ခရမ်း မြို့မရဲစခန်းကို PDF က အဝေးထိန်းမိုင်းဖြင့် ပစ်ခတ်

ကြည့်မြင်တိုင်သွေးကြွေးအတွက် ခရမ်း PDF က သွေးကြွေးပြန်တောင်းမည်ဟုဆိုကာ မြို့မရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် ပစ်ခတ်ခဲ့

ရန်ကုန်တောင်ပိုင်းခရိုင် ၊ ခရမ်းမြို့နယ် မြို့မရဲစခန်းနှင့် ပညာရေးမှူးရုံးတို့ကို ဒီဇင်ဘာ ၅နေ့ ည ( ၈:၂၀)အချိန်တွင် ခရမ်းPDF အဖွဲ့မှ အဝေးထိန်းမိုင်းဖြင့် ပစ်ခတ်ခဲ့သည်ဟုသိရသည်။

 ထိုပစ်ခတ်မှုနှင့် ပတ်သက်၍ ခရမ်းPDF နှင့်နီးစပ်သူတစ်ဦးက`ခရမ်းမြို့မရဲစခန်းနှင့်ပညာရေးမှူးရုံးကို ကျနော်တို့ ပစ်ခဲ့တာပါ။ ဘာ့ကြောင့်လဲဆိုတော့ ဒီနေ့မနက် ကြည့်မြင်တိုင်မှာဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်စကစရဲ့ယုတ်မာမှုကို ကျနော်တို့ ထိုင်ကြည့်နေဖို့ ခွန်အားမရှိလို့ပါ။ ကျနော်တို့ ပြည်သူတစ်ယောက်စီတိုင်းကို ကျနော်တို့ကာကွယ်ပေးရမှာပဲဖြစ်တယ်။ ကျနော်တို့တွေအားလုံးက ပြည်သူနဲ့တသွေးတသားထဲပါ။ ဒါ့ကြောင့် ဘယ်နေရာထိထိ ကျနော်တို့ နာတယ်ဗျာ။ ကြည့်မြင်တိုင်ရဲ့သွေးကြွေးကို ကျနော်တို့ စစ်ခွေးတွေဆီက ပြန်တောင်းရမယ်၊ ကျနော်တို့ ပြည်သူတွေလဲ ဘယ်တော့မှ သွေးအေးမသွားကြပါနဲ့လို့ တောင်းဆိုပါတယ်၊ ကျနော်တို့ ပြည်သူတွေကိုယုံတယ် အားလုံး ပူးပေါင်းပါ၀င်ပြီး စကစကို တော်လှန်ကြမယ်လို့ ယုံကြည်တယ်၊ ပြည်သူပူးပေါင်းပါ၀င်မှုဟာ ကျနော်တို့ခွန်အားပါ၊ ဒီအာဏာရူး တစ်သိုက်ကို ကျနော်တို့နဲ့အတူ ပြည်သူအားလုံးရဲ့အင်အားနဲ့  ပြိုင်တူတွန်းနိုင်လျှင် အရွေ့ပိုမြန်မယ်လို့ ယုံကြည်တယ်´  ဟု ပြောကြားခဲ့သည်။

ခရမ်းမြို့ယနေ့ည ပေါက်ကွဲမှုဖြစ်စဥ်တွင် စစ်ကာင်စီကဘက်မှ ထိခိုက်မှုများရှိနေပြီး အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

Khayan Channel

ခရမ်း မြို့မရဲစခန်းကို PDF က အဝေးထိန်းမိုင်းဖြင့် ပစ်ခတ် ခရမ်း မြို့မရဲစခန်းကို PDF က အဝေးထိန်းမိုင်းဖြင့် ပစ်ခတ် Reviewed by THITHTOOLWIN on 06:39 Rating: 5

No comments:

Powered by Blogger.