ငွေကျပ်သိန်း ၅၀ တောင်းယူပြီးနောက် ရွာငံဒေသခံ ၁၀ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၆ နှစ်ချ


မဲခေါင်၊ သြဂုတ် ၁၅ 

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည် ကြားရှိ ငှက်ပျောတောကျေးရွာ ဒေသခံများကို စစ်ကောင်စီက ပြီးခဲ့သည့် မေလ အတွင်းက ဖမ်းဆီးခဲ့ ပြီးနောက် ပြန်လွှတ်ပေးမည် ဟုဆိုကာ ပျူစောထီး ခေါင်းဆောင်က ရွာသားများထံမှ ငွေကြေး တောင်းယူခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ဖော်ပြသည်။

ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာနေ ပျူစောထီး ခေါင်းဆောင် ဦးဝင်းမြင့်က PDF ဟု စွပ်စွဲ ဖမ်းဆီးခံရသူ အပြစ်မဲ့ ရွာသား ၁၀ ဦး၏ မိသားစုဝင်များ ထံမှ တစ်ဦးလျှင် ကျပ် ၅ သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၅၀ တောင်းယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက‌ ပြောသည်။ 

ယင်းသို့ ငွေကြေး လိမ်လည် တောင်းယူခဲ့ ပြီးနောက် ဖမ်းဆီးခံထားရသူ ၁၀ ဦးကို စစ်ကောင်စီ လက်အောက်ခံ တရားရုံးက ယခု သြဂုတ်လ အတွင်း ထောင်ဒဏ် ၆ နှစ်စီ ချမှတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက  ပြောသည်။

“ဖမ်းတာကို ပြန်လွတ်အောင် လုပ်ပေးမယ်ဆိုပြီး တစ်ဦးကို ငါးသိန်းနဲ့ တောင်းတယ်။ ပြီးတော့ ဘာမှလည်း လုပ်မပေးဘူး။ ထောင်ကျတာပဲ” ဟု ၎င်းက ပြောသည်။ 

ထောင်ဒဏ် ချမှတ်ခံထားသူများကို တောင်ကြီးခရိုင်ရှိ တောင်လေးလုံး အကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း ၎င်းကဆက်ပြောသည်။

ငှက်ပျောတောကျေးရွာ အနီး မေလပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး ပူးပေါင်းတပ်များ စစ်ကြောင်းထိုးစဉ် PDF ဟု ဆိုကာ အပြစ်မဲ့ ရွာသား ၁၀ ဦးကို ဖမ်းဆီးခဲ့ ပြီးနောက် ယခုကဲ့သို့ ထောင်ချခဲ့ခြင်း  ဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးခံ ထားရသူများ၏ မိသားစုဝင်များ အနေဖြင့် ငွေကြေး အဆင်မပြေဘဲ စားဝတ်နေရေး အဆင်မပြေ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 


MeKong News - မဲခေါင်သတင်း

ငွေကျပ်သိန်း ၅၀ တောင်းယူပြီးနောက် ရွာငံဒေသခံ ၁၀ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၆ နှစ်ချ ငွေကျပ်သိန်း ၅၀ တောင်းယူပြီးနောက် ရွာငံဒေသခံ ၁၀ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၆ နှစ်ချ Reviewed by THITHTOOLWIN on 22:19 Rating: 5

No comments:

Powered by Blogger.