သထုံ လဝက ရုံးရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွား


သထုံ၊ ဒီဇင်ဘာ ၃

သထုံမြို့ရှိ မြို့နယ်လဝကရုံးရှေ့မှာ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာမရှိဘဲ ရုံးရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ် ၃ စီးခန့်နဲ့ရုံးတံခါးတွေ  ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

"ဗုံးကရုံးရှေ့ လာပစ်ချသွားတယ်လို့ သိရတယ်။ သထုံ လဝက ရုံးကလဲ နာမည်ထွက်နေတာကြာပြီး။ ရုံးကိုလာပြီး မှတ်ပုံတင်က အစ လာလုပ်သူတွေကို ငွေတောင်းတာ ကြမ်းတယ်လို့ သတင်းထွက်နေတာ''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒီဇင်ဘာလ ၂ ရက်နေ့ညကလည်း သထုံ ရွှေစာရံဘုရားရှေ့ ရုပ်သေးကုန်းမှာ စစ်ကောင်စီကင်းလှည့်ကားတစ်စီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ဗုံးဖောက်ခွဲမှုကို မိမိတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မွန်-သထုံ အထူးကာကွယ်ရေးအဖွဲ့ MTHSFထုတ်ပြန်ထားပါတယ်။


သတင်း - သံလွင်တိုင်းမ်


သထုံ လဝက ရုံးရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွား သထုံ လဝက ရုံးရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 00:11 Rating: 5

No comments:

Powered by Blogger.