ပြည်သူ့စစ် စခန်းကို ကေအိုင်အေ စီးနင်းတိုက်ခိုက်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီ ကျေးရွာ ပြည်သူ့ စစ်စခန်းကို ကေအိုင်အေက ယနေ့ နံနက် ၂ နာရီ ဝန်းကျင် ခန့်တွင် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

ယင်း တိုက်ခိုက်မှုကို ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း၅ မှ အထူး တိုက်ခိုက်ရေး အင်းအား ၇၀ ဝန်းကျင် ခန့်က အဖွဲ့နှစ်ဖွဲ့ ခွဲကာ တောာင်နီကျေးရွာ အရှေ့ဘက် ဇွတ်လျန် ကျေးရွာဘက်မှ ဝင်ရောက်လာပြီး ခရမ ၃၈၄ ဒုအရာခံဗိုလ် ဦးစီးသည့် ပြည်သူ့စစ် စခန်း နှင့် ခလရ ၁၀၅ တပ်ရင်းမှ ဗိုလ်ကြီး ဦးစီးသည့် မန္တလေး- မြစ်ကြီးနားလမ်း လုံခြုံရေး ယူထားသည့် ပြည်သူ့စစ် စခန်းများကို စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေး အဖွဲ့က အတည်ပြု ပြောကြားသည်။

ယင်းတိုက်ခိုက်မှု များနှင့် ပတ်သက်၍ ကေအိုင်အေထံ အတည်ပြုချက်နှင့် သဘောထား မှတ်ချက် တို့ကို တောင်းခံ နေဆဲ ဖြစ်သည်။

The Voice Weekly



လဂျားယန် စစ်မျက်နှာသို့ ချီတက်လာသော မြန်မာအစိုးရ တပ်များကို ကေအိုင်အေက ၁၂၀မမ ဖြင့် ပစ်ခတ် နေသည်ကို တွေ့မြင်ရစဉ်။

လဂျားယန် တိုက်ပွဲတွင် တပ်မတော်က လေကြောင်းဖြင့် တိုက်ခိုက် နေသည်ကို ဒီဇင်ဘာ ၃၀ရက်နေ့ နံနက် ၁၁နာရီ ခန့်က တွေ့မြင်ရစဉ်။

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ