ပလက်ဝ နဲ့ ရခိုင်မြောက်ပိုင်းက နေရာ ၃ ခုမှာ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၃၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိ

ဓာတ်ပုံ - AA

သြဂုတ်လ ၁၅ ရက်

ချင်းပြည်နယ်၊ ပလက်ဝဒေသနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေက စုစုပေါင်း နေရာ ၄ ခုမှာ သြဂုတ်လ ၁၃ ရက်နဲ့ ၁၄ ရက် ၂ ရက်တာအတွင်း စစ်ကောင်တပ်နဲ့တိုက် ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၇ ဦးသေဆုံးကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်-AA က ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။

သြဂုတ်လ ၁၃ ရက်က မနက်ပိုင်းက ရသေ့တောင်မြို့နယ် ၊ ဒုံးပိုက်ကျေးရွာမြောက်ဖက်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်ပူးပေါင်းစစ်ကြောင်းက AA တပ်ဖွဲ့ရှိရာနေ ရာကို ဝင်ရောက်လာခဲ့လို့  ၂ နာရီနီးပါးတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီပူးပေါင်းတပ်က (၃၁) ဦးသေဆုံးခဲ့ပြီး AA ဘက်ကလည်းတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးကာ ဒဏ် ရာရရှိခဲ့တယ်လို့ဖော်ပြပါတယ်။

အဲ့ဒီနေ့ နေ့လည်ပိုင်းမှာဘဲ မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာအနီး စစ်ကောင်စီတပ်ရဲ့ ခလရ (၂၇၀)တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင် စီဘက်က ၆ ဦးသေဆုံးခဲ့ကာ ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး AA ဘက်က  (၂) ဦးဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီအပြင် စစ်ကောင်စီတပ်ရဲ့ ခမရ(၃၅၂)တပ်ရင်းက  ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များရှိရာ စခန်းသို့ တိုက် ခိုက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီတပ်နဲ့ ည ၈ နာရီအထိတိုက်ပွဲဖြစ်ပွားခဲ့တာလို့ထုတ်ပြန်ပါတယ်။

ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၆၀ မမ ပြောင်းရှည်(၁) လက်၊ MA-3 (၁၅) လက်၊ MA-1 (၆) လက်၊MA-4 (၂) လက်၊အခြားလက်နက်ငယ် ၄ လက် ၊ ပစ္စတို (၃) လက်၊ ဆက်သွယ်ရေးစက် (၁) လုံး၊ GPS (၂) လုံး၊ ဂျန်မာစက် (၂) လုံး MG 43 စက်သေနတ် (၁) ခု၊ ဒရုန်း (၂) စီး၊ဆက်သွယ်ရေး ဂြိုလ်တုဖုန်း (၁) လုံး၊ မိုင်းမျိုးစုံ ခြင်းကျား(၃၀)လုံးအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ၊လက်နက်ခဲယမ်း၊ ဆေးဝါး၊ ရိက္ခာအမြောက် အမြားသိမ်းဆည်းရမိခဲ့တယ်လို့ AA ကသတင်းထုတ်ပြန်ထားပါတယ်။


Ayeyarwaddy Times 

ပလက်ဝ နဲ့ ရခိုင်မြောက်ပိုင်းက နေရာ ၃ ခုမှာ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၃၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိ ပလက်ဝ နဲ့ ရခိုင်မြောက်ပိုင်းက နေရာ ၃ ခုမှာ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၃၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 22:13 Rating: 5

No comments:

Powered by Blogger.