ရက် ၂၀ ကျော် ရွာစဥ်လှည့်မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး


မေလ ၂၅ ရက်

စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်အတွင်းသို့ ယမန်နေ့ မေလ ၂၄ ရက် မနက်ပိုင်း က အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့်စစ်ကြောင်းထိုးလှည့်လည်နေသော စစ်ကောင်စီတပ်များကိုတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့-MSPDFက ထုတ်ပြန်သည်။

အဆိုပါစစ်ကြောင်းမှ ဖွားစောရွာသို့ဝင်ရောက်မီးရှို့ခဲ့ပြီးထွက်ခွာလာစဥ် မနက် ၁၀ နာရီဝန်းကျင်တွင်လှေတင်ဦးရွာနှင့် ကူးတို့ကုန်းကျေးရွာအကြားတွင် ဒရုန်းတွင် အီနာဂါဗုံးသီး ၂လုံးတပ်ဆင်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု MSPDFကဆိုသည်။

ထို့အပြင် ကူးတို့ကုန်းနှင့် မြောင်မြို့ ကြားတစ်နေရာ နေ့လည် ၁၂နာရီ ၄၅မိနစ် ဝန်းကျင်ခန့်တွင်လည်း ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ် သား ၆ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

'' ဒီစစ်ကြောင်းက မြောင်ထဲကရွာတွေဘက်လှည့်နေတာကြာပြီ။ မနေ့က မြောင်မြို့ပေါ်ကိုပြန်တာ။ ဒရုန်းနဲ့အီနာဂါ ၂ လုံးကျဲလိုက်တာက ထိခိုက်သေဆုံးမသိရသေးဘူး။ အဲ့ဒီကနေဆက်ထွက်လာတာ မြောင်မြို့ပေါ်မရောက်ခင်မိုင်းဆွဲတာက ၆ ကောင် သေတယ်၊ ၂ ကောင်ကသေလုဆဲဆဲဘဲ'' ဟု MSPDFတာဝန်ခံ ဗိုလ်မုန်တိုင်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် မေလ ၂ ရက်နေ့ကစတင်၍ မြောင်မြို့နယ်အတွင်း လှည့်လည်သွားလာနေခြင်းဖြစ်ကာ ၄င်းစစ်ကြောင်း ရောက်သည့်ရွာတိုင်းတွင်ဒေသခံများ၏နေအိမ်များကို မီးရှို့နေသည့်စစ် ကြောင်းဖြစ်ပြီး အဆိုပါစစ်ကြောင်းနှင့် ယမန်နေ့တိုက် ခိုက်အပါအဝင် အနည်းဆုံးတိုက်ပွဲ ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု ၂ ခုကို စစ်ကိုင်းခရိုင်အမှတ် (၄) တပ်ရင်း၊ MSPDF ၊ Burmese Guerrilla Force BGF၊ Natogyi Regional Defence Force 1၊ မြင်းခြံခရိုင်အမှတ် (၁)တပ်ရင်း - 27 Revolution Force ၊ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း တို့မှပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Ayeyarwaddy Times 

ရက် ၂၀ ကျော် ရွာစဥ်လှည့်မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး ရက် ၂၀ ကျော် ရွာစဥ်လှည့်မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး Reviewed by THITHTOOLWIN on 23:36 Rating: 5

No comments:

Powered by Blogger.