ကြို့ပင်ကောက်မှာ ဒလံဆိုသူလင်မယားနှစ်ဦး သေနတ်နဲ့ ပစ်ခံရပြီးသေဆုံး


ကြို့ပင်ကောက်၊ ဒီဇင်ဘာ ၅၊ ၂၀၂၁။
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့ ကျီစုကျေးရွာက အကြီးစားဒလံဆိုသူ လင်မယား နှစ်ဦး ဒီနေ့ည ၇နာရီဝန်းကျင်က သေနတ်နဲ့ ပစ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးဆီက သိရပါတယ်။

ကျီစုရွာက စိုးဝင်း(ခ) ဘိုစိုးကို ၃ချက် ဇနီးဖြစ်သူ မဌေးမြင့်ကို  ၅ချက် စုစုပေါင်း သေနတ် ၈ချက်နဲ့ သူတို့ရဲ့ အရက်ဆိုင်ထဲကို ဝင်ပစ်ခဲ့တာဖြစ်တယ်လို့ ‌ ဒေသခံတစ်ဦးက ပြောပါတယ်။
"အဲဒီ ဒလံလင်မယားက အကြီးစားဒလံတွေပါ စစ်ကောင်စီတပ်တွေကို ရွာထဲခေါ်လာပြီးတော့ အဲဒီ ဒလံကိုယ်တိုင် ရွာကို ဆဲဆိုကြိမ်းမောင်းတာတွေလုပ်ခဲ့ပါတယ်။ အဲဒီရွာက NLD ရပ်ကျေးဥက္ကဌ ကိုလည်း အဲဒီဒလန်ကိုယ်တိုင်ဖမ်းပေးခဲ့တာပဲ ဖြစ်ပါတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကို ကြို့ပင်ကောက် PDF က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ GBK PDF က အတည်ပြု ‌ဖြေကြားထားပါတယ်။

မြေလတ်အသံ - Myaelatt Athan 
ကြို့ပင်ကောက်မှာ ဒလံဆိုသူလင်မယားနှစ်ဦး သေနတ်နဲ့ ပစ်ခံရပြီးသေဆုံး ကြို့ပင်ကောက်မှာ ဒလံဆိုသူလင်မယားနှစ်ဦး သေနတ်နဲ့ ပစ်ခံရပြီးသေဆုံး Reviewed by THITHTOOLWIN on 06:31 Rating: 5

No comments:

Powered by Blogger.