နေစရာမြေမရှိလို့ ဒီနေရာမှာလာနေကြတာပါ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်  သိမ်ဇရပ်ရှိ စက္ကူစက်ရုံ(စစ်တောင်း)  ၏ ယူကလစ်စိုက်ခင်းအမှတ်၆/   ၂၀၀၄အတွင်း လူအချို့က အိမ် ခြံမြေနေရာများကို ယခုနှစ် စက် တင်ဘာလမှ စတင်၍ ၎င်းတို့ သဘောဆန္ဒဖြင့် ခွင့်ပြုချက်မရ ဘဲ ဖော်ထုတ်ခြင်း၊အိမ်များဆောက် လုပ်နေထိုင်ခြင်းသည် ဥပဒေမဲ့ လုပ်ရပ်ဖြစ်နေသဖြင့် ထိုသူများ  အား မြို့နယ်အုပ်ချုပ်ရေးမှူးက တွေ့ဆုံး၍ သတိပေးစကားပြော ကြားပြီးနောက် အုပ်ချုပ်ရေးမှူး    က တွေ့ဆုံ၍သတိပေးစကားပြော  ကြားပြီးနောက် သတ်မှတ်ရက် အတွင်းဖယ်ရှားပေးခြင်းမရှိပါက   ဥပဒေနှင့်အညီအရေးယူဆောင် ရွက်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၉ရက်ကပြောသည်။

ဝါးဒတ်ကွင်းရပ်ကွက် ယင်း ယူကလစ်စိုက်ခင်းအတွင်း စက် တင်ဘာလက လူအင်အား ၁၀၀ ကျော်ဖြင့် အိမ်ခြံမြေကွက်များ ဖော်ထုတ်ခဲ့သဖြင့် မြို့နယ်အုပ်ဆုံ ကာ သတိပေးစကားများပြောကြား  ပြီးနောက် ခြံကွက်ဖော်ထုတ်ထား သော ငုတ်များအားဖယ်ရှားခဲ့ကြ သည်။ သို့ရာတွင် ကျူးကျော်သူ များက အောက်တိုဘာလကုန် ပိုင်းမှစ၍ ကညင်အိုင်နှင့်ဇီး ပြောင်း ၅သွားရာလမ်းဘေး၌ ယာယီတဲငယ်များဆောက်လုပ်၍ ကျူးကျော်မှုများပြုလုပ်သဖြင့် စက်ရုံမှတာဝန်ရှိသူများက သက် ဆိုင်ရာသို့ တင်ပြပြီးနောက် ယင်း တဲငယ်များကိုဖယ်ရှားခဲ့သည်။သို့ ရာတွင် ကျူးကျော်သူများက ယာ ယီတဲငယ်များအပြင်လူနေတဲများ  ပါ ဆောက်လုပ်နေထိုင်ခဲ့ကြသ ဖြင့် စက်ရုံမှတာဝန်ရှိသူများက   သိမ်ဇရပ်ရဲစခန်းတွင် အမှုတိုင် ကြားခဲ့ရာ ကျူးကျော်သူ(၂၃)ဦး အား (ပ)၄၈/၂၀၀၈ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၄၄၇ဖြင့် တရား   စွဲဆိုခဲ့သည်။ထိုသို့တရားစွဲဆိုပြီး နောက်ပိုင်းတွင်လည်း ကျူးကျော်     ၍နေအိမ်ဆောက်လုပ်ခဲ့ကြသည်။ အလားတူ ၀ါးဒတ်ကွင်းရပ်ကွက်    နေရပ်မိရပ်ဖ စေတနာ့ဝန်ထမ်း  အဖွဲ့ကလည်း အိမ်ခြံမြေကွက်များ     ဖော်ထုတ်ပေးရန် မွန်ပြည်နယ်  အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ စာရေး   သားတင်ပြခြင်း၊ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးအချို့နှင့်တွေ့ဆုံ ပြီး ဖြစ်သည်ဆိုကာ ဒီဇင်ဘာ ၁၃ရက်မှစ၍ အိမ်ခြံမြေကွက်များ ဖော်ထုတ်ခဲ့ကြသည်။

ထိုသို့ဖော်ထုတ်ကြရာတွင်    ရန်ကုန်မြို့အလုပ်သမားသမဂ္ဂများ လွတ်လပ်ရေးတာဝန်ခံဦးမြင့်စိုး  (ခ)လေဘာမြင့်စိုးက ဦးဆောင်   ခဲ့ပြီး အပတ်စဉ်ထုတ်သတင်း ဂျာနယ်အချို့နှင့် SKY NET ရုပ်သံ  တို့ကိုလည်း ဖိတ်ခေါ်ရှင်းလင်းခဲ့ သည်။ ရပ်မိရပ်ဖစေတနာ့ဝန်ထမ်း     အဖွဲ့အနေနှင့်ခြံမြေကွက် ၄၇၄  ကွက်ဖော်ထုတ်ရန်ရှိပြီး ၆၀ပေx  ၈၀ပေ ခြံထွက်တစ်ကွက်အတွက် ငွေ၃၃၀၀၀ကျပ် ကောက်ခံခဲ့ ကြောင်း ဒီဇင်ဘာ၁၈ရက်အထိ ခြံကွက် ၃၀၂ကွက်ဖော်ထုတ်ခဲ့ပြီး   ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေး  မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြော  သည်။

အဆိုပါခြံမြေကွက်ဖော်ထုတ်   နေသူများအား ဒီဇင်ဘာ ၁၇ရက်   နှင့်၁၉ရက်တို့တွင် ကျိုက်ထိုမြို့  နယ် အုပ်ချုပ်ရေးမှူးဦးမျိုးအောင်   (ဒီဇင်ဘာ၁၄ရက်မှတာဝန်ထမ်း ဆောင်သူ)ကခေါ်ယူတွေ့ဆုံ၍ နိုင်ငံပိုင်မြေ၌ ဆက်လက်ကျူး ကျော်နေထိုင်ခြင်းမှာ တရားဥပဒေ  ဘောင်အတွင်းမဟုတ်သဖြင့် သတ်မှတ်ရက်ထုတ်ပြန်ပြီးသည့် နေ့တွင် ဖယ်ရှားပေးကြရန်ဖယ် ရှားပေးခြင်းမရှိပါက တရားဥပဒေ    အရအရေးယူခြင်းခံရမည်ဖြစ် ကြောင်း နှင့်အမှန်တကယ်နေထိုင်  ရန်မြေမရှိပါက စိစစ်ဆောင်ရွက်   ၍ မြေနေရာများဖော်ထုတ်ပေး နိုင်ရန် အဆင့်ဆင့်တင်ပြပေးမည် ဖြစ်ကြောင်း အသိပေးပြောကြား ပြီး နောက် ““နိုင်ငံတော်ပိုင်မြေ၊ မကျူးကျော်ရ””ဟူသော သတိပေး    ဆိုင်းဘုတ်များကို ယူကလစ်ပင် များတွင်း သံရိုက်၍ ကပ်ခဲ့ကြောင်း   ကျူးကျော်နေအိမ်ဆောက်လုပ်   သူများ ကပြောသည်။
ကျူးကျော်နေအိမ်ဆောက် လုပ်နေထိုင်သူတစ်ဦးက ““နေစရာ    နေရာမှာလာနေကြတာပါ။မြေ နေရာစီစဉ်ပေးရင်တော့ ပြန်ပြောင်း မှာပါ။မစီစဉ်ပေးဘဲနဲ့တော့ ဒီနေ ရာမှာဘဲနေမှရမယ်။တရားစွဲရင် လည်း ခံရုံဘဲရှိတယ်။ တချို့လူ  တွေကိုလည်းတရားစွဲထားတယ်လို့  သိရပါတယ်””ဟုပြောသည်။

၎င်းင်းတို့ကျူးကျော်နေထိုင် သော ကညင်းအိုင်နှင့်ဇီးပြောင်း ၅သွားရာလမ်းတွင် ခြံကွက် ၁၃၀   ကျော် ဖော်ထုတ်ထားပြီး အိမ် ထောင်စု ၆၀ခန့်နေထိုင်လျက်ရှိ   ကြောင်း ထိုသူကပြောသည်။ရပ်မိရပ်ဖ စေတနာ့ဝန်ထမ်းခြံ ကွက်ဖော်ထုတ်သူတစ်ဦးက ““အုပ်ချုပ်ရေးမှူးပြောလို့ ကျွန်တော် တို့ ခြံကွက်ဖော်ထုတ်တာ နှစ်ရက် လောက်ရပ်နားထားတယ်။ သူတို့ ဘက်က ခြံမြေရရှိရေးစီစဉ်မပေး နိုင်ရင်တော့ ဒီထက်ပိုမစောင့်ဘဲ    နောက်ရက်တွေမှာ ဆက်ပြီး ဖော် ထုတ်သွားမှာပါ။ဖြစ်လာသမျှရင် ဆိုင်ဖို့ စီစဉ်ထားပါတယ်””ဟုပြော သည်။

မင်းနန္ဒ - Hot News


နေစရာမြေမရှိလို့ ဒီနေရာမှာလာနေကြတာပါ နေစရာမြေမရှိလို့ ဒီနေရာမှာလာနေကြတာပါ Reviewed by သစ်ထူးလွင် on 13:00 Rating: 5
Powered by Blogger.