သထုံ ရွှေစာရံ ဘုရားရှေ့ စစ်ကောင်စီကား ဗုံးပေါက်မှုအပြီး Sunday KTV ဆိုင်က မန်နေဂျာအပါအဝင် ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရ

မော်လမြိုင်၊ ဒီဇင်ဘာ ၃

သထုံမြို့ ရွှေစာရံဘုရားရှေ့ရှိ ရုပ်သေးကုန်းမှာ ဒီဇင်ဘာလ ၂ ရက်နေ့ညက စစ်ကောင်စီကားတစ်စီး ဗုံးပေါက်ပြီးနောက်ပိုင်း Sunday KTV ဆိုင်က မန်နေဂျာအပါအဝင် ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

အဆိုပါညမှာ ဗုံးပေါက်ခဲ့တဲ့ စစ်ကောင်စီကားဟာ Sunday KTV ဆိုင်က ထွက်လာပြီး နောက်ပိုင်း ရုပ်သေးကုန်းအရောက်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကား ပေါက်ကွဲမှုဖြစ်ပေါ်တဲ့ ကိစ္စဟာ Sunday KTV ဆိုင်ကလူတွေ လုပ်ဆောင်တာဖြစ်တယ်လို့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

"ညက ဗုံးပေါက်မှုပြီးတော့ ဆိုင်ကလူတွေကို ဖမ်းသွားတယ်လို့  တဆင့် ပြန်သိရတယ်။ ဝန်ထမ်းတွေလဲ ပါသွားတယ်လို့ သိရတယ်။ ''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ဆိုင်မန်နေဂျာအပြင်ဝန်ထမ်းအမျိုးသားတွေနဲ့ အမျိုးသမီး ၁၅ ဦးထက်မနည်း ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီကား ဗုံးပေါက်ကွဲမှုကြောင့် ကားထိခိုက်ပျက်စီးပြီး ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။


သတင်း - သံလွင်တိုင်းမ်


သထုံ ရွှေစာရံ ဘုရားရှေ့ စစ်ကောင်စီကား ဗုံးပေါက်မှုအပြီး Sunday KTV ဆိုင်က မန်နေဂျာအပါအဝင် ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရ သထုံ ရွှေစာရံ ဘုရားရှေ့ စစ်ကောင်စီကား ဗုံးပေါက်မှုအပြီး Sunday KTV ဆိုင်က မန်နေဂျာအပါအဝင် ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 00:10 Rating: 5

No comments:

Powered by Blogger.