မြို့သစ်မှာ ဖခင်ကိုမတွေ့လို့ ၁၂ သား ကလေးအပါအဝင် ၃ ဦးကို စစ်ကောင်စီဖမ်းဆီး

မြို့သစ်၊ ဒီဇင်ဘာ ၅၊ ၂၀၂၁။

မကွေးတိုင်း၊ မြို့သစ်မြို့နယ် စတုံဂွေးကုန်းရွာမမှာ မနေ့ည ၁၁ နာရီခန့်က ၁၂ နှစ်အရွယ် ကလေးတဦးအပါအဝင် အမျိုးသား ၃ ဦးကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဖခင်ဖြစ်သူ ဦးဇော်ဝင်းကို မတွေ့လို့ သူ့ရဲ့သား ၁၂ အရွယ်ကလေး ဗညားဟန်ကိုလည်းဖမ်းတယ်။ နောက်ထပ် အမျိုးသား ၂ ယောက်ကိုလည်းထပ်ဖမ်းတယ်။ အဓိကတော့ ကြံခိုင်ရေးပါတီက ဒလန် အုပ်ချုပ်ရေးမှူး စိုးမင်းထွန်းနဲ့ နေမျိုးလွင်နဲ့ စိုးစိုးတို့ သတင်းပေးလို့ အဖမ်းခံရတာပါ။" လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူ ၃ ဦးမှာ မောင်ဗညားဟန် (၁၂) နှစ်၊ ကိုဝင်းလှိုင် (၄၄) နှစ်နဲ့ ကိုညဏ်ထွန်း (၃၈) နှစ်တို့ဖြစ်ပြီး၊ မောင်ဗညားဟန်ရဲ့ ဖခင် ဦးဇော်ဝင်းအပါအဝင် ကိုဝင်းလှိုင်နဲ့ ကိုညဏ်ထွန်းတို့ဟာ ၂၀၂၀ ရွေးကောက်ပွဲကာလက NLD ပါတီအတွက် စည်းရုံးရေးမှာ တက်တက်ကြွကြွပါဝင်ခဲ့သူတွေဖြစ်လို့ ဒလန်အုပ်ချုပ်ရေးမှူးက သတင်းပေးတိုင်ကြားလို့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

မြို့သစ်မြို့နယ်အတွင်းမှာ မနေ့ကပိုင်းမှာလည်း မြို့သစ်-တောင်တွင်းလမ်းဘေးက အောင်ချမ်းသာဆန်စက်နဲ့ အောင်မြေမင်္ဂလာဘုန်းကြီးကျောင်းကိုလည်း ဝင်ရောက်ရှာဖွေသွားပြီး၊ ဖမ်းဆီးခံရတာမရှိကြောင်းနဲ့ အခုဖမ်းဆီးခံရသူ ၃ ဦးကို တောင်တွင်းကြီးမြို့ကို ခေါ်ဆောင်သွားကြောင်း သိရပါတယ်။

မြေလတ်အသံ - Myaelatt Athan 

မြို့သစ်မှာ ဖခင်ကိုမတွေ့လို့ ၁၂ သား ကလေးအပါအဝင် ၃ ဦးကို စစ်ကောင်စီဖမ်းဆီး မြို့သစ်မှာ ဖခင်ကိုမတွေ့လို့ ၁၂ သား ကလေးအပါအဝင် ၃ ဦးကို စစ်ကောင်စီဖမ်းဆီး Reviewed by THITHTOOLWIN on 22:04 Rating: 5

No comments:

Powered by Blogger.