မြိတ်ဘက်မှ ဆင်းလာသည့် စစ်ယာဉ်တန်းကို PDF အဖွဲ့များ မိုင်းဆွဲတိုက်ခိုက်


တနင်္သာရီ၊ ဧပြီ ၂၃

တနင်္သာရီတိုင်း၊ မြိတ်ဘက်မှ ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၁၂ စီး ယာဉ်တန်းကို ကဒဲရွာနှင့် ပဝတ်ကုန်းရွာ အကြားတွင် ယနေ့ (ဧပြီ လ ၂၃) နံနက်အစောပိုင်းက ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပုလော PDF ထံမှသိရသည်။

" မိုင်းဆွဲတိုက်တာ စခ ၁၀ ကောင်သေတယ် ပြီးတော့ အပြန်အလှန်ပစ်က ၁၅ မိနစ်လောက်ကြာတယ် သူတို့ ဆက်ပြီး ရမ်းပစ်တာ မိနစ် ၃၀လောက်ကြာတယ်"ဟု ပုလော PDF မှ သတင်းပြန်ကြားရေးတာဝန်ခံတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၂ စီးမီးလောင်ပျက်ဆီးခဲ့ပြီး ၁၂ စီးအနက် ၄ စီးသာ ထားဝယ်သို့ ထွက်ခွာနိုင်ခဲ့ကြောင်း ပုလော PDF မှ ယနေ့ထုတ်ပြန်ထားသည်။

"စခတွေထိတယ် ကျွန်တော်တို့ဘက်က ထိခိုက်မှုမရှိဘူး တိုက်ပွဲအတွင်း မှတ် တမ်းယူနိုင်ဖို့ အခက်အခဲရှိနေလို့ GoPro လည်းမဝယ်နိုင်သေးလို့ မှတ်တမ်းမတင်နိုင်ခဲ့တာပါ " ဟု အထက်ပါတာဝန်ခံက ထပ်မံပြောသည်။

ယင်းတိုက်ခိုက်မှုကို ပုလော PDF နှင့် မဟာမိတ်တပ်ပေါင်းစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


Lu Nge Khit

မြိတ်ဘက်မှ ဆင်းလာသည့် စစ်ယာဉ်တန်းကို PDF အဖွဲ့များ မိုင်းဆွဲတိုက်ခိုက် မြိတ်ဘက်မှ ဆင်းလာသည့် စစ်ယာဉ်တန်းကို PDF အဖွဲ့များ မိုင်းဆွဲတိုက်ခိုက် Reviewed by THITHTOOLWIN on 23:54 Rating: 5

No comments:

Powered by Blogger.