ကော့ကရိတ်မြို့တွင်းတိုက်ပွဲ ရဲမှူးအပါအဝင် ၁၂ ဦးသေဆုံးပြီး သေနတ် ၆ လက်ရ


ဩဂုတ်လ ၁၅ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းက ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ ထွေအုပ်ရုံး စတဲ့နေရာတွေအပါ အဝင် မြို့တွင်းတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

စစ်အုပ်စုထောက်တိုင်နေရာတွေကို KNLAနဲ့PDF ပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ရဲမှူး ၁ ဦးအပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီးတရားဥပဒေ အရာရှိ ၁ ဦးနဲ့ ရုံးလုပ်သား ၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက် ၆ လက် ရရှိခဲ့တယ်လို့ ကရင့်အမျိုးသားအစည်းအရုံး-KNU ကသတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်က လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ အချက် ၅၀ ထက်မနည်းပစ်ခဲ့လို့ အရပ်သား ၁ ဦး စိုးရိမ်ရ ဒါဏ်ရာ ရရှိခဲ့တယ်လို့ KNU ကဖော်ပြပါတယ်။


Ayeyarwaddy Times 

ကော့ကရိတ်မြို့တွင်းတိုက်ပွဲ ရဲမှူးအပါအဝင် ၁၂ ဦးသေဆုံးပြီး သေနတ် ၆ လက်ရ ကော့ကရိတ်မြို့တွင်းတိုက်ပွဲ ရဲမှူးအပါအဝင် ၁၂ ဦးသေဆုံးပြီး သေနတ် ၆ လက်ရ Reviewed by THITHTOOLWIN on 22:15 Rating: 5

No comments:

Powered by Blogger.