စလင်းတွင် PDF သင်တန်းဆင်းများ အလင်းဝင်သည်ဟု စစ်ကောင်စီဝါဒဖြန့်၊ ထိုသူများမှာ PDF မဟုတ်ကြောင်း စလင်း PDF သတင်းထုတ်ပြန်


မကွေးတိုင်း၊ စလင်းမြို့နယ်တွင် PDF သင်တန်းဆင်းများ အလင်းဝင်သည်ဟု အာဏာသိမ်းစစ်ကောင်စီက ဝါဒဖြန့်သော်လည်း အလင်းဝင်သူများမှာ PDF များ မဟုတ်ကြောင်း စလင်း PDF က ယနေ့ဇွန်လ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယနေ့ဇွန်လ(၂၀)ရက်နေ့၊ နံနက်ပိုင်းက စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ "အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စလင်းတပ်နယ်၊ ပြစ်မှုကျူးလွန်ခြင်းမရှိသော (PDF)သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား"ပြုလုပ်သည်ဟုဆိုကာ စစ်ကောင်စီက ဝါဒဖြန့်ထားခြင်းဖြစ်သည်။

၎င်းဝါဒဖြန့်ခြင်းနှင့်ပတ်သက်၍ စလင်းPDF က "သတင်းတင်တော့လိမ်ဆင်၊ အလင်းဝင်တဲ့သူတွေက ဘယ်က ဘယ်သူပါလို့ ချမပြရဲ၊ အဆဲခံရမှာဆိုးလို မန့်ဘောက်က ပိတ်လျှက်၊ ဟေ့ကောင်တွေ ပုဆိုးခြုံထဲက လက်သီးပြမနေနဲ့ ငါတို့က လက်နက်တော့မချဘူး။ မင်းတို့ -င် ဘဲချမှာဟေ့၊ သဘောပေါက်အပြစ်မရှိသူတွေကို ဂွင်ဆင်ပြီးဖမ်း၊ ငွေညှစ်တဲ့ ရဲခွေးတွေ ကိုယ့်အလှည့်ကျမှ မနွဲ့ကြနဲ့ပေါ့ကွာ"ဟု သတင်းထုတ်ပြန်ထားသည်။

အလင်းဝင်ရောက်လာသူ လူငယ်(၃)ဦးအား မိဘအုပ်ထိန်းသူများထံသို့ ကတိလက်မှတ်များရေးထိုး၍ လွှဲပြောင်းပေးအပ်ခဲ့ပြီး မကွေးတိုင်းအစိုးရအဖွဲ့က ၎င်းတို့ (၃)ဦးအား ထောက်ပံငွေ(၁) သိန်းစီ ပေးအပ်ခဲ့သည်ဟု အာဏာသိမ်းစစ်ကောင်စီက ဝါဒဖြန့်ထားသေးသည်။


Tachileik News Agency 

စလင်းတွင် PDF သင်တန်းဆင်းများ အလင်းဝင်သည်ဟု စစ်ကောင်စီဝါဒဖြန့်၊ ထိုသူများမှာ PDF မဟုတ်ကြောင်း စလင်း PDF သတင်းထုတ်ပြန် စလင်းတွင် PDF သင်တန်းဆင်းများ အလင်းဝင်သည်ဟု စစ်ကောင်စီဝါဒဖြန့်၊ ထိုသူများမှာ PDF မဟုတ်ကြောင်း စလင်း PDF သတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 00:42 Rating: 5

No comments:

Powered by Blogger.