အကြမ်းဖက်စစ်တပ်က ဂန့်ဂေါမြို့နယ်ကျေးရွာများရှိ စစ်ဘေးဒုက္ခသည်များ ကိုခြိမ်းခြောက်ကာ ပစ္စည်းများ လုယူ
ဂန့်ဂေါ၊ ဇွန် ၂၀
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ပနန်းရွာနှင့် စပါယ်ရွာဘုန်းကြီးကျောင်းသို့ အကြမ်းဖက်စစ်တပ်က ယနေ့ ဇွန် ၂၀ ရက် မနက်ပိုင်း တွင်ဝင်ရောက်ကာ စစ်ဘေးဒုက္ခသည် များကိုခြိမ်းခြောက်ပြောဆိုပြီး ပစ္စည်းများကို လုယက်နေကြောင်းဒေသခံများထံမှ သိရသည်။
"စပါယ်ရွာဘုန်းကြီးကျောင်းကို ဝင်တယ်။ ပြီးတော့ ဒေသခံတွေရဲ့ ဖုန်းကတ်တွေပါအကုန် ဖြုတ်ပြီး ဓါးမြတိုက်လုယက်သွားတယ်" ဟု ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။
ထို့ပြင် ပနန်းရွာဘုန်းကြီးကျောင်းသို့ပါဝင် ရောက်ခဲ့ပြီး စစ်ဘေးရှောင်များကို ခြိမ်းခြောက်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရ သည်။
" စစ်ဘေးရှောင်တွေ မလာခဲ့နဲ့တဲ့။ ပါလာတဲ့ပစ္စည်းတွေအကုန်ထုတ်တဲ့။ ပြီးတော့ စစ်ဘေးရှောင်တွေပြန်လာရင် အကုန်သတ်မှာ၊ လူစာရင်းမှတ်ထားတယ်လို့ပြောတယ်" ဟု ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။
ယမန်နေ့ညပိုင်းကလည်း အကြမ်းဖက်စစ် ကောင်စီက စင်ပုံရွာ ဘုန်းကြီးကျောင်းတွင်တပ်စွဲထားပြီး ဘုန်းကြီးကျောင်းပိုင် ဘုရားငွေများနှင့် စစ်ဘေးဒုက္ခသည်များထံမှလက်ဝတ်ရတနာများကိုပါ လုယူသွားကြောင်းဒေသခံများထံမှ သိရသည်။
လက်ရှိ အဆိုပါရွာသုံးရွာ၏ စစ်ဘေးဒုက္ခသည်ပြည်သူများထံမှ ကာလတန်ဖိုး ကျပ် သိန်း ၃၀၀ ခန့်ကို အကြမ်းဖက်စစ်ကောင်စီက လုယက်သွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါရွာများသို့ အကြမ်းဖက်စစ်ကောင် စီက အင်အား ၇၀ ဖြင့် ယမန်နေ့ ဇွန် ၁၉ ရက် မနက်ပိုင်းကဝင်ရောက်ခဲ့ပြီး တစ်အိမ်တက်ဆင်းလုယက်မှုများလုပ်ဆောင်ခဲ့သည်။
Lu Nge Khit

No comments:
Post a Comment