Local PDF စခန်းတခုကို မီးဝင်ရှို့တဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်မိုင်းမိလို့ ၁၀ ယောက်ကျော်သေဆုံး


ဒီပဲယင်း၊ ဩဂုတ် ၁၃၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ တိုက်ရွာနဲ့ဖုတ္တန်းတော တဝိုက်မှာရှိတဲ့ လက်ခုပ်ပင်ကျောင်းထဲက PDF စခန်းတခုကို မီးဝင်ရှို့ရင်း  စခန်းဝမှာထောင်ထားတဲ့ တိုက်မိုင်းတွေကွဲလို့ စစ်ကောင်စီဘက်က သေဆုံးမှုရှိတယ်လို့ ‌ဒီပဲယင်းနယ်မြေခံတဦးက ပြောပါတယ်။

ဩဂုတ် ၁၃ရက် ဒီကနေ့ နေ့လည် ၁ နာရီခွဲလောက်က ဖုတ္တန်းတော မိချောင်းအိုင် ၊ တိုက်ရွာ တဝိုက်ကို အင်အား ၇၀ လောက်နဲ့ ဝင်ရောက် ဖျက်ဆီးသွားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“လက်လှုပ်မြောက်ရွာမှာ အရင်နေ့တုန်းက စစ်ကြောင်းတကြောင်းက ပုန်းနေတာ ကျတော်တို့ကမသိလိုက်ဘူးဗျ၊ တောတိုက်ထဲမှာပုန်းနေပြီး မူးကမ်းကြီးဝင်မလိုလိုနဲ့ စခန်းရှိတဲ့နေရာကို မီးဝင်ရှို့တာ၊ အဝင်မှာမိုင်းမိပြီး ၁၅ ကောင်လောက် သေတယ်လို့လည်းကြားတယ်၊ အတည်တော့မပြုနိုင်သေးဘူး။” လို့ သူကပြောပါတယ်။

ကာကွယ်ရေးအဖွဲ့တွေကတော့ စခန်းအဝင်မှာ တိုက်မိုင်းတွေဆင်ထားခဲ့ပြီး အရင်ရက်တွေထဲက စစ်ဘေးရှောင်ရင်း လွတ်ရာရောက်ရှိနေတဲ့အတွက် အထိခိုက်မရှိဘူးလို့လည်း သိရပါတယ်။

ခုလက်ရှိ လက်လှုပ်ရွာတဝိုက်မှာပဲ ရှိနေသေးပြီး ‌အနီးနားရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့အတွက်  ရွှေတိုက်ရွာ၊ ဟင်္သာ၊အုပ်ရှင်းကြီး၊ဖုတ္ထန်းတော၊မိချောင်းအိုင် စတဲ့ကျေးရွာနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

Local PDF စခန်းတခုကို မီးဝင်ရှို့တဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်မိုင်းမိလို့ ၁၀ ယောက်ကျော်သေဆုံး Local PDF စခန်းတခုကို မီးဝင်ရှို့တဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်မိုင်းမိလို့  ၁၀ ယောက်ကျော်သေဆုံး Reviewed by THITHTOOLWIN on 22:45 Rating: 5

No comments:

Powered by Blogger.