မေ ၂၅
စစ်ကိုင်းမြို့နယ်၊ ထန်းတောရွာတွင် ပျူစောထီးခေါင်းဆောင်တဦးဖြစ်သည့် ကိုအုန်းကြီးသည် ယမန်နေ့ ညနေ ၅ နာရီကျော် မိုးသည်းထန်စွာရွာစဉ်အချိန်က မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသည်ဟု ဒေသခံတွေထံမှ သိရကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
"မနေ့ညနေက မိုးတအားရွာနေတဲ့အချိန် မိုးကြိုးပစ်ချလိုက်တာ အုန်းကြီးကို မိုးကြိုးမှန်ပြီးသေသွားတယ်၊ မကောင်းတာလုပ်နေတဲ့သူဆိုတော့ သဘာဝတရားကလဲမနေဘူးဗျ၊ အုန်းကြီးက ပန်းချီ နဲ့ မုန်ညင်းချောင်းကြားကရွာ ထန်းတောရွာက ပျူခေါင်းဆောင်ဗျ၊ ဒီကောင့်အပေါင်းအပါတွေရှိသေးတယ်၊ ဟိုကောင်တွေလဲ လန့်နေလောက်ပြီ" လို့ ဒေသခံတွေကပြောကြောင်း ဖော်ပြထားပါတယ်။
PDF Newsflash
ထန်းတောရွာတွင် ပျူစောထီးခေါင်းဆောင်တစ်ဦး မိုးကြိုးပစ်ခံရသေဆုံး
Reviewed by THITHTOOLWIN
on
23:41
Rating:

No comments:
Post a Comment