ဂန့်ဂေါမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများက ဘုရားဌာပနာနှင့် အလှူငွေများကို လုယူသွား

Photo - PDF-Gangaw - တောင်ပိုင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့တွင် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်က စင်ပုံရွာနှင့် ပနန်းရွာဦးဘုန်းကြီးကျောင်းများရှိ ဘုရားဌာပနာ အလှူငွေများကို လုယူသွားကြောင်း သိရသည်။

ဒါ့အပြင် ယင်းဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်နေကြသော ပြည်သူများထံမှ ဖုန်းနှင့် ရွှေငွေလက်၀တ်ရတနာများကိုလည်း လုယူသွားခဲ့‌သေးသည်ဟု သိရသည်။

အဆိုပါစစ်ကောင်စီတပ်သည် ဇွန်လ(၁၉)ရက်နေ့၊ နံနက်ပိုင်းကစတင်ကာ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ယနေ့ညတွင် စပါယ်ရွာနှင့် စင်ပုံရွာများ၌ ညအိပ်နိုင်သည်ဟု PDF-GANGAW-တောင်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

"၎င်းရွာများရှိ မိဘပြည်သူများမှာ ဆင်းရဲဒုက္ခများစွာဖြင့် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရပါသည်။ မိဘပြည်သူများအနေဖြင့် ယခုအခြေအနေတွင် မိမိတို့ တော်လှန်ရေးရဲဘော်များ၏ ညွှန်ကြားချက်များကို အထူးအလေးထားလိုက်နာကြရန် မေတ္တာရပ်ခံအသိပေးအပ်ပါသည်"ဟု PDF-GANGAW-တောင်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

ယနေ့ နံနက်ပိုင်းတွင် အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းက စပါယ်ရွာနှင့် ယင်းမာရွာကြား၌ အရက်၊ ဘီယာများသောက်စားကာ စခန်းချနေကြစဉ် PDF-GANGAW(တောင်ပိုင်း)နှင့် ပူးပေါင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြ‌သေးသည်။


Tachileik News Agency 

ဂန့်ဂေါမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများက ဘုရားဌာပနာနှင့် အလှူငွေများကို လုယူသွား ဂန့်ဂေါမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများက ဘုရားဌာပနာနှင့် အလှူငွေများကို လုယူသွား Reviewed by THITHTOOLWIN on 00:44 Rating: 5

No comments:

Powered by Blogger.