ရေးမြို့နယ် ရွာသစ်ကျေးရွာအနီး တံတားကြီးစစ် ဆေးရေးဂိတ် ပစ်ခတ်ခံရ


မွန်၊ ဧပြီ ၂၃

မွန်ပြည်နယ်၊ ရေးမြို့နယ် ရွာသစ်ကျေးရွာအနီးရှိ တံတားကြီးစစ်ဆေးရေးဂိတ်ကို ယနေ့ (ဧပြီလ ၂၃) နံနက် ၉ နာရီခန့်တွင် အနီးကပ်သွားရောက် ပစ်ခတ် ခဲ့ကြောင်း မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်းထံမှ သိရသည်။

ယင်းပစ်ခတ်မှုဖြစ်စဉ်အပြီး စစ်ကောက်စီဘက်မှ ၂ ဦးသေဆုံးကာ နှစ်ပွင့်နှင့်အရာရှိ ၁ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု အဆိုပါအဖွဲ့အစည်းမှ တာ၀န်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။

"စစ်ဆေးရေးဂိတ်မှာက ၃ ယောက်ကနေ ၅ ယောက်အထိ အမြဲရှိတယ်။ ဂိတ်က တပ်တွေရဲ့အလယ် မှာရှိတာ။ တပ်နဲ့ဆို ၃ မိနစ်လောက်မောင်းရင်ရောက်တယ်"ဟု ၎င်းကထပ်မံရှင်းပြသည်။

စစ်ဆေးရေးဂိတ်ကို အနီးကပ်ပစ်ခတ်စဉ် စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိခဲ့ကြောင်းလည်း အဆိုပါအဖွဲ့အစည်းထံမှ သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်သည် မွန် - တနင်္သာရီလမ်းပိုင်းတွင် တည်ရှိပြီး ခရီးသွားများကို ပုံမှန်စစ် ဆေးနေသည့် ဂိတ်လည်းဖြစ်သည်။


Lu Nge Khit

ရေးမြို့နယ် ရွာသစ်ကျေးရွာအနီး တံတားကြီးစစ် ဆေးရေးဂိတ် ပစ်ခတ်ခံရ ရေးမြို့နယ် ရွာသစ်ကျေးရွာအနီး တံတားကြီးစစ် ဆေးရေးဂိတ် ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 23:53 Rating: 5

No comments:

Powered by Blogger.