ထူးခြားတဲ့ အ၀ပြန် စာသင်ကျောင်းလေး

အခုတင်ပြ လိုက်တဲ့ ပုံလေးက ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ တယ်ပင်ဆိပ်ကျေးရွာ အုပ်စု က အ၀ပြန် ဆိုတဲ့ရွာလေးမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းလေးဖွင့်ပြီး စာသင်နေကြရ ပုံလေးများ ဖြစ်ပါတယ်။ ဆရာမလေးများကိုလည်း အရပ်ခန့်အနေနဲ့ ငှားသင်ကြရတာပါ။

ယခင်က စီးပွားရေးဖွံ့ဖြိုးခဲ့ပေမယ့် နာဂစ်ပြီးတည်းက စီးပွားရေးက ပြန်နာလန်မထူတော့လို့ လုပ်ငန်းရှင်တော်တော်များများ ပြောင်းရွှေ့သွားကြပြီး ရွာမှာ လက်လုပ်လက်စား မိသားစုတွေပဲ ကျန်ပါတော့တယ်။ ဒီရွာလေးနဲ့ အနီးဆုံးက လဘတပင်ဆိုတဲ့ရွာဖြစ်ပြီး အဲဒီရွာမှာတော့ ကျောင်းသား နည်းပေမယ့် စာသင်ကျောင်း ကောင်းကောင်းရှိပါတယ်။ အရင်ခေတ်က လူကြီးတစ်ယောက်နဲ့ ရင်းနှီးလို့ရထားတာလို့ သိရပါတယ်။ အ၀ပြန်ရွာ မှ အဆိုပါ စာသင်ကျောင်းရှိရာရွာသို့  နာရီဝက်သာသာ စက်လှေစီးရင် ရောက်ပေမယ့် ကျောင်းသားတွေကများ၊ ကြိုပို့အတွက်တာဝန်ယူမယ့်သူက မရှိဟုသိရပါတယ်။ ဒီဓါတ်ပုံများကို 27.12.2012 ရက်နေ့ကရိုက်ထားတာပါ။

Myanmar News Now
ထူးခြားတဲ့ အ၀ပြန် စာသင်ကျောင်းလေး ထူးခြားတဲ့ အ၀ပြန် စာသင်ကျောင်းလေး Reviewed by သစ်ထူးလွင် on 22:25 Rating: 5
Powered by Blogger.