လှိုင်သာယာတွင်၊ ပုဂ္ဂိုလ်ရေးပြသနာရှိသူများကို စစ်ကောင်စီတပ်သားများမှ သေနတ်ဖြင့်ပစ်ဖမ်းရာမှ တစ်ယောက်သေ၊ နှစ်ယောက်ဒဏ်ရာရ


ဒီဇင်ဘာ ၃ ရက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာတွင် ယမန်နေ့ ဒီဇင်ဘာ ၂ ရက်နေ့၊ ညနေ ၄:၀၀ နာရီဝန်းကျင်က ကားတစ်စီးကိုတားရာ မရပ်​ပေးသဖြင့် စစ်ကောင်စီတပ်သားများမှ သေနတ်ဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့မှု ဖြစ်ပွါးခဲ့သည်။ အဆိုပါပစ်ခတ်မှုတွင် တစ်ဦးကျည်ထိမှန်သေဆုံးကာ၊ နှစ်ဦးကိုဒဏ်ရာများဖြင့် ဖမ်းဆီးထားခဲ့ပြီး၊ ကျန်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု သိရသည်။

“ပစ်ခံရတဲ့ Light Truck ကားက အနောက်ရွာနင်းကြမ်းရွာမှာ ပြသနာတက်ပြီးပြန်ထွက်လာတာ..အဲ့တာကိုရိုးလေးမှာတပ်စွဲထားတဲ့ စစ်သားတွေကိုလှမ်းအကြောင်းကြားပြီး ဖမ်းခိုင်းတာလို့ကြားတယ် . ကားကမရပ်ပေးပဲ မောင်းပြေးတော့ပစ်တာ ၁၀ ချက်ထက်မနည်းပဲ .ကားနောက်ခန်းမှာနှစ်ယောက်ကတော့ သွေးတွေနဲ့မလှုပ်တော့ဘူး ..ရှေ့ခန်းက မိန်းမတစ်ယောက်နဲ့ ယောကျားတစ်ယောက်ကတော့ ထွက်ပြေးသွားတယ်” ဟု နီးစပ်သူတစ်ဦးမှ HTY Information သို့ပြောသည်။

ယခုဖြစ်စဉ်ကို PDF လူငယ်များ ကားပေါ်တွင်သေနတ်များသယ်ဆောင်လာပြီး ပစ်ခတ်ရန်လာသည်ကို၊ စစ်ကောင်စီတပ်သားများမှ ကားတားစစ်ဆေးရာ မရပ်ပေးသဖြင့် ပစ်ခတ်ရသယောင်ယောင် သတင်းမှားများလည်း စစ်ကောင်စီနှင့်နီးစပ်သူအသိုင်းအဝိုင်းမှ ရပ်ရွာတွင်း သတင်းလွှင့်ခဲ့သည်ဟုလည်း သိရှိရပါသည်။


HTY Information III

လှိုင်သာယာတွင်၊ ပုဂ္ဂိုလ်ရေးပြသနာရှိသူများကို စစ်ကောင်စီတပ်သားများမှ သေနတ်ဖြင့်ပစ်ဖမ်းရာမှ တစ်ယောက်သေ၊ နှစ်ယောက်ဒဏ်ရာရ လှိုင်သာယာတွင်၊ ပုဂ္ဂိုလ်ရေးပြသနာရှိသူများကို စစ်ကောင်စီတပ်သားများမှ သေနတ်ဖြင့်ပစ်ဖမ်းရာမှ တစ်ယောက်သေ၊ နှစ်ယောက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 00:05 Rating: 5

No comments:

Powered by Blogger.