စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားများ မိုင်းအလုံး ၃၀ ကျော်နဲ့ တိုက်ခိုက်ခံရလို့ စစ်သား ၃၀ ဝန်းကျင်သေဆုံး


မေလ ၂၅ ရက်

မကွေးတိုင်း၊ တပြင်းကျေးရွာမှ ပုံတောင်ခြေသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများ မေလ ၂၅ ရက်နေ့တွင် မိုင်းအလုံး ၃၀ ကျော်ဖြင့် တိုက်ခိုက်ခံရပြီး စစ်တပ်ကသေးဆုံးမှုများပြီး ထိခိုက်ဒဏ်ရာ အများအပြားရရှိကြောင့် ကျောက်ထုpdf (YRPA) ထံက သိရသည်။

ပုံတောင်ထိပ်မှ အရှေ့ဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ကို ကျောက်ထု pdf (YRPA)၏ မိုင်းကွင်းထဲသို့ရောက်ရှိလာ၍ နံနက် ၁၁ နာရီ ခန့်တွင် ရီမု မိုင်း ၃ လုံး၊ ကားမိုင်းကြီး ဆွဲမိုင်း ၂၇ လုံး စုစုပေါင်း မိုင်း အလုံး၃၀ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအနည်းဆုံး ၃၀ ခန့်သေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရရှိကြောင်း တိုက်ပွဲသတင်းထုတ်ပြန်အပ်ပါသည်။

ထို့ပြင် မေလ ၂၄ ရက်နေ့တွင်လည်းကျောက်ထု PDF (YRPA)မှ ထောင်ထားသည့် တိုက်မိုင်း ၄ လုံးကို  နံနက်အစော ၅နာရီဝန်းကျင်တွင် ၂လုံး မနက် ၉နာရီ ဝန်းကျင်တွင် ၁လုံး  ညနေ ၃နာရီ ဝန်းကျင်တွင် ၁ လုံး မိုင်း ၇ လုံးဖြင့်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

မေလ ၂၄ ရက်နေ့ တရက်တည်း၌ပင် တပြင်းကျေးရွာမှ ပုံတောင်ခြေသို့စစ်ကြောင်းထိုး လမ်းကြောရှင်းလာသော စစ်ကောင်စီတပ်များသည် ကျောက်ထုpdf (YRPA)မှထောင်ထားသော တိုက်မိုင်း ၄ လုံးအား မနက်အစော ၅နာရီခန့်တွင် ၂လုံး ၊မနက် ၉နာရီ ခန့်တွင် ၁လုံး / ညနေ ၃နာရီ ခန့်တွင် ၁ လုံး အသီးသီး နင်းမိ၍ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း သိရသည်။

မေလ ၂၅ ရက်တွင်လည်း ထပ်မံ၍ပုံတောင်ထိပ်မှ အရှေ့ဘက်သို့ ခြေလျင်စစ်ကြောင်းထိုး လမ်းကြောရှင်းလာသော ရှေ့ပွိုင့် စစ်သား ၅၀ ခန့်သည် ကျောက်ထု PDF (YRPA)၏ မိုင်းကွင်းထဲသို့ရောက်ရှိလာ၍ မနက် ၁၁ နာရီ ခန့်တွင် ရီမု မိုင်း ၃ လုံး၊ ကားမိုင်းကြီး ဆွဲမိုင်း ၂၇ လုံး စုစုပေါင်း မိုင်း အလုံး၃၀ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သားအနည်းဆုံး ၃၀ ခန့် သေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရရှိကြောင်း ကျောက်ထု PDF (YRPA)က သတင်းထုတ်ပြန်ထားသည်။


ရုပ်သံ - ကျောက်ထု PDF (YRPA)


Ayeyarwaddy Times

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားများ မိုင်းအလုံး ၃၀ ကျော်နဲ့ တိုက်ခိုက်ခံရလို့ စစ်သား ၃၀ ဝန်းကျင်သေဆုံး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားများ မိုင်းအလုံး ၃၀ ကျော်နဲ့ တိုက်ခိုက်ခံရလို့ စစ်သား ၃၀ ဝန်းကျင်သေဆုံး Reviewed by THITHTOOLWIN on 23:33 Rating: 5

No comments:

Powered by Blogger.