ရင်ပေါင်တိုင်ရွာကို စကစတပ်က လေကြောင်းသုံး တိုက်ခိုက်ပြီး အရပ်သားပြည်သူ ၄ ဦးကို သတ်ဖြတ်ထား


ယင်းမာပင်၊ ဩဂုတ် ၁၃

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ပြီးနောက် ရွာတွင် ယနေ့ (ဩဂုတ် ၁၃ ရက်) ထိတပ်စွဲထားပြီး အတည်ပြုထားနိုင်သည့်သတင်းများအရ ဆယ်တန်းကျောင်းသား တစ်ဦး အပါအဝင် အရပ်သားပြည်သူ ၄ ဦးကို သတ်ဖြတ်ထားကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု မှ သိရသည်၊

" ရွာထဲကိုဝင်မရသေးတော့ အခု(ဩဂုတ်၁၃ရက်)ထိ အတည်ပြုနိုင်သေးတာ ၄ ယောက်သေတာပဲ အတည်ပြုနိုင်ပါသေးတယ်ဗျ" ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု မှ တာဝန်ရှိသူတစ်ဦး က လူငယ့်ခေတ် သို့ပြောသည်။

သတ်ဖြတ်ခံရသူများမှာ အသက် ၂၄ နှစ်ရှိ  မမိုးမိုး၊ အသက် ၅၀ နှစ်ရှိ ဒေါ်နွယ်နွယ်၊ အသက် ၄၅ နှစ်ရှိ ကိုဇော်ဝင်းနှင့် အသက် ၁၇ နှစ်အရွယ် ဆယ်တန်းကျောင်းသား မောင်သော်ဖုန်းနိုင် တို့ဖြစ်သည်။ 

ရင်ပေါင်တိုင်ကျေးရွာကို ဩဂုတ်(၁၁)ရက်နေ့က အကြမ်းဖက်စစ်ကောင်စီမှ ရဟတ်ယာဉ်(၅)စီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော် ၇ ဦးကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း အကြမ်းဖက်ဝါဒဖြန့်သူတချို့က ရေးသားထားကြသည်။

သို့သော် လက်ရှိအချိန်ထိ တိကျသည့်အချက်အလက်များ မရှိသေးသလို အကြမ်းဖက်စစ်ကောင်စီမှလည်း ရွာတွင်တပ်စွဲထားပြီး လုယက်အကြမ်းဖက် ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ရင်ပေါင်တိုင်ကျေးရွာအနီးရှိ ပြည်သူများအနေဖြင့်လည်း လေကြောင်းရန်နှင့် အကြမ်းဖက်စစ်အုပ်စုရန်ကို သတိထားရှောင်ရှား ကြရန် ဒေသတွင်းတော်လှန်ရေးအဖွဲ့များက ယမန်နေ့ ဩဂုတ် ၁၂ ရက်က သတိပေးထားသည်။


Lu Nge Khit

ရင်ပေါင်တိုင်ရွာကို စကစတပ်က လေကြောင်းသုံး တိုက်ခိုက်ပြီး အရပ်သားပြည်သူ ၄ ဦးကို သတ်ဖြတ်ထား ရင်ပေါင်တိုင်ရွာကို စကစတပ်က လေကြောင်းသုံး တိုက်ခိုက်ပြီး အရပ်သားပြည်သူ ၄ ဦးကို သတ်ဖြတ်ထား Reviewed by THITHTOOLWIN on 22:51 Rating: 5

No comments:

Powered by Blogger.