မြင်းမူမှာ စစ်ကောင်စီကားတစီး မိုင်းခွဲခံရလို့ စစ်သား ၃ ဦးသေဆုံး


မြင်းမူ၊ ဇူလိုင် ၅၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းမှာ စစ်ကောင်စီကားတစီးကို ဒေသခံကာကွယ်ရေးတပ်တွေက ဇူလိုင်လ ၅ ရက် ဒီနေ့ ညနေ ၃ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်တဲ့အတွက် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးသွားတယ်လို့ Moe Nyo Revolution Force (M.N.R.F) က သတင်းထုတ်ပြန်ထားပါတယ်။

စစ်သားတွေကို တင်ဆောင်လာတဲ့ ၁၂ ဘီးကားဟာ စစ်ကိုင်းမြို့ဘက်ကနေ မြင်းမူမြို့ဘက်ကိုဦးတည်လာစဥ် မြင်းမူမြို့နယ်၊ ထီးဆောင်းရွာနဲ့ ကန်ဖျားရွာဇရပ်ကြားမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"update မြှင့်ထားတဲ့မိုင်းတွေနဲ့ ဆွဲခဲ့တာပါ၊ ၈ လုံးတိတိဆွဲခဲ့တာ၊ သတင်းကြိုရလို့ မနက်တည်းက စောင့်နေတာ၊ ကင်းပုန်းတွေရှိတဲ့ကြားကနေ လုပ်ရတာ၊ ကားတွေကို မိုးကာအုပ်လာတော့ အင်အားကိုတော့ မသိရပေမယ့် သတင်းအရတော့ များတယ်လို့ သိထားပါတယ်၊" လို့ MNRF အဖွဲ့ ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ Moe Nyo Revolution Force M.N.R.F၊ PENTAGRAM ငါးထောင့်ကြယ်၊ PEOPLE REVOLUTION FORCE P.R.F နှင့် People’s Guerillas Commando – Myinmu တို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး၊ ရဲဘော်တွေအနေနဲ့ အထိခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့လေးဖွဲ့ဟာ ဇူလိုင်လ ၄ ရက် မနေ့ညကလည်း စစ်ကိုင်းကထွက်လာတဲ့ စစ်ကောင်စီ ကားတစီးကို မြင်းမူမြို့နယ်၊ နပဲကြူးရွာဇရပ်နဲ့ ကန်ဖျားရွာဇရပ်ကြားကနေ မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ပါသေးတယ်။


မြေလတ်အသံ - Myaelatt Athan 

မြင်းမူမှာ စစ်ကောင်စီကားတစီး မိုင်းခွဲခံရလို့ စစ်သား ၃ ဦးသေဆုံး မြင်းမူမှာ စစ်ကောင်စီကားတစီး မိုင်းခွဲခံရလို့ စစ်သား ၃ ဦးသေဆုံး Reviewed by THITHTOOLWIN on 23:18 Rating: 5

No comments:

Powered by Blogger.