အုပ်ချုပ်ရေးမှူးတွေက တဆင့် စစ်သားစုဆောင်းတာတွေရှိနေလို့ အမြန်ဆုံးနှုတ်ထွက်ကြဖို့ ကံမ PDF သတိပေး


ကံမ၊ ဒီဇင်ဘာ ၅၊ ၂၀၂၁။

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်ထဲက ကျေးရွာတွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် တပ်သားစုဆောင်း‌နေတာတွေရှိနေလို့ အုပ်ချုပ်ရေးမှူးရာထူးကနေ အမြန်ဆုံးနှုတ်ထွက်ဖို့ ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။

ကံမမြို့နယ်အတွင်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေ ရပ်/ကျေးစာရေးတွေကို ဒီဇင်ဘာ ၁၅ရက် နောက်ဆုံးထားပြီး နှုတ်ထွက်ကြဖို့နဲ့ နောက်ဆုံးထုတ်ပြန်ချက်ဖြစ်တာကြောင့်  လိုက်နာမှုမရှိရင်  အသက်အိုးအိမ်စည်းစိမ်ကို တာဝန်ယူမှာ မဟုတ်ဘူးလို့ ကံမ PDF က ထုတ်ပြန်ထားပါတယ်။

ကျေးရွာတရွာကို ရွာအကြီးအသေးအပေါ်မူတည်ပြီး ၅ယောက်ကနေ အယောက် ၂၀အထိ တပ်သားသစ်စုဆောင်းပေးဖို့ ကံမမြို့နယ်အတွင်းမှာ စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

မြေလတ်အသံ - Myaelatt Athan

အုပ်ချုပ်ရေးမှူးတွေက တဆင့် စစ်သားစုဆောင်းတာတွေရှိနေလို့ အမြန်ဆုံးနှုတ်ထွက်ကြဖို့ ကံမ PDF သတိပေး အုပ်ချုပ်ရေးမှူးတွေက တဆင့် စစ်သားစုဆောင်းတာတွေရှိနေလို့ အမြန်ဆုံးနှုတ်ထွက်ကြဖို့ ကံမ PDF သတိပေး Reviewed by THITHTOOLWIN on 22:05 Rating: 5

No comments:

Powered by Blogger.