် လက်ခံသင်ကြားလျှက်ရှိကြောင်းသိရပါသည်။

ရန်ကုန် စက်မှုတက္ကသိုလ်အား ပြင်ဆင် အလှခြယ်ထားခြင်းနှင့် ပတ်သက်၍ ၁၉၇၄ ခုနှစ်က အင်ဂျင်နီယာဘွဲ့ရခဲ့သူ အမျိုးသမီး တစ်ဦးက ယခုကဲ့သို့ဆိုသည်။

 " ကျောင်းကြီးစည်စည် ကားကား နဲ့ ပြောင်ပြောင်ရောင်ရောင် မြင်ရတာ အရမ်း ပျော် တာဘဲ၊ အရင်က ဖြတ်သွားတိုင်း ဇရပ်ပျက်ကြီးလို စုတ်ပြတ်နေတာ မြင်ရရင် မျက်ရည် ကျမိတာ အခါခါပါဘဲ " ဟု အင်ဂျင်နီယာဘွဲ့ရ အမျိုးသမီးတစ်ဦးက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ နှင့် ကော့မှူးမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက် ရန်ုကုန် တက္ကသိုလ်အား အစိုးရ စီမံခန့်ခွဲနေခြင်းအစား သက်ဆိုင်ရာ တက္ကသိုလ် ကောင်စီများ မှလွတ်လပ်စွာ စီမံခန့်ခွဲသည့် အဆင့်ရရှိရေး ကြိုးစားဆောင်ရွက်နေကြောင်း သိရ သည်။

" အင်ဂျင်နီယာဆိုတာ အခြေခံလူတန်းစား အလုပ်သမားတွေနဲ့ အမြဲ တွဲလုပ်နေကြ တာဆိုတော့ အခြေခံလူတန်းစားတွေ ဆင်းရဲဒုက္ခရောက်ရင် နာကျင်ခံစားကြရ တယ်။ ပြီးတော့ အင်ဂျင်နီယာရဲ့ သဘာဝကိုက စနစ်တကျ မှန်မှန်ကန်ကန် ဖွံ့ဖြိုးတိုးတက် ချင်တယ်၊ အမှားတွေ့ရင် အပျက်တွေ့ရင် ပြုပြင်ချင်တဲ့ စေတနာနဲ့ အကျင့် ရှိတယ်၊ အဲဒီအခါမှာ လူ့အဖွဲ့အစည်းအတွင်းမှာ အချင်းချင်းတွေ့ဆုံညှိနှိုင်း အဖြေရှာတဲ့ အလေ့ အကျင့် မရှိရင် အင်ဂျင်နီယာတွေက ပြဿနာကောင်တွေ   ဖြစ်နေတတ်ပါတယ် " ဟု ၁၉၆၆ ခုနှစ်တွင် အင်ဂျင်နီယာဘွဲ့ရ အငြိမ်းစား ကထိက ဆရာ တစ်ဦးက ပြောကြား ခဲ့သည်။

ဆရာပူဇော်ပွဲအား နေ့လည် တစ်နာရီခန့်တွင် ပြီးစီးကာ ကျောင်းသား ကျောင်းသူဟောင်း အနုပညာရှင်များက အဆို အတီး အကများဖြင့် ဆက်လက် ဖြေဖျော်ကြပါသည်။ ညနေပိုင်းတွင်လည်း မြန်မာကွန်ဗင်းရှင်းစင်တာ၌ မိတ်ဆုံညစာ စားပွဲနှင့် ဖြေဖျော်ရေး အစီအစဉ်များ ဆက်လက် ကျင်းပခဲ့ကြသည်။

ညွန့်အောင် ( မြစ်မခ )
by Myit Makha Mediagroup


တရုတ်ကျေးရွာ အင်ခွန်ယန်သို့ ၁၀၅ မမ လက်နက်ကြီးကျည်ဆံ နှစ်ကြိမ်ကျရောက်


KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်ကျေးရွာ အင်ခွန်ယန်သို့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ၁၀၅ မမ လက်နက်ကြီးကျည်ဆံ နှစ်ကြိမ် အချိန် ၁၀ မိနစ်ခြား၍ ကျရောက်ခဲ့ကြောင်း သိရပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်အား ဆေးရုံတင်ထား


ဦးခေါင်းကို ထိခိုက်မိရာမှ တစ်ဆင့် သွေးခဲမှုဖြစ်နေ၍ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးအား
ဆေးရုံ တင်ထားရကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာက ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။
မစ္စစ်ဟီလာရီ ကလင်တန်အား နယူးယောက်မြို့ Resbyterian Hospital သွေးခဲမှုကို ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





ဇန်န၀ါရီလ (၃) ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ် (၁)


ဇန်န၀ါရီလ (၃) ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ် (၁)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဇန်န၀ါရီလ (၂) ရက်နေ့ ထုတ် Mobile Guide Journal Issue #85


ဇန်န၀ါရီလ (၂) ရက်နေ့ ထုတ်  Mobile Guide Journal Issue #85

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဒီဇင်ဘာ ၃၁ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၁၃


ဒီဇင်ဘာ ၃၁ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၁၃

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဇန်န၀ါရီလ (၁) ရက်နေ့ ထုတ် Digital Life Journal (1.Jan.2013) အတွဲ-၁၊ အမှတ် - ၃၅


ဇန်န၀ါရီလ (၁) ရက်နေ့ ထုတ် Digital Life Journal (1.Jan.2013) အတွဲ-၁၊ အမှတ် - ၃၅

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဒီဇင်ဘာ ၃၀ ရက်နေ့ထုတ် မော်နီတာ သတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၃၆)


ဒီဇင်ဘာ ၃၀ ရက်နေ့ထုတ် မော်နီတာ သတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၃၆)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



လျှပ်တစ်ပြက်အကယ်ဒမီ အထူးထုတ် (၂၀၁၂)


လျှပ်တစ်ပြက်အကယ်ဒမီ အထူးထုတ် (၂၀၁၂)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဒီဇင်ဘာ ၃၁ ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၄)၊ အမှတ် (၁၂)

ဒီဇင်ဘာ ၃၁ ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၄)၊ အမှတ် (၁၂)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




တရုတ်နိုင်ငံသားတွေ သစ်ထုတ်လုပ်ဖို့ အင်အားရာနဲ့ချီ ရောက်ရှိ

“ဖိုက်စတား ကုမ္ပဏီလို့ နာမည်ခံထားတဲ့ တရားမ၀င် သစ်လုပ်ငန်းနဲ့ ဗမာစကား တောင် မတတ်တဲ့ တရုတ်တွေနဲ့ အင်အား ၃၀၀ လောက် ဆင်ဘိုရဲ့တောင်ဘက် မန်ကင်း ရွာဘက်မှာ စပြီး လှုပ်ရှားနေတာ အဲဒီ ၃၀၀လောက်က ပြောမယ်ဆို ဗမာအစိုးရကလဲ အဲဒီကိုရောက်ရောက် ပေါက်ပေါက် မသွားနိုင်ဘူးလေ ကေအိုင်အေ အခြေချထားတဲ့ နေရာဆိုတော့ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Add cap
မြန်မာနိုင်ငံမြောက်ပိုင်းမှ သစ်လုံးများကို တရုတ်နိုင်ငံကို ပို့ဆောင်သည့် သစ်တင်ကားကြီးများပုံ။ Photo: AFPtion






တိုင်တေနီယံ သတ္တုပါတဲ့သဲကို တရုတ်က ဝယ်ယူလို

ရခိုင် ပြည်နယ် ရသေ့တောင် မြို့နယ် အငုံမော် ပင်လယ် ကမ်းခြေနဲ့ မောင်တော တောင်ပိုင်းက အလယ် သံကျော် ပင်လယ် ကမ်းခြေက သဲတွေမှာ အဖိုးတန် တိုင်တမ်နီယံလို ဓါတ်သတ္တုတွေ ရော ပါနေတဲ့ အတွက် တရုတ် စီးပွားရေး သမား တွေက သဲတွေကို စီးပွားဖြစ် ၀ယ်ယူဖို့  ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရခိုင်ပြည်နယ် ငပလီ ကမ်းခြေမှာ သဲ၊ ဘိလပ်မြေ တွေနဲ့ အလုပ်လုပ်နေသူ ဆောက်လုပ်ရေး လုပ်ငန်းလုပ်သား

ဒီလှိုင်းဂျာနယ် တစ်နှစ်ပြည့်နဲ့ ရုံးသစ်ဖွင့်ပွဲ (ရုပ်/သံ)

ဒီလှိုင်းဂျာနယ် တစ်နှစ်ပြည့်နဲ့ ရုံးသစ်ဖွင့်ပွဲ ရန်ကုန်မှာပြုလုပ် ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလှိုင်းကို သတင်းစာအဖြစ် ကြိုးပမ်းမှုကို ပါဝင်ပူးပေါင်း ကူညီ ပံ့ပိုးကြဘို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဦးမောင်တူး တင်ဆက်။ ရိုက်ကူး ကျော်ဇေယျာဝင်း

 ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



နယ်ကျောင်းဆရာတို့၏ ဘ၀ အခြေအနေကို ရိုက်ကူးထားသည့် ထာဝရအလင်းတန်း ရုပ်ရှင် အကယ်ဒမီ ၈ ခု ဆွတ်ခူး

 ထာဝရအလင်းတန်း ရုပ်ရှင် ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်

ကျောင်းဆရာများရဲ့ ဘ၀အခြေအနေနဲ့ အလုပ်အကိုင်အကြောင်း၊ နယ်မြှို၊ ကျေးလက်ဒေသတွေက လူထုနဲ့ ကလေးများရဲ့ ပညာရေးအခြေအနေ၊ ခေတ်နောက်ကျနေဆဲ အမြင်သဘောထားစတဲ့ အကြောင်းအရာများနဲ့ ဖွဲ့စည်းထားတဲ့ "ထာဝရ အလင်းတန်းများ" ရုပ်ရှင်ဇာတ်ကားဟာ 2011 ခုနှစ်အတွက် အကယ်ဒမီ ၈ ခု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

2011 ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရရှိခဲ့သူများမှာ ဓာတ်ပုံဆု တင်ဆန်း (ပန်းကြာဝတ်မှုန်) ၊ တည်းဖြတ်ဆု ဟိန်းထက်-လယ်ဝေး (ထာဝရအလင်းတန်းများ) ၊ တေးဂီတဆု ဇော်မျိုးထွဋ် (ထာဝရအလင်းတန်းများ) အသံဆု ထူးချွန်ဆု ဆန်းဦး (ပန်းကြာဝတ်မှုန်) ၊ အမျိုးသားဇာတ်ပို့ဆု မော့စ် (ထာဝရအလင်းတန်းများ) ၊ အမျိုးသမီးဇာတ်ပို့ဆု ချစ်စနိုးဦး (ရင်ကွဲနာ) ဇာတ်ညွှန်းဆု မြင့်ဆောင်၊ စိုးကျော်ဆန်း(ထာဝရအလင်းတန်းများ) အမျိုးသားဇာတ်ဆောင်ဆု နောင်နောင် (ထာဝရ အလင်းတန်းများ) ဇာတ်ကားဆု ထာဝရအလင်းတန်းများ (ရီမြင့်ရုပ်ရှင်) အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု မယ်လိုဒီ (ထာဝရအလင်းတန်းများ) အကောင်း ဆုံး ဒါရိုက်တာဆု - ထွန်းအောင်ဇော် (ထာဝရအလင်းတန်းများ) တို့ရရှိခဲ့ကြသည်။

ထာဝရ အလင်းတန်းများဇာတ်ကား အကျဉ်းချုပ်က ဒီလိုပါ။

ကျောင်းဆရာလေးတစ်ယောက်ရဲ့ တပည့်တွေအပေါ် ကိုယ်ကျိုးစွန့်အနစ် နာခံပြီး ပညာတတ်တွေ ဖြစ်အောင် ပြုစုပျိုးထောင်ပုံကို ကျောရိုးထားခြယ်မှုန်း ထားတဲ့ ဇာတ်ကားပါ။
ကရင်ပြည်နယ်၊ ဇွဲကပင်တောင်ခြေ အနီးမှာရှိတဲ့ ရွာလေးတစ်ရွာမှာ မိဘတွေနဲ့အတူနေထိုင်တဲ့ စောကျော်အေးဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီး မူလတန်းဆရာဖြစ် သင်တန်းကို
တက်ရောက်ခဲ့ပါတယ်။
သင်တန်းပြီးလို့ တာဝန်ကျတဲ့နေရာက တော့ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျွဲနဖားတောင် ခြေနားက ကျောက်ဖြူ ရွာကလေးမှာ ဖြစ်ပါတယ်။ တာဝန်ကျရာရွာကလေးထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ ရွာအ၀င်လမ်းမှာ ကျောင်းစာသင်ချိန် ကျောင်းစာကို မသင်ကြားနိုင်ဘဲ မိဘကို ကူညီလုပ်ကိုင် ပေးနေရတဲ့ ကလေးတွေကို တွေ့လိုက် ရသလို စာသင်ကျောင်းရောက်တဲ့ အခါမှာလည်း  စိတ်စေတနာ ကောင်းပေမယ့် နာမကျန်းဖြစ်နေတာကြောင့် စိတ်သွား တိုင်း ကိုယ် မပါနိုင်တော့တဲ့ ကျောင်းအုပ် ဆရာကြီး ဦးစံအေးနဲ့ ကိုယ်ဝန်သည် ကျောင်းဆရာမတစ်ဦးကသာ စာသင် ပေးနေရတာကြောင့် ဆရာ မပြည့် စုံတဲ့ ကျောင်းရဲ့လိုအပ်ချက်တွေက သူ့ ကို ဆီးကြိုနေကြပါတယ်။

ကျောင်းဆရာလေး စောကျော်အေးဟာ မိမိဘ၀ရည်မှန်းချက်အတိုင်း ဖြစ်လာတဲ့ ကျောင်းဆရာအလုပ်အတွက် အခက်အခဲအားလုံးကို ကြိုးစားကျော် ဖြတ်မယ်လို့ ဆုံးဖြတ်ထားတဲ့အတိုင်း မိဘအလုပ် ၀ိုင်းကူရလို့ ကျောင်းပျက် ကွက်နေတဲ့ကလေးတွေ၊ စီးပွားရေး အဆင်မပြေလို့ ဈေးတောင်းခေါင်း ရွက်ပြီး ကျောင်းတက်မမှန်တဲ့ ကလေး ငယ်တွေရဲ့မိဘတွေကို စည်းရုံးပြောဆိုပြီး တပည့်တွေ ကျောင်းမှန်ဖို့ အားကြိုး မာန်တက်ကြိုးစားတာကြောင့် ကျောင်း ကလေးဟာ တဖြည်းဖြည်းနဲ့ ပြန်လည် စည်ကားလာပါတော့တယ်။
သူ့ရဲ့ ကြိုးစားမှုတွေကို အဓိက ၀ိုင်း ၀န်းကူညီပေးတဲ့သူကတော့ ရွာကလေး က ချက်ကြီးဆိုတဲ့ ပန်းပုဆရာပဲ ဖြစ်ပါတယ်။ သူက ရိုးသားဖြောင့်မတ်ပေမယ့် အမြဲ ခွတီးခွကျနဲ့ ဂျစ်ကန်ကန် နိုင်လှသူပါ။
ညီမဖြစ်သူ အေးချစ်နဲ့ မောင်နှမ နှစ်ယောက်အတူနေထိုင်ကြပြီး ရပ်ရွာ ကောင်းကျိုးအတွက် လိုအပ်တာ မှန်သမျှ အားတက်သရော ပါဝင် လုပ်ဆောင် ပေးတတ်သူတွေလည်း ဖြစ်ပါတယ်။
သီတင်းကျွတ်ကျောင်းပိတ်ရက် ရောက်လာတဲ့အခါမှာတော့ မပြန်ဖြစ် တာကြာပြီဖြစ်တဲ့ မိဘများဆီ အလည် ခဏပြန်သွားတဲ့ ကျောင်းဆရာလေး ခမျာ မိခင်ဆုံးပါးသွားတာကြောင့် ဖခင်အို တစ်ယောက်တည်း ထားခဲ့ဖို့ အခက်တွေ့ရပါတော့တယ်။

ဖခင်ဖြစ်သူ ကလည်း မိခင်ခေါင်းချတဲ့ နေရာကနေ မခွာချင်သလို ရွာက တပည့်တွေရဲ့ ပညာရေးအတွက် ပူပန်တဲ့စိတ်က တစ်ဖက်နဲ့ ဆုံးဖြတ်ရခက်တဲ့အခြေအနေကို ကျောင်းဆရာလေး စောကျော်အေး ဘယ်လိုဖြေရှင်းဖြတ်ကျော်သလဲ ဆိုတာကို ပိတ်ကားပေါ်မှာပဲ ဆက်လက် ကြည့်ရှုလိုက်ရအောင်နော်။
ဒီဇာတ်ကားမှာ ကျောင်းဆရာ စော ကျော်အေးအဖြစ် ရီမြင့်ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ မိတ်ဆက်ပေးတဲ့ သရုပ်ဆောင်သစ် နောင်နောင်ဖြစ်ပြီး မဟုတ် မခံစိတ်ဓာတ်ရှိပြီး ရိုးသားဖြောင့်မတ်သူ ချက်ကြီးအဖြစ် အကယ်ဒမီ လူမင်း၊ သူ့ ရဲ့ညီမ ရွာခံအပျိုချောအဖြစ် သရုပ်ဆောင် ထားသူကတော့ မယ်လိုဒီ ဖြစ်ပါတယ်။

ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ညွန့်ဝင်း၊ မော့စ်၊ မျိုးသန္တာထွန်းနဲ့ သရုပ်ဆောင်ပေါင်းများစွာ လည်း ပါဝင် ထားကြပါတယ်။ ဒရာမာဇာတ်ကားဖြစ်ပြီး နက်နဲတဲ့ မေတ္တာဖွဲ့ဇာတ်လမ်းလည်း ဖြစ်တာကြောင့် ပရိသတ်လည်း စိတ်ဝင်စားမှုရှိတဲ့ ဒီဇာတ်ကားကို ၂၀၁၂ နိုဝင်ဘာလမှာ ရုံတင်ခဲ့ပါတယ်။
ဒီဇာတ်ကားကို ရိုက်ကူးပုံဖော်ပေး ထားသူကတော့ ဒါရိုက်တာ ထွန်း အောင်ဇော်ဖြစ်ပြီး  ဇာတ်လမ်း ပန်းချီ မိုးကြိုး၊ ဇာတ်ညွှန်းကတော့ မြင့်ဆောင်နဲ့ စိုးကျော်ဆန်းတို့ဖြစ်ပါတယ်။

မြတ်ပန်းရှင် (မောက္ခသတင်း)

ပခုက္ကူမြို့နယ်တွင် မြေနုကျွန်းမြေ ခွဲဝေမှု မမျှတမှုဖြစ်ပေါ်နေ

ပခုက္ကူမြို့နယ်၊ မြို့စိုးအုပ်စုတွင်းရှိ ကျေးရွာများတွင် ရာအိမ်မှူးများသည် မြေနုကျွန်းများကို စိတ်ကြိုက် နေရာယူပြီးမှသာ ကျေးရွာပြည်သူများကို ချထားပေးခြင်းကြောင့် ဒေသခံများအနေဖြင့် စစ်ဆေးအရေးယူ ဆောင်ရွက်ပေးနိုင်ရန် မျှော်လင့်လျက်ရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ကျေးရွာတွေမှာ ရာအိမ်မှူးတွေက စိတ်ကြိုက်မြေယူပြီးမှ ကျန်တဲ့ ဒေသခံတွေကို ခွဲပေးတာ။ အခုဆို အရင်ကထက် ၀.၀၇ ဧကလောက်လျော့သွားတယ်။”ဟု ပခုက္ကူမြို့နယ် မြို့စိုးအုပ်စု သီရိလေး ကျေးရွာမှ ဦးဟန်ဝင်းက ပြောသည်။

မြို့စိုးကျေးရွာ အုပ်စုတွင် ကျေးရွာ (၈)ရွာ ပါဝင်ပြီး မြေနုကျွန်းမြေ စုစုပေါင်း (၃၄၃)ဧက ခန့်ရှိခဲ့ကြောင်း အဆိုပါ မြေယာများတွင် ဒေသခံများအနေဖြင့် ပဲရင်း၊ ပဲထောပတ်၊ မြေပဲ၊ ပဲပုတ်နှင့် အခြားပဲအမျိုးမျိုး စိုက်ပျိုးလုပ်ကိုင် လျက်ရှိကြောင်း သိရှိရသည်။

၎င်းကျေးရွာအုပ်စုတွင်း အိမ်ထောင်စု (၉၅၉)ခုရှိပြီး မြေယာ (၃၄၃)ဧကကို ကျေးရွာရာအိမ်မှူးများမှ (၁၉)ဧက စိတ်ကြိုက်ယူထားကာ ဒေသခံများ တစ်အိမ်ထောင်လျှင် (၀.၃၃)ဧက ခွဲဝေချထားကြောင်း သိရှိသည်။

“ကျွန်တော်တို့ အရင်နှစ်တွေက တစ်အိမ်ထောင်ကို (၀.၄၀)ဧကလောက်လုပ်ကိုင်ခွင့်ရတယ်။ အခုက (၀.၃၃) ဧကလောက်ပဲရတော့တယ်။ ရာအိမ်မှူးတွေက တစ်ဦးကို တစ်ဧက နှစ်ဧကလောက်ကို စိတ်ကြိုက်ယူပြီးမှ ကျန်တာတွေကိုချထားပေးတယ်။”ဟု ဆယ်လံမှ ဒေသခံ ကိုသန်းကြိုင်က ပြောသည်။

(၂၀၀၇-၂၀၀၈)ခုနှစ်တွင် တစ်အိမ်ထောင်လျှင် (၀.၄၀)ဧကရရှိခဲ့ပြီး (၂၀၁၀)ခုနှစ်မှ စတင်၍ တစ်အိမ်ထောင် လျှင် (၀.၃၃)ဧကသာ လုပ်ကိုင်ခွင့် ချထားပေးတော့ကြောင်းကိုလည်း ဒေသခံများပြောပြချက်အရ သိရှိရသည်။

Myanmar News Now

ပခုက္ကူမြို့နယ်တွင် မြေနုကျွန်းမြေ

ထူးခြားတဲ့ အ၀ပြန် စာသင်ကျောင်းလေး

အခုတင်ပြ လိုက်တဲ့ ပုံလေးက ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ တယ်ပင်ဆိပ်ကျေးရွာ အုပ်စု က အ၀ပြန် ဆိုတဲ့ရွာလေးမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းလေးဖွင့်ပြီး စာသင်နေကြရ ပုံလေးများ ဖြစ်ပါတယ်။ ဆရာမလေးများကိုလည်း အရပ်ခန့်အနေနဲ့ ငှားသင်ကြရတာပါ။

ယခင်က စီးပွားရေးဖွံ့ဖြိုးခဲ့ပေမယ့် နာဂစ်ပြီးတည်းက စီးပွားရေးက ပြန်နာလန်မထူတော့လို့ လုပ်ငန်းရှင်တော်တော်များများ ပြောင်းရွှေ့သွားကြပြီး ရွာမှာ လက်လုပ်လက်စား မိသားစုတွေပဲ ကျန်ပါတော့တယ်။ ဒီရွာလေးနဲ့ အနီးဆုံးက လဘတပင်ဆိုတဲ့ရွာဖြစ်ပြီး အဲဒီရွာမှာတော့ ကျောင်းသား နည်းပေမယ့် စာသင်ကျောင်း ကောင်းကောင်းရှိပါတယ်။ အရင်ခေတ်က လူကြီးတစ်ယောက်နဲ့ ရင်းနှီးလို့ရထားတာလို့ သိရပါတယ်။ အ၀ပြန်ရွာ မှ အဆိုပါ စာသင်ကျောင်းရှိရာရွာသို့  နာရီဝက်သာသာ စက်လှေစီးရင် ရောက်ပေမယ့် ကျောင်းသားတွေကများ၊ ကြိုပို့အတွက်တာဝန်ယူမယ့်သူက မရှိဟုသိရပါတယ်။ ဒီဓါတ်ပုံများကို 27.12.2012 ရက်နေ့ကရိုက်ထားတာပါ။

Myanmar News Now

မအူပင်မြို့နယ်NLD ညီလာခံ ပျက်သွားခြင်းနှင့် ပတ်သတ်၍ ဒေါက်တာ မျိုးညွှန့် နှင့် တွေ့ဆုံခြင်း

ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ပြုလုပ်မည့် ပါတီ ညီလာခံကို မကျင်းပ နိုင်ခဲ့ခြင်းနှင့် မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်ကို ကန့်ကွက် ဆန္ဒပြမှု ဖြစ်ပွား ခဲ့ပြီးခြင်းတို့နှင့် ပတ်သတ်၍ ဧရာဝတီတိုင်း ဒေသကြီး NLD ညီလာခံ ကျင်းပရေး ကော်မရှင်မှ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမျိုးညွှန့်ကို
မြန်မာ့ခေတ်မှ တွေ့ဆုံ မေးမြန်းခဲ့သည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဒေါက်တာမျိုးညွှန့် (ဧရာဝတီ တိုင်းဒေသကြီး ပါတီညီလာခံကို ကျင်းပရေးကော်မရှင် အတွင်းရေးမှူး)

ဒီလှိုင်းစာစောင် ရုံးခန်းသစ် ဖွင့်လှစ်ပွဲတွင် ပြောကြားသော ဒေါ်အောင်ဆန်း စုကြည် မိန့် ခွန်း

ကျွန်မတို့ ဒီလှိုင်း ရုံးခန်း သစ်ဖွင့်ပွဲကို လာပြီးတော့ အားပေးတဲ့ ပရိတ်သတ် အားလုံးကို ကျေးဇူးတင်ပါ တယ်။ ဒီလှိုင်းဟာ ဆိုလို့  ရှိရင် ကျွန်မတို့ အခုထုတ်တာ ဆိုလို့ ရှိရင် တစ်နှစ်နီးပါး ရှိသွားပါပြီ။ ဒီတစ်နှစ်နီးပါးအ တွင်းမှာလဲ အတော်အတန် တိုးတက်မှု ရှိတယ်လို့  ကျွန်မတို့က ယုံကြည်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရွာသား (၆)ဦးအား အင်းအတွင်း ငါးခိုးဖမ်းသည်ဟုဆိုကာ တရားစွဲ

ယမန်နေ့က ဧရာဝတီတိုင်း ဒေသကြီး၊ ပန်းတနော် မြို့နယ်တွင်းရှိ သရဲနှစ်ပင် ကျေးရွာမှ ရွာသား (၆)ဦးအား အင်းအတွင်း ငါးခိုးဖမ်းသည်ဟု ဆိုကာ တရားစွဲဆို ရုံးတင် စစ်ဆေးလျှက် ရှိကြောင်း သိရသည်။ အမှုမှာ အင်းပိုင်ရှင် ဖြစ်သူ ဦးမြသိမ်းမှ တရားလို ပြုလုပ်ကာ တရားစွဲဆိုခြင်း ဖြစ်သော်လည်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပြည်တွင်းစစ်များရပ်ဆိုင်းရန်လူမှု အဖွဲ့အစည်းများတောင်းဆို

ကချင်ပြည်နယ်တွင် အစိုးရတပ်များနှင့် ကေအိုင်အေ တပ်များ တိုက်ခိုက်နေမှုများ ချက်ချင်း ရပ်ဆိုင်းရန် တောင်းဆိုပွဲကို ငြိမ်းချမ်းရေး လိုလားသော ပြည်သူများနှင့် အရပ်ဘက် အဖွဲ့အစည်း အချို့က ရန်ကုန်မြို့  တော်ဝင်နှင်းဆီတွင် ယနေ့ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





ပြည်သူ့စစ် စခန်းကို ကေအိုင်အေ စီးနင်းတိုက်ခိုက်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီ ကျေးရွာ ပြည်သူ့ စစ်စခန်းကို ကေအိုင်အေက ယနေ့ နံနက် ၂ နာရီ ဝန်းကျင် ခန့်တွင် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

ယင်း တိုက်ခိုက်မှုကို ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း၅ မှ အထူး တိုက်ခိုက်ရေး အင်းအား ၇၀ ဝန်းကျင် ခန့်က အဖွဲ့နှစ်ဖွဲ့ ခွဲကာ တောာင်နီကျေးရွာ အရှေ့ဘက် ဇွတ်လျန် ကျေးရွာဘက်မှ ဝင်ရောက်လာပြီး ခရမ ၃၈၄ ဒုအရာခံဗိုလ် ဦးစီးသည့် ပြည်သူ့စစ် စခန်း နှင့် ခလရ ၁၀၅ တပ်ရင်းမှ ဗိုလ်ကြီး ဦးစီးသည့် မန္တလေး- မြစ်ကြီးနားလမ်း လုံခြုံရေး ယူထားသည့် ပြည်သူ့စစ် စခန်းများကို စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေး အဖွဲ့က အတည်ပြု ပြောကြားသည်။

ယင်းတိုက်ခိုက်မှု များနှင့် ပတ်သက်၍ ကေအိုင်အေထံ အတည်ပြုချက်နှင့် သဘောထား မှတ်ချက် တို့ကို တောင်းခံ နေဆဲ ဖြစ်သည်။

The Voice Weekly



လဂျားယန် စစ်မျက်နှာသို့ ချီတက်လာသော မြန်မာအစိုးရ တပ်များကို ကေအိုင်အေက ၁၂၀မမ ဖြင့် ပစ်ခတ် နေသည်ကို တွေ့မြင်ရစဉ်။

လဂျားယန် တိုက်ပွဲတွင် တပ်မတော်က လေကြောင်းဖြင့် တိုက်ခိုက် နေသည်ကို ဒီဇင်ဘာ ၃၀ရက်နေ့ နံနက် ၁၁နာရီ ခန့်က တွေ့မြင်ရစဉ်။

၂၀၁၁ ခုနှစ်မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား ဆုရရှိသူများစာရင်း

၁။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ဓာတ်ပုံဆုကို ဦးတင့်ဆန်းမှ ပန်းကြာဝတ်မှုန် ရုပ်ရှင် ဇာတ်ကားဖြင့် ရရှိခဲ့သည်။

၂။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် တည်းဖြတ်ဆုကို ဟိန်းထက် (လယ်ဝေး) မှ ထာဝရ အလင်းတန်းများ ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲ အခမ်းအနားတွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုရ ရုပ်ရှင် သရုပ်ဆောင် မယ်လိုဒီ။ ဓါတ်ပုံ - Messenger News Journal

တရုတ်မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ကြောင့် စပါးခင်းအချို့ မိုးစပါး စိုက်ပျိုးမရ ဖြစ်ခဲ့

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံသို့ သွယ်တန်း လုပ်ကိုင် လျက်ရှိသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ် အတွင်းရှိ အိုင်းမဆည်၏ ရေလွှတ် မြောင်းများ တစ်လျှောက် ချခင်း တည်ဆောက်ခဲ့ရာ၌ ရေမြောင်းများကို ကန့်လန့်ဖြတ် ပိတ်နေခဲ့သောကြောင့် -----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အိုင်းမဆည် ရေလွှဲမြောင်းမတစ်ခု၏ အောက်ခြေမှ ဖြတ်သန်း တည်ဆောက်နေသော ပိုက်လိုင်း လုပ်ငန်းခွင်ကို ဒီဇင်ဘာလ ၂၄ ရက်ကတွေ့ရစဉ်

ရေကြောင်းပြောင်း ရေစီးအားပြင်းထန်မှုများကြောင့် သံလွင်မြစ်ဝကျွန်းအချို့ ကမ်းပြိုမှုဖြစ်ပေါ်

ကျားပိုက်တားဆီး ငါးဖမ်းဆီးမှုကြောင့် ပင်လယ်ရေကြောင်း ပြောင်းကာ ရေစီးအား ပြင်းထန်မှု ဖြစ်ပေါ်ပြီး သံလွင်မြစ်ဝရှိ ရွှေဒင်္ဂါး၊ မြရတနာ၊ ယင်းဝိုင်းကျွန်းတို့ ကမ်းပြိုကာ တောင်ယာလုပ်ကွက် ၂၅ ဧကခန့် ရေထဲပြိုကျ ပျောက်ဆုံးမှု ဖြစ်ပေါ်လျက် ရှိကြောင်း သတင်းရရှိသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရွှေဒင်္ဂါးကျွန်း ကမ်းပြိုမှု ဖြစ်ပေါ်စဉ်။ ဓါတ်ပုံ - Eleven Media Group

အဓိကရုဏ်း ထိန်းသိမ်းနည်း ပို့ချရန် မြန်မာအစိုးရကို အမေရိကန်နှင့် အနောက်နိုင်ငံအချို့ ကမ်းလှမ်း

ပြည်သူလူထု မကျေနပ်ချက်များ၊ ဆန္ဒများ ထုတ်ဖော်ပြသခွင့် ရရှိလာသည့် မြန်မာနိုင်ငံတွင် မကြာခဏ ဖြစ်ပေါ်နေသည့် ဆန္ဒထုတ်ဖော်မှုများနှင့် အဓိကရုဏ်းများကို ကိုင်တွယ် တတ်စေရေးအတွက် အဓိကရုဏ်း နှိမ်နင်းရေး နည်းပညာများ ပို့ချပေးမည်ဟု အနောက်နိုင်ငံ သုံးခုက ကမ်းလှမ်းထားကြောင်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဗုန်းဗုန်းပြိုလဲပါတော့မည် ဘယ်သူထူပေးမှာလဲဟင်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး  ကော်မတီသည် ရုပ်လက္ခဏာ အိုမင်းရင့် ရော်ပြီး၊ လူနေရန် မသင့်ဟု စိစစ်တွေ့ရှိရ သော အဆောက်အဦး အိုအိုကြီးများကို ဖျက်သိမ်းရန်၊ ညွှန်ကြားပြီး လူနေခွင့်ပိတ်  သိမ်းလေ့ရှိသည်။ လူနေခွင့် မပြုတော့သော  အဆောက် အအုံများတွင် အကြောင်းအမျိုး  မျိုးကြောင့် ခိုကပ်နေသော ပုဂ်္ဂိုလ်အချို့ သည် အဆောက်အအုံ ပြိုကျ၍ ဒုက္ခနှင့် ရင်ဆိုင်ရသော ဖြစ်စဉ်များ ကိုလည်း မကြာ  ခဏကြားမိသည်။

ပြိုလုလုဖြစ်နေပြီး၊ ရုပ်ဆင်းအင်္ဂါ  ပျက်ယွင်းနေသော ရပ်ကွက်ပိုင်အဆောက်  အအုံတစ်ခုတွင် ရပ်ကွက်တာဝန်ရှိ အဖွဲ့ အစည်း (၇) ခုတို့က ခပ်တည်တည်ဖြင့် အရောင်မှေးမှိန်နေသည့် ဆိုင်းဘုတ်ကြီးများ  ချိတ်ဆွဲထားပြီး၊ ထီမထင်မြင် တွေ့နေရသော  အဆောက်အအုံ အိုအိုကြီးနှင် စာဖတ်သူ အား မိတ်ဆက် ပေးချင်ပါသည်။

ထိုအဆောက်အဦး၏မြေနေရာကို ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးစကာလ တွင် ဗဟန်းမြို့နယ်ကျိုက္ကဆံရပ်ကွက်ကို အကွက်ရိုက်၍ လမ်းမျာဖောက်၊ မီးတိုင်  များစိုက်ပြီး၊ လူနေခွင့်ပြုခဲ့သည်။ လမ်း အမည်များကိုလည်း ကျောက်သံပတ်္တမြား ရတနာနာမည်များမှည့်ပေးခဲ့သည်။ စနစ် တကျအကွက်ရိုက်၍ ရပ်ကွက်အလယ် ပုလဲလမ်းနှင့် ငမောက်လမ်းထောင့်တွင် ရပ်ကွပ်ပိုင်၊ ဓမ္မာရုံအဖြစ်အကွက်သတ် မှတ်ပေးခဲ့ပြီး၊ ဓမ္မာရုံနှင့် ကြောချင်းကပ် လျှက် စိန်ခြယ်လမ်းနှင့် ငမောက်လမ်း ထောင့်တွင် လူငယ်များအားကစားလေ့ကျင့် နိုင်ရန် “ပြည်ထောင်စုလူငယ်အလေးမရုံ” အဖြစ်အကွက်ရိုက်၊ သတ်မှတ်ပေးခဲ့သည်။
စာရေးသူသည်ထိုရပ်ကွက်သို့ ၁၉၅၅ ခုနှစ် ကျောင်းသားဘ၀တွင် စတင်ပြောင်းရွှေ့နေထိုင်ခဲ့ရာနှစ်ပေါင်း (၅၇) နှစ်ပင်ရှိခဲ့ချေပြီ။ စာရေးသူ၏နေ အိမ်မှာ ကျိုက္ကဆံရပ်ကွက်၊ စိန်ခြယ်လမ်း အမှတ် (၂၂) ဖြစ်သည်။ ပြည်ထောင်စု လူငယ်အလေးမရုံသည် အမှတ် (၂၁) ဖြစ်၍ စာရေးသူနေအိမ်နှင့် မျက်နှာချင်း ဆိုင်ဖြစ်နေသည်။ သို့ပါ၍ ထိုပြည်ထောင်  စုလူငယ်အလေးမရုံသည်နာမည်အမျိုးမျိုး  ပြောင်းသွားသော ပိုင်ဆိုင်မှုအပေါင်းတို့ သည်စာရေးသူ၏မျက်စိအောက်မှာဖြစ်ခဲ့ သည်။

စာရေးသူထိုရပ်ကွက်သို့ရောက်စကာ လထိုပြည်ထောင်စုလူငယ်အလေးမရုံတွင် အလေးပြားများ အလေးမရန်ကရိယာများ  နှင့် အထူ ၁ဩဒx၄ဒရှိသော ကိုယ်လုံး  ပေါ်မှန်ကြီး (၂) ချပ်ထီးထီးကြီးရှိနေသည်။  အခြားမည်သည့်အဆောင်အယောင်မှ မရှိပါ။ အဆောက်အဦးသဏ္ဍာန်က မြေ စိုက်တအိုကြီး၊ ၀ါးထံရကာ၊  ဓနိမိုး အဆောက်အအုံမျှသာဖြစ်သည်။

၁၉၆၂ ခုနှစ်တပ်မတော်ကအာဏာ  သိမ်းပြီး ၁၉၆၄ ခုနှစ်တွင် မြို့နယ်ကုန်သွယ်  ရေးများပေါ်လာသောအခါ ထိုအဆောက်  အအုံတွင် ဗဟန်းမြို့နယ်အရောင်းတစ်ဆိုင် ဖွင့်ခဲ့သည်။ ၁၉၆၈ ခုနှစ်ခန့်တွင် ဗဟန်း မြို့နယ်သမ၀ါယမဦးစီးဌာနက ရပ်ကွက် သမ၀ါယမအသင်းများ ရပ်ကွက်တိုင်းဖွဲ့စည်း   ပေးခဲ့ရာ ကျိုက်္ကဆံရပ်ကွက်သမ၀ါယမ အသင်းရုံးခန်းအရောင်းဆိုင်သည်ထို အဆောက်အဦးနှင့်အုံအိုကြီးတွင်အသုံးပြုခဲ့ကြ သည်။ ၁၉၇၀ ၀န်းကျင်သို့ရောက်သော အခါ ရပ်ကွက်အတွင်းရေနံဆီတစ်ပုလင်း၊  ရလိုမှု၊တက်တရွန်တစ်စ၊ ပုဆိုးတစ်ထည်၊  ထမီတစ်ထည်ဆပ်ပြာတစ်တုံး၊သွားတိုက်  ဆေးတစ်ဘူးရလိုမှုဖြင့် ရပ်ကွက်သူရပ်ကွက်  သားများ၊ မိတ်ဆွေမှ ရန်သူဖြစ်ခဲ့ရသည်။  စိတ်ဝမ်းတွေအစိတ်စိတ်ကွဲခဲ့ကြရသည်။  ရှားပါး၊ နွမ်းပါးစခေတ်ဦးကာလဖြစ်သည်။

သမ၀ါယမအမှုဆောင်လူကြီးများကို  အမျိုးမျိုးပုတ်ခတ်ပြောဆိုငြင်းခုန်ကြရင်း  အမှုဆောင်လူကြီးများက ရောင်းချရန် ပစ္စည်းကို ကိုင်တွယ်ခွင့်မရှိတော့ပဲ။ အိမ် ထောင်စုကော်မတီ၊ ခွဲတမ်းကော်မတီခေတ် ရောက်ခဲ့ရသည်။ ငြင်းခုံဖွယ်အစုံစုံနှင့် ကျိုက်္ကဆံရပ်ကွက်သမ၀ါယမအသင်းအမှု ဆောင်အဖွဲ့ကို ဖျက်သိမ်း၍ (ထိုစဉ်က အစိုးရခန့်) ရပ်ကွက်သမ၀ါယမကြီးကြပ် ရေးကော်မတီဖွဲ့စည်းတာဝန်ပေးခဲ့သည်။  ၁၉၇၄-၁၉၇၅ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌဦးသောင်း (ပုလဲလမ်း)၊ အတွင်းရေး မှူးဦးရွှေ (ဥဿဖျားလမ်း) တို့တာဝန်ယူ စဉ် တစ်နှစ်ခန့်ကြာသောအခါထိုအဆောက်  အအုံကို (၂)ထပ်အဆောက်အအုံအသစ်  ဆောက်လုပ်ခဲ့သည်။

ထိုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှာ ကွယ်ကွန်ကြပြီဖြစ်သည်။ မကျေနပ်သံဆူ  ညံသံများစွာဖြင့် ချီတက်ခဲ့သော ကျိုက်္ကဆံ ရပ်ကွက်သမ၀ါယမအသင်းသည် ၁၉၈၈ ခုနှစ် အရေးအခင်းနောက်ပိုင်းတဖြည်းဖြည်း  ချုပ်ငြိမ်းပျောက်ကွယ်ခဲ့သည်။ သို့သော် ကျိုက်္ကဆံရောင်းဝယ်ရေးသမ၀ါယမအသင်း   လီမိတက်ဆိုသည့်ဆိုင်းဘုတ်တစ်ခုတော့  ယနေ့တိုင်ချိတ်ဆွဲထားဆဲဖြစ်သည်။ အဆောက်အအုံ၏သက်တမ်းကို ပြန်လည် စစ်ကြည့်လျှင် (၃၇) နှစ်ပင်ကျော်ခဲ့ပါ ပြီ။
စာရေးသူ၏မျက်အောက်တွင် ထိုအဆောက်အအုံပေါ်တက်နေအသုံးပြု   သော လူပုဂ်္ဂိုလ်၊ အဖွဲ့အစည်းပေါင်းများ စွာမြင်တွေ့ခဲ့ရျပါသော်လည်း “ထိုအသုံး ပြုတဲ့အဆောက်အအုံပြင်လိုက်မယ်ဟဲ့” စိတ်မျိုးဖြင့် ၀င်ရောက်လာသူတစ်ဦး တစ်ယောက်မှမမြင်မတွေ့ခဲ့ရပေ။ သွပ် တစ်ချပ်ပေါက်၍ ကာမည့်သူမရှိ ပျဉ်တစ်  ချပ်ကွာ၍ သံတစ်ချက်ရိုက်မည့်သူမရှိ။ အိုရင်း၊ အိုရင်းပြိုတော့မည့်အချိန်သို့ရောက်   နေချေပြီ။

နှစ်ပေါင်း (၅၇) နှစ်တိုင်းမျက်စိအောက် က ထိုအဆောက်အအုံကို ခပ်စိမ်းစိမ်း နေခဲ့သည်။ ၁၂.၁၂.၁၂ နေ့ကရပ်ကွက်  အုပ်ချုပ်ရေးမှူးရွေးမည့်ကိစ္စအတွက် သန်းခေါင်စာရင်းမိတ္တူပေးရန် ထိုအဆောက် အဦးအပေါ်ထပ်၊ အုပ်ချုပ်ရေးမှူးရုံးခန်း သို့ရောက်သွားမိသည်။ ပျဉ်းကထိုးလှေခါး ကြီးသည်ပင်နင်းတက်ရန် အခြေအနေ  မပေးတော့၊ လှေခါးပျဉ်နင်းရန်မ၀ံ့မရဲဖြစ် သောကြောင့် လှေခါးလက်ရမ်းကိုအား ပြုလိုက်တော့ လက်ရမ်းက စာရေးသူဖက်  သို့ယိမ်းယိုင်လာသည်။ ပျဉ်းကထိုးသားဖြင့် လုပ်ထားသောလှေကားကြီးပင်၊ ဒီဘ၀ ရောက်နေပြီဆိုတော့ သစ်ရိုင်းများဖြင့်  ဆောက်ထားသော (၂) ထပ်အဆောက် အအုံကြီးကိုခန့်မှန်းလို့ရပါပြီ။

လာရင်းကိစ္စပြီးမြောက်အောင်လှေ  ကားကို ဆက်တက်သွားပြီး။ လှေကား ထိပ်ရောက်တော့ အခင်းပျဉ်များက ကြို  တို့ကြဲတဲ့ အချို့နေရာတွင် အခင်းမရှိတော့၊ အပေါက်ကိုကျော်နင်းပြီး အုပ်ချုပ်ရေးမှူး   ရုံးခန်းသို့လှမ်းခဲ့သည်။ ရောက်ပါပြီ။ အုပ်ချုပ်ရေးမှူးရုံးခန်းအုပ်ချုပ်ရေးမှူးက ပျူငှာစွာနှုတ်ခွန်းဆက်ပါသော်လည်း သူ့ကိုမော့မကြည့်ရဲ သူမျက်နှာကို မော့ မကြည့်ရဲပါ။ အုပ်ချုပ်ရေးမှူးကို ကြောက်  ၍ဟုထင်ကောင်းထင်နိုင်ပါသည်။ မဟုတ်  ပါ။ သူ့ထက်အရေးကြီးသည့်ပေါက်ပြဲနေ သောကြမ်းပေါက်ကျွံမကျအောင်ဂရုစိုက် ၍ အောက်ကိုကြည့်နေရခြင်းကြောင့်ဖြစ် ပါသည်။

အောက်ကြမ်းပြင်ကို မျက်စေ့ခွာပြီး  မော့ကြည့်လိုက်တော့ သွပ်မိုးများမိုးယို၍ သွပ်ပြားအောက်တွင် တာလပတ်ကြီးတစ်  ချပ်မိုးထားသည်။ အုပ်ချုပ်ရေးမှူး၏ ဘယ်ဘက်တွင် ရပ်မိရပ်ဖ (၂) ဦးထိုင်နေ  သည်။ အုပ်ချုပ်ရေးမှူး၏ညာဘက်တွင်   စာရေးလေးနှင့် လူငယ် (၂) ဦး၊ ဧည့်စာ ရင်း၊ ထောက်ခံစာ၊ မကြာမီရွေးချယ်တော့  မည်အုပ်ချုပ်ရေးမှူးရွေးပွဲအတွက် အိမ် ထောင်စုစာရင်းများစိစစ်၊ စာရင်းပြုစုနေ ကြသည်။ အတော်ပင်အလုပ်ရှုပ်နေကြ သော မြင်ကွင်းဖြစ်သည်။ အုပ်ချုပ်ရေး  မှူးနောက်တွင် ရပ်မိရပ်ဖစာရင်း၊ နောက် ကြောတစ်ဖက်တွင်လမ်းအလိုက်လမ်းမှူး    များ စာရင်းပါဗနိုင်းများချိတ်ဆွဲထား သည်။ သူတို့အလုပ်လုပ်ကြပါသည်။
အုပ်ချုပ်ရေးမှူးနောက်ဖက်တွင် အကာပျဉ်များပြုတ်ကျနေသည်။ ဘေး ဘက်အခန်းလွတ်တွင် ရှုတ်ပွနေသော စာရွက်စာတမ်းများ၊ စက္ကူထည့်ထားသော  အိတ်များက ဖရိုဖရဲရှိနေသည်။ အခန်း   နှင့် ယှဉ်လျက်နေရာတွင် အိပ်ယာလိပ် များ၊ အ၀တ်အဟောင်းများ ပုဆိုးများ နွေးထည်များ တိုးလို့တန်းလန်းရှိနေသည်။  တစ်ဖက်ခန်းများကတော့လူနေလို့မရတော့  သောအခြေအနေဖြစ်နေပြီမို့ပိတ်ထားရ ချေပြီ။
 ခြေနင်း၍မရတော့ပါ။

အုပ်ချုပ်ရေးမှူးထိုင်ခုံ၊ ခြေလေး ချောင်းအနီးတွင် အပေါက်ကြီးတစ်ယောက်   ရှိနေသည်။ လားလား၊ ကျွံကြလိုက်မှဖြင့်  အုပ်ချုပ်ရေးမှူးပစ်္စည်းတွေ ညှပ်သွားကြ ပေမည်။ တစ်ဆက်တည်းကြမ်းပြင်ကို ငုံ့ ကြည့်လိုက်တော့ အပေါက်များမှ မြင်တွေ့   ရသော အောင်ထပ်မှ မီးရောင်များဖြစ် သည်။ လှေခါးရင်းတွင် အောက်ထပ်၌  မိသားစုတစ်စုနေသည်။ ဘိလိယက်ခုံရှိ သည်။ အလယ်ခန်းတွင် ရှုတ်ပွနေသော လျှပ်စစ်ပစ်္စည်းပြုပြင်သည့်ဆိုင်ရှိသည်။ အစွန်ခန်းတွင် စာအုပ်အရောင်းဆိုင်၊ အငှားဆိုင်လေးရှိနေသည်။ သူတို့နေရဲ သည့် သတ်္တိကို စိတ်ထဲကချီးကျူးမိပါ သည်။ ရုံးခန်းအ၀ ၀ရံတာပေါ်ကကြည့် လိုက်လျှင် အောက်ထပ်အဖီလေး၏ အမိုးကိုတွေ့မြင်ရသည်။ အမိုးသွပ်ပြား  များပေါက်ပြဲနေ၍ ပလပ်စတစ်စ တာလ  ပတ်စများဖြင့် ဖြစ်သလိုအုပ်မိုးထားသည်။

ပလပ်စတစ်စများ တာလပတ်စများလွင့်  ကျမသွားရစေရန် အုတ်ခဲအလုံးလိုက်၊ အုတ်ခဲထက်ပိုင်းကျိုး (၂၄) လုံးဖြင့် ဖိထားသည်။ ပလပ်စတစ်စနှင့် တာလ ပတ်စများကတော့ ငြိမ်နေပါသည်။  အကယ်၍ အုတ်ခဲများပြုတ်ကျပါက စဉ်းစားဝံ့စရာမရှိချေ။
အပြန်လမ်းဝရံကာကိုအသက်အောင့် ၍ နင်းပြီးထွက်ခဲ့ရာ လှေခါးထိပ်သို့ အရောက်တွင်အဆောက်အဦး၏ခြေရင်း  ဘက်အကာများကို ကြည့်လိုက်တော့ အကာပျဉ်သုံးပုံနှစ်ပုံခန့်မရှိတော့၊ ရှိပြန် တော့လည်း၊ တို့လို့တန်းလန်းပြုတ်ကျနေ သည်။ (ဓမ္မာရုံဖက်အခြမ်း)၊ အောက်ထပ်   နေပုဂ်္ဂိုလ်များအနေဖြင့် ပြိုကျလုထို အဆောက်အအုံတွင်နေရဲသည်ဆိုပါသော် လည်း အကယ်၍ ပြုတ်ကျပါကကြွက် ထောင်ချောက် “ဘိ”အောက်ရောက်သွား သည့် ကြွက်လေးကိုပြေးမြင်မိသည်။ အူယားစရာရင်လေးစရာမြင်ကွင်းများ။
စိတ်ပျက်လက်ပျက်ဖြင့် ဆင်းလာရင်း  အဆောက်အအုံရှေ့ရောက်တော့ အဆောက်အအုံကို မော့ကြည့်လိုက်မိ သည်။ အားတက်သွားသည်။ တစ်ရပ်ကွက်  လုံးမှာရှိသော အဖွဲ့အစည်း (၇) ခု၏ ဆိုင်းဘုတ်များက အစီအရီခန့်ထည်စွာ   ချိတ်ဆွဲထားသည်။ ထိုဆိုင်းဘုတ်များကို တစ်ခုချင်းအသံတိုးတိုးလေးထွက်ခါဖတ် ကြည့်လိုက်သည်။ အလိုလိုအင်အားတွေ ပြည့်သွားသည်။

(၁) မြန်မာနိုင်ငံစစ်မှုတမ်းဟောင်းများအဖွဲ့ ကျိုက္ကဆံရပ်ကွက်။
(၂) မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ ကျိုက္ကဆံရပ်ကွက်။
(၃) ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး။
(၄) ကျိုက္ကဆံရောင်းဝယ်ရေးသမ၀ါယမ အသင်းလီမိတက်။
(၅) ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး ကျိုက္ကဆံ ရပ်ကွက်။
(၆) ရပ်ကွက်အမျိုးသမီးရေးရာအဖွဲ့ ကျိုက္ကဆံရပ်ကွက်။
(၇) ဗဟန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ ကျိုက္ကဆံရပ်ကွက်။
(၈) ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကျိုက္ကဆံရပ်ကွက် (လမ်းမကိုကြောခိုင်းထားသည်)
ဖော်ပြပါရှိချိတ်ဆွဲထားသော ဆိုင်းဘုတ်များကြောင့် ရပ်ကွက်ကိုဘက် စုံက ဦးဆောင်နေသောအဖွဲ့အစည်းပေါင်း  စုံရုံးစိုက်ရာအဆောက်အအုံဖြစ်နေပြီကိုး  ဟု သိလိုက်ရသည်။ ဒါဆိုပြိုလုလု ဒီအဆာက်အအုံအိုအိုကြီးကိုဆိုင်းဘုတ် တင်ထားသော ဘယ်အဖွဲ့အစည်းတွေက ဘယ်လိုဆောင်ရွက်ကြမည်ကိုမေးကြည် ချင်စမ်းပါဘိ။ စေတနာနဲ့ပါ။

မောင်ချမ်(သူရဲသမိန်) Hot News


နေစရာမြေမရှိလို့ ဒီနေရာမှာလာနေကြတာပါ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်  သိမ်ဇရပ်ရှိ စက္ကူစက်ရုံ(စစ်တောင်း)  ၏ ယူကလစ်စိုက်ခင်းအမှတ်၆/   ၂၀၀၄အတွင်း လူအချို့က အိမ် ခြံမြေနေရာများကို ယခုနှစ် စက် တင်ဘာလမှ စတင်၍ ၎င်းတို့ သဘောဆန္ဒဖြင့် ခွင့်ပြုချက်မရ ဘဲ ဖော်ထုတ်ခြင်း၊အိမ်များဆောက် လုပ်နေထိုင်ခြင်းသည် ဥပဒေမဲ့ လုပ်ရပ်ဖြစ်နေသဖြင့် ထိုသူများ  အား မြို့နယ်အုပ်ချုပ်ရေးမှူးက တွေ့ဆုံး၍ သတိပေးစကားပြော ကြားပြီးနောက် အုပ်ချုပ်ရေးမှူး    က တွေ့ဆုံ၍သတိပေးစကားပြော  ကြားပြီးနောက် သတ်မှတ်ရက် အတွင်းဖယ်ရှားပေးခြင်းမရှိပါက   ဥပဒေနှင့်အညီအရေးယူဆောင် ရွက်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၉ရက်ကပြောသည်။

ဝါးဒတ်ကွင်းရပ်ကွက် ယင်း ယူကလစ်စိုက်ခင်းအတွင်း စက် တင်ဘာလက လူအင်အား ၁၀၀ ကျော်ဖြင့် အိမ်ခြံမြေကွက်များ ဖော်ထုတ်ခဲ့သဖြင့် မြို့နယ်အုပ်ဆုံ ကာ သတိပေးစကားများပြောကြား  ပြီးနောက် ခြံကွက်ဖော်ထုတ်ထား သော ငုတ်များအားဖယ်ရှားခဲ့ကြ သည်။ သို့ရာတွင် ကျူးကျော်သူ များက အောက်တိုဘာလကုန် ပိုင်းမှစ၍ ကညင်အိုင်နှင့်ဇီး ပြောင်း ၅သွားရာလမ်းဘေး၌ ယာယီတဲငယ်များဆောက်လုပ်၍ ကျူးကျော်မှုများပြုလုပ်သဖြင့် စက်ရုံမှတာဝန်ရှိသူများက သက် ဆိုင်ရာသို့ တင်ပြပြီးနောက် ယင်း တဲငယ်များကိုဖယ်ရှားခဲ့သည်။သို့ ရာတွင် ကျူးကျော်သူများက ယာ ယီတဲငယ်များအပြင်လူနေတဲများ  ပါ ဆောက်လုပ်နေထိုင်ခဲ့ကြသ ဖြင့် စက်ရုံမှတာဝန်ရှိသူများက   သိမ်ဇရပ်ရဲစခန်းတွင် အမှုတိုင် ကြားခဲ့ရာ ကျူးကျော်သူ(၂၃)ဦး အား (ပ)၄၈/၂၀၀၈ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၄၄၇ဖြင့် တရား   စွဲဆိုခဲ့သည်။ထိုသို့တရားစွဲဆိုပြီး နောက်ပိုင်းတွင်လည်း ကျူးကျော်     ၍နေအိမ်ဆောက်လုပ်ခဲ့ကြသည်။ အလားတူ ၀ါးဒတ်ကွင်းရပ်ကွက်    နေရပ်မိရပ်ဖ စေတနာ့ဝန်ထမ်း  အဖွဲ့ကလည်း အိမ်ခြံမြေကွက်များ     ဖော်ထုတ်ပေးရန် မွန်ပြည်နယ်  အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ စာရေး   သားတင်ပြခြင်း၊ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးအချို့နှင့်တွေ့ဆုံ ပြီး ဖြစ်သည်ဆိုကာ ဒီဇင်ဘာ ၁၃ရက်မှစ၍ အိမ်ခြံမြေကွက်များ ဖော်ထုတ်ခဲ့ကြသည်။

ထိုသို့ဖော်ထုတ်ကြရာတွင်    ရန်ကုန်မြို့အလုပ်သမားသမဂ္ဂများ လွတ်လပ်ရေးတာဝန်ခံဦးမြင့်စိုး  (ခ)လေဘာမြင့်စိုးက ဦးဆောင်   ခဲ့ပြီး အပတ်စဉ်ထုတ်သတင်း ဂျာနယ်အချို့နှင့် SKY NET ရုပ်သံ  တို့ကိုလည်း ဖိတ်ခေါ်ရှင်းလင်းခဲ့ သည်။ ရပ်မိရပ်ဖစေတနာ့ဝန်ထမ်း     အဖွဲ့အနေနှင့်ခြံမြေကွက် ၄၇၄  ကွက်ဖော်ထုတ်ရန်ရှိပြီး ၆၀ပေx  ၈၀ပေ ခြံထွက်တစ်ကွက်အတွက် ငွေ၃၃၀၀၀ကျပ် ကောက်ခံခဲ့ ကြောင်း ဒီဇင်ဘာ၁၈ရက်အထိ ခြံကွက် ၃၀၂ကွက်ဖော်ထုတ်ခဲ့ပြီး   ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေး  မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြော  သည်။

အဆိုပါခြံမြေကွက်ဖော်ထုတ်   နေသူများအား ဒီဇင်ဘာ ၁၇ရက်   နှင့်၁၉ရက်တို့တွင် ကျိုက်ထိုမြို့  နယ် အုပ်ချုပ်ရေးမှူးဦးမျိုးအောင်   (ဒီဇင်ဘာ၁၄ရက်မှတာဝန်ထမ်း ဆောင်သူ)ကခေါ်ယူတွေ့ဆုံ၍ နိုင်ငံပိုင်မြေ၌ ဆက်လက်ကျူး ကျော်နေထိုင်ခြင်းမှာ တရားဥပဒေ  ဘောင်အတွင်းမဟုတ်သဖြင့် သတ်မှတ်ရက်ထုတ်ပြန်ပြီးသည့် နေ့တွင် ဖယ်ရှားပေးကြရန်ဖယ် ရှားပေးခြင်းမရှိပါက တရားဥပဒေ    အရအရေးယူခြင်းခံရမည်ဖြစ် ကြောင်း နှင့်အမှန်တကယ်နေထိုင်  ရန်မြေမရှိပါက စိစစ်ဆောင်ရွက်   ၍ မြေနေရာများဖော်ထုတ်ပေး နိုင်ရန် အဆင့်ဆင့်တင်ပြပေးမည် ဖြစ်ကြောင်း အသိပေးပြောကြား ပြီး နောက် ““နိုင်ငံတော်ပိုင်မြေ၊ မကျူးကျော်ရ””ဟူသော သတိပေး    ဆိုင်းဘုတ်များကို ယူကလစ်ပင် များတွင်း သံရိုက်၍ ကပ်ခဲ့ကြောင်း   ကျူးကျော်နေအိမ်ဆောက်လုပ်   သူများ ကပြောသည်။
ကျူးကျော်နေအိမ်ဆောက် လုပ်နေထိုင်သူတစ်ဦးက ““နေစရာ    နေရာမှာလာနေကြတာပါ။မြေ နေရာစီစဉ်ပေးရင်တော့ ပြန်ပြောင်း မှာပါ။မစီစဉ်ပေးဘဲနဲ့တော့ ဒီနေ ရာမှာဘဲနေမှရမယ်။တရားစွဲရင် လည်း ခံရုံဘဲရှိတယ်။ တချို့လူ  တွေကိုလည်းတရားစွဲထားတယ်လို့  သိရပါတယ်””ဟုပြောသည်။

၎င်းင်းတို့ကျူးကျော်နေထိုင် သော ကညင်းအိုင်နှင့်ဇီးပြောင်း ၅သွားရာလမ်းတွင် ခြံကွက် ၁၃၀   ကျော် ဖော်ထုတ်ထားပြီး အိမ် ထောင်စု ၆၀ခန့်နေထိုင်လျက်ရှိ   ကြောင်း ထိုသူကပြောသည်။ရပ်မိရပ်ဖ စေတနာ့ဝန်ထမ်းခြံ ကွက်ဖော်ထုတ်သူတစ်ဦးက ““အုပ်ချုပ်ရေးမှူးပြောလို့ ကျွန်တော် တို့ ခြံကွက်ဖော်ထုတ်တာ နှစ်ရက် လောက်ရပ်နားထားတယ်။ သူတို့ ဘက်က ခြံမြေရရှိရေးစီစဉ်မပေး နိုင်ရင်တော့ ဒီထက်ပိုမစောင့်ဘဲ    နောက်ရက်တွေမှာ ဆက်ပြီး ဖော် ထုတ်သွားမှာပါ။ဖြစ်လာသမျှရင် ဆိုင်ဖို့ စီစဉ်ထားပါတယ်””ဟုပြော သည်။

မင်းနန္ဒ - Hot News


အိန္ဒိယ ကျောင်းသူ အလောင်း ဒေလီရောက်

နယူးဒေလီမှာ ဘတ်စ်ကားပေါ် လူအုပ်နဲ့ မတရား ပြုကျင့် မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသူရဲ့ ရုပ်အလောင်းကို ပြန်သယ်လာတဲ့ သီးသန့် လေယာဉ်ဟာ ဒေလီ နိုင်ငံတကာ လေဆိပ်ကို ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် ဆေးကျောင်းသူဟာ စင်ကာပူမှာ ဆေးသွားကုရင်း စနေနေ့ နေ့ဦးပိုင်းက ကွယ်လွန် ခဲ့တာ ဖြစ်ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကွယ်လွန်သူ အတွက် ဆီမီးထွန်း ဆုတောင်း

ပါကစ္စတန် တပ်သားတွေကို ပြန်ပေးဆွဲသတ်ဖြတ်

ပါကစ္စတန် အနောက်မြောက်ပိုင်း ဒေသမှာ တွေ့ရှိတဲ့ ရုပ်အလောင်း ၂၁ လောင်းဟာ ပြီးခဲ့တဲ့ ကြာသပတေး နေ့က စစ်သွေးကြွတွေ ပြန်ပေးဆွဲ ခံရတဲ့ အစိုးရ လက်အောက်ခံ အရပ်သား လက်နက်ကိုင် အဖွဲ့က တပ်သားတွေရဲ့ အလောင်းတွေ ဖြစ်ကြောင်း ပါကစ္စတန် အာဏာပိုင် တွေက ပြောကြား ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အနောက်မြောက် နယ်ခြားဒေသ မတည်ငြိမ်လှ

နိုင်ငံခြားသားဆက်သွယ်မှုများ ကြားဖြတ်ယူခွင့် အမေရိကန်လွှတ်တော် သက်တမ်းတိုး

အမေရိကန် ပြည်ထောင်စုရောက် နိုင်ငံခြား သားတွေရဲ့ တယ်လီဖုန်း စကားပြောဆို မှုတွေနဲ့ အင်တာနက် ဆက်သွယ်ရေး တွေကို ပြည်ထောင်စု အစိုးရက ၀ရမ်းမလိုဘဲ ကြားဖြတ် နားထောင်ခွင့်ပြုတဲ့ ဥပဒေကို နောက်ထပ် ၅ နှစ်သက်တမ်း တိုးမြှင့်ရေး အထက်လွှတ်တော်က မဲအများစုနဲ့ မနေ့က အတည်ပြု လိုက်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ