အရာတော်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁စီးပျက်စီး၊ တပ်သားအများအသေဆုံးနိုင်


ဒီဇင်ဘာလ ၅၊ SGG

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်မှာဒီဇင်ဘာ(၃)ရက်နေ့၊ နေ့လည် ၁၁နာရီ ၃၀မိနစ်အချိန်ခန့်တွင် မုံရွာမှ အရာတော်သို့ ဦးတည်မောင်းနှင်လာသောစစ်ကောင်စီတပ်၏ ယာဉ်(၃)စီးပါ ယာဉ်တန်းကို ကျောက္ကာကျေးရွာနှင့် ဝါးတန်းကျေးရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရတာလို့သိရပါတယ်။

Knights Of The Red Land (KORL) ပျောက်ကြားတပ်ဖွဲ့

နှင့်ဒေသခံကာကွယ်ရေးအဖွဲ့များပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီရဲ့ ကား ၁စီးထိခိုက်ပျက်စီးပြီး တပ်သားအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ကျန်ကား ၂စီး မှ ကားကိုရပ်တန့်၍ တပ်သားများက သေနတ်များပစ်ဖောက်ကာ အနီးဝန်းကျင်တွင် မိုင်းရှင်းလင်းရေးလုပ်ဆောင်စဉ် မြေမြှုပ်မိုင်း ၁လုံး ထပ်မံပေါက်ကွဲသဖြင့် စစ်ကောင်စီ တပ်သားများထပ်မံထိခိုက်ဒဏ်ရာရပြီး သေဆုံးမှုရှိနိုင်တယ်လို့သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ချိန်တွင် မိန်းကလေး ၂ဦးစီးနင်းလာသော ဆိုင်ကယ်အား စစ်ကောင်စီကား ၁စီးမှ ဝင်တိုက်မိရာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ယာဥ်များ(သို့) စစ်ကောင်စီတပ်ဟုယူဆရသောယာဉ်များနှင့် ကပ်လျက်မလိုက်ပါကြရန် တိုက်ခိုက်ခဲ့တဲ့အဖွဲ့မှအထူးမေတ္တာရပ်ခံထားပါတယ်။

Knights Of The Red Land (KORL) ပျောက်ကြားတပ်ဖွဲ့၊ Spring Guerilla Forces ( S.G.Fs)၊ သပြေညိုပျောက်ကြားတပ်ဖွဲ့၊ Ayardaw Falcon Force ( AF2 )၊ People's Guerillas Commando-Myinmu ၊ Ayardaw Bone Naing PDF ( A.B.N - PDF )၊ တမန်တော်ပျောက်ကြားတပ်ဖွဲ့ ၊ M.R.T.F တပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး



အရာတော်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁စီးပျက်စီး၊ တပ်သားအများအသေဆုံးနိုင် အရာတော်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁စီးပျက်စီး၊ တပ်သားအများအသေဆုံးနိုင် Reviewed by THITHTOOLWIN on 06:48 Rating: 5

No comments:

Powered by Blogger.