သာယာဝတီခရိုင် PDF တပ်ရင်းရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်က ၅ ယောက်သေ


ဧပြီ ၂၃ ၊ ၂၀၂၂

ပဲခူးတိုင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ(၃) မှ MRF အဖွဲ့က စစ်ကြောင်းချီလာတဲ့ အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်လိုက်တာကြောင့် အကြမ်းဖက်စစ်သား ၅ ယောက်သေတယ်လို့ သတင်းထုတ်ပြန် ပါတယ်။

နတ်တလင်းမြို့နယ် ဂွေ့ကြီးရွာနဲ့ ကျောက်ပြုတ်ရွာကြားကို စစ်ကြောင်းချီလာတဲ့ အကြမ်းဖက်စစ်တပ်ကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ(၃) မှ MRF အဖွဲ့က ဒီနေ့မနက် ၈ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက် မှုပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်တပ်က ၅ ယောက်သေပြီး အချို့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့တာပါ။

ပဲခူးတိုင်း PDF တပ်ရင်းတွေအနေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ယင်းတို့ရဲ့ ယန္တရားတွေကို တိုးမြှင့်တိုက်ပွဲ ဖော်ဆောင်နေပြီဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်တာတွေ မပြုလုပ်ကြဖို့ကိုလည်း အလေးနက်တိုက်တွန်းထားတာ တွေ့ရပါတယ်။ 


Public Voice Television 

သာယာဝတီခရိုင် PDF တပ်ရင်းရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်က ၅ ယောက်သေ သာယာဝတီခရိုင် PDF တပ်ရင်းရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်က ၅ ယောက်သေ Reviewed by THITHTOOLWIN on 00:04 Rating: 5

No comments:

Powered by Blogger.