တန့်ဆည်မှာ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၁ ဦးကျော်သေဆုံး


တန့်ဆည်၊ ဩဂုတ် ၁၃၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွာငယ်ရွာမှာ ရဟတ်ယာဉ်နဲ့ပစ်ခတ်အင်အားချ စစ်ကြောင်းထိုးပြီးနောက် နယ်မြေခံကာကွယ်ရေးအဖွဲ့တွေနဲ့  ၂ ရက်ဆက်တိုက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ Myanmar Defense Forceရဲ့ ရဲဘော်တဦးက ပြောပါတယ်။

ဩဂုတ်လ ၈ ရက်ကတည်းက ရဟတ်ယာဉ် ၃ စီးနဲ့ အင်အား ၁၀၀ ဝန်းကျင်ကိုချထားခဲ့ပြီး၊ အနီးနားကရွာတွေကို စစ်ကြောင်းထိုးတာတွေ၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်တဲ့အတွက် သြဂုတ် ၉ ရက် နဲ့ ၁၀ ရက်မှာ ဆက်တိုက်ဆိုသလို တိုက်ပွဲဆင်နွှဲခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ဒုတိယရက်တိုက်ပွဲက မိနစ် ၄၀ ကျော်တယ်၊ အရမ်းမဝေးတဲ့အနေထားကနေ မျက်နှာချင်းဆိုင် battle ပစ်ရတယ်၊ မျက်မြင်အတည်ပြုနိုင်တာက စစ်သား ၁၁ ကောင်ကျတယ်၊ ဒဏ်ရာရအများအပြားရှိတယ်၊ ၉ ရက်နေ့မိုင်းဆွဲတာကတော့ ထိချက်မှန်ပေမယ့် အဝေးကဆွဲရတာဖြစ်လို့ အတည်မပြုနိုင်ဘူး။”လို့ အဆိုပါရဲဘော်က ပြောပါတယ်။

တန့်ဆည်မှာက တိုက်ပွဲငယ်လေးတွေ မကြာခဏဆိုသလိုဖြစ်နေပေမယ့် ခုလက်ရှိ လေကြောင်းနဲ့ပစ်ပြီး စစ်ကြောင်းထိုးခံရတဲ့ ကျေးရွာတဝိုက်မှာတော့ တိုက်ပွဲဖြစ်တာမရှိဘဲ သီးသန့်လာပစ်သွားတာလို့လည်း ဆိုပါတယ်။

Myanmar Defense Force (ရွှေဘိုခရိုင်တပ်ရင်း-၂၆)၊ တန့်ဆည် PDF တပ်ရင်း-၆တို့မှ ပူးပေါင်းတိုက်စစ်ဆင်ခဲ့ကြတာဖြစ်ပြီး အဆိုပါတိုက်ပွဲကို တိုက်ရဖို့အတွက် ရဲဘော်တွေအနေနဲ့ ၆ ရက်တိတိ တောထဲမှာ ခက်ခက်ခဲခဲနေခဲ့ရတယ်လို့လည်း သူကပြောပါတယ်။


မြေလတ်အသံ - Myaelatt Athan 

တန့်ဆည်မှာ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၁ ဦးကျော်သေဆုံး တန့်ဆည်မှာ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၁ ဦးကျော်သေဆုံး Reviewed by THITHTOOLWIN on 22:47 Rating: 5

No comments:

Powered by Blogger.